Premier League Serie A Transfer News

ကူလီေဘလီကို ေခၚယူႏုိင္ဖို႔ ထိပ္ဆုံးက ေရပန္းစားလာတဲ့ လီဗာပူးလ္

ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖို႔ နီးစပ္ေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ အသင္းရဲ႕ ခံစစ္ပုိင္းကို အားျဖည့္သြားဖို႔ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေခၚယူမယ္လို႔ သတင္းထြက္ေနခဲ့ၿပီး ၿပဳိင္ဘက္အသင္းေတြထက္အသာနဲ႔ ထိပ္ဆုံးက ေရပန္းစားေနတယ္လို႔ သိရပါတယ္။

ဒီရာသီမွာ အသင္းကို ႀကီးႀကီးမားမား အားျဖည့္မွဳမ်ဳိး လုံးဝျပဳလုပ္ထားျခင္းမရွိတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ခံစစ္ပုိင္းမွာ ကမာၻ႕ေဈးအႀကီးဆုံး အတြဲအဖက္ကို တည္ေဆာက္သြားဖို႔လည္းရွိၿပီး ေပါင္ ၇၅ သန္းတန္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ အေကာင္းဆုံးေနာက္တန္းလည္း ျဖစ္လာဖို႔ ရွိေနတာျဖစ္ပါတယ္။

အသင္းမွာ တတိယအသင္းေခါင္းေဆာင္အျဖစ္လည္း တာဝန္ယူထားတဲ့ ဗန္ဒိုက္ရဲ႕ အတြဲအဖက္အျဖစ္ ဒီရာသီမွာ ဂ်ဳိယယ္ မာတစ္ပ္၊ ဂ်ဳိးဂိုမက္ဇ္နဲ႔ ဒီဂ်န္ လိုဗရန္တုိ႔ကို အသုံးျပဳေနခဲ့ၿပီး ဒီသုံးဦးစလုံးရဲ႕ အားနည္းခ်က္တခ်ဳိ႕ေၾကာင့္ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ကူလီေဘလီကို ခ်ိန္ရြယ္လာခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိေဈးကြက္ေပါက္ေဈးအရေတာ့ အသက္ ၂၈ ႏွစ္အရြယ္ ဆီနီေဂါေနာက္ခံလူအတြက္ ေပါင္သန္း ၇၀ ေလာက္ က်သင့္ႏုိင္ၿပီး သူ႕ကုိ ေခၚယူလိုေနတဲ့ ျပင္သစ္လီဂူးဝမ္းအင္အားႀကီး ပီအက္စ္ဂ်ီအသင္းနဲ႔ ယွဥ္ၿပဳိင္ေခၚယူသြားရႏိုင္ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ဆြဲေဆာင္ႏုိင္မွဳကေတာ့ လီဗာပူးလ္တုိ႔ဘက္က အသာရဖြယ္ရွိေနပါတယ္။

ဒီရာသီခံစစ္ပုိင္းမွာ သူ႕ထက္ အသက္ႀကီးတဲ့ ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ လိုဗရန္နဲ႔ မာတစ္ပ္တုိ႔ကို ေက်ာ္ျဖတ္ၿပီး ေနရာရယူႏုိင္ခဲ့တဲ့ ဂ်ဳိးဂိုမက္ဇ္အတြက္ေတာ့ ပုိမိုသင္ယူၿပီး ရင့္က်က္လာႏုိင္တဲ့ အခြင့္အေရးလုိ႔ သုံးသပ္ရၿပီး လာမယ့္ရာသီမွာ အသက္ ၂၈ ႏွစ္နဲ႔ ၂၉ ႏွစ္ အသီးသီးရွိေနေပမယ့္ စီနီယာႏွစ္ဦးေနာက္မွာ ဒီထက္ ေျခစြမ္းျမင့္တက္လာႏုိင္တဲ့ အေနအထားကိုလည္း ပုိင္ဆုိင္ႏိုင္လိမ့္မယ္လုိ႔ သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ နီးစပ်နေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ အသင်းရဲ့ ခံစစ်ပိုင်းကို အားဖြည့်သွားဖို့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို ခေါ်ယူမယ်လို့ သတင်းထွက်နေခဲ့ပြီး ပြိုင်ဘက်အသင်းတွေထက်အသာနဲ့ ထိပ်ဆုံးက ရေပန်းစားနေတယ်လို့ သိရပါတယ်။

ဒီရာသီမှာ အသင်းကို ကြီးကြီးမားမား အားဖြည့်မှုမျိုး လုံးဝပြုလုပ်ထားခြင်းမရှိတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်ပိုင်းမှာ ကမ္ဘာ့ဈေးအကြီးဆုံး အတွဲအဖက်ကို တည်ဆောက်သွားဖို့လည်းရှိပြီး ပေါင် ၇၅ သန်းတန်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်နဲ့ အကောင်းဆုံးနောက်တန်းလည်း ဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။

အသင်းမှာ တတိယအသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူထားတဲ့ ဗန်ဒိုက်ရဲ့ အတွဲအဖက်အဖြစ် ဒီရာသီမှာ ဂျိုယယ် မာတစ်ပ်၊ ဂျိုးဂိုမက်ဇ်နဲ့ ဒီဂျန် လိုဗရန်တို့ကို အသုံးပြုနေခဲ့ပြီး ဒီသုံးဦးစလုံးရဲ့ အားနည်းချက်တချို့ကြောင့် နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ကူလီဘေလီကို ချိန်ရွယ်လာခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိဈေးကွက်ပေါက်ဈေးအရတော့ အသက် ၂၈ နှစ်အရွယ် ဆီနီဂေါနောက်ခံလူအတွက် ပေါင်သန်း ၇၀ လောက် ကျသင့်နိုင်ပြီး သူ့ကို ခေါ်ယူလိုနေတဲ့ ပြင်သစ်လီဂူးဝမ်းအင်အားကြီး ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ခေါ်ယူသွားရနိုင်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဆွဲဆောင်နိုင်မှုကတော့ လီဗာပူးလ်တို့ဘက်က အသာရဖွယ်ရှိနေပါတယ်။

ဒီရာသီခံစစ်ပိုင်းမှာ သူ့ထက် အသက်ကြီးတဲ့ နောက်ခံလူနှစ်ဦးဖြစ်တဲ့ လိုဗရန်နဲ့ မာတစ်ပ်တို့ကို ကျော်ဖြတ်ပြီး နေရာရယူနိုင်ခဲ့တဲ့ ဂျိုးဂိုမက်ဇ်အတွက်တော့ ပိုမိုသင်ယူပြီး ရင့်ကျက်လာနိုင်တဲ့ အခွင့်အရေးလို့ သုံးသပ်ရပြီး လာမယ့်ရာသီမှာ အသက် ၂၈ နှစ်နဲ့ ၂၉ နှစ် အသီးသီးရှိနေပေမယ့် စီနီယာနှစ်ဦးနောက်မှာ ဒီထက် ခြေစွမ်းမြင့်တက်လာနိုင်တဲ့ အနေအထားကိုလည်း ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.