Premier League Transfer News

OFFICIAL: ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း ချဲလ်ဆီး တရားဝင်ကြေငြာ

ချဲလ်ဆီးအသင်းအနေနဲ့ ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့ ဝက်ဘ်ဆိုက်နဲ့ တရားဝင် တွစ်တာအကောင့်တွေကနေ ကြေငြာသွားခဲ့ပြီး အပြီးသတ် ခေါ်ယူနိုင်ခွင့် ပါဝင်တဲ့ တစ်နှစ်တာ အငှားအတွက် ယူရို ၅ သန်း ပေးချေခဲ့ရကြောင်းလည်း သိရပါတယ်။

လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့ကစားရတော့မယ့်အပေါ် ဆာအူးလ်က “ကျွန်တော့်အနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုသစ်တွေအတွက် သိပ်ကို စိတ်လှုပ်ရှားနေပါတယ်။ အပြာရောင် ပရိသတ်တွေရေ… ကျွန်တော်က ခင်ဗျားတို့လူ ဖြစ်လာပြီဗျာ… ဒီအင်္ကျီကို ဝတ်ဆင်ကစားဖို့နဲ့ လေ့ကျင့်ဖို့ ပြီးတဲ့ ခင်ဗျားတို့နဲ့ တွေ့ဖို့ပေါ့။ အမြန်ဆုံးပေါ့ဗျာ”လို့ ပြောကြားလိုက်ပါတယ်။

အသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာကတော့ “ကျွန်မတို့အနေနဲ့ ဆာအူးလ်ကို ကလပ်အသင်းကိုယ်စား ကြိုဆိုလိုက်ပါတယ်။ ဒီရာသီမှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲ ၅ ခုအတွက် လူစာရင်းကို သူ့အနေနဲ့ အကောင်းဆုံး အင်အားဖြည့်တင်းနိုင်မယ်လို့လည်း ယုံကြည်နေ ပါတယ်။ သူဟာ အောင်ပွဲတွေနဲ့ အသားကျနေတဲ့ ကစားသမားမျိုးဖြစ်ပြီး ဒီနှစ်အသင်းမှာ ချဲလ်ဆီးအသင်းအနေနဲ့ ရင်ဆိုင်ရမယ့် စစ်မျက်နှာတွေအားလုံးမှာ ပါဝင်ဖို့ သင့်တော်တဲ့သူမျိုးပါ”လို့ ချီးကျူးသွားခဲ့တာပါ။

ချဲလ်ဆီးအသင်းဆီ သူ့ရဲ့ ပြောင်းရွှေ့မှုဟာ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူအတွက် လာလီဂါကနေ ပထမဆုံး နိုင်ငံပြင်ပထွက်ကစားတဲ့ စွန့်စားခန်းသစ် တစ်ရပ်လည်းဖြစ်နေပြီး ရီးရဲလ်မက်ဒရစ်လူငယ်အကယ်ဒမီမှာ သင်ယူခဲ့ဖူးတဲ့ ဆာအူးလ်ဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုနဲ့ အောင်မြင်မှုတွေ ရခဲ့သလို ရာယို ဗလက်ကာနိုအသင်းဆီကိုတော့ တစ်ရာသီအငှားနဲ့ ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

အက်သလက်တီကိုအတွက် ၄၄၇ ပွဲ ကစားပြီး ၅၃ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ ဆာအူးလ်ဟာ သူတို့မိသားစုထဲမှာ အအောင်မြင်ဆုံးလည်းဖြစ်ပြီး ဖခင်ဖြစ်သူ အယ်လ်ချီတိုက်စစ်မှူး ဟိုဆေး အန်တိုနီယို (ဘိုရီယာ)၊ ဗလင်စီယာအကယ်ဒမီထွက် အစ်ကိုတွေဖြစ်တဲ့ ဟိုနီနဲ့ အာရွန်တို့လို အသင်းငယ်တွေမှာ ကစားသမားဘဝ အဆုံးသတ်မသွားဘဲ ထူးထူးချွန်ချွန်အောင်မြင်ခဲ့သလို လာလီဂါဖလား တစ်ကြိမ်၊ ယူရိုပါလိဂ်ဖလား ၂ ကြိမ်၊ ကိုပါဒဲလ်ရေးဖလား တစ်ကြိမ်နဲ့ စပိန်နဲ့ ဥရောပဆူပါဖလားတွေကို တစ်ကြိမ်စီ ဆွတ်ခူးထားဖူးသူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ အသက် ၂၆ နှစ်အရွယ် အတွေ့အကြုံရင့် စပိန်လက်ရွေးစင်ကို ပွဲဆက်များနေတဲ့ အန်ဂိုလို ကွန်တေ၊ ဂျော်ဂျင်ညိုတို့ထဲက တစ်ယောက်ယောက်ရဲ့ မက်တီယို ကိုဗာချစ်ထက် ပိုကောင်းတဲ့ အတွဲအဖက်အဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားပြီး တိုက်စစ်ရော ခံစစ်ပါ စွယ်စုံရတဲ့သူအနေနဲ့ သူနဲ့ မစိမ်းတဲ့ ချဲလ်ဆီးရဲ့ ၃-၄-၃ နဲ့ ၃-၅-၂ အခြေပြု ကစားကွက်မှာ အံဝင်ဖို့ များနေပါတယ်။

ဆာအူးလ် ညီးရက်ဇ်အနေနဲ့ ဒီရာသီမှာ ခြေစွမ်းပြနိုင်ရင်တော့ ချဲလ်ဆီးအသင်းကို အပြီးသတ် ရောက်ရှိလာနိုင်ပြီး အက်သလက်တီကိုနဲ့ မူလက ပြောထားခဲ့တဲ့ အပြီးသတ်ခေါ်ယူခွင့် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း)နဲ့ ဒီရာသီကုန်မှာ အဖြေပေါ်နိုင်သလို ဒီယေဂို ဆီမီယွန်နီရဲ့ လက်ရုံးဖြစ်ခဲ့တဲ့ စပိန်သားတစ်ယောက် တူဟယ်လ်ရဲ့ လက်ရုံးဖြစ်လာနိုင်မလား စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အသင္းရဲ႕ ဝက္ဘ္ဆိုက္နဲ႔ တရားဝင္ တြစ္တာအေကာင့္ေတြကေန ေၾကျငာသြားခဲ့ၿပီး အၿပီးသတ္ ေခၚယူႏိုင္ခြင့္ ပါဝင္တဲ့ တစ္ႏွစ္တာ အငွားအတြက္ ယူ႐ို ၅ သန္း ေပးေခ်ခဲ့ရေၾကာင္းလည္း သိရပါတယ္။

လန္ဒန္ကလပ္ဆီ ေျပာင္းေ႐ႊ႕ကစားရေတာ့မယ့္အေပၚ ဆာအူးလ္က “ကြၽန္ေတာ့္အေနနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈသစ္ေတြအတြက္ သိပ္ကို စိတ္လႈပ္ရွားေနပါတယ္။ အျပာေရာင္ ပရိသတ္ေတြေရ… ကြၽန္ေတာ္က ခင္ဗ်ားတို႔လူ ျဖစ္လာၿပီဗ်ာ… ဒီအက်ႌကို ဝတ္ဆင္ကစားဖို႔နဲ႔ ေလ့က်င့္ဖို႔ ၿပီးတဲ့ ခင္ဗ်ားတို႔နဲ႔ ေတြ႕ဖို႔ေပါ့။ အျမန္ဆုံးေပါ့ဗ်ာ”လို႔ ေျပာၾကားလိုက္ပါတယ္။

အသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာကေတာ့ “ကြၽန္မတို႔အေနနဲ႔ ဆာအူးလ္ကို ကလပ္အသင္းကိုယ္စား ႀကိဳဆိုလိုက္ပါတယ္။ ဒီရာသီမွာ ယွဥ္ၿပိဳင္ရမယ့္ ၿပိဳင္ပြဲ ၅ ခုအတြက္ လူစာရင္းကို သူ႔အေနနဲ႔ အေကာင္းဆုံး အင္အားျဖည့္တင္းႏိုင္မယ္လို႔လည္း ယုံၾကည္ေန ပါတယ္။ သူဟာ ေအာင္ပြဲေတြနဲ႔ အသားက်ေနတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး ဒီႏွစ္အသင္းမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ရင္ဆိုင္ရမယ့္ စစ္မ်က္ႏွာေတြအားလုံးမွာ ပါဝင္ဖို႔ သင့္ေတာ္တဲ့သူမ်ိဳးပါ”လို႔ ခ်ီးက်ဴးသြားခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းဆီ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕မႈဟာ အသက္ ၂၆ ႏွစ္အ႐ြယ္ ကြင္းလယ္လူအတြက္ လာလီဂါကေန ပထမဆုံး ႏိုင္ငံျပင္ပထြက္ကစားတဲ့ စြန႔္စားခန္းသစ္ တစ္ရပ္လည္းျဖစ္ေနၿပီး ရီးရဲလ္မက္ဒရစ္လူငယ္အကယ္ဒမီမွာ သင္ယူခဲ့ဖူးတဲ့ ဆာအူးလ္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုနဲ႔ ေအာင္ျမင္မႈေတြ ရခဲ့သလို ရာယို ဗလက္ကာႏိုအသင္းဆီကိုေတာ့ တစ္ရာသီအငွားနဲ႔ ကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။

အက္သလက္တီကိုအတြက္ ၄၄၇ ပြဲ ကစားၿပီး ၅၃ ဂိုးသြင္းယူထားႏိုင္ခဲ့တဲ့ ဆာအူးလ္ဟာ သူတို႔မိသားစုထဲမွာ အေအာင္ျမင္ဆုံးလည္းျဖစ္ၿပီး ဖခင္ျဖစ္သူ အယ္လ္ခ်ီတိုက္စစ္မႉး ဟိုေဆး အန္တိုနီယို (ဘိုရီယာ)၊ ဗလင္စီယာအကယ္ဒမီထြက္ အစ္ကိုေတြျဖစ္တဲ့ ဟိုနီနဲ႔ အာ႐ြန္တို႔လို အသင္းငယ္ေတြမွာ ကစားသမားဘဝ အဆုံးသတ္မသြားဘဲ ထူးထူးခြၽန္ခြၽန္ေအာင္ျမင္ခဲ့သလို လာလီဂါဖလား တစ္ႀကိမ္၊ ယူ႐ိုပါလိဂ္ဖလား ၂ ႀကိမ္၊ ကိုပါဒဲလ္ေရးဖလား တစ္ႀကိမ္နဲ႔ စပိန္နဲ႔ ဥေရာပဆူပါဖလားေတြကို တစ္ႀကိမ္စီ ဆြတ္ခူးထားဖူးသူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသက္ ၂၆ ႏွစ္အ႐ြယ္ အေတြ႕အႀကဳံရင့္ စပိန္လက္ေ႐ြးစင္ကို ပြဲဆက္မ်ားေနတဲ့ အန္ဂိုလို ကြန္ေတ၊ ေဂ်ာ္ဂ်င္ညိဳတို႔ထဲက တစ္ေယာက္ေယာက္ရဲ႕ မက္တီယို ကိုဗာခ်စ္ထက္ ပိုေကာင္းတဲ့ အတြဲအဖက္အျဖစ္ အသုံးျပဳဖို႔ ရည္႐ြယ္ထားၿပီး တိုက္စစ္ေရာ ခံစစ္ပါ စြယ္စုံရတဲ့သူအေနနဲ႔ သူနဲ႔ မစိမ္းတဲ့ ခ်ဲလ္ဆီးရဲ႕ ၃-၄-၃ နဲ႔ ၃-၅-၂ အေျချပဳ ကစားကြက္မွာ အံဝင္ဖို႔ မ်ားေနပါတယ္။

ဆာအူးလ္ ညီးရက္ဇ္အေနနဲ႔ ဒီရာသီမွာ ေျခစြမ္းျပႏိုင္ရင္ေတာ့ ခ်ဲလ္ဆီးအသင္းကို အၿပီးသတ္ ေရာက္ရွိလာႏိုင္ၿပီး အက္သလက္တီကိုနဲ႔ မူလက ေျပာထားခဲ့တဲ့ အၿပီးသတ္ေခၚယူခြင့္ ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ယူ႐ိုသန္း ၄၀ (ေပါင္ ၃၄ သန္း)နဲ႔ ဒီရာသီကုန္မွာ အေျဖေပၚႏိုင္သလို ဒီေယဂို ဆီမီယြန္နီရဲ႕ လက္႐ုံးျဖစ္ခဲ့တဲ့ စပိန္သားတစ္ေယာက္ တူဟယ္လ္ရဲ႕ လက္႐ုံးျဖစ္လာႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.