Bundesliga Premier League

မန္ခ်က္စတာစီးတီးအေနနဲ႔ ဆာေနးကို ေဈးေလွ်ာ့ေပးဖို႔ အူလီ ဟိုးနက္စ္ ေမွ်ာ္လင့္

ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ အေရးပါတဲ့ ဘုတ္အဖြဲ႕ဝင္တစ္ဦးျဖစ္သူ အူလီ ဟိုးနက္စ္က မန္ခ်က္စတာစီးတီးအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးအတြက္ ေဈးကို ေလွ်ာ့ခ်ေပးဖုိ႔နဲ႔ အေျပာင္းအေရႊ႕ကိစၥကို အျမန္ဆုံး အေကာင္အထည္ေဖာ္ႏုိင္ဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။

မန္စီးတီးအသင္းနဲ႔အတူ ျပည္တြင္းဖလားအားလုံးကို သိမ္းပုိက္ႏုိင္ခဲ့ၿပီးၿပီျဖစ္တဲ့ ဆာေနးဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆႏၵ ျပင္းျပေနတာျဖစ္ၿပီး ဂ်ာမန္ကစားသမားအားလုံးရဲ႕ ရည္မွန္းခ်က္တစ္ခုျဖစ္တဲ့ ဘာေဗးရီးယားအသင္းနဲ႔အတူ ေအာင္ျမင္မွဳရယူဖို႔လည္း ရွိေနတာပါ။

ဟိုးနက္စ္ကေတာ့ သူတုိ႔အေနနဲ႔ ကစားသမားနဲ႔ ပုဂၢဳိလ္ေရးဆုိင္ရာ အခ်က္အလက္ေတြ သေဘာတူညီခဲ့ၿပီး ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ လုပ္ေဆာင္ၿပီးခ်ိန္မွာ မန္ခ်က္စတာအေျခစိုက္အသင္းအေနနဲ႔ ဆာေနးကို ေဈးကိုင္မထားဘဲ အေျခအေနေတြကို ေထာက္ခ်င့္ၿပီး ေဈးခ်ေပးဖို႔ ေျပာၾကားလုိက္ပါတယ္။

“ဆာေနးရဲ႕ ေဈးကိုေတာ့ သူတုိ႔ေတြအေနနဲ႔ မျဖစ္မေန ေလွ်ာ့ခ်ေပးရပါလိမ့္မယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းက သူ႕ရဲ႕ ေဈးက အဲ့ဒီေလာက္ရွိခဲ့တယ္ဆိုတာ မွန္ပါတယ္။ အဲ့ဒီတုန္းက သူ႕မွာ စာခ်ဳပ္သက္တမ္းက ႏွစ္ႏွစ္က်န္ရွိေနတာျဖစ္သလို ဒူးအရြတ္ စုတ္ျပဲတဲ့ ဒဏ္ရာကိုလည္း မရေသးဘူးေလ”လို႔ ဟိုးနက္စ္က ဆုိပါတယ္။

မန္စီးတီးပရိသတ္ေတြကေတာ့ ဆာေနးကို ေပါင္ ၃၅ သန္းနဲ႔ ကမ္းလွမ္းထားတာဟာ ေစာ္ကားတဲ့ လုပ္ရပ္လို႔ ရွဳျမင္ေနၾကၿပီး သူတုိ႔အေနနဲ႔ ဒဏ္ရာကေန ေပ်ာက္ကင္းသက္သာခဲ့ၿပီျဖစ္တဲ့ ဂါနာႏြယ္ဖြား ဂ်ာမနီလက္ေရြးစင္ကို ေရာင္းခ်ဖို႔ထက္ အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားဖို႔ပဲ ဆႏၵရွိေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘိုင်ယန်မြူးနစ်အသင်းရဲ့ အရေးပါတဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အူလီ ဟိုးနက်စ်က မန်ချက်စတာစီးတီးအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးအတွက် ဈေးကို လျှော့ချပေးဖို့နဲ့ အပြောင်းအရွှေ့ကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းနဲ့အတူ ပြည်တွင်းဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးပြီဖြစ်တဲ့ ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒ ပြင်းပြနေတာဖြစ်ပြီး ဂျာမန်ကစားသမားအားလုံးရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ဘာဗေးရီးယားအသင်းနဲ့အတူ အောင်မြင်မှုရယူဖို့လည်း ရှိနေတာပါ။

ဟိုးနက်စ်ကတော့ သူတို့အနေနဲ့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ သဘောတူညီခဲ့ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်ပြီးချိန်မှာ မန်ချက်စတာအခြေစိုက်အသင်းအနေနဲ့ ဆာနေးကို ဈေးကိုင်မထားဘဲ အခြေအနေတွေကို ထောက်ချင့်ပြီး ဈေးချပေးဖို့ ပြောကြားလိုက်ပါတယ်။

“ဆာနေးရဲ့ ဈေးကိုတော့ သူတို့တွေအနေနဲ့ မဖြစ်မနေ လျှော့ချပေးရပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သူ့ရဲ့ ဈေးက အဲ့ဒီလောက်ရှိခဲ့တယ်ဆိုတာ မှန်ပါတယ်။ အဲ့ဒီတုန်းက သူ့မှာ စာချုပ်သက်တမ်းက နှစ်နှစ်ကျန်ရှိနေတာဖြစ်သလို ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာကိုလည်း မရသေးဘူးလေ”လို့ ဟိုးနက်စ်က ဆိုပါတယ်။

မန်စီးတီးပရိသတ်တွေကတော့ ဆာနေးကို ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းထားတာဟာ စော်ကားတဲ့ လုပ်ရပ်လို့ ရှုမြင်နေကြပြီး သူတို့အနေနဲ့ ဒဏ်ရာကနေ ပျောက်ကင်းသက်သာခဲ့ပြီဖြစ်တဲ့ ဂါနာနွယ်ဖွား ဂျာမနီလက်ရွေးစင်ကို ရောင်းချဖို့ထက် အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ပဲ ဆန္ဒရှိနေကြကြောင်းလည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.