Premier League

ယူနိုက်တက်ကစားသမားသစ် ရော်နယ်လ်ဒိုကို နံပါတ် ၇ ပေးဖို့ မီးစိမ်းကြိုပြနေတဲ့ ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ် ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ဘက်ကနေ အထူးအခွင့်အရေးပေးပြီး အသင်းရဲ့ မှတ်ပုံတင်ထားပြီး ဝတ်ဆင်သူရှိနေတဲ့ ကျောနံပါတ် ၇ ကို ပေးအပ်နိုင်ဖို့ ခွင့်ပြုသွားဖွယ်ရှိနေတယ်လို့ Premierleague.com မှာ ဖော်ပြထားမှုတွေအရ သိရပါတယ်။

ဒီသတင်းတွေကို ဒေးလီးမေးလ်က ဖော်ပြလိုက်တာဖြစ်ပြီး အသင်းကို ၁၂ နှစ်အကြာမှာ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကြီးအတွက် ပရိသတ်တွေ တွဲဖက်မြင်တွေ့လိုနေကြတဲ့ သူ့ရဲ့ အမှတ်အသား ကျောနံပါတ် ၇ ကို ပေးအပ်နိုင်ဖို့လည်း မျှော်လင့်ချက် ပိုမိုမြင့်မားလာခဲ့ရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ မန်ချက်စတာယူနိုက်တက်ကစားသမားတွေကို စုစည်းဖော်ပြထားခဲ့ရာမှာ သူတို့တွေအနေနဲ့ ရှေ့တန်းတိုက်စစ်မှာ အက်ဒင်ဆန် ကာဗာနီကိုရော ရော်နယ်လ်ဒိုကိုပါ နံပါတ် ၇ အနေနဲ့ “၇ နှစ်ယောက်”အဖြစ် ဖော်ပြထားခဲ့သလို စောင့်ကြည့်သူတွေရဲ့ စိတ်ဝင်စားမှုတွေကိုလည်း ပိုမိုမြင့်တက်လာစေခဲ့တာပါ။

လက်ရှိမှာ တိုက်စစ်မှူး ကာဗာနီ ဝတ်ဆင်နေတဲ့ ဒီနံပါတ်ကို ဥရုဂွေးသားအနေနဲ့ လွှဲပြောင်းပေးအပ်ဖို့ ခက်ခဲဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုထားခဲ့ကြပြီး ဂျေဒန် ဆန်ချိုရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ချိန်မှာ သူ့ထက် ပုံရိပ်ချင်း မယှဉ်သာအောင်ကြီးတဲ့ GOAT ဘွဲ့ခံ ရော်နယ်လ်ဒိုအတွက်တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ခြေရှိနေခဲ့တာလည်းဖြစ်ပါတယ်။

၂၀၀၃-၀၄ ရာသီမှာ မန်ချက်စတာယူနိုက်တက်နဲ့ CR7 လို့ ဖြစ်လာခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကျောနံပါတ် ၉ ကို တစ်ရာသီ ဝတ်ဆင်ခဲ့ဖူးတာကလွဲလို့ ကျန်တဲ့ ရာသီတွေမှာ နံပါတ် ၇ အင်္ကျီကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့တာဖြစ်ပြီး မန်စီးတီးကို ရောက်မယ်လုပ်ပြီးမှ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့တဲ့ မထင်မှတ်တဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ရအပြီးမှာ ဒီနံပါတ်ကို ရဖို့က ဘာထူးဆန်းလို့လဲလို့ ပရိသတ်တွေက ထင်မြင်နေကြတာပါ။

လက်ရှိမှာ ကနဦး ခန့်မှန်းမှုတွေအရ အဆင်မပြေခဲ့ရင်ဆိုတဲ့ အတွေးနဲ့ လာလီဂါကလပ် အလာဗက်စ်အသင်းဆီကို အငှားထွက်သွားခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဖာကန်ဒို ပယ်လစ္စထရီရဲ့ ကျောနံပါတ် ၂၈ ကို စပို့တင်းလစ္စဘွန်းအသင်းကစားသမားဘဝ အမှတ်တရအနေနဲ့ ရယူသွားဖွယ်ရှိနေတယ်လို့ ဆိုပေမယ့် လက်ရှိမှာတော့ အပြောင်းအလဲရှိလာနိုင်နေတာပါ။

အသင်းပရိသတ်တွေ ချစ်မြတ်နိုးကြပြီး ပုံရိပ်လည်း ကြီးမားလွန်းလှတဲ့ ရော်နယ်လ်ဒိုကို ကာဗာနီအနေနဲ့ အင်္ကျီချွတ်ပေးခဲ့ပြီး ပရီးမီးယားလိဂ်ဘက်ကလည်း ခွင့်ပြုပေးခဲ့မယ်ဆိုရင်တော့ လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကစားရမယ့် နယူးကာဆယ်လ်နဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက် ကစားသမားသစ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလွန်းနေခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားသစ္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ ပရီးမီးယားလိဂ္ ေဘာလုံးအဖြဲ႕ခ်ဳပ္ဘက္ကေန အထူးအခြင့္အေရးေပးၿပီး အသင္းရဲ႕ မွတ္ပုံတင္ထားၿပီး ဝတ္ဆင္သူရွိေနတဲ့ ေက်ာနံပါတ္ ၇ ကို ေပးအပ္ႏိုင္ဖို႔ ခြင့္ျပဳသြားဖြယ္ရွိေနတယ္လို႔ Premierleague.com မွာ ေဖာ္ျပထားမႈေတြအရ သိရပါတယ္။

ဒီသတင္းေတြကို ေဒးလီးေမးလ္က ေဖာ္ျပလိုက္တာျဖစ္ၿပီး အသင္းကို ၁၂ ႏွစ္အၾကာမွာ တစ္ေက်ာ့ျပန္ ေရာက္ရွိလာခဲ့တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉးႀကီးအတြက္ ပရိသတ္ေတြ တြဲဖက္ျမင္ေတြ႕လိုေနၾကတဲ့ သူ႔ရဲ႕ အမွတ္အသား ေက်ာနံပါတ္ ၇ ကို ေပးအပ္ႏိုင္ဖို႔လည္း ေမွ်ာ္လင့္ခ်က္ ပိုမိုျမင့္မားလာခဲ့ရတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္မွာ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြကို စုစည္းေဖာ္ျပထားခဲ့ရာမွာ သူတို႔ေတြအေနနဲ႔ ေရွ႕တန္းတိုက္စစ္မွာ အက္ဒင္ဆန္ ကာဗာနီကိုေရာ ေရာ္နယ္လ္ဒိုကိုပါ နံပါတ္ ၇ အေနနဲ႔ “၇ ႏွစ္ေယာက္”အျဖစ္ ေဖာ္ျပထားခဲ့သလို ေစာင့္ၾကည့္သူေတြရဲ႕ စိတ္ဝင္စားမႈေတြကိုလည္း ပိုမိုျမင့္တက္လာေစခဲ့တာပါ။

လက္ရွိမွာ တိုက္စစ္မႉး ကာဗာနီ ဝတ္ဆင္ေနတဲ့ ဒီနံပါတ္ကို ဥ႐ုေဂြးသားအေနနဲ႔ လႊဲေျပာင္းေပးအပ္ဖို႔ ခက္ခဲဖြယ္ရွိေနတယ္လို႔ သတင္းေတြက ဆိုထားခဲ့ၾကၿပီး ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ ေတာင္းဆိုမႈကို ပယ္ခ်ခဲ့ခ်ိန္မွာ သူ႔ထက္ ပုံရိပ္ခ်င္း မယွဥ္သာေအာင္ႀကီးတဲ့ GOAT ဘြဲ႕ခံ ေရာ္နယ္လ္ဒိုအတြက္ေတာ့ တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားႏိုင္ေျခရွိေနခဲ့တာလည္းျဖစ္ပါတယ္။

၂၀၀၃-၀၄ ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ CR7 လို႔ ျဖစ္လာခဲ့တဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းမွာ ေက်ာနံပါတ္ ၉ ကို တစ္ရာသီ ဝတ္ဆင္ခဲ့ဖူးတာကလြဲလို႔ က်န္တဲ့ ရာသီေတြမွာ နံပါတ္ ၇ အက်ႌကိုသာ စြဲစြဲၿမဲၿမဲ ဝတ္ဆင္ခဲ့တာျဖစ္ၿပီး မန္စီးတီးကို ေရာက္မယ္လုပ္ၿပီးမွ အိုးလ္ထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ မထင္မွတ္တဲ့ အျဖစ္ကို ႀကဳံေတြ႕ခဲ့ရအၿပီးမွာ ဒီနံပါတ္ကို ရဖို႔က ဘာထူးဆန္းလို႔လဲလို႔ ပရိသတ္ေတြက ထင္ျမင္ေနၾကတာပါ။

လက္ရွိမွာ ကနဦး ခန႔္မွန္းမႈေတြအရ အဆင္မေျပခဲ့ရင္ဆိုတဲ့ အေတြးနဲ႔ လာလီဂါကလပ္ အလာဗက္စ္အသင္းဆီကို အငွားထြက္သြားခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ဖာကန္ဒို ပယ္လစၥထရီရဲ႕ ေက်ာနံပါတ္ ၂၈ ကို စပို႔တင္းလစၥဘြန္းအသင္းကစားသမားဘဝ အမွတ္တရအေနနဲ႔ ရယူသြားဖြယ္ရွိေနတယ္လို႔ ဆိုေပမယ့္ လက္ရွိမွာေတာ့ အေျပာင္းအလဲရွိလာႏိုင္ေနတာပါ။

အသင္းပရိသတ္ေတြ ခ်စ္ျမတ္ႏိုးၾကၿပီး ပုံရိပ္လည္း ႀကီးမားလြန္းလွတဲ့ ေရာ္နယ္လ္ဒိုကို ကာဗာနီအေနနဲ႔ အက်ႌခြၽတ္ေပးခဲ့ၿပီး ပရီးမီးယားလိဂ္ဘက္ကလည္း ခြင့္ျပဳေပးခဲ့မယ္ဆိုရင္ေတာ့ လာမယ့္ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ ကစားရမယ့္ နယူးကာဆယ္လ္နဲ႔ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားသစ္တစ္ေယာက္အေနနဲ႔ ဘယ္လိုျမင္ေတြ႕ရမလဲဆိုတာကေတာ့ စိတ္ဝင္စားစရာ ေကာင္းလြန္းေနခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.