Ligue1

ပီအက်စ်ဂျီနဲ့ ပွဲဦးထွက်မှာ အမ်ဘာပေရဲ့ လောင်းရိပ်မိပြီး လှောင်ပြောင်စရာဖြစ်ခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းကို ရောက်လာအပြီးမှာ ပထမဆုံးပွဲထွက်ခွင့်ကို စတာဒေ ရင်းမ်စ်အသင်းနဲ့ ပွဲမှာ ရရှိခဲ့တဲ့ လီယွန်နယ် မက်ဆီအနေနဲ့ ခြေစွမ်း မပြနိုင်ဘဲ ရုန်းကန်ခဲ့ရမှုကြောင့် သူ့ကို စောင့်ကြည့်နေသူတွေအတွက်တော့ အံ့အားသင့်ခဲ့ရသလို မလိုသူတွေအတွက်လည်း လှောင်ပြောင်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဝေးကွင်းမှာ ကစားခဲ့ရတဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်ဆီရောက်လာလို့ သူ့ကို မလိုတော့ဘူးလို့ တချို့ တစ်ယူသန် ပရိသတ်တွေက ပြောနေကြတဲ့ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေအနေနဲ့ ပွဲချိန် ၁၆ မိနစ်နဲ့ ၆၃ မိနစ်တွေမှာ နှစ်ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကို ဦးဆောင်ထားခဲ့ချိန်မှာ ပွဲချိန် ၆၆ မိနစ်မှာမှ အာဂျင်တီးနားသားကြီးအနေနဲ့ အသင်းဖော် နေမာအစား လူစားဝင်စားခွင့် ရခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီအနေနဲ့ ဘောလုံးပေးပို့ပုံတွေ မကြာခဏ လွဲချော်နေခဲ့သလို နေရာယူပုံတွေကလည်း အသင်းဖော်တွေနဲ့ နားလည်မှု မရှိတဲ့အတွက် သူဝင်လာချိန်ကတည်းက ပီအက်စ်ဂျီတို့ ရုန်းကန်ခဲ့ရပြီး နာမည်ပျက်ခဲ့ရသလို နည်းပြ မော်ရီစီယို ပိုချက်တီနိုအနေနဲ့ လူစားငါးယောက် လဲခွင့်ရှိချိန်မှာ တိုက်စစ်ပိုင်းက နေမာ၊ ဗိုင်နယ်လ်ဒွမ်၊ ဗာရက်တီနဲ့ ဒီမာရီယာတို့အစား အရန်တွေဖြစ်တဲ့ ဟာရဲရား၊ ပါရေးဒက်စ်နဲ့ ဒရက်ဆလာတို့ကို ထည့်သွင်းခဲ့ရာမှာ စုဖွဲ့မှုက ပျက်ပြားသွားခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားသားကြီးရဲ့ ပွဲဦးထွက်ကတော့ ရုပ်ပျက်ခဲ့ရပြီး နောက်ထပ် GOAT တစ်ခေတ်ကို ဦးဆောင်မယ့် အမ်ဘာပေက နှစ်ဂိုးသွင်းပြီး အသင်းကို နိုင်ပွဲရှာဖွေပေးခဲ့ချိန်မှာ သူပါဝင်ကစားတဲ့ နာကျင်အချိန်ပို အပါအဝင် ပွဲချိန် ၃၁ မိနစ်ကတော့ ဘာမှ ဖြစ်မလာခဲ့ဘဲ ရင်းမ်စ်လို အသင်းငယ်လေးဘက်ကို ဖန်တီးမှုတစ်ကြိမ်တောင် မရခဲ့တာလည်းဖြစ်ပါတယ်။

လက်ညှိုးထိုးစရာအဖြစ်တော့ သူနဲ့ နားလည်မှုရှိတဲ့ နေမာနဲ့ တွဲကစားပြီး ပွဲဦးထွက်သင့်ချိန်မှာ အထူအပါး နားမလည်ခဲ့တဲ့ ပိုချက်တီနိုကိုပဲ အပြစ်တင်ရမှာဖြစ်ပြီး အာဂျင်တီးနားမှာ အတွဲညီနေကျ ဒီမာရီယာကိုပါ ထုတ်လိုက်ချိန်မှာ ကွင်းထဲမှာ တစိမ်းတွေနဲ့ အထီးကျန်သွားခဲ့တဲ့ မက်ဆီဟာ ကူကယ်ရာမဲ့ ဖြစ်ခဲ့ရသလို ပထမဆုံး စကစားဖူးတဲ့ ပြင်သစ်လီဂူးဝမ်းမှာ နာမည်ပျက်စရာ ပွဲဦးထွက်နဲ့ပဲ ကြုံကြိုက်ခဲ့ရကြောင်း သတင်းဌာနတချို့နဲ့ လူမှုမီဒီယာတွေမှာ ရေးသားနေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းကို ေရာက္လာအၿပီးမွာ ပထမဆုံးပြဲထြက္ခြင့္ကို စတာေဒ ရင္းမ္စ္အသင္းနဲ႔ ပြဲမွာ ရရွိခဲ့တဲ့ လီယြန္နယ္ မက္ဆီအေနနဲ႔ ေျခစြမ္း မျပႏိုင္ဘဲ ႐ုန္းကန္ခဲ့ရမႈေၾကာင့္ သူ႔ကို ေစာင့္ၾကည့္ေနသူေတြအတြက္ေတာ့ အံ့အားသင့္ခဲ့ရသလို မလိုသူေတြအတြက္လည္း ေလွာင္ေျပာင္စရာတစ္ခု ျဖစ္လာခဲ့ပါတယ္။

အေဝးကြင္းမွာ ကစားခဲ့ရတဲ့ ျပင္သစ္လီဂူးဝမ္းပြဲစဥ္မွာ မက္ဆီေရာက္လာလို႔ သူ႔ကို မလိုေတာ့ဘူးလို႔ တခ်ိဳ႕ တစ္ယူသန္ ပရိသတ္ေတြက ေျပာေနၾကတဲ့ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပအေနနဲ႔ ပြဲခ်ိန္ ၁၆ မိနစ္နဲ႔ ၆၃ မိနစ္ေတြမွာ ႏွစ္ဂိုးသြင္းယူေပးခဲ့ၿပီး အသင္းကို ဦးေဆာင္ထားခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၆၆ မိနစ္မွာမွ အာဂ်င္တီးနားသားႀကီးအေနနဲ႔ အသင္းေဖာ္ ေနမာအစား လူစားဝင္စားခြင့္ ရခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ မက္ဆီအေနနဲ႔ ေဘာလုံးေပးပို႔ပုံေတြ မၾကာခဏ လြဲေခ်ာ္ေနခဲ့သလို ေနရာယူပုံေတြကလည္း အသင္းေဖာ္ေတြနဲ႔ နားလည္မႈ မရွိတဲ့အတြက္ သူဝင္လာခ်ိန္ကတည္းက ပီအက္စ္ဂ်ီတို႔ ႐ုန္းကန္ခဲ့ရၿပီး နာမည္ပ်က္ခဲ့ရသလို နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုအေနနဲ႔ လူစားငါးေယာက္ လဲခြင့္ရွိခ်ိန္မွာ တိုက္စစ္ပိုင္းက ေနမာ၊ ဗိုင္နယ္လ္ဒြမ္၊ ဗာရက္တီနဲ႔ ဒီမာရီယာတို႔အစား အရန္ေတြျဖစ္တဲ့ ဟာရဲရား၊ ပါေရးဒက္စ္နဲ႔ ဒရက္ဆလာတို႔ကို ထည့္သြင္းခဲ့ရာမွာ စုဖြဲ႕မႈက ပ်က္ျပားသြားခဲ့တာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ အသက္ ၃၄ ႏွစ္အ႐ြယ္ အာဂ်င္တီးနားသားႀကီးရဲ႕ ပြဲဦးထြက္ကေတာ့ ႐ုပ္ပ်က္ခဲ့ရၿပီး ေနာက္ထပ္ GOAT တစ္ေခတ္ကို ဦးေဆာင္မယ့္ အမ္ဘာေပက ႏွစ္ဂိုးသြင္းၿပီး အသင္းကို ႏိုင္ပြဲရွာေဖြေပးခဲ့ခ်ိန္မွာ သူပါဝင္ကစားတဲ့ နာက်င္အခ်ိန္ပို အပါအဝင္ ပြဲခ်ိန္ ၃၁ မိနစ္ကေတာ့ ဘာမွ ျဖစ္မလာခဲ့ဘဲ ရင္းမ္စ္လို အသင္းငယ္ေလးဘက္ကို ဖန္တီးမႈတစ္ႀကိမ္ေတာင္ မရခဲ့တာလည္းျဖစ္ပါတယ္။

လက္ညႇိဳးထိုးစရာအျဖစ္ေတာ့ သူနဲ႔ နားလည္မႈရွိတဲ့ ေနမာနဲ႔ တြဲကစားၿပီး ပြဲဦးထြက္သင့္ခ်ိန္မွာ အထူအပါး နားမလည္ခဲ့တဲ့ ပိုခ်က္တီႏိုကိုပဲ အျပစ္တင္ရမွာျဖစ္ၿပီး အာဂ်င္တီးနားမွာ အတြဲညီေနက် ဒီမာရီယာကိုပါ ထုတ္လိုက္ခ်ိန္မွာ ကြင္းထဲမွာ တစိမ္းေတြနဲ႔ အထီးက်န္သြားခဲ့တဲ့ မက္ဆီဟာ ကူကယ္ရာမဲ့ ျဖစ္ခဲ့ရသလို ပထမဆုံး စကစားဖူးတဲ့ ျပင္သစ္လီဂူးဝမ္းမွာ နာမည္ပ်က္စရာ ပြဲဦးထြက္နဲ႔ပဲ ႀကဳံႀကိဳက္ခဲ့ရေၾကာင္း သတင္းဌာနတခ်ိဳ႕နဲ႔ လူမႈမီဒီယာေတြမွာ ေရးသားေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.