Article Other Premier League

ရိုးရွိုက်စ်ခံစစ်မှူးအဖြစ် တကျော့ပြန် နာမည်ကြီးလာတဲ့ ဗာဂျီးလ် ဗန်ဒိုက်

လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလားအပြင် နှစ် ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကိုပါ သမိုင်းဝင်ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဒတ်ချ်ဗဟိုခံစစ်မှူးကြီး ဗာဂျီးလ် ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီအစပိုင်းက ဒူးအရွတ်​ကြောဒဏ်ရာနဲ့ အနားမယူခင်အထိ အသင်းရဲ့ “ဟာကျူလီ” လူစွမ်းကောင်းကြီးအဖြစ် ဂုဏ်ပြုခံထားရသူပါ။

ဒါပေမယ့်လည်း အသက် ၃၀ နှစ်သား အဲဗာတန်နဲ့ပွဲက ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ပေးတဲ့ ဒဏ်ရာကြောင့် တနှစ်နီးပါးအနားယူခဲ့ရပြီး ဒါဟာလည်း ဘောလုံးသမားဘဝကိုပါ အဆုံးသတ်သွားစေနိုင်တဲ့အထိ နှိပ်စက်နိုင်တဲ့ အဆိုးရွားဆုံး ဒူးဒဏ်ရာတွေထဲက တခုဖြစ်နေလို့ နဂိုခြေစွမ်းနဲ့ သူပြန်လာနိုင်ပါ့မလားလို့ စိုးရိမ်စရာတခုဖြစ်ခဲ့ရတာပါ။

စိုးရိမ်မှုတွေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တဲ့ ဗန်ဒိုက်က အခုရာသီအဖွင့်မှာကတည်းက ဒေါင်ဒေါင်မြည်ကစားသမားအဖြစ် ကွင်းထဲမှာ သက်သေပြခဲ့သလို ဒဏ်ရာကို စိတ်ရှည်လက်ရှည် ကုစားခဲ့တဲ့အကျိုးကျေးဇူးအပြင် မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ပြန်လည်ထူထောင်ရေးလေ့ကျင့်ရေးတွေကိုပါ အချိန်ပေးပြီး တစိုက်မတ်မတ်နဲ့ လုပ်ဆောင်ခဲ့တဲ့ ရလဒ်ကောင်းကိုပါ သူ့ရဲ့တကျော့ပြန်ခြေစွမ်းမှာ မြင်တွေ့နေရတာပါ။

ဒဏ်ရာကနေ အသန်မာဆုံးရုန်းထလာခဲ့တဲ့ ဒတ်ချ်သားကြီးဟာ ဒီရာသီအဖွင့် ၂ ပွဲဆက်မှာ လီဗာပူးလ်ရဲ့ ပထမလူစာရင်းထဲ ပြန်လည်အသုံးတော်ခံရင်း နော်ဝစ်ချ်၊ ဘန်လေတို့နဲ့ပွဲမှာ ပေးဂိုးမရှိအောင် စွမ်းဆောင်ပြီး ဥရောပချန်ပီယံလိဂ်မှာ ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံထားတဲ့ ချယ်လ်ဆီးနဲ့ပွဲမှာတော့ တဂိုးသာပေးထားခဲ့ရတာပါ။

အပြာရောင်တို့ကို ဧည့်ခံကစားခဲ့တဲ့ အန်ဖီးလ်မြေက ပွဲမှာတော့ လူသန်တိုက်စစ်မှူးကြီး ရိုမီလူ လူကာကူးကို နိုင်နိုင်နင်းနင်းထိန်းချုပ်သွားခဲ့တာကို တွေ့ရပြီး ဘယ်လ်ဂျီယမ်ရဲ့ဂိုးခြိမ်းခြောက်နိုင်စွမ်းတွေကို ပြောင်ပြောင်မြောက်မြောက် ရပ်တန့်နိုင်ခဲ့သလို ” ရိုးရွိုက်စ်ခံစစ်မှူး ” အဖြစ်ပါ တကျော့ပြန်နာမည်ကြီးပြီး တွစ်တာမှာ သူ့ရဲ့ကစားပုံတွေ ပြန်လည်ထုတ်နုတ်ပြီး တခဲနက်အားပေးနေကြတာပါ။

ကမ္ဘာ့အဆင့်ခြေစွမ်းမျိုးကို ပြန်လည်ပြသနိုင်ခဲ့သလို လီဗာပူးလ်တသင်းလုံးကို သူ့ရဲ့ခံစစ်ကစားမှု၊ ဘောလုံးအနုပညာ၊ အဝေးဘောပေးပို့မှုတွေနဲ့ ဝင်ရိုးတခုလို ပြန်လည်မောင်းနှင်ပြီး ဦးဆောင်ပြနေပြီး ဒါဟာ ဒူးဒဏ်ရာအကင်းသေစ ကစားသမားမျိုးရဲ့ ခြေစွမ်းမျိုးမှ ဟုတ်ရဲ့လားလို့ အံ့အားယူရတဲ့အထိ တည်ငြိမ်ပါးနပ်ပြီး ယုံကြည်မှုအပြည့်နဲ့ ​ခြေစွမ်းပြနေတာပါ။

ချယ်လ်ဆီးနဲ့ပွဲဟာ နာလန်ထစ သူ့အတွက် ၃ ပွဲဆက်ပါဝင်ကစားထားရာမှာ အခက်ခဲဆုံးပွဲလို့ ဆိုနိုင်ပြီး ဥရောပရဲ့ လက်ရှိခံစစ်အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ပြိုင်ဘက်အသင်းဆီက သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရပေမယ့် ဒါဟာ ပရီးမီးယားလိဂ်မြက်ခင်းစိမ်းမှာ ပြန်လည်အခြေချစကာလရဲ့ ​ခြေစွမ်းလို့ဆိုရင် ” စစ်သူကြီး ” တဦးလို၊ “အောင်နိုင်သူ” တဦးလို ကြံ့ခိုင်မှုအပြည့်နဲ့ အရင်က ပုံမှန်ခြေစွမ်းမျိုးကို ပြန်လည်ပြသနိုင်မယ်ဆိုရင်တော့ လီဗာပူးလ်အသင်းက ကြောက်ခမန်းလိလိ​ခြေစွမ်းမျိူးနဲ့ တကျော့ပြန် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖွယ်ရှိနေကြောင်းလည်း အ​​လေးပေးခံထားရပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္အသင္းကို ခ်န္ပီယံလိဂ္ဖလားအျပင္ ႏွစ္ ၃၀ ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကိုပါ သမိုင္းဝင္ဆြတ္ခူးေပးႏိုင္ခဲ့တဲ့ ဒတ္ခ်္ဗဟိုခံစစ္မႉးႀကီး ဗာဂ်ီးလ္ ဗန္ဒိုက္ဟာ ၿပီးခဲ့တဲ့ရာသီအစပိုင္းက ဒူးအ႐ြတ္​ေၾကာဒဏ္ရာနဲ႔ အနားမယူခင္အထိ အသင္းရဲ႕ “ဟာက်ဴလီ” လူစြမ္းေကာင္းႀကီးအျဖစ္ ဂုဏ္ျပဳခံထားရသူပါ။

ဒါေပမယ့္လည္း အသက္ ၃၀ ႏွစ္သား အဲဗာတန္နဲ႔ပြဲက ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ေပးတဲ့ ဒဏ္ရာေၾကာင့္ တႏွစ္နီးပါးအနားယူခဲ့ရၿပီး ဒါဟာလည္း ေဘာလုံးသမားဘဝကိုပါ အဆုံးသတ္သြားေစႏိုင္တဲ့အထိ ႏွိပ္စက္ႏိုင္တဲ့ အဆိုး႐ြားဆုံး ဒူးဒဏ္ရာေတြထဲက တခုျဖစ္ေနလို႔ နဂိုေျခစြမ္းနဲ႔ သူျပန္လာႏိုင္ပါ့မလားလို႔ စိုးရိမ္စရာတခုျဖစ္ခဲ့ရတာပါ။

စိုးရိမ္မႈေတြကို ေျပာင္းျပန္လွန္ပစ္ႏိုင္ခဲ့တဲ့ ဗန္ဒိုက္က အခုရာသီအဖြင့္မွာကတည္းက ေဒါင္ေဒါင္ျမည္ကစားသမားအျဖစ္ ကြင္းထဲမွာ သက္ေသျပခဲ့သလို ဒဏ္ရာကို စိတ္ရွည္လက္ရွည္ ကုစားခဲ့တဲ့အက်ိဳးေက်းဇူးအျပင္ မဆုတ္မနစ္တဲ့ ဇြဲလုံ႔လနဲ႔ ျပန္လည္ထူေထာင္ေရးေလ့က်င့္ေရးေတြကိုပါ အခ်ိန္ေပးၿပီး တစိုက္မတ္မတ္နဲ႔ လုပ္ေဆာင္ခဲ့တဲ့ ရလဒ္ေကာင္းကိုပါ သူ႔ရဲ႕တေက်ာ့ျပန္ေျခစြမ္းမွာ ျမင္ေတြ႕ေနရတာပါ။

ဒဏ္ရာကေန အသန္မာဆုံး႐ုန္းထလာခဲ့တဲ့ ဒတ္ခ်္သားႀကီးဟာ ဒီရာသီအဖြင့္ ၂ ပြဲဆက္မွာ လီဗာပူးလ္ရဲ႕ ပထမလူစာရင္းထဲ ျပန္လည္အသုံးေတာ္ခံရင္း ေနာ္ဝစ္ခ်္၊ ဘန္ေလတို႔နဲ႔ပြဲမွာ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ၿပီး ဥေရာပခ်န္ပီယံလိဂ္မွာ ခ်န္ပီယံအျဖစ္ ဗိုလ္ဝင္ခံထားတဲ့ ခ်ယ္လ္ဆီးနဲ႔ပြဲမွာေတာ့ တဂိုးသာေပးထားခဲ့ရတာပါ။

အျပာေရာင္တို႔ကို ဧည့္ခံကစားခဲ့တဲ့ အန္ဖီးလ္ေျမက ပြဲမွာေတာ့ လူသန္တိုက္စစ္မႉးႀကီး ႐ိုမီလူ လူကာကူးကို ႏိုင္ႏိုင္နင္းနင္းထိန္းခ်ဳပ္သြားခဲ့တာကို ေတြ႕ရၿပီး ဘယ္လ္ဂ်ီယမ္ရဲ႕ဂိုးၿခိမ္းေျခာက္ႏိုင္စြမ္းေတြကို ေျပာင္ေျပာင္ေျမာက္ေျမာက္ ရပ္တန္႔ႏိုင္ခဲ့သလို ” ႐ိုး႐ြိဳက္စ္ခံစစ္မႉး ” အျဖစ္ပါ တေက်ာ့ျပန္နာမည္ႀကီးၿပီး တြစ္တာမွာ သူ႔ရဲ႕ကစားပုံေတြ ျပန္လည္ထုတ္ႏုတ္ၿပီး တခဲနက္အားေပးေနၾကတာပါ။

ကမာၻ႔အဆင့္ေျခစြမ္းမ်ိဳးကို ျပန္လည္ျပသႏိုင္ခဲ့သလို လီဗာပူးလ္တသင္းလုံးကို သူ႔ရဲ႕ခံစစ္ကစားမႈ၊ ေဘာလုံးအႏုပညာ၊ အေဝးေဘာေပးပို႔မႈေတြနဲ႔ ဝင္႐ိုးတခုလို ျပန္လည္ေမာင္းႏွင္ၿပီး ဦးေဆာင္ျပေနၿပီး ဒါဟာ ဒူးဒဏ္ရာအကင္းေသစ ကစားသမားမ်ိဳးရဲ႕ ေျခစြမ္းမ်ိဳးမွ ဟုတ္ရဲ႕လားလို႔ အံ့အားယူရတဲ့အထိ တည္ၿငိမ္ပါးနပ္ၿပီး ယုံၾကည္မႈအျပည့္နဲ႔ ​ေျခစြမ္းျပေနတာပါ။

ခ်ယ္လ္ဆီးနဲ႔ပြဲဟာ နာလန္ထစ သူ႔အတြက္ ၃ ပြဲဆက္ပါဝင္ကစားထားရာမွာ အခက္ခဲဆုံးပြဲလို႔ ဆိုႏိုင္ၿပီး ဥေရာပရဲ႕ လက္ရွိခံစစ္အေကာင္းဆုံးအသင္းအျဖစ္ သတ္မွတ္ခံထားရတဲ့ ၿပိဳင္ဘက္အသင္းဆီက သေရတမွတ္နဲ႔သာ ေက်နပ္ခဲ့ရေပမယ့္ ဒါဟာ ပရီးမီးယားလိဂ္ျမက္ခင္းစိမ္းမွာ ျပန္လည္အေျခခ်စကာလရဲ႕ ​ေျခစြမ္းလို႔ဆိုရင္ ” စစ္သူႀကီး ” တဦးလို၊ “ေအာင္ႏိုင္သူ” တဦးလို ႀကံ့ခိုင္မႈအျပည့္နဲ႔ အရင္က ပုံမွန္ေျခစြမ္းမ်ိဳးကို ျပန္လည္ျပသႏိုင္မယ္ဆိုရင္ေတာ့ လီဗာပူးလ္အသင္းက ေၾကာက္ခမန္းလိလိ​ေျခစြမ္းမ်ိဴးနဲ႔ တေက်ာ့ျပန္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာဖြယ္ရွိေနေၾကာင္းလည္း အ​​ေလးေပးခံထားရပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.