Premier League Transfer News

အီဒူးအရှုပ်ထုပ်ကို ရှင်းဖို့ အာဆင်နယ်ကို အိုဗာမားစ် ပြန်လာမယ်လို့ ရေးပါလာထုတ်ဖော်

အာဆင်နယ်အသင်းမှာ တစ်ချိန်လုံး အလွဲတွေပဲလုပ်နေပြီး ကစားသမားအဝယ်ရော အရောင်းမှာပါ ကိုယ့်ဘက်က ဘယ်တုန်းကမှ မရှိခဲ့တဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ အမှားအယွင်း အရှုပ်ထုပ်တွေကို နေသားတကျ ပြန်လည်တည့်မတ်အောင်လုပ်ဖို့ ကစားသမားဟောင်း မာ့ခ် အိုဗာမားစ်အနေနဲ့ အသင်းကို ပြန်လာဖို့ ဆန္ဒရှိနေကြောင်း ရေးပါလာက ထုတ်ဖော်လိုက်ပါတယ်။

အသင်းရဲ့ ရှုံးပွဲမရှိစံချိန်ရယူရာမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့တဲ့ Invincible Gunner ဟောင်းကြီး ရေးပါလာက အသင်းရဲ့ စုတ်ပြတ်ပျက်စီးနေတဲ့ အခြေအနေတွေကို သူ့လိုပဲ ဟိုက်ဘာရီကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အိုဗာမားစ်ကလည်း အိုင်းယက်စ်ကနေ လှမ်းစိတ်ပျက်နေတယ်လို့ ပြောခဲ့ပြီး သူတို့ချင်း စကားပြောဖြစ်ခဲ့ကြကြောင်းလည်း ဆိုပါတယ်။

ဒီနွေရာသီ ကစားသမားခေါ်ယူမှုတွေမှာ ပေါင်သန်း ၁၃၀ အထိ သုံးခဲ့ပေမယ့် နောက်ဆုံးရောက်လာတဲ့ အင်္ဂလန်သား အာရွန် ရမ်းစ်ဒေးလ်ကတောင် ပရိသတ်တွေကို ရင်ခုန်အောင် မလုပ်နိုင်ခဲ့တဲ့အခါ အီဒူးရဲ့ လူများပြီး ပွဲမစည်တဲ့ ခေါ်ယူမှုတွေကို ချဲလ်ဆီးရဲ့ လူကာကူးတစ်ယောက်တည်းကို ပေါင် ၉၇.၅ သန်းပေးပြီး ခေါ်ယူခဲ့မှုက အရှက်ခွဲသလိုဖြစ်ခဲ့ပြီး အရည်အချင်းကိုပါ မေးခွန်းထုတ်ခံခဲ့ရတာပါ။

အသင်းကို ရောက်တာ နှစ်နှစ်ကြာခဲ့ပြီဖြစ်ပြီး သုံးခုမြောက် ဘောလုံးရာသီကို စတင်ဖြတ်သန်းနေတဲ့ ဘရာဇီးလ်သားဟာ ဥရောပနဲ့ အင်္ဂလန် ဘောလုံးလောကအကြောင်းကို မယ်မယ်ရရ မသိဘဲ အေးဂျင့်တွေနဲ့ တစ်ဖက်အသင်းတွေ တောင်းတိုင်း ဈေးပေးပြီး အသင်းရဲ့ ငွေကြေးတွေကို ဖြုန်းတီးခဲ့တယ်လို့ စွပ်စွဲနေကြချိန်မှာ ရေးပါလာကတော့ ဒီလိုပြောပါတယ်။

“သူက ဘရာဇီးလ်မှာပဲ လုပ်ခဲ့ဖူးတာပဲဗျ။ ကျွန်တော်တို့ အသေးလေး အိုဗာမားစ်ကတော့ ‘ရေးရေ… ငါတော့ အသင်းကို ပြန်ပြီး အရှုပ်ထုပ်တွေ ရှင်းပစ်ဖို့ လိုနေပြီထင်တယ်’လို့ ကျွန်တော့်ကို ပြောခဲ့ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ကိုင်တွယ်မှုမှာ အိုင်းယက်စ်က ဒင်းနစ္စ ဘားကမ့်နဲ့ ဖရန့် ဒီဘိုးကို အတွဲလိုက် အလုပ်ဖြုတ်ပစ်ခဲ့တာတော့ မေ့ထားလို့ မရဘူး” အိုဗာမားစ်သာ အာဆင်နယ်အားကစားဒါရိုက်တာဆိုရင် လက်ရှိအရှုပ်နှစ်ဦးကို ရှင်းပစ်လိမ့်မယ်လို့ Talk Sport ကနေ ဆိုခဲ့ပါတယ်။

“အာဆင်နယ်က အီဒူးကို ယုံပြီး ရေစုန်မျောသွားခဲ့ပြီပဲ။ ဒီလို ရာထူးမျိုးဆိုတာက အသင်းတစ်သင်းအတွက် အင်မတန်မှ အရေးကြီးတဲ့ နေရာတစ်ခုဖြစ်ပြီး မှန်ကန်တဲ့ လူတွေကို ခေါ်နိုင်ရမှာလေဗျာ။ သူနဲ့ အာတီတာကတော့ ဘယ်လိုတွေ တွဲပြီး အလုပ်လုပ်နေကြသလဲ ကျွန်တော် မပြောတတ်ဘူး။ ကျွန်တော်မှ သူတို့နား မရှိတာကိုး”လို့ ပါလာက ဆိုခဲ့ပြီး စိတ်ပျက်မှုကို ပြသခဲ့တာပါ။

“အီဒူးကို ကစားသမားတစ်ယောက်ဖြစ်တော့ ကျွန်တော် ကောင်းကောင်းသိပါတယ်။ လက်ရှိရာထူးမှာတော့ သူ့အနေနဲ့ အာဆင်နယ်အသင်း ဘာတွေလိုသလဲ သိကောင်းသိနိုင်ပေမယ့် ဥရောပမှာ သူက ဘောင်မဝင်ပါဘူး။ အသင်းတွေကို ဘယ်လိုစည်းရုံးပြီး ကစားသမားတွေကို လာချင်အောင် ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာ မကျွမ်းကျင်သလို ချန်ပီယံလိဂ်ရော ယူရိုပါလိဂ်ပါ မဝင်ချိန်မှာတော့ ပွဲပဲပေါ့ဗျာ။ သူက အမြဲတမ်းလည်း လူတွေကို ပေးသင့်တာထက် ပိုပေးနေခဲ့တယ်”လို့ ရေးပါလာက ဝေဖန်သွားခဲ့ကြောင်းနဲ့ အိုဗာမားစ်သတင်းကို ချပြသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းမွာ တစ္ခ်ိန္လုံး အလြဲေတြပဲလုပ္ေနၿပီး ကစားသမားအဝယ္ေရာ အေရာင္းမွာပါ ကိုယ့္ဘက္က ဘယ္တုန္းကမွ မရွိခဲ့တဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ အမွားအယြင္း အရႈပ္ထုပ္ေတြကို ေနသားတက် ျပန္လည္တည့္မတ္ေအာင္လုပ္ဖို႔ ကစားသမားေဟာင္း မာ့ခ္ အိုဗာမားစ္အေနနဲ႔ အသင္းကို ျပန္လာဖို႔ ဆႏၵရွိေနေၾကာင္း ေရးပါလာက ထုတ္ေဖာ္လိုက္ပါတယ္။

အသင္းရဲ႕ ရႈံးပြဲမရွိစံခ်ိန္ရယူရာမွာ တစ္ဦးအပါအဝင္ျဖစ္ခဲ့တဲ့ Invincible Gunner ေဟာင္းႀကီး ေရးပါလာက အသင္းရဲ႕ စုတ္ျပတ္ပ်က္စီးေနတဲ့ အေျခအေနေတြကို သူ႔လိုပဲ ဟိုက္ဘာရီကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အိုဗာမားစ္ကလည္း အိုင္းယက္စ္ကေန လွမ္းစိတ္ပ်က္ေနတယ္လို႔ ေျပာခဲ့ၿပီး သူတို႔ခ်င္း စကားေျပာျဖစ္ခဲ့ၾကေၾကာင္းလည္း ဆိုပါတယ္။

ဒီေႏြရာသီ ကစားသမားေခၚယူမႈေတြမွာ ေပါင္သန္း ၁၃၀ အထိ သုံးခဲ့ေပမယ့္ ေနာက္ဆုံးေရာက္လာတဲ့ အဂၤလန္သား အာ႐ြန္ ရမ္းစ္ေဒးလ္ကေတာင္ ပရိသတ္ေတြကို ရင္ခုန္ေအာင္ မလုပ္ႏိုင္ခဲ့တဲ့အခါ အီဒူးရဲ႕ လူမ်ားၿပီး ပြဲမစည္တဲ့ ေခၚယူမႈေတြကို ခ်ဲလ္ဆီးရဲ႕ လူကာကူးတစ္ေယာက္တည္းကို ေပါင္ ၉၇.၅ သန္းေပးၿပီး ေခၚယူခဲ့မႈက အရွက္ခြဲသလိုျဖစ္ခဲ့ၿပီး အရည္အခ်င္းကိုပါ ေမးခြန္းထုတ္ခံခဲ့ရတာပါ။

အသင္းကို ေရာက္တာ ႏွစ္ႏွစ္ၾကာခဲ့ၿပီျဖစ္ၿပီး သုံးခုေျမာက္ ေဘာလုံးရာသီကို စတင္ျဖတ္သန္းေနတဲ့ ဘရာဇီးလ္သားဟာ ဥေရာပနဲ႔ အဂၤလန္ ေဘာလုံးေလာကအေၾကာင္းကို မယ္မယ္ရရ မသိဘဲ ေအးဂ်င့္ေတြနဲ႔ တစ္ဖက္အသင္းေတြ ေတာင္းတိုင္း ေဈးေပးၿပီး အသင္းရဲ႕ ေငြေၾကးေတြကို ျဖဳန္းတီးခဲ့တယ္လို႔ စြပ္စြဲေနၾကခ်ိန္မွာ ေရးပါလာကေတာ့ ဒီလိုေျပာပါတယ္။

“သူက ဘရာဇီးလ္မွာပဲ လုပ္ခဲ့ဖူးတာပဲဗ်။ ကြၽန္ေတာ္တို႔ အေသးေလး အိုဗာမားစ္ကေတာ့ ‘ေရးေရ… ငါေတာ့ အသင္းကို ျပန္ၿပီး အရႈပ္ထုပ္ေတြ ရွင္းပစ္ဖို႔ လိုေနၿပီထင္တယ္’လို႔ ကြၽန္ေတာ့္ကို ေျပာခဲ့ၿပီး သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ ကိုင္တြယ္မႈမွာ အိုင္းယက္စ္က ဒင္းနစၥ ဘားကမ့္နဲ႔ ဖရန႔္ ဒီဘိုးကို အတြဲလိုက္ အလုပ္ျဖဳတ္ပစ္ခဲ့တာေတာ့ ေမ့ထားလို႔ မရဘူး” အိုဗာမားစ္သာ အာဆင္နယ္အားကစားဒါ႐ိုက္တာဆိုရင္ လက္ရွိအရႈပ္ႏွစ္ဦးကို ရွင္းပစ္လိမ့္မယ္လို႔ Talk Sport ကေန ဆိုခဲ့ပါတယ္။

“အာဆင္နယ္က အီဒူးကို ယုံၿပီး ေရစုန္ေမ်ာသြားခဲ့ၿပီပဲ။ ဒီလို ရာထူးမ်ိဳးဆိုတာက အသင္းတစ္သင္းအတြက္ အင္မတန္မွ အေရးႀကီးတဲ့ ေနရာတစ္ခုျဖစ္ၿပီး မွန္ကန္တဲ့ လူေတြကို ေခၚႏိုင္ရမွာေလဗ်ာ။ သူနဲ႔ အာတီတာကေတာ့ ဘယ္လိုေတြ တြဲၿပီး အလုပ္လုပ္ေနၾကသလဲ ကြၽန္ေတာ္ မေျပာတတ္ဘူး။ ကြၽန္ေတာ္မွ သူတို႔နား မရွိတာကိုး”လို႔ ပါလာက ဆိုခဲ့ၿပီး စိတ္ပ်က္မႈကို ျပသခဲ့တာပါ။

“အီဒူးကို ကစားသမားတစ္ေယာက္ျဖစ္ေတာ့ ကြၽန္ေတာ္ ေကာင္းေကာင္းသိပါတယ္။ လက္ရွိရာထူးမွာေတာ့ သူ႔အေနနဲ႔ အာဆင္နယ္အသင္း ဘာေတြလိုသလဲ သိေကာင္းသိႏိုင္ေပမယ့္ ဥေရာပမွာ သူက ေဘာင္မဝင္ပါဘူး။ အသင္းေတြကို ဘယ္လိုစည္း႐ုံးၿပီး ကစားသမားေတြကို လာခ်င္ေအာင္ ဘယ္လိုဆြဲေဆာင္ရမယ္ဆိုတာ မကြၽမ္းက်င္သလို ခ်န္ပီယံလိဂ္ေရာ ယူ႐ိုပါလိဂ္ပါ မဝင္ခ်ိန္မွာေတာ့ ပြဲပဲေပါ့ဗ်ာ။ သူက အၿမဲတမ္းလည္း လူေတြကို ေပးသင့္တာထက္ ပိုေပးေနခဲ့တယ္”လို႔ ေရးပါလာက ေဝဖန္သြားခဲ့ေၾကာင္းနဲ႔ အိုဗာမားစ္သတင္းကို ခ်ျပသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.