Analysis Other Premier League

ချာကာကိုအနီကတ်နဲ့ထုတ်ခဲ့ပေမယ့် ပေါ့ဘာကို သက်ညှာပေးခဲ့လို့ ဂန်းနားတို့ပေါက်ကွဲနေသလို ဘောလုံးကျွမ်းကျင်သူတွေပါ ဝေဖန်နေ

ပြီးခဲ့တဲ့ညက မိုလီနူးကွင်းမှာ ကစားခဲ့ကြတဲ့ ဝုဗ်စ်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ် ၃ မှာ သရဲနီကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်လုံးဝမပေးဘဲ သက်ညှာပြီး လျစ်လျူရှုခဲ့လို့ အလားတူဖြစ်ရပ်အနေနဲ့ မန်စီးတီးနဲ့ပွဲမှာ ကွင်းလယ်လူ ဂရာနီ ချာကာတိုက်ရိုက်အနီကတ်ထိခဲ့တဲ့ အာဆင်နယ်ပရိသတ်တွေ ပေါက်ကွဲသွားခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာတော့ ပေါ့ဘာက ဝုဗ်စ်ကွင်းလယ်လူ ရူဘင် နက်ဗက်စ်ကို ခြေထောက်ရော ဒူးနဲ့ပါ ဝင်ပိုင်းသလို အားကုန်သုံးပြီး ဝင်ချိုးခဲ့တာဖြစ်ပြီး ယူနိုက်တက်တို့ကို တလုံးတည်းသော အနိုင်ဂိုးရရှိစေခဲ့တဲ့ ဖျက်ထုတ်မှုအဖြစ် အဖတ်တင်သွားခဲ့တဲ့ ပြင်သစ်သားကတော့ ဒိုင်ရဲ့မျက်ကွယ်ပြုခြင်းခံခဲ့ရသလို ပွဲအပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ပေါ့ဘာဘက်ကနေ တရားမျှတကြောင်း ကာကွယ်ပြောဆိုသွားခဲ့ပါသေးတယ်။

အာဆင်နယ်ပရိသတ်တဦးကတော့ ” ပေါ့ဘာရဲ့ဖျက်ထုတ်မှုက အဆမတန် အန္တရာယ်များလွန်းပါတယ်။ သူက အရှိန်အပြည့်နဲ့ဝင်ပြီး ဒူးတည့်တည့်နဲ့ ဝင်ရိုက်ချိုးလိုက်သလိုပါပဲ။ ချာကာကတော့ သူ့ဒူးကိုခေါက်ထားခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်စဥ်နှစ်ခုလုံးက အနီကတ်နဲ့ ထိုက်တန်ပါတယ်” လို့ အာဆင်နယ်ပရိသတ်တဦးက လူမှုကွန်ရက်မှာ ရေးသားပြီး တုံ့ပြန်သွားခဲ့ပါတယ်။

နောက်ထပ်ဂန်းနားတဦးကလည်း ” ပေါ့ဘာကိုတော့ မထုတ်ခဲ့ဘဲ ချာကာကို အနီကတ်နဲ့ထုတ်ခဲ့တာက သိပ်ရွံစရာကောင်းပါတယ်။ ပြီးတော့ ယူနိုက်တက်က ဒီဖျက်ထုတ်မှုကနေ ဂိုးတဂိုးပါ အဆစ်ရသွားလိုက်သေးတယ်။ ချိမ်ဘားစ်အထိုးခံခဲ့ရတာလည်း ဒိုင်က မမြင်ချင်ယောင်ဆောင်ခဲ့တယ်။ ငါတို့အသင်းကို ကျက်သရေအယုတ်ဆုံး ဆုံးဖြတ်ချက်တွေပဲ ဒီရာသီမှာ အဆိုးရွားဆုံး ချမှတ်တော့မှာလား” လို့ ထပ်မံပေါက်ကွဲသွားခဲ့ပြန်ပါတယ်။

ဒါ့အပြင် သူ့ခေတ်သူ့အခါက လူကြမ်းကြီးအဖြစ် နာမည်ကြီးပြီး ဆိုးဆိုးရွားရွားဖျက်ထုတ်မှုတွေ ကျူးလွန်ထားခဲ့တဲ့ရာဇဝင်ရှိထားတဲ့ ဂရေမီ ဆောင်းနက်စ်ကလည်း ” ကွင်းလယ်ဒိုင်ဟာ ဒီဖြစ်ရပ်နဲ့ နှစ်မီတာအကွာမှာပဲ ရှိနေလို့ ရှင်းရှင်းလင်းလင်း ကိုင်တွယ်နိုင်ပါတယ်။ နက်ဗက်စ်က ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ ဒါက အဓိကမဟုတ်ပါဘူး။ ဒါဟာ ခြေထောက်တချောင်းလုံးကို ရိုက်ချိုးပစ်လိုက်နိုင်တဲ့ အနေအထားမျိုးပါ။ ဒီဖျက်ထုတ်မှုကို အနီးကပ်မြင်လိုက်တဲ့သူတိုင်း သိပ်အန္တရာယ်ကြီးတယ်ဆိုတာ သိကြပါလိမ့်မယ်”

“ကွင်းလယ်ဒိုင်ကတော့ ပြစ်ဒဏ်ဘောအဖြစ်တောင် မသတ်မှတ်ပေးခဲ့ပါဘူး။ ဘောလုံးအကြောင်း အရာရာသိရှိနားလည်ထားတဲ့သူတယောက်က ဒီလိုဖြစ်ရပ်မျိုးကို ပြစ်ဒဏ်ဘောမကျူးလွန်ဘူးလို့ သတ်မှတ်ခဲ့တာဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်တဲ့ကိစ္စပါ။” လို့ ကွင်းလယ်ဒိုင်မှာ ရာနှုန်းပြည့်တာဝန်ရှိကြောင်း သုံးသပ်ပြောကြားသွားခဲ့သလို သရဲနီဗီလိန်လူကြမ်းဟောင်းကြီး ရွိုင်ကိန်းကလည်း သူ့ရဲ့သုံးသပ်မှုကို စကားထောက်ခံသွားခဲ့ပါတယ်။

” ဒီဖြစ်ရပ်ကို ပြစ်ဒဏ်ဘောသာ ချက်ချင်းသတ်မှတ်ပေးခဲ့ရင် ယူနိုက်တက်ကစားသမားတယောက်တလေကမှ ဝင်ရောက်စောဒကတက်ခဲ့ကြမှာ မဟုတ်ပါဘူး။ တယောက်မကျန် သဘောတူလက်ခံကြပါလိမ့်မယ်” လို့ ရွိုင်ကိန်းကလည်း ဆိုသွားခဲ့ချိန်မှာ ရာသီသစ်နဲ့အတူ “မန်ယူနိုက်တက်ဆို ဒိုင်ကူလေသလား” ဆိုတဲ့ စွပ်စွဲပြောဆိုနေမှု အသုံးအနှုန်းတွေကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေပါ့ဘာရဲ႕ဖ်က္ထုတ္မႈဟာ ႐ူဘင္ နက္ဗက္စ္ရဲ႕ေျခေထာက္ကိုက်ိဳးသြားေစႏိုင္တယ္လို႔ ဂေရမီ ေဆာင္းနက္ေဝဖန္

ၿပီးခဲ့တဲ့ညက မိုလီႏူးကြင္းမွာ ကစားခဲ့ၾကတဲ့ ဝုဗ္စ္အသင္းနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ ၃ မွာ သရဲနီကြင္းလယ္လူ ေပါလ္ေပါ့ဘာရဲ႕ ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မႈကို ကြင္းလယ္ဒိုင္က ျပစ္ဒဏ္လုံးဝမေပးဘဲ သက္ညႇာၿပီး လ်စ္လ်ဴရႈခဲ့လို႔ အလားတူျဖစ္ရပ္အေနနဲ႔ မန္စီးတီးနဲ႔ပြဲမွာ ကြင္းလယ္လူ ဂရာနီ ခ်ာကာတိုက္႐ိုက္အနီကတ္ထိခဲ့တဲ့ အာဆင္နယ္ပရိသတ္ေတြ ေပါက္ကြဲသြားခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒီျဖစ္စဥ္မွာေတာ့ ေပါ့ဘာက ဝုဗ္စ္ကြင္းလယ္လူ ႐ူဘင္ နက္ဗက္စ္ကို ေျခေထာက္ေရာ ဒူးနဲ႔ပါ ဝင္ပိုင္းသလို အားကုန္သုံးၿပီး ဝင္ခ်ိဳးခဲ့တာျဖစ္ၿပီး ယူႏိုက္တက္တို႔ကို တလုံးတည္းေသာ အႏိုင္ဂိုးရရွိေစခဲ့တဲ့ ဖ်က္ထုတ္မႈအျဖစ္ အဖတ္တင္သြားခဲ့တဲ့ ျပင္သစ္သားကေတာ့ ဒိုင္ရဲ႕မ်က္ကြယ္ျပဳျခင္းခံခဲ့ရသလို ပြဲအၿပီး ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း ေပါ့ဘာဘက္ကေန တရားမွ်တေၾကာင္း ကာကြယ္ေျပာဆိုသြားခဲ့ပါေသးတယ္။

အာဆင္နယ္ပရိသတ္တဦးကေတာ့ ” ေပါ့ဘာရဲ႕ဖ်က္ထုတ္မႈက အဆမတန္ အႏၲရာယ္မ်ားလြန္းပါတယ္။ သူက အရွိန္အျပည့္နဲ႔ဝင္ၿပီး ဒူးတည့္တည့္နဲ႔ ဝင္႐ိုက္ခ်ိဳးလိုက္သလိုပါပဲ။ ခ်ာကာကေတာ့ သူ႔ဒူးကိုေခါက္ထားခဲ့တာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ျဖစ္စဥ္ႏွစ္ခုလုံးက အနီကတ္နဲ႔ ထိုက္တန္ပါတယ္” လို႔ အာဆင္နယ္ပရိသတ္တဦးက လူမႈကြန္ရက္မွာ ေရးသားၿပီး တုံ႔ျပန္သြားခဲ့ပါတယ္။

ေနာက္ထပ္ဂန္းနားတဦးကလည္း ” ေပါ့ဘာကိုေတာ့ မထုတ္ခဲ့ဘဲ ခ်ာကာကို အနီကတ္နဲ႔ထုတ္ခဲ့တာက သိပ္႐ြံစရာေကာင္းပါတယ္။ ၿပီးေတာ့ ယူႏိုက္တက္က ဒီဖ်က္ထုတ္မႈကေန ဂိုးတဂိုးပါ အဆစ္ရသြားလိုက္ေသးတယ္။ ခ်ိမ္ဘားစ္အထိုးခံခဲ့ရတာလည္း ဒိုင္က မျမင္ခ်င္ေယာင္ေဆာင္ခဲ့တယ္။ ငါတို႔အသင္းကို က်က္သေရအယုတ္ဆုံး ဆုံးျဖတ္ခ်က္ေတြပဲ ဒီရာသီမွာ အဆိုး႐ြားဆုံး ခ်မွတ္ေတာ့မွာလား” လို႔ ထပ္မံေပါက္ကြဲသြားခဲ့ျပန္ပါတယ္။

ဒါ့အျပင္ သူ႔ေခတ္သူ႔အခါက လူၾကမ္းႀကီးအျဖစ္ နာမည္ႀကီးၿပီး ဆိုးဆိုး႐ြား႐ြားဖ်က္ထုတ္မႈေတြ က်ဴးလြန္ထားခဲ့တဲ့ရာဇဝင္ရွိထားတဲ့ ဂေရမီ ေဆာင္းနက္စ္ကလည္း ” ကြင္းလယ္ဒိုင္ဟာ ဒီျဖစ္ရပ္နဲ႔ ႏွစ္မီတာအကြာမွာပဲ ရွိေနလို႔ ရွင္းရွင္းလင္းလင္း ကိုင္တြယ္ႏိုင္ပါတယ္။ နက္ဗက္စ္က ထိခိုက္သည္ျဖစ္ေစ၊ မထိခိုက္သည္ျဖစ္ေစ ဒါက အဓိကမဟုတ္ပါဘူး။ ဒါဟာ ေျခေထာက္တေခ်ာင္းလုံးကို ႐ိုက္ခ်ိဳးပစ္လိုက္ႏိုင္တဲ့ အေနအထားမ်ိဳးပါ။ ဒီဖ်က္ထုတ္မႈကို အနီးကပ္ျမင္လိုက္တဲ့သူတိုင္း သိပ္အႏၲရာယ္ႀကီးတယ္ဆိုတာ သိၾကပါလိမ့္မယ္”

“ကြင္းလယ္ဒိုင္ကေတာ့ ျပစ္ဒဏ္ေဘာအျဖစ္ေတာင္ မသတ္မွတ္ေပးခဲ့ပါဘူး။ ေဘာလုံးအေၾကာင္း အရာရာသိရွိနားလည္ထားတဲ့သူတေယာက္က ဒီလိုျဖစ္ရပ္မ်ိဳးကို ျပစ္ဒဏ္ေဘာမက်ဴးလြန္ဘူးလို႔ သတ္မွတ္ခဲ့တာဟာ ဘယ္လိုနည္းနဲ႔မွ မျဖစ္သင့္တဲ့ကိစၥပါ။” လို႔ ကြင္းလယ္ဒိုင္မွာ ရာႏႈန္းျပည့္တာဝန္ရွိေၾကာင္း သုံးသပ္ေျပာၾကားသြားခဲ့သလို သရဲနီဗီလိန္လူၾကမ္းေဟာင္းႀကီး ႐ြိဳင္ကိန္းကလည္း သူ႔ရဲ႕သုံးသပ္မႈကို စကားေထာက္ခံသြားခဲ့ပါတယ္။

” ဒီျဖစ္ရပ္ကို ျပစ္ဒဏ္ေဘာသာ ခ်က္ခ်င္းသတ္မွတ္ေပးခဲ့ရင္ ယူႏိုက္တက္ကစားသမားတေယာက္တေလကမွ ဝင္ေရာက္ေစာဒကတက္ခဲ့ၾကမွာ မဟုတ္ပါဘူး။ တေယာက္မက်န္ သေဘာတူလက္ခံၾကပါလိမ့္မယ္” လို႔ ႐ြိဳင္ကိန္းကလည္း ဆိုသြားခဲ့ခ်ိန္မွာ ရာသီသစ္နဲ႔အတူ “မန္ယူႏိုက္တက္ဆို ဒိုင္ကူေလသလား” ဆိုတဲ့ စြပ္စြဲေျပာဆိုေနမႈ အသုံးအႏႈန္းေတြကလည္း လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.