Article Other Premier League

ပရိသတ်တွေ မုန်းဖို့ ခက်လောက်အောင် ချစ်ခင်မှုတွေဖြစ်စေတဲ့ လက်ရှိကမ္ဘာကျော်ဘောလုံးသမား ၅ ဦးအကြောင်း

အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ဘောလုံးလောကခေတ်သစ်မှာတော့ ကစားသမားတွေအတွက် တောင်းဆိုချက်ပုံစံတွေက အတော်လေးများသလို ပရိသတ်တွေ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေချိန်မှာ ဒါဟာ ဖိအားတခုအဖြစ် သက်ရောက်လေ့ရှိပေမယ့် အသန့်ရှင်းဆုံးကစားပြီး ပရိသတ်အချစ်ကို အလိုလိုသိမ်းပိုက်သွားနိုင်ခဲ့တဲ့ ကစားသမားစာရင်း လူတိုင်းက ချစ်ခင်လေ့လည်း ရှိပါတယ်။မတူညီတဲ့ ကလပ်အသင်းကိုယ်စီမှာ ကစားနေပေမယ့် ဘောလုံးချစ်မြတ်နိုးသူတိုင်း မုန်းမရပဲ ချစ်ခင်မှုတွေသာရရှိနေတဲ့ လက်ရိ မြက်ခင်းစိမ်းတွေပေါ်ကစားနေတဲ့ ကမ္ဘာကျော်ဘောလုံးသမား ၅ ဦးအကြောင်း တင်ဆက်ပေးပါရစေ။

ရောဘတ် လီဗန်ဒေါ့ဗ်စကီး
ဘိုင်ယန်မြူးနစ်အသင်းကိုရော ပိုလန်လက်ရွေးစင်အသင်းကိုပါ ပခုံးထမ်းတင်နိုင်စွမ်းရှိတဲ့ အသက် ၃၃ နှစ်သားက ကလပ်အတွက်ရော နိုင်ငံအသင်းအတွက်ပါ စုစုပေါင်းသွင်းဂိုး ၅၀၀ ကျော် ရယူထားသလို ပြီးခဲ့တဲ့မေလကလည်း ဘိုင်ယန်ဂန္ထဝင်တိုက်စစ်မှူးကြီး ဂတ်မူလာရဲ့ သမိုင်းဝင်ဂိုးသွင်းစံချိန်ကို အမီလိုက်နိုင်ခဲ့တာပါ။

၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့တဲ့ ပိုလန်အသင်းဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ ဝင်တိုးခွင့်ရခဲ့ပြီး ပြိုင်ပွဲရဲ့ ​ခြေစစ်ပွဲအဆင့်မှာ သူက ၁၆ ဂိုးသွင်းခဲ့နိုင်ပြီး နိုင်ငံတကာမှာ တဆင့်နိမ့်တဲ့ လက်ရွေးစင်ကို ဆွဲတင်နိုင်ခဲ့သလို ကလပ်အသင်းအတွက်လည်း ၆၃၃ ပွဲကစားထားရာမှာ တိုက်ရိုကိအနီကတ်တကြိမ်သာထိခဲ့ဖူးသလို နှစ်ဝါတနီလည်း တကြိမ်သာရခဲ့ဖူးတာကြောင့် စည်းကမ်းပိုင်းအရ အလွန်သေဝပ်တယ်လို့ ဆိုရမှာပါ။

ဂျိမ်းစ် ရိုဒရီဂွက်ဇ်
၂၀၁၄ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာအသင်းနဲ့အတူ ​​ခြေစွမ်းပြပြီး ဘောလုံးလောကကို ဖမ်းစားနိုင်ခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရခဲ့သလို သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ယူရို ၇၃ သန်းနဲ့ ပြောင်းရွှေ့နိုင်ခဲ့ပေမယ့် ဘာနေဗျူးက အန်ဆလော့တီနဲ့ ဇီဒန်းတို့လို နည်းပြကြီးနှစ်ဦးလက်အောက်မှာတော့ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သူပါ။

ဒါပေမယ့် သူက အရန်ခုံမှာ ပြုံးရွှင်ပြီး ထိုင်နေတတ်သလို သူ့ရဲ့ပရဟိတအလုပ်တွေကလည်း ပရိသတ်တွေရဲ့ ချီးကျူးစရာဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်က ကိုလံဘီယာက Mocoa မြို့မှာ ရေကြီးမြေပြိုခဲ့ချိန်မှာလည်း ကမ္ဘာကြီးကို ပထမဆုံးအကူအညီတောင်းနိုင်ခဲ့တဲ့အပြင် ဘိုင်ယန်ကို အငှားချခံရချိန်မှာလည်း ၆၇ ပွဲ၊ သွင်းဂိုးပါဝင်ပတ်သတ်မှု ၃၅ ဂိုးအထိ ရှိခဲ့တာပါ။ အဲဗာတန်ကို ရောက်လာခဲ့ချိန်မှာတော့ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပေမယ့် သူ့တသက်မှာတော့ အနီကတ်နှစ်ကတ်သာထိပြီး အသန့်ရှင်းဆုံးကစားနိုင်ခဲ့သူပါ။

လူကာ မိုဒရစ်
ခရိုအေးရှားအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ဆွဲတင်ပေးနိုင်ခဲ့တဲ့ အသက် ၃၅ နှစ်သားက ဘောလုံးပရိသတ်တိုင်းရဲ့ နှလုံးသားကို သူ့ရဲ့မှော်ဝင်ခြေစွမ်းနဲ့ ညှို့ယူနိင်ခဲ့သလို ၂၀၀၆ ခုနှစ်ကတည်းက လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရသူပါ။

ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ လုံးအထိ စွမ်းဆောင်ခဲ့ပြီး သူ့ရဲ့ဘောလုံးအနုပညာနဲ့ ဖန်တီးပေးပို့မှုတွေက သူမတူအောင်ထူးခြားပြီး ၂၀၁၂ ခုနှစ်က ဘာနေဗျူးပရိသတ်တွေရဲ့ အသင်းရဲ့ထာဝရအဆိုးရွားဆုံးခေါ်ယူမှုဆိုတဲ့ ဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့သလို ၂၀၁၈ ခုနှစ်ရဲ့ ဘလွန်ဒေါဆုကို CR7၊ လီယွန်နယ် မက်ဆီတို့ကို ကျော်ဖြတ်ပြီး အောင်ပွဲခံခွင့်ရခဲ့သူမို့ လူချစ်လူခင်လည်းများလွန်းလှပါတယ်။

ဆွန်ဟောင်မင်
အာရှတိုက်နဲ့ တောင်ကိုရီးယားဂုဏ်ဆောင်ကစားသမားဖြစ်တဲ့ ဆွန်နီက စပါးစ်အသင်းမှာ အထူးတလည်တောက်ပလာခဲ့သူဖြစ်သလို ဝှိုက်ဟတ်လိန်းမှာ ပရိသတ်လက်ခုပ်သံတွေကို အကြီးအကျယ်သဲ့ယူနိုင်ခဲ့ပြီး အချက်အလက်အရ တောင်ကိုရီးယားစပါးစ်ပရိသတ်ဟာ ဗြိတိန်ထက်တောင် ပိုများတယ်လို့ သိရှိထားရပါတယ်။

လက်ရှိမှာ စပါးစ်အသင်းရဲ့ ၁၅ ရာခိုင်နှုန်းသောသွင်းဂိုးကို ရယူထားသူဖြစ်သလို လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ၄၄ ဂိုးသွင်းယူထားတဲ့အပြင် ဂါရက်သ်ဘေးလ်ကတောင် ကမ္ဘာပေါ်မှာ လူကြီးလူကောင်းအဆန်ဆုံးပုဂ္ဂိုလ်အဖြစ် ချီးကျူးခံထားရတဲ့ သူ့ရဲ့လူမှုဘဝမှာ မျက်နှာမှာ အပြုံးပန်းတဝေဝေနဲ့ နေထိုင်တတ်သလို ပရိသတ်အချစ်တော်ပီပီ အသက် ၂၉ နှစ်သားဟာ ၂၀၁၉ ခုနှစ်က မိခင်နိုင်ငံရဲ့ တောမီးလောင်ကျွမ်းမှုမှာ ပေါင် ၁ သိန်းလှူဒါန်းခဲ့သူလည်းဖြစ်ပါတယ်။

အန်ဂိုလို ကွန်တေ
စိတ်နှလုံးဖြူစင်နွေးထွေးလွန်းလှပြီး ခြေစွမ်းနဲ့မလိုက်အောင် ဘဝကို အမြဲနှိမ့်နှိမ့်ချချနဲ့ အောက်ခြေမလွတ်တတ်တဲ့ ပြင်သစ်သားဟာ ကမ္ဘာပေါ်မှာ အလေးစားခံရဆုံးနဲ့ ချစ်မဝအဖြစ်ရဆုံး ဘောလုံးသမားတဦးအဖြစ် သတ်မှတ်ခံထားရပါသေးတယ်။

ပြင်သစ်အဆင့်နိမ့်လိဂ်မှာ ကျင်လည်နေခဲ့ရပြီးကစားသမားဘဝတဆင့်တက်လို့ လက်စတာအသင်းကို ရောက်ရှိလာခဲ့ချိန်မှာတော့ ပွဲဦးထွက်ရာသီမှာတင် အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံနိုင်ခဲ့သလို နာမည်တလုံးကို အခိုင်အမာတည်ဆောက်ယူနိုင်ခဲ့ပြီး ကွင်းလယ်အဖျက်နေရာမှာ ကစားပေမယ့် ပရီးမီးယားလိဂ်မှာ လက်ရှိအချိန်ထိ အနီကတ်မထိထားသေးသူလည်း ဖြစ်တဲ့အပြင် ပြင်သစ်လက်ရွေးစင်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံအဖြစ်လည်း အောင်ပွဲခံနိုင်ခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အရွိန္အဟုန္နဲ႔ တိုးတက္လာတဲ့ ေဘာလုံးေလာကေခတ္သစ္မွာေတာ့ ကစားသမားေတြအတြက္ ေတာင္းဆိုခ်က္ပုံစံေတြက အေတာ္ေလးမ်ားသလို ပရိသတ္ေတြ ၿပိဳင္ဆိုင္မႈေတြ ျပင္းထန္ေနခ်ိန္မွာ ဒါဟာ ဖိအားတခုအျဖစ္ သက္ေရာက္ေလ့ရွိေပမယ့္ အသန႔္ရွင္းဆုံးကစားၿပီး ပရိသတ္အခ်စ္ကို အလိုလိုသိမ္းပိုက္သြားႏိုင္ခဲ့တဲ့ ကစားသမားစာရင္း လူတိုင္းက ခ်စ္ခင္ေလ့လည္း ရွိပါတယ္။မတူညီတဲ့ ကလပ္အသင္းကိုယ္စီမွာ ကစားေနေပမယ့္ ေဘာလုံးခ်စ္ျမတ္ႏိုးသူတိုင္း မုန္းမရပဲ ခ်စ္ခင္မႈေတြသာရရွိေနတဲ့ လက္ရိ ျမက္ခင္းစိမ္းေတြေပၚကစားေနတဲ့ ကမာၻေက်ာ္ေဘာလုံးသမား ၅ ဦးအေၾကာင္း တင္ဆက္ေပးပါရေစ။

ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး
ဘိုင္ယန္ျမဴးနစ္အသင္းကိုေရာ ပိုလန္လက္ေ႐ြးစင္အသင္းကိုပါ ပခုံးထမ္းတင္ႏိုင္စြမ္းရွိတဲ့ အသက္ ၃၃ ႏွစ္သားက ကလပ္အတြက္ေရာ ႏိုင္ငံအသင္းအတြက္ပါ စုစုေပါင္းသြင္းဂိုး ၅၀၀ ေက်ာ္ ရယူထားသလို ၿပီးခဲ့တဲ့ေမလကလည္း ဘိုင္ယန္ဂႏၴဝင္တိုက္စစ္မႉးႀကီး ဂတ္မူလာရဲ႕ သမိုင္းဝင္ဂိုးသြင္းစံခ်ိန္ကို အမီလိုက္ႏိုင္ခဲ့တာပါ။

၂၀၁၀ နဲ႔ ၂၀၁၄ ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ခဲ့တဲ့ ပိုလန္အသင္းဟာ ၂၀၁၈ ႐ုရွားကမာၻ႔ဖလားမွာ ဝင္တိုးခြင့္ရခဲ့ၿပီး ၿပိဳင္ပြဲရဲ႕ ​ေျခစစ္ပြဲအဆင့္မွာ သူက ၁၆ ဂိုးသြင္းခဲ့ႏိုင္ၿပီး ႏိုင္ငံတကာမွာ တဆင့္နိမ့္တဲ့ လက္ေ႐ြးစင္ကို ဆြဲတင္ႏိုင္ခဲ့သလို ကလပ္အသင္းအတြက္လည္း ၆၃၃ ပြဲကစားထားရာမွာ တိုက္႐ိုကိအနီကတ္တႀကိမ္သာထိခဲ့ဖူးသလို ႏွစ္ဝါတနီလည္း တႀကိမ္သာရခဲ့ဖူးတာေၾကာင့္ စည္းကမ္းပိုင္းအရ အလြန္ေသဝပ္တယ္လို႔ ဆိုရမွာပါ။

ဂ်ိမ္းစ္ ႐ိုဒရီဂြက္ဇ္
၂၀၁၄ ကမာၻ႔ဖလားမွာ ကိုလံဘီယာအသင္းနဲ႔အတူ ​​ေျခစြမ္းျပၿပီး ေဘာလုံးေလာကကို ဖမ္းစားႏိုင္ခဲ့တဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္က ၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုရခဲ့သလို သူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို ယူ႐ို ၇၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ေပမယ့္ ဘာေနဗ်ဴးက အန္ဆေလာ့တီနဲ႔ ဇီဒန္းတို႔လို နည္းျပႀကီးႏွစ္ဦးလက္ေအာက္မွာေတာ့ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးခဲ့သူပါ။

ဒါေပမယ့္ သူက အရန္ခုံမွာ ၿပဳံး႐ႊင္ၿပီး ထိုင္ေနတတ္သလို သူ႔ရဲ႕ပရဟိတအလုပ္ေတြကလည္း ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးစရာျဖစ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္က ကိုလံဘီယာက Mocoa ၿမိဳ႕မွာ ေရႀကီးေျမၿပိဳခဲ့ခ်ိန္မွာလည္း ကမာၻႀကီးကို ပထမဆုံးအကူအညီေတာင္းႏိုင္ခဲ့တဲ့အျပင္ ဘိုင္ယန္ကို အငွားခ်ခံရခ်ိန္မွာလည္း ၆၇ ပြဲ၊ သြင္းဂိုးပါဝင္ပတ္သတ္မႈ ၃၅ ဂိုးအထိ ရွိခဲ့တာပါ။ အဲဗာတန္ကို ေရာက္လာခဲ့ခ်ိန္မွာေတာ့ ဒဏ္ရာေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္ သူ႔တသက္မွာေတာ့ အနီကတ္ႏွစ္ကတ္သာထိၿပီး အသန္႔ရွင္းဆုံးကစားႏိုင္ခဲ့သူပါ။

လူကာ မိုဒရစ္
ခ႐ိုေအးရွားအသင္းကို ၂၀၁၈ ကမာၻ႔ဖလားဗိုလ္လုပြဲအထိ ဆြဲတင္ေပးႏိုင္ခဲ့တဲ့ အသက္ ၃၅ ႏွစ္သားက ေဘာလုံးပရိသတ္တိုင္းရဲ႕ ႏွလုံးသားကို သူ႔ရဲ႕ေမွာ္ဝင္ေျခစြမ္းနဲ႔ ညႇိဳ႕ယူနိင္ခဲ့သလို ၂၀၀၆ ခုႏွစ္ကတည္းက လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရသူပါ။

ရီးရဲလ္မက္ဒရစ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ လုံးအထိ စြမ္းေဆာင္ခဲ့ၿပီး သူ႔ရဲ႕ေဘာလုံးအႏုပညာနဲ႔ ဖန္တီးေပးပို႔မႈေတြက သူမတူေအာင္ထူးျခားၿပီး ၂၀၁၂ ခုႏွစ္က ဘာေနဗ်ဴးပရိသတ္ေတြရဲ႕ အသင္းရဲ႕ထာဝရအဆိုး႐ြားဆုံးေခၚယူမႈဆိုတဲ့ ေဝဖန္သံေတြကို တိတ္ဆိတ္ေစခဲ့သလို ၂၀၁၈ ခုႏွစ္ရဲ႕ ဘလြန္ေဒါဆုကို CR7၊ လီယြန္နယ္ မက္ဆီတို႔ကို ေက်ာ္ျဖတ္ၿပီး ေအာင္ပြဲခံခြင့္ရခဲ့သူမို႔ လူခ်စ္လူခင္လည္းမ်ားလြန္းလွပါတယ္။

ဆြန္ေဟာင္မင္
အာရွတိုက္နဲ႔ ေတာင္ကိုရီးယားဂုဏ္ေဆာင္ကစားသမားျဖစ္တဲ့ ဆြန္နီက စပါးစ္အသင္းမွာ အထူးတလည္ေတာက္ပလာခဲ့သူျဖစ္သလို ဝႈိက္ဟတ္လိန္းမွာ ပရိသတ္လက္ခုပ္သံေတြကို အႀကီးအက်ယ္သဲ့ယူႏိုင္ခဲ့ၿပီး အခ်က္အလက္အရ ေတာင္ကိုရီးယားစပါးစ္ပရိသတ္ဟာ ၿဗိတိန္ထက္ေတာင္ ပိုမ်ားတယ္လို႔ သိရွိထားရပါတယ္။

လက္ရွိမွာ စပါးစ္အသင္းရဲ႕ ၁၅ ရာခိုင္ႏႈန္းေသာသြင္းဂိုးကို ရယူထားသူျဖစ္သလို လက္ေ႐ြးစင္အသင္းေခါင္းေဆာင္အျဖစ္ ၄၄ ဂိုးသြင္းယူထားတဲ့အျပင္ ဂါရက္သ္ေဘးလ္ကေတာင္ ကမာၻေပၚမွာ လူႀကီးလူေကာင္းအဆန္ဆုံးပုဂၢိဳလ္အျဖစ္ ခ်ီးက်ဴးခံထားရတဲ့ သူ႔ရဲ႕လူမႈဘဝမွာ မ်က္ႏွာမွာ အၿပဳံးပန္းတေဝေဝနဲ႔ ေနထိုင္တတ္သလို ပရိသတ္အခ်စ္ေတာ္ပီပီ အသက္ ၂၉ ႏွစ္သားဟာ ၂၀၁၉ ခုႏွစ္က မိခင္ႏိုင္ငံရဲ႕ ေတာမီးေလာင္ကြၽမ္းမႈမွာ ေပါင္ ၁ သိန္းလႉဒါန္းခဲ့သူလည္းျဖစ္ပါတယ္။

အန္ဂိုလို ကြန္ေတ
စိတ္ႏွလုံးျဖဴစင္ေႏြးေထြးလြန္းလွၿပီး ေျခစြမ္းနဲ႔မလိုက္ေအာင္ ဘဝကို အၿမဲႏွိမ့္ႏွိမ့္ခ်ခ်နဲ႔ ေအာက္ေျခမလြတ္တတ္တဲ့ ျပင္သစ္သားဟာ ကမာၻေပၚမွာ အေလးစားခံရဆုံးနဲ႔ ခ်စ္မဝအျဖစ္ရဆုံး ေဘာလုံးသမားတဦးအျဖစ္ သတ္မွတ္ခံထားရပါေသးတယ္။

ျပင္သစ္အဆင့္နိမ့္လိဂ္မွာ က်င္လည္ေနခဲ့ရၿပီးကစားသမားဘဝတဆင့္တက္လို႔ လက္စတာအသင္းကို ေရာက္ရွိလာခဲ့ခ်ိန္မွာေတာ့ ပြဲဦးထြက္ရာသီမွာတင္ အဂၤလန္ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံအျဖစ္ ဗိုလ္ဝင္ခံႏိုင္ခဲ့သလို နာမည္တလုံးကို အခိုင္အမာတည္ေဆာက္ယူႏိုင္ခဲ့ၿပီး ကြင္းလယ္အဖ်က္ေနရာမွာ ကစားေပမယ့္ ပရီးမီးယားလိဂ္မွာ လက္ရွိအခ်ိန္ထိ အနီကတ္မထိထားေသးသူလည္း ျဖစ္တဲ့အျပင္ ျပင္သစ္လက္ေ႐ြးစင္နဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံအျဖစ္လည္း ေအာင္ပြဲခံႏိုင္ခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.