Other Premier League

ကာဗာနီက သူ့ရဲ့ကျောနံပါတ် ၇ ဂျာစီကို ဘာကြောင့် ရော်နယ်လ်ဒိုကို လွှဲပေးဖို့ ကြည်ကြည်ဖြူဖြူ သဘောတူခဲ့ရတာလဲ

ဂျူဗင်တပ်စ်အသင်းကနေ အိုးထရက်ဖို့ဒ်ကို အိမ်ပြန်လာခဲ့တဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကျောနံပါတ် ၇ အကျီကို ဝတ်ဆင်ကစားခွင့်ရဖို့ သေချာသလောက်ရှိနေကြောင်း မျှော်မှန်းခံထားရပြီဖြစ်ပါတယ်။

ယူနိုက်တက်ကနေ ထွက်ခွာသွားပြီး ၁၂ နှစ်အကြာမှာ အိပ်မက်ကဇာတ်ရုံမှာ တကျော့ပြန်ခိုနားလာတဲ့ CR7 ရဲ့ ပုံရိပ်ကလည်း အတော်လေးကြီးမြင့်လှသလို နံပါတ် ၇ ကိုသာ ပြန်ဝတ်ချင်နေတယ်လို့ သိထားရချိန်မှာ တိုက်စစ်မှူး အက်ဒ်ဆန် ကာဗာနီကလည်း ရော်နယ်လ်ဒိုကို လွှဲပေးဖို့ ကြည်ကြည်ဖြူဖြူ သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဥရုဂွေးတိုက်စစ်မှူးကြီးဟာ ဒီရာသီမှာ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ အဖြစ် စာရင်းသွင်းခံထားရပြီဖြစ်လို့ ပရီးမီးယားလိဂ်ရဲ့ စည်းမျဥ်းအရ သူ့အနေနဲ့ ရာသီကုန်အထိ မချွတ်တမ်းဝတ်ဆင်သွားရမယ်ဆိုပေမယ့် ရော်နယ်လ်ဒိုသာ လိုချင်တယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ဘက်ကလည်း အထူးခွင့်ပြုချက်နဲ့ စီစဥ်ပေးသွားလို့ရတဲ့ အနေအထားရှိနေပါတယ်။

ESPN ရဲ့အဆိုအရ ဒီလိုအထူးခွင့်ပြုချက်မျိုးမှာ အရင်ကလည်း မဖြစ်ပေါ်ခဲ့ဖူးသလို ရော်နယ်လ်ဒိုအနေနဲ့ မာစီယယ်လ်ရဲ့ ကျောနံပါတ် ၉၊ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ကျောနံပါတ် ၁၀၊ မေဆန် ဂရင်းဝုဒ်ရဲ့ကျောနံပါတ် ၁၁ တို့ကလည်း ဦးသူရှိထားပြီးသားဖြစ်လို့ အိုးထရက်ဖို့ဒ်မှာ တရာသီဆက်နေဦးမယ့် ကာဗာနီရဲ့ သဘောထားပြည့်ဝမှုက ပေါ်ပေါ်လွင်လွင်မြင်လာရတာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျောနံပါတ် ၇ နဲ့ စံစားရဖို့ ဖြစ်လာခဲ့ပြီး ယူနိုက်တက်တောင်ပံတိုက်စစ်မှုး ဒန်နီယယ်လ် ဂျိမ်းစ်က လိဒ်စ်ယူနိုက်တက်နဲ့ သဘောတူညီမှုရယူသွားချိန်မှာ ကာဗာနီက ကျောနံပါတ် ၂၁ နေရာကို အစားထိုးသွားမှာဖြစ်ပြီး CR7 က နံပါတ် ၇ ကို အပိုင်စားရလာတော့မှာပါ။

ပရီးမီးယားလိဂ်ကလည်း ပေါ်တူဂီသားရော ဥရုဂွေးသားကြီးကိုပါ ကျောနံပါတ် ၇ အဖြစ် သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ မှတ်တမ်းတင်ထားကြောင်းသိရှိရပြီး အယ်လန်ရုဒ်ကို ထွက်ခွာတော့မယ့် ဂျိမ်းစ်ရဲ့အပြောင်းအရွှေ့အပြီးမှာ အခြေအနေတွေက အံဝင်ခွင်ကျဖြစ်သွားဖို့ ရှိနေပြီး ရော်နယ်လ်ဒိုတယောက် အပြောင်းအရွှေ့ကိစ္စအဝဝပြီးစီးချိန်မှာ CR7 ဆိုတဲ့ သူ့ရဲ့ပုံရိပ်က မပျက်မယွင်းဘဲ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

ကာဗာနီက သူ့အတွက်လည်း နာပိုလီမှာဝတ်ဆင်ခဲ့တဲ့ trade mark ဖြစ်တဲ့ ကျောနံပါတ် ၇ ကို ဘာကြောင့် ရော်နယ်လ်ဒိုကို လွှဲပေးဖို့ ကြည်ကြည်ဖြူဖြူ သဘောတူခဲ့ရတာလဲလို့ မေးခွန်းတွေထွက်ပေါ်လာချိန်မှာတော့ အသက် ၃၄ နှစ်သားဟာ ဥရုဂွေးအသင်းမှာလည်း ကျောနံပါတ် ၂၁ ကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်သူဖြစ်သလို CR7 နဲ့ အဖြစ်အပျက်တခုကလည်း ရှိထားခဲ့ဖူးတာပါ။

၂၀၁၆ ကမ္ဘာ့ဖလားရဲ့ ၁၆ သင်းအဆင့်မှာ ပေါ်တူဂီအသင်းနဲ့ ဥရုဂွေးအသင်းတို့ တွေ့ဆုံခဲ့ကြစဥ်က တိုက်စစ်မှူးကြီးနှစ်ဦး ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး နိုင်လိုစိတ်ပြင်းပြသူချင်း ဒိတ်ဒိတ်ကြဲခြေစွမ်းပြဖို့ အကောင်းဆုံးလုပ်ဆောင်နေချိန်မှာပဲ ကာဗာနီဟာ ၂ ဂိုးသွင်းယူခဲ့သော်ငြား မိနစ် ၇၀ ပွဲချိန်အတွင်း ဒဏ်ရာရရှိသွားခဲ့သလို ရော်နယ်လ်ဒိုက လက်ပိုက်ကြည့်မနေဘဲ ဝင်ရောက်ပြုစုပေးခဲ့တာပါ။

တဖက်သားဒဏ်ရာရချိန်မှာ CR7 ရဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ လုပ်ရပ်အဖြစ် ကာဗာနီဘက်က အသိအမှတ်ပြုခဲ့ရပြီး သရဲနီ အသင်းဖော်တွေအဖြစ် လက်တွဲရတော့မယ့်အချိန်မှာ နှစ်ဦးကြားဆက်ဆံရေးက အကောင်းဆုံးအဆင့်ကို ရောက်ရှိနေသလို ဥရုဂွေးသားဘက်ကလည်း ကျောနံပါတ် ၇ ကို တွက်ကပ်နေခြင်းမရှိဘဲ ရော်နယ်လ်ဒိုလက်ထဲထည့်လိုက်ဖို့ ကြည်ကြည်ဖြူဖြူ အဆင်သင့်ရှိနေကြောင်းလည်း သိရှိထားရသလို ပရီးမီးယားလိဂ်ဘက်ကလည်း သေချာပေါက်ခွင့်ပြုပေးသွားရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂ်ဴဗင္တပ္စ္အသင္းကေန အိုးထရက္ဖို႔ဒ္ကို အိမ္ျပန္လာခဲ့တဲ့ တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္ေက်ာနံပါတ္ ၇ အက်ီကို ဝတ္ဆင္ကစားခြင့္ရဖို႔ ေသခ်ာသေလာက္ရွိေနေၾကာင္း ေမွ်ာ္မွန္းခံထားရၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ကေန ထြက္ခြာသြားၿပီး ၁၂ ႏွစ္အၾကာမွာ အိပ္မက္ကဇာတ္႐ုံမွာ တေက်ာ့ျပန္ခိုနားလာတဲ့ CR7 ရဲ႕ ပုံရိပ္ကလည္း အေတာ္ေလးႀကီးျမင့္လွသလို နံပါတ္ ၇ ကိုသာ ျပန္ဝတ္ခ်င္ေနတယ္လို႔ သိထားရခ်ိန္မွာ တိုက္စစ္မႉး အက္ဒ္ဆန္ ကာဗာနီကလည္း ေရာ္နယ္လ္ဒိုကို လႊဲေပးဖို႔ ၾကည္ၾကည္ျဖဴျဖဴ သေဘာတူခဲ့တယ္လို႔ သိရပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးႀကီးဟာ ဒီရာသီမွာ ယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ အျဖစ္ စာရင္းသြင္းခံထားရၿပီျဖစ္လို႔ ပရီးမီးယားလိဂ္ရဲ႕ စည္းမ်ဥ္းအရ သူ႔အေနနဲ႔ ရာသီကုန္အထိ မခြၽတ္တမ္းဝတ္ဆင္သြားရမယ္ဆိုေပမယ့္ ေရာ္နယ္လ္ဒိုသာ လိုခ်င္တယ္ဆိုရင္ေတာ့ ပရီးမီးယားလိဂ္ဘက္ကလည္း အထူးခြင့္ျပဳခ်က္နဲ႔ စီစဥ္ေပးသြားလို႔ရတဲ့ အေနအထားရွိေနပါတယ္။

ESPN ရဲ႕အဆိုအရ ဒီလိုအထူးခြင့္ျပဳခ်က္မ်ိဳးမွာ အရင္ကလည္း မျဖစ္ေပၚခဲ့ဖူးသလို ေရာ္နယ္လ္ဒိုအေနနဲ႔ မာစီယယ္လ္ရဲ႕ ေက်ာနံပါတ္ ၉၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ေက်ာနံပါတ္ ၁၀၊ ေမဆန္ ဂရင္းဝုဒ္ရဲ႕ေက်ာနံပါတ္ ၁၁ တို႔ကလည္း ဦးသူရွိထားၿပီးသားျဖစ္လို႔ အိုးထရက္ဖို႔ဒ္မွာ တရာသီဆက္ေနဦးမယ့္ ကာဗာနီရဲ႕ သေဘာထားျပည့္ဝမႈက ေပၚေပၚလြင္လြင္ျမင္လာရတာျဖစ္ပါတယ္။

ေနာက္ဆုံးမွာေတာ့ ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ရဲ႕ Trademark ျဖစ္တဲ့ ေက်ာနံပါတ္ ၇ နဲ႔ စံစားရဖို႔ ျဖစ္လာခဲ့ၿပီး ယူႏိုက္တက္ေတာင္ပံတိုက္စစ္မႈး ဒန္နီယယ္လ္ ဂ်ိမ္းစ္က လိဒ္စ္ယူႏိုက္တက္နဲ႔ သေဘာတူညီမႈရယူသြားခ်ိန္မွာ ကာဗာနီက ေက်ာနံပါတ္ ၂၁ ေနရာကို အစားထိုးသြားမွာျဖစ္ၿပီး CR7 က နံပါတ္ ၇ ကို အပိုင္စားရလာေတာ့မွာပါ။

ပရီးမီးယားလိဂ္ကလည္း ေပၚတူဂီသားေရာ ဥ႐ုေဂြးသားႀကီးကိုပါ ေက်ာနံပါတ္ ၇ အျဖစ္ သူတို႔ရဲ႕တရားဝင္ဝက္ဘ္ဆိုက္မွာ မွတ္တမ္းတင္ထားေၾကာင္းသိရွိရၿပီး အယ္လန္႐ုဒ္ကို ထြက္ခြာေတာ့မယ့္ ဂ်ိမ္းစ္ရဲ႕အေျပာင္းအေ႐ႊ႕အၿပီးမွာ အေျခအေနေတြက အံဝင္ခြင္က်ျဖစ္သြားဖို႔ ရွိေနၿပီး ေရာ္နယ္လ္ဒိုတေယာက္ အေျပာင္းအေ႐ႊ႕ကိစၥအဝဝၿပီးစီးခ်ိန္မွာ CR7 ဆိုတဲ့ သူ႔ရဲ႕ပုံရိပ္က မပ်က္မယြင္းဘဲ ဆက္ရွိေနဦးမွာျဖစ္ပါတယ္။

ကာဗာနီက သူ႔အတြက္လည္း နာပိုလီမွာဝတ္ဆင္ခဲ့တဲ့ trade mark ျဖစ္တဲ့ ေက်ာနံပါတ္ ၇ ကို ဘာေၾကာင့္ ေရာ္နယ္လ္ဒိုကို လႊဲေပးဖို႔ ၾကည္ၾကည္ျဖဴျဖဴ သေဘာတူခဲ့ရတာလဲလို႔ ေမးခြန္းေတြထြက္ေပၚလာခ်ိန္မွာေတာ့ အသက္ ၃၄ ႏွစ္သားဟာ ဥ႐ုေဂြးအသင္းမွာလည္း ေက်ာနံပါတ္ ၂၁ ကိုသာ စြဲစြဲၿမဲၿမဲဝတ္ဆင္သူျဖစ္သလို CR7 နဲ႔ အျဖစ္အပ်က္တခုကလည္း ရွိထားခဲ့ဖူးတာပါ။

၂၀၁၆ ကမာၻ႔ဖလားရဲ႕ ၁၆ သင္းအဆင့္မွာ ေပၚတူဂီအသင္းနဲ႔ ဥ႐ုေဂြးအသင္းတို႔ ေတြ႕ဆုံခဲ့ၾကစဥ္က တိုက္စစ္မႉးႀကီးႏွစ္ဦး ၿပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၿပီး ႏိုင္လိုစိတ္ျပင္းျပသူခ်င္း ဒိတ္ဒိတ္ႀကဲေျခစြမ္းျပဖို႔ အေကာင္းဆုံးလုပ္ေဆာင္ေနခ်ိန္မွာပဲ ကာဗာနီဟာ ၂ ဂိုးသြင္းယူခဲ့ေသာ္ျငား မိနစ္ ၇၀ ပြဲခ်ိန္အတြင္း ဒဏ္ရာရရွိသြားခဲ့သလို ေရာ္နယ္လ္ဒိုက လက္ပိုက္ၾကည့္မေနဘဲ ဝင္ေရာက္ျပဳစုေပးခဲ့တာပါ။

တဖက္သားဒဏ္ရာရခ်ိန္မွာ CR7 ရဲ႕ ျမင့္ျမတ္တဲ့စိတ္ထားနဲ႔ လုပ္ရပ္အျဖစ္ ကာဗာနီဘက္က အသိအမွတ္ျပဳခဲ့ရၿပီး သရဲနီ အသင္းေဖာ္ေတြအျဖစ္ လက္တြဲရေတာ့မယ့္အခ်ိန္မွာ ႏွစ္ဦးၾကားဆက္ဆံေရးက အေကာင္းဆုံးအဆင့္ကို ေရာက္ရွိေနသလို ဥ႐ုေဂြးသားဘက္ကလည္း ေက်ာနံပါတ္ ၇ ကို တြက္ကပ္ေနျခင္းမရွိဘဲ ေရာ္နယ္လ္ဒိုလက္ထဲထည့္လိုက္ဖို႔ ၾကည္ၾကည္ျဖဴျဖဴ အဆင္သင့္ရွိေနေၾကာင္းလည္း သိရွိထားရသလို ပရီးမီးယားလိဂ္ဘက္ကလည္း ေသခ်ာေပါက္ခြင့္ျပဳေပးသြားရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.