Premier League Transfer News

လီဗာပူးလ်နဲ့ လမ်းခွဲမယ့် အားကစားဒါရိုက်တာကို ပရိသတ်တွေ နှမြောနေကြပြီလား

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က လီဗာပူးလ်အသင်းရဲ့ အားကစားဒါရိုက်တာနေရာကို ရောက်ရှိလာခဲ့တဲ့ မိုက်ကယ် အက်ဒ်ဝပ်အနေနဲ့ အသင်းအတွက် အဝယ်ပိုင်းရော အရောင်းပိုင်းမှာပါ အကောင်းဆုံးအလုပ်တွေ လုပ်ပြခဲ့ပေမယ့် ၅ နှစ်အကြာမှာတော့ လမ်းခွဲတော့မယ်လို့ သူကိုယ်တိုင် ထုတ်ပြောခဲ့တဲ့ သတင်းတစ်ပုဒ်က အသင်းပရိသတ်တွေ ထင်မှတ်မထားတဲ့ အချိန်မှာ ရောက်ရှိလာခဲ့ပါတယ်။

တခြားအသင်းတွေမှာဆိုရင် ဘယ်သူမှ မခေါ်လိုတဲ့ ကစားသမားမျိုးတွေကို လီဗာပူးလ်အတွက် ငွေကြေးအကျိုးအမြတ်ရှိစေဖို့ ရောင်းချပေးနိုင်ခဲ့တာက သူ့ရဲ့ အကောင်းဆုံးအရည်အသွေးလို့ အားလုံးက သတ်မှတ်ထားခဲ့ကြပြီး မထင်မှတ်တဲ့ အချိန်တွေမှာ ကစားသမားကောင်းတွေကို ဈေးသက်သက်သာသာနဲ့ ရှာဖွေနိုင်တဲ့ အရည်အချင်းကလည်း ပရီးမီးယားလိဂ်အသင်းကြီးတွေကြားမှာ တောက်ပခဲ့တာပါ။

ဖလိပီ ကော်တင်ညိုကို ထည့်မတွက်နဲ့ဉီး၊ ဂျော်ဒန် အိုက်ဘ်၊ ဒေါမနစ် ဆိုလန်ကီနဲ့ ရိုင်ယန် ဘရူးစတားတို့လို ကစားသမားမျိုးတွေကို ရောင်းချပေးခဲ့သလို ပေါင် ၁၅ သန်းအနည်းဆုံးရအောင် ရောင်းချပေးခဲ့တဲ့ စွမ်းရည်ဟာ အာဆင်နယ်ရဲ့ ကစားသမားတွေကို ရောင်းမထွက်ပုံ၊ အလွတ်တွေနဲ့ လွှတ်နေရတာနဲ့ နှိုင်းယှဉ်ရင် ထူးခြားထင်ရှားလွန်းနေပြီး အန်းဖီးလ်ဆီ ခေါ်ယူပေးခဲ့တဲ့ ကစားသမားကောင်းတွေကလည်း ဒုနဲ့ဒေးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက စပြီး အသင်းအတွက် အသုံးစရိတ် နည်းပါးမှုတွေကို လူမသိဘဲ သူ့ရဲ့ လုပ်ဆောင်မှုတွေကို ဝေဖန်ခဲ့ကြလို ဒီယိုဂို ဂျိုတာကို ခေါ်ယူပေးခဲ့ပေမယ့် ဗန်ဒိုက်ရဲ့ နေရာကို အစားထိုးပေးနိုင်ဖို့ ပျက်ကွက်ခဲ့ချိန်မှာ ပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီရာသီမှာလည်း အဲ့ဒီ ဗဟိုနောက်ခံလူတစ်နေရာအတွက် ကိုနာတေတစ်ယောက်ကလွဲလို့ လူသစ်တွေ မခေါ်ယူနိုင်သေးတာက စိတ်ပျက်စရာဖြစ်လာခဲ့တာပါ။

ဒီကြားထဲမှာတော့ အသင်းက ထွက်သွားတဲ့ ဂျော်ဂျီနီယို “ဂျီနီ” ဗိုင်နယ်လ်ဒွမ်နေရာမှာ လူစားပြန်မဖြည့်နိုင်ခဲ့တာနဲ့ ကျဆင်းလာတဲ့ တိုက်စစ်ပိုင်း အတွက် လူသစ် မရှာဖွေနိုင်ခဲ့တာတွေက လီဗာပူးလ်တာဝန်ရှိသူတွေအားလုံးအပေါ် ပရိသတ်တွေရဲ့ ပြစ်တင်မှုနဲ့ ရင်ဆိုင်ရစေပြီး လက်ရှိမှာတော့ Fenway Sports Group ကပဲ သူ့ကို ထိုးကျွေးဖို့ ထွက်ချင်ထွက်လို့ပဲ စီစဉ်လာခဲ့ပုံလည်းရပါတယ်။

ပရိသတ်တွေကတော့ အသင်းနဲ့ လမ်းခွဲတော့မယ်ဆိုတဲ့ မိုက်ကယ် အက်ဒ်ဝပ်ကို နှမြောတသနေပြီး ဒီဆုံးဖြတ်ချက်က ဘာအကြောင်းနဲ့မှ မဖြစ်သင့်ဘူးလို့ ဆိုနေကြသလို ဆာလား၊ မာနေး၊ ဖာမီနို၊ ဗန်ဒိုက်၊ အယ်လစ်ဆန်တို့နဲ့ တန်ဆာဆင်ပေးခဲ့တဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံ အသင်းအတွက် ရတဲ့ငွေထက် ပိုမသုံးချင်ဘဲ ဖြစ်နေတဲ့ FSG နဲ့ သူတို့ လက်တွဲဖျက်မှုက အသင်းကို ထိခိုက်နစ်နာစေမယ်လို့ ယူဆနေကြပါတယ်။

ဒါကြောင့် ၂၀၂၂ နွေရာသီမတိုင်ခင်အထိ နောက်ဆုံး တာဝန်ယူဖို့ရှိပြီး အပြောင်းအရွှေ့ပိတ်သိမ်းဖို့ တစ်ရက်ကျော်ကျော်သာ လိုတော့ချိန်မှာ ရှာကျီရီကို ရောင်းထားလို့ ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ အသင်းရဲ့ ပစ်မှတ်တွေဖြစ်တဲ့ ဘရိုက်တန်ကွင်းလယ်လူ ဘီဆူးမားနဲ့ ဆမ်ဒိုးရီးယားတောင်ပံသမား မီခယ်လ် ဒမ်းစ်ဂါ့ဒ်ကို နှစ်သိမ့်မှုတွေအဖြစ် ခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး အပြောင်းအရွှေ့ဂုရုရဲ့ အန်းဖီးလ်တစ်ခေတ်ကတော့ ဝမ်းနည်းဖွယ် အဆုံးသတ်ချိန် ရောက်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္က လီဗာပူးလ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာေနရာကို ေရာက္ရွိလာခဲ့တဲ့ မိုက္ကယ္ အက္ဒ္ဝပ္အေနနဲ႔ အသင္းအတြက္ အဝယ္ပိုင္းေရာ အေရာင္းပိုင္းမွာပါ အေကာင္းဆုံးအလုပ္ေတြ လုပ္ျပခဲ့ေပမယ့္ ၅ ႏွစ္အၾကာမွာေတာ့ လမ္းခြဲေတာ့မယ္လို႔ သူကိုယ္တိုင္ ထုတ္ေျပာခဲ့တဲ့ သတင္းတစ္ပုဒ္က အသင္းပရိသတ္ေတြ ထင္မွတ္မထားတဲ့ အခ်ိန္မွာ ေရာက္ရွိလာခဲ့ပါတယ္။

တျခားအသင္းေတြမွာဆိုရင္ ဘယ္သူမွ မေခၚလိုတဲ့ ကစားသမားမ်ိဳးေတြကို လီဗာပူးလ္အတြက္ ေငြေၾကးအက်ိဳးအျမတ္ရွိေစဖို႔ ေရာင္းခ်ေပးႏိုင္ခဲ့တာက သူ႔ရဲ႕ အေကာင္းဆုံးအရည္အေသြးလို႔ အားလုံးက သတ္မွတ္ထားခဲ့ၾကၿပီး မထင္မွတ္တဲ့ အခ်ိန္ေတြမွာ ကစားသမားေကာင္းေတြကို ေဈးသက္သက္သာသာနဲ႔ ရွာေဖြႏိုင္တဲ့ အရည္အခ်င္းကလည္း ပရီးမီးယားလိဂ္အသင္းႀကီးေတြၾကားမွာ ေတာက္ပခဲ့တာပါ။

ဖလိပီ ေကာ္တင္ညိဳကို ထည့္မတြက္နဲ႔ဉီး၊ ေဂ်ာ္ဒန္ အိုက္ဘ္၊ ေဒါမနစ္ ဆိုလန္ကီနဲ႔ ႐ိုင္ယန္ ဘ႐ူးစတားတို႔လို ကစားသမားမ်ိဳးေတြကို ေရာင္းခ်ေပးခဲ့သလို ေပါင္ ၁၅ သန္းအနည္းဆုံးရေအာင္ ေရာင္းခ်ေပးခဲ့တဲ့ စြမ္းရည္ဟာ အာဆင္နယ္ရဲ႕ ကစားသမားေတြကို ေရာင္းမထြက္ပုံ၊ အလြတ္ေတြနဲ႔ လႊတ္ေနရတာနဲ႔ ႏႈိင္းယွဥ္ရင္ ထူးျခားထင္ရွားလြန္းေနၿပီး အန္းဖီးလ္ဆီ ေခၚယူေပးခဲ့တဲ့ ကစားသမားေကာင္းေတြကလည္း ဒုနဲ႔ေဒးျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ရာသီက စၿပီး အသင္းအတြက္ အသုံးစရိတ္ နည္းပါးမႈေတြကို လူမသိဘဲ သူ႔ရဲ႕ လုပ္ေဆာင္မႈေတြကို ေဝဖန္ခဲ့ၾကလို ဒီယိုဂို ဂ်ိဳတာကို ေခၚယူေပးခဲ့ေပမယ့္ ဗန္ဒိုက္ရဲ႕ ေနရာကို အစားထိုးေပးႏိုင္ဖို႔ ပ်က္ကြက္ခဲ့ခ်ိန္မွာ ပရိသတ္ေတြရဲ႕ ေဒါသနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဒီရာသီမွာလည္း အဲ့ဒီ ဗဟိုေနာက္ခံလူတစ္ေနရာအတြက္ ကိုနာေတတစ္ေယာက္ကလြဲလို႔ လူသစ္ေတြ မေခၚယူႏိုင္ေသးတာက စိတ္ပ်က္စရာျဖစ္လာခဲ့တာပါ။

ဒီၾကားထဲမွာေတာ့ အသင္းက ထြက္သြားတဲ့ ေဂ်ာ္ဂ်ီနီယို “ဂ်ီနီ” ဗိုင္နယ္လ္ဒြမ္ေနရာမွာ လူစားျပန္မျဖည့္ႏိုင္ခဲ့တာနဲ႔ က်ဆင္းလာတဲ့ တိုက္စစ္ပိုင္း အတြက္ လူသစ္ မရွာေဖြႏိုင္ခဲ့တာေတြက လီဗာပူးလ္တာဝန္ရွိသူေတြအားလုံးအေပၚ ပရိသတ္ေတြရဲ႕ ျပစ္တင္မႈနဲ႔ ရင္ဆိုင္ရေစၿပီး လက္ရွိမွာေတာ့ Fenway Sports Group ကပဲ သူ႔ကို ထိုးေကြၽးဖို႔ ထြက္ခ်င္ထြက္လို႔ပဲ စီစဥ္လာခဲ့ပုံလည္းရပါတယ္။

ပရိသတ္ေတြကေတာ့ အသင္းနဲ႔ လမ္းခြဲေတာ့မယ္ဆိုတဲ့ မိုက္ကယ္ အက္ဒ္ဝပ္ကို ႏွေျမာတသေနၿပီး ဒီဆုံးျဖတ္ခ်က္က ဘာအေၾကာင္းနဲ႔မွ မျဖစ္သင့္ဘူးလို႔ ဆိုေနၾကသလို ဆာလား၊ မာေနး၊ ဖာမီႏို၊ ဗန္ဒိုက္၊ အယ္လစ္ဆန္တို႔နဲ႔ တန္ဆာဆင္ေပးခဲ့တဲ့ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ အသင္းအတြက္ ရတဲ့ေငြထက္ ပိုမသုံးခ်င္ဘဲ ျဖစ္ေနတဲ့ FSG နဲ႔ သူတို႔ လက္တြဲဖ်က္မႈက အသင္းကို ထိခိုက္နစ္နာေစမယ္လို႔ ယူဆေနၾကပါတယ္။

ဒါေၾကာင့္ ၂၀၂၂ ေႏြရာသီမတိုင္ခင္အထိ ေနာက္ဆုံး တာဝန္ယူဖို႔ရွိၿပီး အေျပာင္းအေ႐ႊ႕ပိတ္သိမ္းဖို႔ တစ္ရက္ေက်ာ္ေက်ာ္သာ လိုေတာ့ခ်ိန္မွာ ရွာက်ီရီကို ေရာင္းထားလို႔ ရတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အသင္းရဲ႕ ပစ္မွတ္ေတြျဖစ္တဲ့ ဘ႐ိုက္တန္ကြင္းလယ္လူ ဘီဆူးမားနဲ႔ ဆမ္ဒိုးရီးယားေတာင္ပံသမား မီခယ္လ္ ဒမ္းစ္ဂါ့ဒ္ကို ႏွစ္သိမ့္မႈေတြအျဖစ္ ေခၚယူသြားႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ဂု႐ုရဲ႕ အန္းဖီးလ္တစ္ေခတ္ကေတာ့ ဝမ္းနည္းဖြယ္ အဆုံးသတ္ခ်ိန္ ေရာက္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.