Premier League Transfer News

Deadline Day နံနက်ခင်း ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးသတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဝီလီယန်နဲ့ စာချုပ်ကို မနေ့ညနေပိုင်းက တရားဝင် ဖျက်သိမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဘရာဇီးလ် ကွင်းလယ်လူအနေနဲ့ ဇာတိမြေ ကော်ရင်သီယန်အသင်းဆီ ပြောင်းရွှေ့ဖို့နဲ့ ဆေးစစ်မှု ခံယူဖို့ ဒီနေ့မှာ လေယာဉ်စီးဖို့ ရှိနေ။

– လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်ကို ခေါ်ယူဖို့ သဘောတူညီခဲ့ပြီး ကနဦးထွက်ပေါ်နေတဲ့ အငှားနဲ့ဆိုတဲ့ သတင်းတွေ မဟုတ်ဘဲ နည်းပြ မာဆယ်လို ဘီယယ်လ်ဆာအနေနဲ့ စိတ်ကြိုက်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၈ သန်း (ပေါင် ၂၄ သန်း) ပေးချေခဲ့ရ။

– အာဆင်နယ်၊ လက်စတာစီးတီးအသင်းတွေနဲ့ အသံထွက်ခဲ့ဖူးတဲ့ ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာအတွက် ခရစ္စတယ်လ် ပဲလေ့စ်အသင်းဘက်က ကမ်းလှမ်းတဲ့ ပေါင် ၁၅ သန်းနဲ့ စကော့တလန်ကလပ်ဘက်က အလိုရှိနေတဲ့ ပေါင်သန်း ၂၀ ကြား တစ်နေရာမှာ သဘောတူညီနိုင်ခဲ့ပြီး ယနေ့ ဆေးစစ်မှု ခံယူမည်။

– ဘရိုက်တန်အသင်းအနေနဲ့ သူတို့ရဲ့ ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး နီးလ် မော်ပေအတွက် အစားထိုးဖို့ ချက်ကလပ် ဆလားဗီးယား ပရပ်ဂ်ရဲ့ ဆီနီဂေါတိုက်စစ်မှူး အက်ဘ်ဒယ်လာ ဆီမာကို ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဂီတာဖေးနောက်ခံလူ မာ့ခ် ကူကူရဲလားကိုပါ စာချုပ်လျော်ကြေး ပေါင် ၁၈ သန်းနဲ့ ခေါ်ယူဖို့ လုပ်ဆောင်နိုင်ခဲ့။

– နော့ဝစ်ချ်စီးတီးအသင်းအနေနဲ့ လီဗာပူးလ်အသင်းမှာ အငှားနဲ့ လာရောက်ကစားပြီး အောင်မြင်မှု မရခဲ့တဲ့ နောက်ခံလူ အိုဇန် ကာဘက်ခ်ကို အငှားကြေး ယူရို ၄ သန်း၊ ရာသီကုန်မှာ အပြီးသတ်ခေါ်ယူနိုင်ခွင့် ယူရို ၁၄ သန်းနဲ့ ရှော်လ်ကာအသင်းဆီကနေ ခေါ်ယူနိုင်ခဲ့။

– တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဘက်တစ်နောက်ခံလူဟောင်း အီမာဆန် ရွိုင်ရယ်လ်ကို ဘာစီလိုနာအသင်းဆီကနေ အပြီးသတ် ခေါ်ယူနိုင်ဖို့ သဘောတူညီနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ပေးချေရဖို့ ရှိနေချိန်မှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီနိုင်ဖို့ ကျန်ရှိနေ။

– အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ လီလ်အသင်းနောက်ခံလူ ဇီကီ ချယ်လိခ်ကို ခေါ်ယူဖို့ တစ်စုံတစ်ရာ သဘောတူညီထားခြင်း မရှိဘူးဆိုတာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ကီရန် ထရစ်ပီယာကို ရရှိနိုင်ဖို့ မျှော်လင့်ချက်တွေ ပြိုကွဲခဲ့ရ။

– လီလ်နောက်ခံလူ ဆဗင် ဘော့တ်မန်ကို ခေါ်ယူဖို့အတွက် ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်ရဲ့ ကမ်းလှမ်းချက်က အောင်မြင်မှု မရခဲ့ပေမယ့် နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ရီနာတို ဆန်ချက်စ်ကို အငှားနဲ့ ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းကြီးတွေထက် လက်ဦးမှုယူပြီး ကမ်းလှမ်းထား။

– ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းအတွက် ချန်ပီယံလိဂ်ကစားခွင့်ရမယ့် ဒေါ့မွန်အသင်းက စိတ်ဝင်စားဖို့ ကောင်းနေပေမယ့် ဒွန်ညဲလ် မာလန်နဲ့ နေရာလုရဖွယ်ရှိနေချိန်မှာ လက်စတာစီးတီးအသင်းအနေနဲ့ ပွဲထွက်တစ်နေရာ အာမခံချက်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေလို့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ကလည်း အင်္ဂလန်သားအတွက် ဇဝေဇဝါဖြစ်ရဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ဝီလီယန္နဲ႔ စာခ်ဳပ္ကို မေန႔ညေနပိုင္းက တရားဝင္ ဖ်က္သိမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ဘရာဇီးလ္ ကြင္းလယ္လူအေနနဲ႔ ဇာတိေျမ ေကာ္ရင္သီယန္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔နဲ႔ ေဆးစစ္မႈ ခံယူဖို႔ ဒီေန႔မွာ ေလယာဥ္စီးဖို႔ ရွိေန။

– လိဒ္စ္ယူႏိုက္တက္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ေခၚယူဖို႔ သေဘာတူညီခဲ့ၿပီး ကနဦးထြက္ေပၚေနတဲ့ အငွားနဲ႔ဆိုတဲ့ သတင္းေတြ မဟုတ္ဘဲ နည္းျပ မာဆယ္လို ဘီယယ္လ္ဆာအေနနဲ႔ စိတ္ႀကိဳက္ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၈ သန္း (ေပါင္ ၂၄ သန္း) ေပးေခ်ခဲ့ရ။

– အာဆင္နယ္၊ လက္စတာစီးတီးအသင္းေတြနဲ႔ အသံထြက္ခဲ့ဖူးတဲ့ ဆဲလ္တစ္တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာအတြက္ ခရစၥတယ္လ္ ပဲေလ့စ္အသင္းဘက္က ကမ္းလွမ္းတဲ့ ေပါင္ ၁၅ သန္းနဲ႔ စေကာ့တလန္ကလပ္ဘက္က အလိုရွိေနတဲ့ ေပါင္သန္း ၂၀ ၾကား တစ္ေနရာမွာ သေဘာတူညီႏိုင္ခဲ့ၿပီး ယေန႔ ေဆးစစ္မႈ ခံယူမည္။

– ဘ႐ိုက္တန္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဒဏ္ရာရရွိေနတဲ့ တိုက္စစ္မႉး နီးလ္ ေမာ္ေပအတြက္ အစားထိုးဖို႔ ခ်က္ကလပ္ ဆလားဗီးယား ပရပ္ဂ္ရဲ႕ ဆီနီေဂါတိုက္စစ္မႉး အက္ဘ္ဒယ္လာ ဆီမာကို ေခၚယူသြားဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး ဂီတာေဖးေနာက္ခံလူ မာ့ခ္ ကူကူရဲလားကိုပါ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁၈ သန္းနဲ႔ ေခၚယူဖို႔ လုပ္ေဆာင္ႏိုင္ခဲ့။

– ေနာ့ဝစ္ခ်္စီးတီးအသင္းအေနနဲ႔ လီဗာပူးလ္အသင္းမွာ အငွားနဲ႔ လာေရာက္ကစားၿပီး ေအာင္ျမင္မႈ မရခဲ့တဲ့ ေနာက္ခံလူ အိုဇန္ ကာဘက္ခ္ကို အငွားေၾကး ယူ႐ို ၄ သန္း၊ ရာသီကုန္မွာ အၿပီးသတ္ေခၚယူႏိုင္ခြင့္ ယူ႐ို ၁၄ သန္းနဲ႔ ေရွာ္လ္ကာအသင္းဆီကေန ေခၚယူႏိုင္ခဲ့။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဘက္တစ္ေနာက္ခံလူေဟာင္း အီမာဆန္ ႐ြိဳင္ရယ္လ္ကို ဘာစီလိုနာအသင္းဆီကေန အၿပီးသတ္ ေခၚယူႏိုင္ဖို႔ သေဘာတူညီႏိုင္ခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၃၀ ေပးေခ်ရဖို႔ ရွိေနခ်ိန္မွာ ကစားသမားနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီႏိုင္ဖို႔ က်န္ရွိေန။

– အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ လီလ္အသင္းေနာက္ခံလူ ဇီကီ ခ်ယ္လိခ္ကို ေခၚယူဖို႔ တစ္စုံတစ္ရာ သေဘာတူညီထားျခင္း မရွိဘူးဆိုတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ရဲ႕ ကီရန္ ထရစ္ပီယာကို ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ၿပိဳကြဲခဲ့ရ။

– လီလ္ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္ကို ေခၚယူဖို႔အတြက္ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္ရဲ႕ ကမ္းလွမ္းခ်က္က ေအာင္ျမင္မႈ မရခဲ့ေပမယ့္ ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ရီနာတို ဆန္ခ်က္စ္ကို အငွားနဲ႔ ေခၚယူဖို႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြထက္ လက္ဦးမႈယူၿပီး ကမ္းလွမ္းထား။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းအတြက္ ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္ ေဒါ့မြန္အသင္းက စိတ္ဝင္စားဖို႔ ေကာင္းေနေပမယ့္ ဒြန္ညဲလ္ မာလန္နဲ႔ ေနရာလုရဖြယ္ရွိေနခ်ိန္မွာ လက္စတာစီးတီးအသင္းအေနနဲ႔ ပြဲထြက္တစ္ေနရာ အာမခံခ်က္နဲ႔ ကမ္းလွမ္းသြားဖို႔ ရွိေနလို႔ ပရီးမီးယားလိဂ္မွာ ကစားခြင့္ကလည္း အဂၤလန္သားအတြက္ ဇေဝဇဝါျဖစ္ရဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.