Premier League Transfer News

ကစားသမားလေးဦးရှိပြီး ပွဲမစည်တဲ့ အာဆင်နယ်ညာနောက်ခံမှာ ဘယ်လိုအဝင်အထွက်ရှိမလဲ

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားသမား လေးယောက်တောင်ရှိနေပေမယ့် လူများပြီး ပွဲမစည်ဖြစ်နေတဲ့ ညာနောက်ခံလူနေရာအတွက် အပြောင်းအရွှေ့နောက်ဆုံးရက် Deadline Day မှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲဆိုတာကို Football London က သုံးသပ်သွားခဲ့ပြီး ဘယ်သူတွေ ထွက်နိုင်သလို ဘယ်သူတွေ ရောက်လာမလဲဆိုတာ ခန့်မှန်းသွားပါတယ်။

အသင်းနဲ့ အရေးပါမှုအရ စီရရင် ဟက်တာ ဘယ်လာရင်၊ ကယ်လမ် ချိမ်းဘားစ်၊ ဆီးဒရစ် ဆွာရက်စ်နဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်လို့ လေးဦးအထိရှိနေတဲ့ ဒီဌာနခွဲမှာ တစ်ယောက်မှ ကောင်းကောင်းသုံးလို့မရဘူးဆိုတာကတော့ အာဆင်နယ်ပရိသတ်တွေအတွက် တော်တော့်ကို အံ့ဩစရာဖြစ်နေပြီး ဒီထဲက နှစ်ဦးလောက်ကတော့ ထွက်ခွာသွားနိုင်ပါတယ်။

အသင်းရဲ့ ရလဒ်တွေကို စိတ်ပျက်နေသလို နဂိုကတည်းကမှ ပိုင်နိုင်မှု မရှိတဲ့ ခံစစ်မှာ ပိုမိုရုန်းကန်လာရတဲ့ လာမာစီယာ အကယ်ဒမီထွက်အနေနဲ့ ဘာစီလိုနာကို မပြန်ရလည်း စပိန်ကို မရောက်ရောက်အောင် ပြန်ဖို့ရှိနေသလို ရီးရဲလ်ဘက်တစ်အသင်းနဲ့ သတင်းတွေက တော်တော်လေးခိုင်မာနေကြောင်း သိရပြီး မိတ်လန်းနိုင်းလ်စ်ကလည်း အဲဗာတန်ကို ထွက်ခွာချင်ကြောင်း တောင်းဆိုထားလို့ နောက်ဆုံးနေ့မှာ စောင့်ကြည့်ရမှာပါ။

အသင်းမှာ ဆက်နေဖို့ ကြိုးစားခဲ့ပေမယ့် နေရာပေးခြင်းမခံရတဲ့ အင်္ဂလန်သားအနေနဲ့ အမ်းမရိတ်မှာ ဆက်နေဖို့ ဆန္ဒမရှိတော့ချိန်မှာ သူတို့ နှစ်ဦးကို ဆုံးရှုံးရမယ်ဆိုရင်တော့ အာဆင်နယ်ခံစစ်ညာခြမ်းက စိတ်ပျက်စရာအတိဖြစ်သွားမှာဖြစ်ပြီး မန်စီးတီးနဲ့ပွဲက အရှုံးမျိုးတွေကို ထပ်ကျော့မြင်ရဖို့ ဖြစ်လာနိုင်သလို ဆီးဒရစ်နဲ့ ချိမ်းဘားစ်တို့ဟာ ခံစစ်မှာရော တိုက်စစ်မှာပါ အသင်းကြီးအဆင့်အတန်းမရှိဘဲဖြစ်နေခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်တို့အနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကစားသမား သုံးဦးထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး နော့ဝစ်ချ်စီးတီးရဲ့ မက်စ် အာရွန်စ်၊ ဘရိုက်တန်ရဲ့ တာရစ် လမ့်ပ်တေနဲ့ အိုင်းယက်စ်ရဲ့ နူဆဲရ် မာဇရာဝီတို့ကို ခေါ်ယူသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

အာရွန်စ်ကတော့ အင်္ဂလိပ်ဘောလုံးလောကရဲ့ အတိုးတက်ဆုံးလူငယ်တွေထဲက တစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာအသင်းတွေနဲ့ အသံ ထွက်ခဲ့ဖူးသူဖြစ်လို့ နောက်ဆုံးနေ့မှာ ငွေအမြောက်အမြား သုံးဖွယ်မရှိတဲ့ အာဆင်နယ်တို့ ခေါ်ယူဖို့ ခက်ခဲဖွယ်ရှိပြီး ပေါင်သန်း ၃၀ အထက်မှာ ပေးချေရဖို့ ရှိနေချိန်မှာ ဘရိုက်တန်မှာ ဒဏ်ရာရအပြီး နေရာပျောက်ဆုံးနေတဲ့ လမ့်ပ်တေကတော့ ဘန်ဝှိုက်နောက်ကို လိုက်လာနိုင်တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအကယ်ဒမီထွက် ဂါနာနွယ်ဖွား အင်္ဂလန်ယူ-၂၁ ကစားသမားဟာ ဘရိုက်တန်ရဲ့ ပေါင်သန်း ၂၀ လောက်ရရင် ရောင်းမယ့် Homegrown ကစားသမားဖြစ်ပြီး ကိုယ်လုံးကိုယ်ထည်သေးကွေးလို့ ခံစစ်မှာ မထူးချွန်ပေမယ့် တိုက်စစ်မှာတော့ ငါးရှဉ့်တစ်ကောင်လို တိုးဝင်တိုးထွက်နိုင်သူဖြစ်ပြီး အာဆင်နယ်သာ ၃-၅-၂ ကစားခဲ့ရင် အကောင်းဆုံးအသုံးကျသူတစ်ဦးလည်းဖြစ်လာနိုင်တာပါ။

အိုင်းယက်စ်ရဲ့ ၂၃ နှစ်သား မာဇရာဝီကတော့ ဥရောပအဆင့်မှာ အစမ်းသပ်ခံပြီးသား ကစားသမားဖြစ်ပြီး လမ့်ပ်တေထက် အနည်းငယ် ဈေးသက်သာနိုင်သလို ကိုယ်လုံးကိုယ်ထည် တောင့်တင်းသူဖြစ်ပြီး မော်ရိုကိုမှာ အက်ရှ်ရက်ဖ် ဟာကီမီ အလယ်တန်း ကစားချိန်မှာ သူက ပင်တိုင်ညာနောက်ခံလူအဖြစ် Backup ပေးရသူလည်းဖြစ်လို့ အာဆင်နယ်တို့ အားကိုးနိုင်မယ့်သူမျိုးလည်းဖြစ်နေပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဘယ်လာရင် ထွက်ခွာဖို့ သေချာတာနဲ့ အာဆင်နယ်တို့ ဘယ်နည်းပြ၊ ဘယ်နည်းစနစ်ဒါရိုက်တာပဲဖြစ်ဖြစ် အသင်းမှာ ဆက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ညာနောက်ခံလူနေရာမှာ ပွဲထွက်ခိုင်းဖို့ စိတ်ချရမယ့်သူတစ်ယောက် ပြန်လည်ခေါ်ယူသင့်တာကတော့ အသေအချာပဲဖြစ်နေတာကြောင့် ဒီနေ့ည ၁၁ နာရီ (မြန်မာစံတော်ချိန် နောက်တစ်နေ့နံနက် ၄ နာရီခွဲအထိ) စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကစားသမား ေလးေယာက္ေတာင္ရွိေနေပမယ့္ လူမ်ားၿပီး ပြဲမစည္ျဖစ္ေနတဲ့ ညာေနာက္ခံလူေနရာအတြက္ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္ Deadline Day မွာ ဘယ္လိုေတြျဖစ္လာႏိုင္သလဲဆိုတာကို Football London က သုံးသပ္သြားခဲ့ၿပီး ဘယ္သူေတြ ထြက္ႏိုင္သလို ဘယ္သူေတြ ေရာက္လာမလဲဆိုတာ ခန႔္မွန္းသြားပါတယ္။

အသင္းနဲ႔ အေရးပါမႈအရ စီရရင္ ဟက္တာ ဘယ္လာရင္၊ ကယ္လမ္ ခ်ိမ္းဘားစ္၊ ဆီးဒရစ္ ဆြာရက္စ္နဲ႔ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္လို႔ ေလးဦးအထိရွိေနတဲ့ ဒီဌာနခြဲမွာ တစ္ေယာက္မွ ေကာင္းေကာင္းသုံးလို႔မရဘူးဆိုတာကေတာ့ အာဆင္နယ္ပရိသတ္ေတြအတြက္ ေတာ္ေတာ့္ကို အံ့ဩစရာျဖစ္ေနၿပီး ဒီထဲက ႏွစ္ဦးေလာက္ကေတာ့ ထြက္ခြာသြားႏိုင္ပါတယ္။

အသင္းရဲ႕ ရလဒ္ေတြကို စိတ္ပ်က္ေနသလို နဂိုကတည္းကမွ ပိုင္ႏိုင္မႈ မရွိတဲ့ ခံစစ္မွာ ပိုမို႐ုန္းကန္လာရတဲ့ လာမာစီယာ အကယ္ဒမီထြက္အေနနဲ႔ ဘာစီလိုနာကို မျပန္ရလည္း စပိန္ကို မေရာက္ေရာက္ေအာင္ ျပန္ဖို႔ရွိေနသလို ရီးရဲလ္ဘက္တစ္အသင္းနဲ႔ သတင္းေတြက ေတာ္ေတာ္ေလးခိုင္မာေနေၾကာင္း သိရၿပီး မိတ္လန္းႏိုင္းလ္စ္ကလည္း အဲဗာတန္ကို ထြက္ခြာခ်င္ေၾကာင္း ေတာင္းဆိုထားလို႔ ေနာက္ဆုံးေန႔မွာ ေစာင့္ၾကည့္ရမွာပါ။

အသင္းမွာ ဆက္ေနဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေနရာေပးျခင္းမခံရတဲ့ အဂၤလန္သားအေနနဲ႔ အမ္းမရိတ္မွာ ဆက္ေနဖို႔ ဆႏၵမရွိေတာ့ခ်ိန္မွာ သူတို႔ ႏွစ္ဦးကို ဆုံးရႈံးရမယ္ဆိုရင္ေတာ့ အာဆင္နယ္ခံစစ္ညာျခမ္းက စိတ္ပ်က္စရာအတိျဖစ္သြားမွာျဖစ္ၿပီး မန္စီးတီးနဲ႔ပြဲက အရႈံးမ်ိဳးေတြကို ထပ္ေက်ာ့ျမင္ရဖို႔ ျဖစ္လာႏိုင္သလို ဆီးဒရစ္နဲ႔ ခ်ိမ္းဘားစ္တို႔ဟာ ခံစစ္မွာေရာ တိုက္စစ္မွာပါ အသင္းႀကီးအဆင့္အတန္းမရွိဘဲျဖစ္ေနခဲ့ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ကစားသမား သုံးဦးထဲက တစ္ဦးကို ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေနၿပီး ေနာ့ဝစ္ခ်္စီးတီးရဲ႕ မက္စ္ အာ႐ြန္စ္၊ ဘ႐ိုက္တန္ရဲ႕ တာရစ္ လမ့္ပ္ေတနဲ႔ အိုင္းယက္စ္ရဲ႕ ႏူဆဲရ္ မာဇရာဝီတို႔ကို ေခၚယူသြားဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

အာ႐ြန္စ္ကေတာ့ အဂၤလိပ္ေဘာလုံးေလာကရဲ႕ အတိုးတက္ဆုံးလူငယ္ေတြထဲက တစ္ဦးျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာအသင္းေတြနဲ႔ အသံ ထြက္ခဲ့ဖူးသူျဖစ္လို႔ ေနာက္ဆုံးေန႔မွာ ေငြအေျမာက္အျမား သုံးဖြယ္မရွိတဲ့ အာဆင္နယ္တို႔ ေခၚယူဖို႔ ခက္ခဲဖြယ္ရွိၿပီး ေပါင္သန္း ၃၀ အထက္မွာ ေပးေခ်ရဖို႔ ရွိေနခ်ိန္မွာ ဘ႐ိုက္တန္မွာ ဒဏ္ရာရအၿပီး ေနရာေပ်ာက္ဆုံးေနတဲ့ လမ့္ပ္ေတကေတာ့ ဘန္ဝႈိက္ေနာက္ကို လိုက္လာႏိုင္တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအကယ္ဒမီထြက္ ဂါနာႏြယ္ဖြား အဂၤလန္ယူ-၂၁ ကစားသမားဟာ ဘ႐ိုက္တန္ရဲ႕ ေပါင္သန္း ၂၀ ေလာက္ရရင္ ေရာင္းမယ့္ Homegrown ကစားသမားျဖစ္ၿပီး ကိုယ္လုံးကိုယ္ထည္ေသးေကြးလို႔ ခံစစ္မွာ မထူးခြၽန္ေပမယ့္ တိုက္စစ္မွာေတာ့ ငါးရွဥ့္တစ္ေကာင္လို တိုးဝင္တိုးထြက္ႏိုင္သူျဖစ္ၿပီး အာဆင္နယ္သာ ၃-၅-၂ ကစားခဲ့ရင္ အေကာင္းဆုံးအသုံးက်သူတစ္ဦးလည္းျဖစ္လာႏိုင္တာပါ။

အိုင္းယက္စ္ရဲ႕ ၂၃ ႏွစ္သား မာဇရာဝီကေတာ့ ဥေရာပအဆင့္မွာ အစမ္းသပ္ခံၿပီးသား ကစားသမားျဖစ္ၿပီး လမ့္ပ္ေတထက္ အနည္းငယ္ ေဈးသက္သာႏိုင္သလို ကိုယ္လုံးကိုယ္ထည္ ေတာင့္တင္းသူျဖစ္ၿပီး ေမာ္႐ိုကိုမွာ အက္ရွ္ရက္ဖ္ ဟာကီမီ အလယ္တန္း ကစားခ်ိန္မွာ သူက ပင္တိုင္ညာေနာက္ခံလူအျဖစ္ Backup ေပးရသူလည္းျဖစ္လို႔ အာဆင္နယ္တို႔ အားကိုးႏိုင္မယ့္သူမ်ိဳးလည္းျဖစ္ေနပါတယ္။

အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ဘယ္လာရင္ ထြက္ခြာဖို႔ ေသခ်ာတာနဲ႔ အာဆင္နယ္တို႔ ဘယ္နည္းျပ၊ ဘယ္နည္းစနစ္ဒါ႐ိုက္တာပဲျဖစ္ျဖစ္ အသင္းမွာ ဆက္ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ညာေနာက္ခံလူေနရာမွာ ပြဲထြက္ခိုင္းဖို႔ စိတ္ခ်ရမယ့္သူတစ္ေယာက္ ျပန္လည္ေခၚယူသင့္တာကေတာ့ အေသအခ်ာပဲျဖစ္ေနတာေၾကာင့္ ဒီေန႔ည ၁၁ နာရီ (ျမန္မာစံေတာ္ခ်ိန္ ေနာက္တစ္ေန႔နံနက္ ၄ နာရီခြဲအထိ) ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.