Ligue1 Premier League

မိုနာကို ဘယ္ေနာက္ခံလူ ဘယ္လို တိုေရးကို ေစာင့္ၾကည့္ေနတဲ့ ခ်ဲလ္ဆီး

လာမယ့္ရာသီသစ္အတြက္ အေျပာင္းအေရႊ႕ေတြကို ႀကဳိတင္လုပ္ေဆာင္ေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ဟာကင္မ္ ဇီယက္ခ်္ကို ေခၚယူႏုိင္ခဲ့ၿပီးျဖစ္ေပမယ့္ သူတုိ႔ရဲ႕ အားနည္းေနတဲ့ ဘယ္ေနာက္ခံေနရာအတြက္ လူသစ္ေခၚယူရာမွာ အဆင္မေျပခဲ့လို႔ ေနာက္ဆုံးမွာ မိုနာကိုေနာက္ခံလူ ဖိုဒီ ဘယ္လို တုိေရးကို ေစာင့္ၾကည့္ေနတယ္လို႔ ဆုိပါတယ္။

ဘယ္ေနာက္ခံလူေနရာအတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပၚတုိရဲ႕ အဲလက္စ္ တဲလက္စ္ကို ဦးစားေပးအေနနဲ႔ စတင္ပစ္မွတ္ထားခဲ့တာျဖစ္ၿပီး ေနာက္ပုိင္းမွာ အဆင္မေျပခဲ့လို႔ အဂၤလန္သားကိုပဲ ေခၚယူေတာ့မယ္လို႔ လက္စတာစီးတီးရဲ႕ ဘန္ေခ်းလ္ဝဲလ္ကို ခ်ဥ္းကပ္ခဲ့ေပမယ့္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၆၀ ကို မတတ္ႏုိင္ဘဲ ျဖစ္ေနခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကစားသမားသစ္ ေခၚယူျဖည့္ဆည္းရမယ့္ အခန္းက႑ေတြက မ်ားျပားေနၿပီး တုိက္စစ္မွဴးတစ္ဦး၊ ဗဟိုေနာက္ခံလူတစ္ဦးတုိ႔ကိုလည္း ေခၚယူလိုေနၿပီး ဘယ္ေနာက္ခံလူအတြက္ ေပါင္သန္း ၆၀ သုံးစြဲဖို႔ထက္ ပိုမိုေဈးသက္သာတဲ့ တျခားကစားသမားေတြကိုပဲ ရွာေဖြသြားဖို႔ ရွိေနတာပါ။

ဒါေၾကာင့္ မိုနာကိုအသင္းနဲ႔အတူ ေပၚထြက္လာခဲ့တဲ့ ဘယ္လို တုိေရးကို ေစာင့္ၾကည့္ေနခဲ့ၿပီး ပီအက္စ္ဂ်ီအကယ္ဒမီထြက္ ျပင္သစ္ ယူ-၂၁ ေနာက္ခံလူေဟာင္းကို ေဈးသက္သက္သာသာနဲ႔ ရရွိႏုိင္ဖို႔ ပစ္မွတ္ထားေနခဲ့သလို အတၱလန္တာရဲ႕ ေရာ္ဘင္ ဂိုဆင္စ္ကိုလည္း ဒီစာရင္းထဲမွာ ထည့္သြင္းထားပါတယ္။

၂၀၁၉ ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလက လုိင္လီအသင္းကေန ေျပာင္းေရႊ႕ေၾကး ယူ႐ို ၁၁ သန္းနဲ႔ မိုနာကိုကို ေရာက္ရွိလာခဲ့တဲ့ ဘယ္လို တုိေရးကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယူ႐ိုသန္း ၂၀ ပတ္ဝန္းက်င္နဲ႔ ေခၚယူႏုိင္ဖို႔ ပစ္မွတ္ထားေနၿပီး ဒီအသက္ ၂၃ ႏွစ္အရြယ္ ေနာက္ခံလူဟာ အသင္းရဲ႕ ကြက္လပ္ကို ျဖည့္ဆည္းေပးႏုိင္မယ္လုိ႔ တာဝန္ရွိသူေတြက ယုံၾကည္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လာမယ့်ရာသီသစ်အတွက် အပြောင်းအရွှေ့တွေကို ကြိုတင်လုပ်ဆောင်နေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဟာကင်မ် ဇီယက်ချ်ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပေမယ့် သူတို့ရဲ့ အားနည်းနေတဲ့ ဘယ်နောက်ခံနေရာအတွက် လူသစ်ခေါ်ယူရာမှာ အဆင်မပြေခဲ့လို့ နောက်ဆုံးမှာ မိုနာကိုနောက်ခံလူ ဖိုဒီ ဘယ်လို တိုရေးကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဘယ်နောက်ခံလူနေရာအတွက် ချဲလ်ဆီးအသင်းအနေနဲ့ ပေါ်တိုရဲ့ အဲလက်စ် တဲလက်စ်ကို ဦးစားပေးအနေနဲ့ စတင်ပစ်မှတ်ထားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အဆင်မပြေခဲ့လို့ အင်္ဂလန်သားကိုပဲ ခေါ်ယူတော့မယ်လို့ လက်စတာစီးတီးရဲ့ ဘန်ချေးလ်ဝဲလ်ကို ချဉ်းကပ်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ကို မတတ်နိုင်ဘဲ ဖြစ်နေခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားသစ် ခေါ်ယူဖြည့်ဆည်းရမယ့် အခန်းကဏ္ဍတွေက များပြားနေပြီး တိုက်စစ်မှူးတစ်ဦး၊ ဗဟိုနောက်ခံလူတစ်ဦးတို့ကိုလည်း ခေါ်ယူလိုနေပြီး ဘယ်နောက်ခံလူအတွက် ပေါင်သန်း ၆၀ သုံးစွဲဖို့ထက် ပိုမိုဈေးသက်သာတဲ့ တခြားကစားသမားတွေကိုပဲ ရှာဖွေသွားဖို့ ရှိနေတာပါ။

ဒါကြောင့် မိုနာကိုအသင်းနဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ ဘယ်လို တိုရေးကို စောင့်ကြည့်နေခဲ့ပြီး ပီအက်စ်ဂျီအကယ်ဒမီထွက် ပြင်သစ် ယူ-၂၁ နောက်ခံလူဟောင်းကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ဖို့ ပစ်မှတ်ထားနေခဲ့သလို အတ္တလန်တာရဲ့ ရော်ဘင် ဂိုဆင်စ်ကိုလည်း ဒီစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

၂၀၁၉ ဆောင်းရာသီအပြောင်းအရွှေ့ကာလက လိုင်လီအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၁၁ သန်းနဲ့ မိုနာကိုကို ရောက်ရှိလာခဲ့တဲ့ ဘယ်လို တိုရေးကို ချဲလ်ဆီးအသင်းအနေနဲ့ ယူရိုသန်း ၂၀ ပတ်ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ဒီအသက် ၂၃ နှစ်အရွယ် နောက်ခံလူဟာ အသင်းရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.