Other Premier League Transfer News

ကိန်း မန်စီးတီးကို မပြောင်းဖြစ်ခဲ့တာ သူ့ဇနီးအတွက်တော့ ကံကောင်းသွားခဲ့တယ်လို့ ပြောလိုက်တဲ့မာရက်ဇ်ရဲ့ဇနီးဟောင်း

မန်ချက်စတာစီးတီးတောင်ပံတိုက်စစ်မှူး ရီးယတ် မာရက်ဇ်ရဲ့ဇနီးဟောင်းဖြစ်သူ ရီတာ ဂျိုဟယ်လ်က ဟာရီကိန်းအနေနဲ့ အီတီဟတ်ဆီ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဟာ ကစားသမားရဲ့ ကွင်းပြင်ပ လူနေမှုဘဝအတွက်တော့ အကျိုးရှိသွားစေခဲ့ပြီး သူ့ရဲ့ဇနီးသည်အတွက်ပါ ကံကောင်းမှုတခုဖြစ်သွားခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အယ်လ်ဂျီးရီးယားသားဟာ မန်ချက်စတာစီးတီးကစားသမားဖြစ်လာချိန်မှာတော့ ဘဝကိုအောက်ခြေလွတ်ပြီး အချိုးပြောင်းသွားခဲ့သလို သူတို့ရဲ့ အိမ်ထောင်ရေးပါ ကွဲပြဲရတဲ့အဆင့်အထိ ပျော်ပါးပွေရှုပ်ခဲ့လွန်းလို့ ကိန်းအနေနဲ့ မန်စီးတီးကို မရွေးချယ်ခဲ့ခြင်းဟာ သူ့ရဲ့ဇနီးသည် ကေတီဝုဒ်အတွက်တော့ ရင်အေးစရာဖြစ်ခဲ့တယ်လို့ ဂျိုဟယ်လ်က အခုလို ပြောပြသွားခဲ့ပါတယ်။

” တခြားသူတွေရဲ့ဘဝအပေါ်မှာတော့ မှတ်ချက်မပေးလိုပါဘူး။ ဒါပေမယ့် မန်စီးတီးကို ပြောင်းကစားခဲ့တဲ့ ကျွန်မခင်ပွန်းရဲ့ဘဝကတော့ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ ဟာရီကိန်းရဲ့ ဇနီးသည်အတွက်တော့ ကံကောင်းထောက်မမှုတခုဖြစ်ခဲ့သလို အသက်ရှူပေါက်ရခဲ့တာပါ။ တခြားသူတွေလည်း သတိကြီးကြီးထားသင့်ပါတယ်”

” ရီးယက်က မန်ချက်စတာစီးတီးကို ရောက်သွားတာနဲ့ အောင်မြင်ကျော်ကြားမှုနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပြီး အရာရာပြောင်းလဲသွားခဲ့ပါတယ်။ သူက ကျွန်မမသိခဲ့ဖူးတဲ့ တခြားလူတယောက်လို ဖြစ်သွားခဲ့ပါတယ်။ သူက ပါတီတွေတက်တယ်။ ထင်ပေါရတဲ့အရသာကို တန်းတန်းစွဲသွားပြီး အပျော်အပါးမက်တဲ့ ဘောလုံးသမားတဦးဖြစ်သွားခဲ့ပါတယ်။”

“ကျွန်မသူ့ကို မမုန်းတီးပါဘူး။ ဒါက ခိုင်မာစွာပြောတဲ့စကားပါ။ ဒါပေမယ့် သူလုပ်ခဲ့သမျှ လုပ်ရပ်တွေကြောင့် ကျွန်မအတွက် ဝမ်းနည်းစရာဖြစ်ခဲ့ပြီး အကြီးအကျယ်တုန်လှုပ်ခဲ့ရပါတယ်။ သူ ကျွန်မကို ရုတ်တရက်ပဲ စွန့်ပစ်သွားခဲ့တယ်။ မန်ချက်စတာစီးတီးမှာ ကစားရတဲ့ ဖိအားဒဏ်တွေကို မခံနိုင်တော့လောက်အောင်ဖြစ်နေပြီဆိုတဲ့ အကြောင်းပြချက်ကို ပေးခဲ့တယ်”

” အခုတော့ သူက အားလပ်ရက်တွေမှာ ဘယ်အရာကိုမှ ဂရုမစိုက်ဘဲ ဂျက်လေယာဉ်တစီးနဲ့ အပျော်ခရီးတွေ ထွက်နေပြီး အချိန်တွေကို ဖြုန်းတီးနေပါတယ်” လို့ ပြောဆိုသွားခဲ့ပြီး မာရက်ဇ်နဲ့ ဂျိုဟယ်လ်တို့ဟာ ၂၀၁၄ ခုနှစ်က လန်ဒန်မြို့မှာ တွေ့ဆုံပြီး ၄ လအကြာမှာပဲ လက်ထပ်ဖြစ်ခဲ့ကြသလို သမီးလေးတဦးမွေးဖွားခဲ့တယ်လို့ သိရပါတယ်။

မာရက်ဇ်ဟာ လက်ရှိအချိန်မှာတော့ မန်စီးတီးကစားသမားဟောင်း အက်ရှ်လေဝါ့ဒ်ရဲ့ သမီးဖြစ်သူ တေလာဝါ့ဒ်နဲ့ စေ့စပ်ကြောင်းလမ်းခဲ့ပြီဖြစ်ကြာင်း ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာ တရားဝင်ကြေငြာသွားခဲ့သလို ဘဝသက်ဆုံးတိုင်ပေါင်းဖက်သွားချင်ကြောင်း တေလာရဲ့ အင်စတာဂရမ်အကောင့်မှာလည်း အောင်ပွဲခံသွားခဲ့ကြသေးတာပါ။

ဟာရီ ကိန်းနဲ့ သားသမီး ၃ ဦးထွန်းကားထားတဲ့ သူ့ရဲ့လက်တွဲဖော် ကေတီဝုဒ်တို့ကတော့ ငယ်ချစ်တွေအဖြစ် နာမည်ကြီးလှသလို ၂၀၁၉ ခုနှစ်က တရားဝင်လက်ထပ်ယူခဲ့ကြရာမှာ ကိန်းရဲ့ပြောစကားအရ သူတို့စုံတွဲဟာ ဘဝကို အေးအေးချမ်းချမ်း၊ တိတ်တိတ်ဆိတ်ဆိတ်သာ ဖြတ်သန်းချင်သလို ကင်မရာရှေ့မှာ လူလုံးထွက်ပြခြင်းကိုလည်း အမြဲလိုလိုရှောင်ရှားခဲ့ကြသူတွေပါ။

” ကျွန်တော်တို့က ကျောင်းအတူတူတက်ခဲ့တဲ့ ငယ်ချစ်တွေပါ။ ကျွန်တော့်ရဲ့ကစားသမားဘဝတလျှောက်လုံးကို သူက အသေးစိတ်မြင်တွေ့ခဲ့သူဖြစ်ပြီး အမြဲအတူတူရှိပေးခဲ့တာပါ။ သူက ခွေးတွေနဲ့ လမ်းလျှောက်ထွက်ရင်တောင် သတင်းတွေက ရေးသားနေကြလို့ ရူးကြောင်ကြောင်နိုင်တယ်လို့ ယူဆပါတယ်” လို့ နာမည်ကျော်ကြားမှုမလိုက်ဖက်အောင်ကိုအေးဆေးတဲ့ သူ့ရဲ့အိမ်ထောင်ရေးဘဝအကြောင်း ၂၀၁၅ ခုနှစ်က ပြောသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးေတာင္ပံတိုက္စစ္မႉး ရီးယတ္ မာရက္ဇ္ရဲ႕ဇနီးေဟာင္းျဖစ္သူ ရီတာ ဂ်ိဳဟယ္လ္က ဟာရီကိန္းအေနနဲ႔ အီတီဟတ္ဆီ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့တာဟာ ကစားသမားရဲ႕ ကြင္းျပင္ပ လူေနမႈဘဝအတြက္ေတာ့ အက်ိဳးရွိသြားေစခဲ့ၿပီး သူ႔ရဲ႕ဇနီးသည္အတြက္ပါ ကံေကာင္းမႈတခုျဖစ္သြားခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

အယ္လ္ဂ်ီးရီးယားသားဟာ မန္ခ်က္စတာစီးတီးကစားသမားျဖစ္လာခ်ိန္မွာေတာ့ ဘဝကိုေအာက္ေျခလြတ္ၿပီး အခ်ိဳးေျပာင္းသြားခဲ့သလို သူတို႔ရဲ႕ အိမ္ေထာင္ေရးပါ ကြဲၿပဲရတဲ့အဆင့္အထိ ေပ်ာ္ပါးေပြရႈပ္ခဲ့လြန္းလို႔ ကိန္းအေနနဲ႔ မန္စီးတီးကို မေ႐ြးခ်ယ္ခဲ့ျခင္းဟာ သူ႔ရဲ႕ဇနီးသည္ ေကတီဝုဒ္အတြက္ေတာ့ ရင္ေအးစရာျဖစ္ခဲ့တယ္လို႔ ဂ်ိဳဟယ္လ္က အခုလို ေျပာျပသြားခဲ့ပါတယ္။

” တျခားသူေတြရဲ႕ဘဝအေပၚမွာေတာ့ မွတ္ခ်က္မေပးလိုပါဘူး။ ဒါေပမယ့္ မန္စီးတီးကို ေျပာင္းကစားခဲ့တဲ့ ကြၽန္မခင္ပြန္းရဲ႕ဘဝကေတာ့ အႀကီးအက်ယ္ေျပာင္းလဲသြားခဲ့ပါတယ္။ ဟာရီကိန္းရဲ႕ ဇနီးသည္အတြက္ေတာ့ ကံေကာင္းေထာက္မမႈတခုျဖစ္ခဲ့သလို အသက္ရႉေပါက္ရခဲ့တာပါ။ တျခားသူေတြလည္း သတိႀကီးႀကီးထားသင့္ပါတယ္”

” ရီးယက္က မန္ခ်က္စတာစီးတီးကို ေရာက္သြားတာနဲ႔ ေအာင္ျမင္ေက်ာ္ၾကားမႈေနာက္ကို ေကာက္ေကာက္ပါေအာင္လိုက္သြားခဲ့ၿပီး အရာရာေျပာင္းလဲသြားခဲ့ပါတယ္။ သူက ကြၽန္မမသိခဲ့ဖူးတဲ့ တျခားလူတေယာက္လို ျဖစ္သြားခဲ့ပါတယ္။ သူက ပါတီေတြတက္တယ္။ ထင္ေပါရတဲ့အရသာကို တန္းတန္းစြဲသြားၿပီး အေပ်ာ္အပါးမက္တဲ့ ေဘာလုံးသမားတဦးျဖစ္သြားခဲ့ပါတယ္။”

“ကြၽန္မသူ႔ကို မမုန္းတီးပါဘူး။ ဒါက ခိုင္မာစြာေျပာတဲ့စကားပါ။ ဒါေပမယ့္ သူလုပ္ခဲ့သမွ် လုပ္ရပ္ေတြေၾကာင့္ ကြၽန္မအတြက္ ဝမ္းနည္းစရာျဖစ္ခဲ့ၿပီး အႀကီးအက်ယ္တုန္လႈပ္ခဲ့ရပါတယ္။ သူ ကြၽန္မကို ႐ုတ္တရက္ပဲ စြန႔္ပစ္သြားခဲ့တယ္။ မန္ခ်က္စတာစီးတီးမွာ ကစားရတဲ့ ဖိအားဒဏ္ေတြကို မခံႏိုင္ေတာ့ေလာက္ေအာင္ျဖစ္ေနၿပီဆိုတဲ့ အေၾကာင္းျပခ်က္ကို ေပးခဲ့တယ္”

” အခုေတာ့ သူက အားလပ္ရက္ေတြမွာ ဘယ္အရာကိုမွ ဂ႐ုမစိုက္ဘဲ ဂ်က္ေလယာဥ္တစီးနဲ႔ အေပ်ာ္ခရီးေတြ ထြက္ေနၿပီး အခ်ိန္ေတြကို ျဖဳန္းတီးေနပါတယ္” လို႔ ေျပာဆိုသြားခဲ့ၿပီး မာရက္ဇ္နဲ႔ ဂ်ိဳဟယ္လ္တို႔ဟာ ၂၀၁၄ ခုႏွစ္က လန္ဒန္ၿမိဳ႕မွာ ေတြ႕ဆုံၿပီး ၄ လအၾကာမွာပဲ လက္ထပ္ျဖစ္ခဲ့ၾကသလို သမီးေလးတဦးေမြးဖြားခဲ့တယ္လို႔ သိရပါတယ္။

မာရက္ဇ္ဟာ လက္ရွိအခ်ိန္မွာေတာ့ မန္စီးတီးကစားသမားေဟာင္း အက္ရွ္ေလဝါ့ဒ္ရဲ႕ သမီးျဖစ္သူ ေတလာဝါ့ဒ္နဲ႔ ေစ့စပ္ေၾကာင္းလမ္းခဲ့ၿပီျဖစ္ၾကာင္း ၿပီးခဲ့တဲ့ ဇြန္လ ၂၁ ရက္ေန႔မွာ တရားဝင္ေၾကျငာသြားခဲ့သလို ဘဝသက္ဆုံးတိုင္ေပါင္းဖက္သြားခ်င္ေၾကာင္း ေတလာရဲ႕ အင္စတာဂရမ္အေကာင့္မွာလည္း ေအာင္ပြဲခံသြားခဲ့ၾကေသးတာပါ။

ဟာရီ ကိန္းနဲ႔ သားသမီး ၃ ဦးထြန္းကားထားတဲ့ သူ႔ရဲ႕လက္တြဲေဖာ္ ေကတီဝုဒ္တို႔ကေတာ့ ငယ္ခ်စ္ေတြအျဖစ္ နာမည္ႀကီးလွသလို ၂၀၁၉ ခုႏွစ္က တရားဝင္လက္ထပ္ယူခဲ့ၾကရာမွာ ကိန္းရဲ႕ေျပာစကားအရ သူတို႔စုံတြဲဟာ ဘဝကို ေအးေအးခ်မ္းခ်မ္း၊ တိတ္တိတ္ဆိတ္ဆိတ္သာ ျဖတ္သန္းခ်င္သလို ကင္မရာေရွ႕မွာ လူလုံးထြက္ျပျခင္းကိုလည္း အၿမဲလိုလိုေရွာင္ရွားခဲ့ၾကသူေတြပါ။

” ကြၽန္ေတာ္တို႔က ေက်ာင္းအတူတူတက္ခဲ့တဲ့ ငယ္ခ်စ္ေတြပါ။ ကြၽန္ေတာ့္ရဲ႕ကစားသမားဘဝတေလွ်ာက္လုံးကို သူက အေသးစိတ္ျမင္ေတြ႕ခဲ့သူျဖစ္ၿပီး အၿမဲအတူတူရွိေပးခဲ့တာပါ။ သူက ေခြးေတြနဲ႔ လမ္းေလွ်ာက္ထြက္ရင္ေတာင္ သတင္းေတြက ေရးသားေနၾကလို႔ ႐ူးေၾကာင္ေၾကာင္ႏိုင္တယ္လို႔ ယူဆပါတယ္” လို႔ နာမည္ေက်ာ္ၾကားမႈမလိုက္ဖက္ေအာင္ကိုေအးေဆးတဲ့ သူ႔ရဲ႕အိမ္ေထာင္ေရးဘဝအေၾကာင္း ၂၀၁၅ ခုႏွစ္က ေျပာသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.