Other Leagues Premier League

တ႐ုတ္ျပည္ကို မျပန္ဘဲ မန္ခ်က္စတာယူႏုိက္တက္မွာ ဆက္ေနခ်င္ေနတဲ့ အီဂါလို

မန္ခ်က္စတာယူႏိုက္တက္အသင္းက အငွားနဲ႔ ေခၚယူထားတဲ့ တုိက္စစ္မွဴး အုိဒီယြန္ အီဂါလိုအေနနဲ႔ မိခင္ကလပ္အသင္း ရွန္ဟိုင္း ရွင္ဟြာကို မျပန္ဘဲ အဂၤလန္ေျမ အုိးလ္ထရက္ဖို႔ဒ္မွာ ဆက္ေနၿပီး လက္က်န္ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို အသင္းနဲ႔အတူ ဆက္ကစားႏိုင္ဖို႔ ဆႏၵျပင္းျပေနတယ္လို႔ သိရပါတယ္။

ရွန္ဟိုင္း ရွင္ဟြာဘက္ကေတာ့ အီဂါလိုကို အငွားခ်ခဲ့ရာမွာ ဥေရာပရဲ႕ ေဘာလုံးရာသီတစ္ႏွစ္တာ စာခ်ဳပ္ကုန္ဆုံးခ်ိန္ျဖစ္တဲ့ ဇြန္လကုန္အထိ သေဘာတူခဲ့တာ မဟုတ္ဘဲ တစ္လေလ်ာ့နည္းတဲ့ ေမလ ၃၁ ရက္ေန႔အထိသာ သေဘာတူညီထားသလို တ႐ုတ္ဆူပါလိဂ္ရဲ႕ စတင္ခ်ိန္မွာ ျပန္လည္ ပါဝင္ႏုိင္ဖို႔ အလိုရွိေနတယ္လို႔လည္း ဆုိပါတယ္။

ပုံမွန္အားျဖင့္ မတ္လဆန္းမွာ စတင္ေလ့ရွိတဲ့ တ႐ုတ္ဆူပါလိဂ္ဟာ ဒီႏွစ္မွာေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ရာသီသစ္အတြက္ ၾကန္႔ၾကာေနခဲ့တာျဖစ္ၿပီး ဒီအခြင့္အေရးမွာ အသက္ ၃၀ အရြယ္ ႏုိင္ဂ်ီးရီးယားတုိက္စစ္မွဴးကို ရာသီအစကတည္းက အသုံးျပဳႏုိင္ဖို႔ တ႐ုတ္ကလပ္ဘက္က အလိုရွိေနၿပီး မန္ခ်က္စတာယူႏုိက္တက္ကေတာ့ ပရီးမီးယားလိဂ္ၿပီးဆုံးခ်ိန္အထိ အလိုရွိေနတာပါ။

ဒါေၾကာင့္ ကလပ္အသင္းႏွစ္သင္းၾကား သေဘာတူညီမွဳအတြက္ ထပ္မံေဆြးေႏြးသြားရဖို႔ ရွိေနၿပီး ၿပီးခဲ့တဲ့ အငွားစာခ်ဳပ္ကို မခ်ဳပ္ဆုိခင္ကထက္ ယူႏိုက္တက္ဘက္က လိုခ်င္စိတ္ ျပင္းျပလာတဲ့အတြက္ ရွန္ဟိုင္း ရွင္ဟြာဘက္က ေဈးတုိးေတာင္းႏုိင္သလို ကစာသမားလစာေငြကိုလည္း ပုိမိုက်ခံေပးသြားရဖို႔ ရွိေနပါတယ္။

အသင္းအတြက္ ကစားခြင့္ရထားခဲ့တဲ့ ၈ ပြဲမွာ ၄ ဂိုး သြင္းယူထားခဲ့တဲ့ အီဂါလိုကေတာ့ သူ႕ရဲ႕ စာခ်ဳပ္ကို သက္တမ္းဆက္တုိးၿပီး သူ႕ရဲ႕ အိပ္မက္အသင္းမွာ ပရီးမီးယားလိဂ္ရာသီကို ၿပီးဆုံးခ်ိန္အထိ ကစားခြင့္ရဖို႔ အလိုရွိေနေၾကာင္းနဲ႔ အသင္းရဲ႕ ရာသီကုန္ ရပ္တည္မွဳအတြက္ တုိက္ပြဲဝင္သြားဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းက အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုအနေနဲ့ မိခင်ကလပ်အသင်း ရှန်ဟိုင်း ရှင်ဟွာကို မပြန်ဘဲ အင်္ဂလန်မြေ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်နေပြီး လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အသင်းနဲ့အတူ ဆက်ကစားနိုင်ဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။

ရှန်ဟိုင်း ရှင်ဟွာဘက်ကတော့ အီဂါလိုကို အငှားချခဲ့ရာမှာ ဥရောပရဲ့ ဘောလုံးရာသီတစ်နှစ်တာ စာချုပ်ကုန်ဆုံးချိန်ဖြစ်တဲ့ ဇွန်လကုန်အထိ သဘောတူခဲ့တာ မဟုတ်ဘဲ တစ်လလျော့နည်းတဲ့ မေလ ၃၁ ရက်နေ့အထိသာ သဘောတူညီထားသလို တရုတ်ဆူပါလိဂ်ရဲ့ စတင်ချိန်မှာ ပြန်လည် ပါဝင်နိုင်ဖို့ အလိုရှိနေတယ်လို့လည်း ဆိုပါတယ်။

ပုံမှန်အားဖြင့် မတ်လဆန်းမှာ စတင်လေ့ရှိတဲ့ တရုတ်ဆူပါလိဂ်ဟာ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် ရာသီသစ်အတွက် ကြန့်ကြာနေခဲ့တာဖြစ်ပြီး ဒီအခွင့်အရေးမှာ အသက် ၃၀ အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးကို ရာသီအစကတည်းက အသုံးပြုနိုင်ဖို့ တရုတ်ကလပ်ဘက်က အလိုရှိနေပြီး မန်ချက်စတာယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ပြီးဆုံးချိန်အထိ အလိုရှိနေတာပါ။

ဒါကြောင့် ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုအတွက် ထပ်မံဆွေးနွေးသွားရဖို့ ရှိနေပြီး ပြီးခဲ့တဲ့ အငှားစာချုပ်ကို မချုပ်ဆိုခင်ကထက် ယူနိုက်တက်ဘက်က လိုချင်စိတ် ပြင်းပြလာတဲ့အတွက် ရှန်ဟိုင်း ရှင်ဟွာဘက်က ဈေးတိုးတောင်းနိုင်သလို ကစာသမားလစာငွေကိုလည်း ပိုမိုကျခံပေးသွားရဖို့ ရှိနေပါတယ်။

အသင်းအတွက် ကစားခွင့်ရထားခဲ့တဲ့ ၈ ပွဲမှာ ၄ ဂိုး သွင်းယူထားခဲ့တဲ့ အီဂါလိုကတော့ သူ့ရဲ့ စာချုပ်ကို သက်တမ်းဆက်တိုးပြီး သူ့ရဲ့ အိပ်မက်အသင်းမှာ ပရီးမီးယားလိဂ်ရာသီကို ပြီးဆုံးချိန်အထိ ကစားခွင့်ရဖို့ အလိုရှိနေကြောင်းနဲ့ အသင်းရဲ့ ရာသီကုန် ရပ်တည်မှုအတွက် တိုက်ပွဲဝင်သွားဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.