Article Other Premier League

ဂျာမန်နည်းပြချုပ်နဲ့တိုင်ပင်ပြီး ခိုင်ဟာဗတ်ဇ်အတွက် အကောင်းဆုံးနေရာကို ရှာဖွေပေးနေတဲ့ တူဟယ်လ်

ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ် လူငယ်ကစားသမားလေး ခိုင်ဟာဗတ်ဇ်အတွက် အသင့်​တော်ဆုံးဖြစ်မယ့် ကစားပုံနေရာချထားမှုကို ရှာဖွေပေးဖို့ ဂျာမန်နည်းပြချုပ် ဟန်ဆီ ဖလစ်ခ်နဲ့ ဆွေးနွေးတိုင်ပင်နေကြောင်းသိရပြီး အသက် ၂၁ နှစ်သားဟာ ကမ္ဘာ့ခြေစစ်ပွဲကစားမယ့် ဂျာမနီလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရပြီလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရာသီအတွင်းက လေဗာကူဆင်အသင်းကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲဲ့ပြီး ချယ်လ်ဆီးအသင်းမှာ နေရာ ၄ မျိုးအထိ အပြောင်းအလဲလုပ်ပြီး ကစားထားခဲ့ရတဲ့ ဂျာမန်ကွင်းလယ်လူဟာ တာထွက်ရာသီမှာတော့ နည်းပြဟောင်းလမ်းပတ်ရဲ့ စတမ်းဖို့ဒ်ဘရစ်မှာ အံဝင်ဖို့ ရုန်းကန်ခဲ့သလို ပွဲဦးထွက် ၅ ပွဲကစားပြီးမှ သွင်းဂိုး ၁ ဂိုးရရှိခဲ့သူလည်းဖြစ်ပါတယ်။

နည်းပြသစ် တူဟယ်လ်လက်ထဲမှာတော့ တမဟုတ်ချင်း သစ်ဆန်းသွားခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သလို သူ့ရဲ့​ကြေးမြင့်တဲ့ပြောင်းရွှေ့ကြေးနဲ့ ခြေစွမ်းဟာ ထပ်တူကျနေကြောင်း သက်သေပြခဲ့ပြီး သူ့ရဲ့အကောင်းဆုံးပုံစံကိုတော့ ၃-၄-၂-၁ ကစားကွက်မှာ အပေါ်လွင်ဆုံး စွမ်းဆောင်ပြခဲ့တာလည်းဖြစ်ပါတယ်။

သူက ဒီကစားကွက်မှာ အထောင်တိုက်စစ်မှူးရဲ့ နောက်ချန်ကစားသမားအဖြစ် အသုံးတော်ခံခဲ့ကာ ဒီနေရာကို ကစားခွင့်ရပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရာသီက ၅ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးပြီး ချယ်လ်ဆီးအသင်းကိုလည်း ပြည်တွင်းရပ်တည်မှု အဆင့် ၄ နေရာနဲ့ ရာသီအသိမ်းလှပခဲ့သလို အခုချိန်မှာတော့ တိုက်စစ်မှူး ရိုမီလူ လူကာကူးကို အထောင်တိုက်စစ်မှူးအဖြစ် တွဲဖက်အနေနဲ့ လက်တွဲသွားရတော့မှာပါ။

ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ သူက အံ့အားသင့်ဖွယ်ရာ ခေါင်းတိုက်ဂိုးနဲ့ အဖွင့်ဂိုးသွင်းယူပြီး ချယ်လ်ဆီးအသင်းကို ဦးဆောင်ဂိုးရရှိစေခဲ့သလို ပထမပိုင်းပွဲပြီးချိန်နားက ရီးစ်ဂျိမ်းရဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် ဒုတိယပိုင်းမှာ လူစားလဲခံလိုက်ရသလို ချယ်လ်ဆီးက ၃ ပွဲကစား၊ ရမှတ် ၇ မှတ်နဲ့ ဂျာမန်သားလေးအတွက် ရာသီအဖွင့်က လှပသွားခဲ့ပြီလို့သာဆိုရမှာပါ။

ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် အများဆုံးပေးဆပ်ကစားခဲ့ရတဲ့ ဒုတိယမြောက်နေရာတခုကတော့ ဗဟိုတိုက်စစ်မှူးနေရာကနေ ပွဲထွက်ခဲ့ရခြင်းဖြစ်ပြီး သူကတော့ နောက်ချန်တိုက်စစ်မှူးဆန်ဆန်ကစားရခြင်း၊ ဗဟိုတိုက်စစ်မှူးနေရာမှာ ကစားနိုင်စွမ်းတွေနဲ့ ပေါင်းစပ်ထားတဲ့ False 9 တိုက်စစ်မှူးအဖြစ် အံအဝင်ဆုံးနေရာက သူ့အတွက်ဖြစ်လာလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီလိုအချိန်မှာ လူကာကူး ဒဏ်ရာကြောင့် အနားယူခဲ့သည်ရှိသော် တူဟယ်လ်အတွက် ခေါင်းကိုက်သက်သာစေဦးမယ့် ရွေးချယ်မှုအဖြစ်ရှိနေပြီး မေဆန်မောင့်၊ တီမို ဗာနာတို့ရဲ့ အတွဲအဖက်မှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ချန်ပီယံလိဂ်ပြိုင်ပွဲတလျှောက် သက်သေပြခဲ့ပြီးဖြစ်သလို အနည်းငယ်အစမ်းသပ်ခံဖို့သာ လိုအပ်တော့တဲ့ စွယ်စုံရကစားသမားအဖြစ်လည်း သူက အနာဂတ်မှာ အသုံးတော်ခံနိုင်လာဖွယ် ရှိနေကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္ လူငယ္ကစားသမားေလး ခိုင္ဟာဗတ္ဇ္အတြက္ အသင့္​ေတာ္ဆုံးျဖစ္မယ့္ ကစားပုံေနရာခ်ထားမႈကို ရွာေဖြေပးဖို႔ ဂ်ာမန္နည္းျပခ်ဳပ္ ဟန္ဆီ ဖလစ္ခ္နဲ႔ ေဆြးေႏြးတိုင္ပင္ေနေၾကာင္းသိရၿပီး အသက္ ၂၁ ႏွစ္သားဟာ ကမာၻ႔ေျခစစ္ပြဲကစားမယ့္ ဂ်ာမနီလက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံထားရၿပီလည္းျဖစ္ပါတယ္။

လြန္ခဲ့တဲ့ရာသီအတြင္းက ေလဗာကူဆင္အသင္းကေန ေပါင္ ၇၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲဲ့ၿပီး ခ်ယ္လ္ဆီးအသင္းမွာ ေနရာ ၄ မ်ိဳးအထိ အေျပာင္းအလဲလုပ္ၿပီး ကစားထားခဲ့ရတဲ့ ဂ်ာမန္ကြင္းလယ္လူဟာ တာထြက္ရာသီမွာေတာ့ နည္းျပေဟာင္းလမ္းပတ္ရဲ႕ စတမ္းဖို႔ဒ္ဘရစ္မွာ အံဝင္ဖို႔ ႐ုန္းကန္ခဲ့သလို ပြဲဦးထြက္ ၅ ပြဲကစားၿပီးမွ သြင္းဂိုး ၁ ဂိုးရရွိခဲ့သူလည္းျဖစ္ပါတယ္။

နည္းျပသစ္ တူဟယ္လ္လက္ထဲမွာေတာ့ တမဟုတ္ခ်င္း သစ္ဆန္းသြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္မွာလည္း တလုံးတည္းေသာအႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့သလို သူ႔ရဲ႕​ေၾကးျမင့္တဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျခစြမ္းဟာ ထပ္တူက်ေနေၾကာင္း သက္ေသျပခဲ့ၿပီး သူ႔ရဲ႕အေကာင္းဆုံးပုံစံကိုေတာ့ ၃-၄-၂-၁ ကစားကြက္မွာ အေပၚလြင္ဆုံး စြမ္းေဆာင္ျပခဲ့တာလည္းျဖစ္ပါတယ္။

သူက ဒီကစားကြက္မွာ အေထာင္တိုက္စစ္မႉးရဲ႕ ေနာက္ခ်န္ကစားသမားအျဖစ္ အသုံးေတာ္ခံခဲ့ကာ ဒီေနရာကို ကစားခြင့္ရၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ရာသီက ၅ ဂိုးသြင္း၊ ၆ ဂိုးဖန္တီးၿပီး ခ်ယ္လ္ဆီးအသင္းကိုလည္း ျပည္တြင္းရပ္တည္မႈ အဆင့္ ၄ ေနရာနဲ႔ ရာသီအသိမ္းလွပခဲ့သလို အခုခ်ိန္မွာေတာ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို အေထာင္တိုက္စစ္မႉးအျဖစ္ တြဲဖက္အေနနဲ႔ လက္တြဲသြားရေတာ့မွာပါ။

ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲမွာ သူက အံ့အားသင့္ဖြယ္ရာ ေခါင္းတိုက္ဂိုးနဲ႔ အဖြင့္ဂိုးသြင္းယူၿပီး ခ်ယ္လ္ဆီးအသင္းကို ဦးေဆာင္ဂိုးရရွိေစခဲ့သလို ပထမပိုင္းပြဲၿပီးခ်ိန္နားက ရီးစ္ဂ်ိမ္းရဲ႕ အနီကတ္ျပစ္ဒဏ္ေၾကာင့္ ဒုတိယပိုင္းမွာ လူစားလဲခံလိုက္ရသလို ခ်ယ္လ္ဆီးက ၃ ပြဲကစား၊ ရမွတ္ ၇ မွတ္နဲ႔ ဂ်ာမန္သားေလးအတြက္ ရာသီအဖြင့္က လွပသြားခဲ့ၿပီလို႔သာဆိုရမွာပါ။

ၿပီးခဲ့တဲ့ရာသီက ခ်ယ္လ္ဆီးအသင္းအတြက္ အမ်ားဆုံးေပးဆပ္ကစားခဲ့ရတဲ့ ဒုတိယေျမာက္ေနရာတခုကေတာ့ ဗဟိုတိုက္စစ္မႉးေနရာကေန ပြဲထြက္ခဲ့ရျခင္းျဖစ္ၿပီး သူကေတာ့ ေနာက္ခ်န္တိုက္စစ္မႉးဆန္ဆန္ကစားရျခင္း၊ ဗဟိုတိုက္စစ္မႉးေနရာမွာ ကစားႏိုင္စြမ္းေတြနဲ႔ ေပါင္းစပ္ထားတဲ့ False 9 တိုက္စစ္မႉးအျဖစ္ အံအဝင္ဆုံးေနရာက သူ႔အတြက္ျဖစ္လာလိမ့္မယ္လို႔ သုံးသပ္မႈေတြ ရွိေနပါတယ္။

ဒီလိုအခ်ိန္မွာ လူကာကူး ဒဏ္ရာေၾကာင့္ အနားယူခဲ့သည္ရွိေသာ္ တူဟယ္လ္အတြက္ ေခါင္းကိုက္သက္သာေစဦးမယ့္ ေ႐ြးခ်ယ္မႈအျဖစ္ရွိေနၿပီး ေမဆန္ေမာင့္၊ တီမို ဗာနာတို႔ရဲ႕ အတြဲအဖက္မွာေတာ့ သူ႔ရဲ႕အေကာင္းဆုံးပုံစံကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတေလွ်ာက္ သက္ေသျပခဲ့ၿပီးျဖစ္သလို အနည္းငယ္အစမ္းသပ္ခံဖို႔သာ လိုအပ္ေတာ့တဲ့ စြယ္စုံရကစားသမားအျဖစ္လည္း သူက အနာဂတ္မွာ အသုံးေတာ္ခံႏိုင္လာဖြယ္ ရွိေနေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.