Premier League

ကြင္းေဟာင္း ဟိုက္ဘာရီမွာ စိတ္ဝိညာဥ္ေတြကို ထားရစ္ခဲ့ရတယ္လို႔ အာဆင္ဝင္းဂါးဝန္ခံ

အာဆင္နယ္အသင္းရဲ႕ နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးက သူတုိ႔အေနနဲ႔ ကြင္းသစ္ႀကီး အမ္းမရိတ္ကို တည္ေဆာက္ၿပီး အသင္းအတြက္ ပုိမိုေကာင္းမြန္တဲ့ အက်ဳိးခံစားခြင့္ေတြ ရရွိဖို႔ ေျပာင္းေရႊ႕လာခဲ့ၾကေပမယ့္ ဟိုက္ဘာရီတုန္းက စိတ္ဝိညာဥ္ေတြက ပါမလာဘဲ ကြင္းေဟာင္းမွာ ခ်န္ထားရစ္ခဲ့ရတယ္လုိ႔ ဝန္ခံေျပာၾကားလုိက္ပါတယ္။

ျပင္သစ္နည္းျပေဟာင္းႀကီးဟာ အာဆင္နယ္အသင္းနဲ႔အတူ ဆုဖလားေတြ မ်ားစြာ ရယူႏုိင္ခဲ့ေပမယ့္ ဟိုက္ဘာရီမွာ ရရွိခဲ့တဲ့ ေအာင္ျမင္မွဳမ်ဳိးကို ကြင္းေဟာင္းနဲ႔ တစ္မိုင္ေတာင္ မေဝးတဲ့ အမ္းမရိတ္မွာ ထပ္မံလုပ္ေဆာင္ျပႏုိင္ျခင္း မရွိေတာ့သလို အက္ဖ္ေအဖလား ၃ ႀကိမ္နဲ႔ ကြန္ျမဴနတီဒိုင္း ၃ ႀကိမ္ဆုိတဲ့ ပမာဏကေတာ့ ႏွဳိင္းယွဥ္လို႔ မျဖစ္ႏုိင္တဲ့ ပမာဏလည္းျဖစ္ေနတာပါ။

ဟိုက္ဘာရီကို ၁၉၉၆ ခုႏွစ္မွာ ေရာက္ရွိလာခဲ့တဲ့ လူမသိသူမသိ နည္းျပတစ္ေယာက္ဟာ အသင္းအတြက္ ဂုဏ္သိကၡာနဲ႔ အစဥ္အလာကို တည္ေဆာက္ေပးႏိုင္ခဲ့ၿပီး ပရိသတ္ သုံးေသာင္းရွစ္ေထာင္ေက်ာ္သာ ဆန္႔တဲ့ကြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ ၃ ႀကိမ္၊ အက္ဖ္ေအဖလား ၄ ႀကိမ္နဲ႔ ကြန္ျမဴနတီဒိုင္း ၄ ႀကိမ္ ရယူႏုိင္ခဲ့သလို အားလုံးေလးစားရတဲ့ Invincible ရာသီကိုလည္း ၂၀၀၃-၀၄ ရာသီမွာ တည္ေဆာက္ႏုိင္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ့္နည္းျပဘဝမွာ ဟိုက္ဘာရီကို လာရတာေလာက္ေကာင္းတဲ့ ခံစားမွဳမ်ဳိး တစ္ခုမွ မရွိဘူး။ ဒါက အျမဲတမ္းကို အထူးခံစားမွဳနဲ႔ ၾကည္ႏူးရတဲ့ အခ်ိန္ေတြ ျဖစ္ေနတာ။ ဟိုက္ဘာရီက ခ်စ္ျခင္းေမတၱာေတြနဲ႔ တည္ေဆာက္ထားတာဗ်။ ပရိသတ္ေတြရဲ႕ အသင္းအေပၚ ခ်စ္စိတ္ကလည္း ထူးျခားလြန္းၿပီး ကၽြန္ေတာ့္အေနနဲ႔ သိပ္ေကာင္းတဲ့ပြဲေတြ၊ ရင္ထဲမွာ ဘယ္ေတာ့မွ မေမ့မယ့္ အခ်ိန္ေတြကို ျဖတ္သန္းခဲ့ရတယ္။ ပရိသတ္ေတြနဲ႔ နီးနီးကပ္ကပ္ ဆက္ဆံႏုိင္ၿပီး ေထာင့္ကန္ေဘာကန္မယ့္အခ်ိန္မွာ အလြယ္တကူ လက္ဆြဲႏုတ္ဆက္ႏိုင္တာမ်ဳိးေပါ့”လို႔ ဝင္းဂါးက ဆုိပါတယ္။

“ကၽြန္ေတာ္တုိ႔ လူ ၄၀ ေလာက္နဲ႔ တည္ေဆာက္ထားတဲ့ လုပ္ငန္းမိသားစုက အမ္းမရိတ္ကို ေျပာင္းခ်ိန္မွာ လူ ၄၀၀ ေလာက္နဲ႔ ကုမၸဏီႀကီး ျဖစ္သြားခဲ့တယ္။ ေျပာင္းလဲလာတဲ့ စည္းမ်ဥ္းေတြနဲ႔ ကိုက္ညီတဲ့ ကြင္းသစ္ႀကီးကို တည္ေဆာက္ၿပီး ေျပာင္းေရႊ႕လာခဲ့ၾကေပမယ့္ ဟိုက္ဘာရီက ခံစားမွဳမ်ဳိးကိုေတာ့ အဲ့ဒီမွာပဲ က်န္ရစ္ခဲ့တဲ့ စိတ္ဝိညာဥ္ေတြေၾကာင့္ ကၽြန္ေတာ္တို႔ ထပ္ၿပီး မလုပ္ေဆာင္ႏုိင္ေတာ့ပါဘူး။ ဒီကြင္းမွာ ကစားသမားေတြကို ကုသဖို႔ ေဆး႐ုံကားေတြ ကြင္းထဲ ဝင္ဖို႔ လြယ္တာကလြဲရင္ ဟိုက္ဘာရီနဲ႔ တူညီတဲ့ ဝန္းက်င္ကို ကၽြန္ေတာ္တုိ႔ မတည္ေဆာက္ႏုိင္ေတာ့ပါဘူး”လို႔ အာဆင္ ဝင္းဂါးက ႏွေျမာတသစြာနဲ႔ အတိတ္ကို တမ္းတရင္း ဝန္ခံခ်က္ေပးသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက သူတို့အနေနဲ့ ကွင်းသစ်ကြီး အမ်းမရိတ်ကို တည်ဆောက်ပြီး အသင်းအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးခံစားခွင့်တွေ ရရှိဖို့ ပြောင်းရွှေ့လာခဲ့ကြပေမယ့် ဟိုက်ဘာရီတုန်းက စိတ်ဝိညာဉ်တွေက ပါမလာဘဲ ကွင်းဟောင်းမှာ ချန်ထားရစ်ခဲ့ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပြင်သစ်နည်းပြဟောင်းကြီးဟာ အာဆင်နယ်အသင်းနဲ့အတူ ဆုဖလားတွေ များစွာ ရယူနိုင်ခဲ့ပေမယ့် ဟိုက်ဘာရီမှာ ရရှိခဲ့တဲ့ အောင်မြင်မှုမျိုးကို ကွင်းဟောင်းနဲ့ တစ်မိုင်တောင် မဝေးတဲ့ အမ်းမရိတ်မှာ ထပ်မံလုပ်ဆောင်ပြနိုင်ခြင်း မရှိတော့သလို အက်ဖ်အေဖလား ၃ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၃ ကြိမ်ဆိုတဲ့ ပမာဏကတော့ နှိုင်းယှဉ်လို့ မဖြစ်နိုင်တဲ့ ပမာဏလည်းဖြစ်နေတာပါ။

ဟိုက်ဘာရီကို ၁၉၉၆ ခုနှစ်မှာ ရောက်ရှိလာခဲ့တဲ့ လူမသိသူမသိ နည်းပြတစ်ယောက်ဟာ အသင်းအတွက် ဂုဏ်သိက္ခာနဲ့ အစဉ်အလာကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ပရိသတ် သုံးသောင်းရှစ်ထောင်ကျော်သာ ဆန့်တဲ့ကွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၄ ကြိမ် ရယူနိုင်ခဲ့သလို အားလုံးလေးစားရတဲ့ Invincible ရာသီကိုလည်း ၂၀၀၃-၀၄ ရာသီမှာ တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်နည်းပြဘဝမှာ ဟိုက်ဘာရီကို လာရတာလောက်ကောင်းတဲ့ ခံစားမှုမျိုး တစ်ခုမှ မရှိဘူး။ ဒါက အမြဲတမ်းကို အထူးခံစားမှုနဲ့ ကြည်နူးရတဲ့ အချိန်တွေ ဖြစ်နေတာ။ ဟိုက်ဘာရီက ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတာဗျ။ ပရိသတ်တွေရဲ့ အသင်းအပေါ် ချစ်စိတ်ကလည်း ထူးခြားလွန်းပြီး ကျွန်တော့်အနေနဲ့ သိပ်ကောင်းတဲ့ပွဲတွေ၊ ရင်ထဲမှာ ဘယ်တော့မှ မမေ့မယ့် အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ ပရိသတ်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံနိုင်ပြီး ထောင့်ကန်ဘောကန်မယ့်အချိန်မှာ အလွယ်တကူ လက်ဆွဲနုတ်ဆက်နိုင်တာမျိုးပေါ့”လို့ ဝင်းဂါးက ဆိုပါတယ်။

“ကျွန်တော်တို့ လူ ၄၀ လောက်နဲ့ တည်ဆောက်ထားတဲ့ လုပ်ငန်းမိသားစုက အမ်းမရိတ်ကို ပြောင်းချိန်မှာ လူ ၄၀၀ လောက်နဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့တယ်။ ပြောင်းလဲလာတဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ ကွင်းသစ်ကြီးကို တည်ဆောက်ပြီး ပြောင်းရွှေ့လာခဲ့ကြပေမယ့် ဟိုက်ဘာရီက ခံစားမှုမျိုးကိုတော့ အဲ့ဒီမှာပဲ ကျန်ရစ်ခဲ့တဲ့ စိတ်ဝိညာဉ်တွေကြောင့် ကျွန်တော်တို့ ထပ်ပြီး မလုပ်ဆောင်နိုင်တော့ပါဘူး။ ဒီကွင်းမှာ ကစားသမားတွေကို ကုသဖို့ ဆေးရုံကားတွေ ကွင်းထဲ ဝင်ဖို့ လွယ်တာကလွဲရင် ဟိုက်ဘာရီနဲ့ တူညီတဲ့ ဝန်းကျင်ကို ကျွန်တော်တို့ မတည်ဆောက်နိုင်တော့ပါဘူး”လို့ အာဆင် ဝင်းဂါးက နှမြောတသစွာနဲ့ အတိတ်ကို တမ်းတရင်း ဝန်ခံချက်ပေးသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.