La Liga Ligue1

မက်ဆီကို ဘောလုံးမပေးဘဲ ငါဇောကြီးနေလို့ နှစ်ဆတိုးအမုန်းခံနေရတဲ့ အမ်ဘာပေ

ပြီးခဲ့တဲ့ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဥ်ရဲ့ PSG အသင်းနဲ့ ရိမ်းစ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေက အသင်းအတွက် အနိုင် ၂ ဂိုးစလုံးကို တကိုယ်တော်သွင်းယူပြီး ၂-၀ ရလဒ်ကို ယူဆောင်ပေးနိုင်ခဲ့ပေမယ့် PSG ပွဲဦးထွက်အဖြစ် လူစားဝင်လာတဲ့ GOAT လီယွန်နယ် မက်ဆီကို လူမပေးခဲ့လို့ အလှောင်ပြောင်ခံဘဝကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီပွဲမှာ နည်းပြ ပိုချက်တီနိုက အာဂျင်တီးနားသားကြီးကို ပွဲချိန် ၆၆ မိနစ်မှာ တိုက်စစ်မှူး နေမာနေရာမှာ ဝင်ကစားစေခဲ့လို့ မက်ဆီအတွက်တော့ PSG အတွက် သမိုင်းဝင်ပွဲဦးထွက်ကို စတင်ကစားနိုင်ခဲ့တာဖြစ်ပြီး ပါရီပရိသတ်တွေကလည်း ကွင်းလုံးပြည့်အနှံ့ တခမ်းတနား လက်ခုပ်သြဘာတီးပြီး အထူးတလည် ကြိုဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် အသက် ၂၂ အရွယ် ပြင်သစ်သား​က အသင်းဖော် မက်ဆီအတွက် ပွဲဦးထွက်ဂိုးရမယ့် အခွင့်အရေးကောင်းမှာ လူမပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းမှုပြုလုပ်ခဲ့လို့ ပြိုင်ဘက်နောက်ခံလူက တားဆီးသွားခဲ့ပြီး ဂိုးတဂိုး နစ်နာသွားခဲ့တာကြောင့် PSG ပရိသတ်တွေရဲ့ အမျက်တော်ရှခြင်းကို ခံယူနေရပြီလည်းဖြစ်ပါတယ်။

အမ်ဘာပေရဲ့ လုပ်ရပ်ဟာ မက်ဆီကို ခြေရာတိုင်းခြင်းဖြစ်တယ်လို့ ယူဆခံထားရပြီး သူ့ရဲ့ငါဇောကြီးမှုဟာ တချိန်က ဘာစီလိုနာအသင်းဖော်ဟောင်း ဂျော်ဒီ အယ်လ်ဘာရဲ့ ဖြတ်တင်မှုကနေတဆင့် အရှိန်နဲ့ပြေးတက်လာတဲ့ မက်ဆီရဲ့ တချက်ထိဂိုးပိတ်သွင်းနိုင်ခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းတခုနဲ့ နှိုင်းယှဥ်ချိန်ထိုးခံရတဲ့ နောက်မှာတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းချင်လွန်းပါတယ်လို့ တဖွဖွပြောနေခဲ့တဲ့ ပြင်သစ်သားအပေါ်မှာ PSG ပရိသတ်အမုန်းက နှစ်ဆတိုးလို့ ကျရောက်လာခဲ့ပါတယ်။

PSG ပရိသတ်တဦးကတော့ “အမ်ဘာပေ သိပ်တကိုယ်ကောင်းဆန်လွန်းတယ်။ မက်ဆီကို ပေးလိုက်ရင် ဂိုးရမယ့် ဘောလုံးကို လူမပေးဘဲ ကန်သွားခဲ့တယ်”လို့ ဆိုသွားခဲ့သလို တွစ်တာက ပရိသတ်တဦးကတော့ “အမ်ဘာပေက ဦးနှောက်ချောင်နေတယ်။ သူသင်ယူနိုင်ဖို့ အတော်ကြီးကြာဦးမယ်”လို့ လှောင်ပြောင်ရေးသားသွားပါသေးတယ်။

ဒါ့အပြင် အခြားတွစ်တာအကောင့်တွေကလည်း “မက်ဆီတယောက်တော့ ဂျော်ဒီ အယ်လ်ဘာရဲ့ ဖြတ်တင်ဘောတွေကို လွမ်းနေလောက်ပြီ”လို့ ရိသွားခဲ့ပြီး နောက်ထပ်ပရိသတ်တဦးကလည်း အမ်ဘာပေဟာ သူ့အတွက်သူသာ ငါဇောကြီးပြီး တကိုယ်ကောင်းဆန်ဆန် ကစားနေသလို PSG အသင်းအတွက် ပေးဆပ်ကစားနေခြင်းမရှိဘူးလို့ ဝေဖန်သွားခဲ့ပါသေးတယ်။

PSG နည်းပြ ပိုချက်တီနိုကတော့ “ခီလီယန်က ကျွန်တော်တို့အသင်းရဲ့ ကစားသမားပါ။ ဘောလုံးလောကနဲ့ စီးပွားလုပ်ငန်းမှာတော့ အတင်းအဖျင်းတွေနဲ့ ကောလဟလတွေက အမြဲရှိနေဆဲပါ။ ကျွန်တော်တို့အသင်းဥက္ကဌ နက်ဆာ အယ်လ်ခယ်လိုင်ဖီနဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုတို့ကတော့ ရှင်းရှင်းပြတ်ပြတ်ပြောထားပြီးသားပါ”

“သူ PSG မှာပဲ ဆက်နေပါလိမ့်မယ်။ ခီလီယန်လို ကစားသမားမျိုးကို အသင်းမှာ ပိုင်ဆိုင်ထားရတာမို့ ပျော်ရွှင်နေပါတယ်။ သူက ကမ္ဘာ့အဆင့် အကောင်းတကာ့ အကောင်းဆုံးတွေထဲက ​ကစားသမားတဦးဖြစ်သလို အသင်းအတွက် အရေးပါတဲ့သူပါ။ သူ့ကိုပိုင်ဆိုင်ထားရတာ ဆုလာဘ်ကြီးတခုလိုပါပဲ”လို့ ရင်းမ်းစ်နဲ့ပွဲအပြီးမှာ အင်တာဗျူးဖြေကြားပြီး ပြင်သစ်သားဘက်က ရပ်တည်သွားခဲ့တာကိုလည်း တွေ့ရပါတယ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ကစားခဲ့တဲ့ ျပင္သစ္လီဂူးဝမ္းပြဲစဥ္ရဲ႕ PSG အသင္းနဲ႔ ရိမ္းစ္အသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံမႈမွာ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပက အသင္းအတြက္ အႏိုင္ ၂ ဂိုးစလုံးကို တကိုယ္ေတာ္သြင္းယူၿပီး ၂-၀ ရလဒ္ကို ယူေဆာင္ေပးႏိုင္ခဲ့ေပမယ့္ PSG ပြဲဦးထြက္အျဖစ္ လူစားဝင္လာတဲ့ GOAT လီယြန္နယ္ မက္ဆီကို လူမေပးခဲ့လို႔ အေလွာင္ေျပာင္ခံဘဝကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။

ဒီပြဲမွာ နည္းျပ ပိုခ်က္တီႏိုက အာဂ်င္တီးနားသားႀကီးကို ပြဲခ်ိန္ ၆၆ မိနစ္မွာ တိုက္စစ္မႉး ေနမာေနရာမွာ ဝင္ကစားေစခဲ့လို႔ မက္ဆီအတြက္ေတာ့ PSG အတြက္ သမိုင္းဝင္ပြဲဦးထြက္ကို စတင္ကစားႏိုင္ခဲ့တာျဖစ္ၿပီး ပါရီပရိသတ္ေတြကလည္း ကြင္းလုံးျပည့္အႏွံ႔ တခမ္းတနား လက္ခုပ္ၾသဘာတီးၿပီး အထူးတလည္ ႀကိဳဆိုသြားခဲ့ပါတယ္။

ဒါေပမယ့္ အသက္ ၂၂ အ႐ြယ္ ျပင္သစ္သား​က အသင္းေဖာ္ မက္ဆီအတြက္ ပြဲဦးထြက္ဂိုးရမယ့္ အခြင့္အေရးေကာင္းမွာ လူမေပးဘဲ တကိုယ္ေကာင္းဆန္ဆန္ ကန္သြင္းမႈျပဳလုပ္ခဲ့လို႔ ၿပိဳင္ဘက္ေနာက္ခံလူက တားဆီးသြားခဲ့ၿပီး ဂိုးတဂိုး နစ္နာသြားခဲ့တာေၾကာင့္ PSG ပရိသတ္ေတြရဲ႕ အမ်က္ေတာ္ရွျခင္းကို ခံယူေနရၿပီလည္းျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ လုပ္ရပ္ဟာ မက္ဆီကို ေျခရာတိုင္းျခင္းျဖစ္တယ္လို႔ ယူဆခံထားရၿပီး သူ႔ရဲ႕ငါေဇာႀကီးမႈဟာ တခ်ိန္က ဘာစီလိုနာအသင္းေဖာ္ေဟာင္း ေဂ်ာ္ဒီ အယ္လ္ဘာရဲ႕ ျဖတ္တင္မႈကေနတဆင့္ အရွိန္နဲ႔ေျပးတက္လာတဲ့ မက္ဆီရဲ႕ တခ်က္ထိဂိုးပိတ္သြင္းႏိုင္ခဲ့တဲ့ ဗြီဒီယိုမွတ္တမ္းတခုနဲ႔ ႏႈိင္းယွဥ္ခ်ိန္ထိုးခံရတဲ့ ေနာက္မွာေတာ့ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းခ်င္လြန္းပါတယ္လို႔ တဖြဖြေျပာေနခဲ့တဲ့ ျပင္သစ္သားအေပၚမွာ PSG ပရိသတ္အမုန္းက ႏွစ္ဆတိုးလို႔ က်ေရာက္လာခဲ့ပါတယ္။

PSG ပရိသတ္တဦးကေတာ့ “အမ္ဘာေပ သိပ္တကိုယ္ေကာင္းဆန္လြန္းတယ္။ မက္ဆီကို ေပးလိုက္ရင္ ဂိုးရမယ့္ ေဘာလုံးကို လူမေပးဘဲ ကန္သြားခဲ့တယ္”လို႔ ဆိုသြားခဲ့သလို တြစ္တာက ပရိသတ္တဦးကေတာ့ “အမ္ဘာေပက ဦးေႏွာက္ေခ်ာင္ေနတယ္။ သူသင္ယူႏိုင္ဖို႔ အေတာ္ႀကီးၾကာဦးမယ္”လို႔ ေလွာင္ေျပာင္ေရးသားသြားပါေသးတယ္။

ဒါ့အျပင္ အျခားတြစ္တာအေကာင့္ေတြကလည္း “မက္ဆီတေယာက္ေတာ့ ေဂ်ာ္ဒီ အယ္လ္ဘာရဲ႕ ျဖတ္တင္ေဘာေတြကို လြမ္းေနေလာက္ၿပီ”လို႔ ရိသြားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တဦးကလည္း အမ္ဘာေပဟာ သူ႔အတြက္သူသာ ငါေဇာႀကီးၿပီး တကိုယ္ေကာင္းဆန္ဆန္ ကစားေနသလို PSG အသင္းအတြက္ ေပးဆပ္ကစားေနျခင္းမရွိဘူးလို႔ ေဝဖန္သြားခဲ့ပါေသးတယ္။

PSG နည္းျပ ပိုခ်က္တီႏိုကေတာ့ “ခီလီယန္က ကြၽန္ေတာ္တို႔အသင္းရဲ႕ ကစားသမားပါ။ ေဘာလုံးေလာကနဲ႔ စီးပြားလုပ္ငန္းမွာေတာ့ အတင္းအဖ်င္းေတြနဲ႔ ေကာလဟလေတြက အၿမဲရွိေနဆဲပါ။ ကြၽန္ေတာ္တို႔အသင္းဥကၠဌ နက္ဆာ အယ္လ္ခယ္လိုင္ဖီနဲ႔ အားကစားဒါ႐ိုက္တာ လီယိုနာဒိုတို႔ကေတာ့ ရွင္းရွင္းျပတ္ျပတ္ေျပာထားၿပီးသားပါ”

“သူ PSG မွာပဲ ဆက္ေနပါလိမ့္မယ္။ ခီလီယန္လို ကစားသမားမ်ိဳးကို အသင္းမွာ ပိုင္ဆိုင္ထားရတာမို႔ ေပ်ာ္႐ႊင္ေနပါတယ္။ သူက ကမာၻ႔အဆင့္ အေကာင္းတကာ့ အေကာင္းဆုံးေတြထဲက ​ကစားသမားတဦးျဖစ္သလို အသင္းအတြက္ အေရးပါတဲ့သူပါ။ သူ႔ကိုပိုင္ဆိုင္ထားရတာ ဆုလာဘ္ႀကီးတခုလိုပါပဲ”လို႔ ရင္းမ္းစ္နဲ႔ပြဲအၿပီးမွာ အင္တာဗ်ဴးေျဖၾကားၿပီး ျပင္သစ္သားဘက္က ရပ္တည္သြားခဲ့တာကိုလည္း ေတြ႕ရပါတယ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.