Article Bundesliga La Liga Ligue1 Premier League Serie A

အန်ချယ်လော့တီက ကန်ထုတ်ခဲ့ပေမယ့် ပတ္တမြားမှန်လို့ နွံမနစ်ခဲ့တဲ့ ကမ္ဘာကျော် ၇ ဦး

အီတလီသားကြီး နည်းပြ ကာလို အန်ချယ်လော့တီဆိုတာ ဘဝတစ်လျှောက်မှာ ဆုဖလားပေါင်း ၂၀ အထိ ဆွတ်ခူးခဲ့သူဖြစ်သလို လက်ရှိ အသက် ၆၁ နှစ်အရွယ်မှာလည်း ရီးရဲမက်ဒရစ်အသင်းကို တစ်ကျော့ပြန်နည်းပြနေတာပါ။ သူက သမိုင်းမှာ ဥရောပဖလားသို့ ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်ဆွတ်ခူးထားခဲ့တဲ့ နည်းပြ ၃ ဦးထဲက တစ်ဦးအပါအဝင်ဖြစ်သလို မတူညီတဲ့ ကလပ် ၃ သင်းနဲ့ ဆွတ်ခူးထားတဲ့ တစ်ဦးတည်းသော နည်းပြလည်းဖြစ်နေပါသေးတယ်။ ဒါပေမယ့် ဒီလိုလူမျိုးကလည်း ဆုံးဖြတ်ချက်တွေ မှားတတ်ပြီး သူက ကန်ထုတ်ခဲ့ပေမယ့် ပတ္တမြားမှန်လို့ နွံမနစ်ခဲ့တဲ့ ကမ္ဘာကျော် ၇ ဦးကို တင်ဆက်ပေးချင်ပါတယ်။

ဂျော်ဂျင်ညို
နည်းပြကြီး အန်ချယ်လော့တီက ကာကာ၊ ယာ့ပ် စတမ်းနဲ့ အန်ဒရီ ရှက်ဖ်ချင်ကိုတို့လို နာမည်ကြီးတွေကိုလည်း သူ့အသင်းကနေ ထုတ်ရောင်းခဲ့ဖူးပေမယ့် ဒါက သူတို့​ခြေစွမ်း ကျသွားတဲ့အချိန်မှာဖြစ်ပြီး ဂျော်ဂျင်ညိုကတော့ သူ့နည်းပြဘဝတစ်လျှောက် ထုတ်ရောင်းခဲ့တဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံး နံပါတ် ၂ ကစားသမားဖြစ်သလို နာပိုလီကို ကိုင်တွယ်နေတဲ့ နည်းပြ ဆာရီနေရာ အစားထိုးဖို့ ရောက်လာချိန်မှာ ဘရာဇီးလ်သားကိုပါ ပေါင် ၅၇ သန်းနဲ့ ထုတ်ရောင်းပြီး ဆာရီနဲ့ ချယ်လ်ဆီး တစ်ပါတည်း ထည့်ပေးလိုက်တာပါ။

ဇာဘီ အလွန်ဆို
ရီးရဲလ်မက်ဒရစ်မှာ အန်ချယ်လော့တီရဲ့လက်အောက် တစ်ရာသီ ကစားခဲ့ဖူးတဲ့ စပိန်သားဟာ ၄၂ ပွဲကစားပြီး ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ၂၀၁၄ နွေရာသီမှာတော့ ဘိုင်ယန်မြူးနစ်ဆီ ပေါင် ၈ သန်းနဲ့ ပို့ပေးခဲ့တာဟာ အီတလီနည်းပြကြီးရဲ့ အရောင်းမှားတစ်ခုလို့ ဆိုနိုင်သလို ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံကွင်းလယ်လူဟာ ဂျာမန်ဘီလူးကြီးနဲ့အတူ ၃ ရာသီဆက်တိုက် ခြေစွမ်းပြပြီး ဆုဖလား ၅ လုံးအထိ ထပ်မံဆွတ်ခူးခဲ့ကာ သူ့အောင်မြင်မှုထဲကို ထည့်ပေါင်းထည့်နိုင်ခဲ့တာပါ။

မီဆွတ် အိုဇေးလ်
အိုဇေးလ်ကတော့ အလွန်ဆိုထက် ပိုဆိုးတဲ့အဖြစ်မျိုးကို ကြုံရပြီး ရီးရဲလ်မှာ ၃ ရာသီဆက်တိုက် ခြေစွမ်းပြလာခဲ့တဲ့ ဂျာမန်သားဟာ ဘလွန်ဒေါဆု ဆန်ခါတင် ၁၆ ဦးအဆင့်ကို တစ်နှစ်မှ မလွဲချော်ခဲ့ဘဲ တစ်နှစ်တာအကောင်းဆုံး ဂျာမန်ကစားသမားဆုကို အကြိမ်ကြိမ်ရရှိခဲ့ပေမယ့် အန်ချယ်လော့တီ ရောက်ရှိလာတဲ့ ဘာနေဗျူးမှာတော့ နေရာပျောက်သွားခဲ့ရပြီး အာဆင်နယ်အသင်းဆီ ပေါင် ၄၂.၅ သန်းနဲ့ ရောင်းချခံခဲ့ရသလို နည်းပြကြီး အာဆင်ဝင်းဂါးနဲ့ လက်တွဲခွင့်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပထမ ၄ ရာသီမှာ အထူး​ခြေစွမ်းထက်ခဲ့တာပါ။

ဂွန်ဇာလို ဟီဂွါအင်
အန်ချယ်လော့တီရဲ့ အရောင်းစာရင်းထဲမှာတော့ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွါအင်လည်း ပါဝင်လာခဲ့သလို ဘာနေဗျူးမှာ ၂၆၄ ပွဲကစား ၁၂၁ ဂိုးသွင်းယူထားခဲ့ပေမယ့် ကျောနံပါတ် ၉ ကိုတော့ အန်ဆယ်လော့တီရောက်ရှိလာတဲ့ ၂၀၁၃ ခုနှစ်မှာ ကာရင်မ် ဘန်ဇီမာဆီ လွှဲပြောင်းပေးခဲ့ရပြီး နာပိုလီအသင်းကို ယူရိုသန်း ၄၀ နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ နေပယ်လ်မြို့မှာ ၁၄၆ ပွဲကစား၊ ၉၁ ဂိုးသွင်းတဲ့ သူ့ကို ဂျူဗင်တပ်စ်အသင်းက ယူရိုသန်း ၉၀ နဲ့ ပြန်လည်ဝယ်ယူခဲ့ရသေးတာပါ။

အန်ဟဲလ် ဒီမာရီယာ
အီတလီနည်းပြကြီးရဲ့ လက်အောက်မှာ တစ်ရာသီသာ ကစားခွင့်ရခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၄ မှာ ရောင်းထုတ်ခံခဲ့ရသူဖြစ်သလို ကစားခွင့်ရတဲ့ တရာသီကလည်း သူ့ရဲ့အမြင့်ဆုံး ခြေစွမ်းကို ရောက်ရှိခဲ့ပေမယ့် လူသစ်ရောက်ရှိလာတဲ့ ဂါရက်သ် ဘေးလ်ကြောင့် အသင်းပြောင်းခဲ့ရပေမယ့် သူက ၂၀၁၄ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို ငွေတံဆိပ်ဆု ရယူပေးခဲ့သေးတဲ့နောက် မန်ချက်စတာမှာ တစ်ရာသီကစားအပြီး PSG အသင်းဆီ ရောက်ရှိသွားခဲ့ပါတယ်။

ဂျန်ဖရန်ကို ဇိုလာ
ပါးမားအသင်းကို ၂ နှစ်ကြာကိုင်တွယ်ခဲ့စဥ်က ပထမတစ်နှစ်မှာတင်ပဲ အသက် ၃၀ အရွယ် တိုက်စစ်မှူး ဇိုလာကို သူ့ရဲ့ ၄-၄-၂ ကစားကွက်မှာ အံမဝင်တဲ့ အကြောင်းပြချက်နဲ့ ချယ်ဆီးအသင်းဆီ ရောင်းချခဲ့တဲ့ အန်ချယ်လော့တီရဲ့ အစောဆုံး အမှားတစ်ခုလို့ ဆိုနိုင်သလို အီတလီသား တိုက်စစ်မှူးကတော့ ပရီးမီးယားလိဂ်မှာ အထူးတလည် တောက်ပနိုင်ခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၇ ရာသီအတွင်း ၃၁၁ ပွဲကစား၊ ဂိုး ၈၀ သွင်းယူခဲ့သလို အသက် ၃၇ နှစ်အထိ ခြေစွမ်းပြကစားသွားနိုင်ခဲ့ပြီး အဲဒီခေတ်က အအောင်မြင်ဆုံး ချဲလ်ဆီးတစ်ခေတ်လည်းဖြစ်လာခဲ့သလို ၂၀၀၉ ခုနှစ်မှာတော့ အန်ချယ်လော့တီအနေနဲ့ ဇိုလာကို ရောင်းထုတ်မိခဲ့တဲ့ အမှားကို ကိုယ်တိုင်ဝန်ခံခဲ့ရပါတယ်။

သီယာရီ အွန်နရီ
၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီက မာဆယ်လို လစ်ပီရဲ့ ထိုင်ခုံနေရာကို အစားဝင်ပြီး ဂျူဗင်တပ်စ်အသင်းကို တာဝန်ယူခဲ့တဲ့ အန်ချယ်လော့တီက ၆ လအကြာမှာပဲ တိုက်စစ်မှူး အွန်နရီကို ပေါင် ၁၁ သန်းနဲ့ အာဆင်နယ်အသင်းဆီ ရောင်းထုတ်ခဲ့ပြီး အဲဒီအချိန်တုန်းက ပြင်သစ်သားဟာ နောက်ခံအစွန်လူအဖြစ်ပါ တောင်ပံထွက်ကစားရလို့ တူရင်မှာ ကြေကွဲခဲ့ရတာလည်းဖြစ်ပါတယ်။

အန်ချယ်လော့တီ မသုံးတတ်တဲ့ အွန်နရီကို မိုနာကိုမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်း အာဆင်ဝင်းဂါးက ကျောက်ရိုင်းတုံးကို အရောင်တလက်လက်ဖြစ်လာအောင် သွေးပေးနိုင်ခဲ့တဲ့နောက်မှာ ပရီးမီးယားလိဂ်ရဲ့ အကြီးမြတ်ဆုံး Hall of Fame စာရင်းဝင် ကစားသမားအဖြစ် သမိုင်းဝင်လှပသွားခဲ့သလို အာဆင်နယ် ပရိသတ်တွေကတော့ အီတလီသားကြီးကို ထာဝရအဆုံးအထိ ကျေးဇူးတင်နေကြဦးမှာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီသားႀကီး နည္းျပ ကာလို အန္ခ်ယ္ေလာ့တီဆိုတာ ဘဝတစ္ေလွ်ာက္မွာ ဆုဖလားေပါင္း ၂၀ အထိ ဆြတ္ခူးခဲ့သူျဖစ္သလို လက္ရွိ အသက္ ၆၁ ႏွစ္အ႐ြယ္မွာလည္း ရီးရဲမက္ဒရစ္အသင္းကို တစ္ေက်ာ့ျပန္နည္းျပေနတာပါ။ သူက သမိုင္းမွာ ဥေရာပဖလားသို႔ ခ်န္ပီယံလိဂ္ဖလားကို ၃ ႀကိမ္ဆြတ္ခူးထားခဲ့တဲ့ နည္းျပ ၃ ဦးထဲက တစ္ဦးအပါအဝင္ျဖစ္သလို မတူညီတဲ့ ကလပ္ ၃ သင္းနဲ႔ ဆြတ္ခူးထားတဲ့ တစ္ဦးတည္းေသာ နည္းျပလည္းျဖစ္ေနပါေသးတယ္။ ဒါေပမယ့္ ဒီလိုလူမ်ိဳးကလည္း ဆုံးျဖတ္ခ်က္ေတြ မွားတတ္ၿပီး သူက ကန္ထုတ္ခဲ့ေပမယ့္ ပတၱျမားမွန္လို႔ ႏြံမနစ္ခဲ့တဲ့ ကမာၻေက်ာ္ ၇ ဦးကို တင္ဆက္ေပးခ်င္ပါတယ္။

ေဂ်ာ္ဂ်င္ညိဳ
နည္းျပႀကီး အန္ခ်ယ္ေလာ့တီက ကာကာ၊ ယာ့ပ္ စတမ္းနဲ႔ အန္ဒရီ ရွက္ဖ္ခ်င္ကိုတို႔လို နာမည္ႀကီးေတြကိုလည္း သူ႔အသင္းကေန ထုတ္ေရာင္းခဲ့ဖူးေပမယ့္ ဒါက သူတို႔​ေျခစြမ္း က်သြားတဲ့အခ်ိန္မွာျဖစ္ၿပီး ေဂ်ာ္ဂ်င္ညိဳကေတာ့ သူ႔နည္းျပဘဝတစ္ေလွ်ာက္ ထုတ္ေရာင္းခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးအျမင့္ဆုံး နံပါတ္ ၂ ကစားသမားျဖစ္သလို နာပိုလီကို ကိုင္တြယ္ေနတဲ့ နည္းျပ ဆာရီေနရာ အစားထိုးဖို႔ ေရာက္လာခ်ိန္မွာ ဘရာဇီးလ္သားကိုပါ ေပါင္ ၅၇ သန္းနဲ႔ ထုတ္ေရာင္းၿပီး ဆာရီနဲ႔ ခ်ယ္လ္ဆီး တစ္ပါတည္း ထည့္ေပးလိုက္တာပါ။

ဇာဘီ အလြန္ဆို
ရီးရဲလ္မက္ဒရစ္မွာ အန္ခ်ယ္ေလာ့တီရဲ႕လက္ေအာက္ တစ္ရာသီ ကစားခဲ့ဖူးတဲ့ စပိန္သားဟာ ၄၂ ပြဲကစားၿပီး ကိုပါဒယ္ေရးနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့ေပမယ့္ ၂၀၁၄ ေႏြရာသီမွာေတာ့ ဘိုင္ယန္ျမဴးနစ္ဆီ ေပါင္ ၈ သန္းနဲ႔ ပို႔ေပးခဲ့တာဟာ အီတလီနည္းျပႀကီးရဲ႕ အေရာင္းမွားတစ္ခုလို႔ ဆိုႏိုင္သလို ၂၀၁၀ ကမာၻ႔ဖလားခ်န္ပီယံကြင္းလယ္လူဟာ ဂ်ာမန္ဘီလူးႀကီးနဲ႔အတူ ၃ ရာသီဆက္တိုက္ ေျခစြမ္းျပၿပီး ဆုဖလား ၅ လုံးအထိ ထပ္မံဆြတ္ခူးခဲ့ကာ သူ႔ေအာင္ျမင္မႈထဲကို ထည့္ေပါင္းထည့္ႏိုင္ခဲ့တာပါ။

မီဆြတ္ အိုေဇးလ္
အိုေဇးလ္ကေတာ့ အလြန္ဆိုထက္ ပိုဆိုးတဲ့အျဖစ္မ်ိဳးကို ႀကဳံရၿပီး ရီးရဲလ္မွာ ၃ ရာသီဆက္တိုက္ ေျခစြမ္းျပလာခဲ့တဲ့ ဂ်ာမန္သားဟာ ဘလြန္ေဒါဆု ဆန္ခါတင္ ၁၆ ဦးအဆင့္ကို တစ္ႏွစ္မွ မလြဲေခ်ာ္ခဲ့ဘဲ တစ္ႏွစ္တာအေကာင္းဆုံး ဂ်ာမန္ကစားသမားဆုကို အႀကိမ္ႀကိမ္ရရွိခဲ့ေပမယ့္ အန္ခ်ယ္ေလာ့တီ ေရာက္ရွိလာတဲ့ ဘာေနဗ်ဴးမွာေတာ့ ေနရာေပ်ာက္သြားခဲ့ရၿပီး အာဆင္နယ္အသင္းဆီ ေပါင္ ၄၂.၅ သန္းနဲ႔ ေရာင္းခ်ခံခဲ့ရသလို နည္းျပႀကီး အာဆင္ဝင္းဂါးနဲ႔ လက္တြဲခြင့္ရခဲ့တဲ့ ပရီးမီးယားလိဂ္ ပထမ ၄ ရာသီမွာ အထူး​ေျခစြမ္းထက္ခဲ့တာပါ။

ဂြန္ဇာလို ဟီဂြါအင္
အန္ခ်ယ္ေလာ့တီရဲ႕ အေရာင္းစာရင္းထဲမွာေတာ့ အာဂ်င္တီးနားတိုက္စစ္မႉး ဟီဂြါအင္လည္း ပါဝင္လာခဲ့သလို ဘာေနဗ်ဴးမွာ ၂၆၄ ပြဲကစား ၁၂၁ ဂိုးသြင္းယူထားခဲ့ေပမယ့္ ေက်ာနံပါတ္ ၉ ကိုေတာ့ အန္ဆယ္ေလာ့တီေရာက္ရွိလာတဲ့ ၂၀၁၃ ခုႏွစ္မွာ ကာရင္မ္ ဘန္ဇီမာဆီ လႊဲေျပာင္းေပးခဲ့ရၿပီး နာပိုလီအသင္းကို ယူ႐ိုသန္း ၄၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။ ေနပယ္လ္ၿမိဳ႕မွာ ၁၄၆ ပြဲကစား၊ ၉၁ ဂိုးသြင္းတဲ့ သူ႔ကို ဂ်ဴဗင္တပ္စ္အသင္းက ယူ႐ိုသန္း ၉၀ နဲ႔ ျပန္လည္ဝယ္ယူခဲ့ရေသးတာပါ။

အန္ဟဲလ္ ဒီမာရီယာ
အီတလီနည္းျပႀကီးရဲ႕ လက္ေအာက္မွာ တစ္ရာသီသာ ကစားခြင့္ရခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၂၀၁၄ မွာ ေရာင္းထုတ္ခံခဲ့ရသူျဖစ္သလို ကစားခြင့္ရတဲ့ တရာသီကလည္း သူ႔ရဲ႕အျမင့္ဆုံး ေျခစြမ္းကို ေရာက္ရွိခဲ့ေပမယ့္ လူသစ္ေရာက္ရွိလာတဲ့ ဂါရက္သ္ ေဘးလ္ေၾကာင့္ အသင္းေျပာင္းခဲ့ရေပမယ့္ သူက ၂၀၁၄ ကမာၻ႔ဖလားမွာ အာဂ်င္တီးနားအသင္းကို ေငြတံဆိပ္ဆု ရယူေပးခဲ့ေသးတဲ့ေနာက္ မန္ခ်က္စတာမွာ တစ္ရာသီကစားအၿပီး PSG အသင္းဆီ ေရာက္ရွိသြားခဲ့ပါတယ္။

ဂ်န္ဖရန္ကို ဇိုလာ
ပါးမားအသင္းကို ၂ ႏွစ္ၾကာကိုင္တြယ္ခဲ့စဥ္က ပထမတစ္ႏွစ္မွာတင္ပဲ အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉး ဇိုလာကို သူ႔ရဲ႕ ၄-၄-၂ ကစားကြက္မွာ အံမဝင္တဲ့ အေၾကာင္းျပခ်က္နဲ႔ ခ်ယ္ဆီးအသင္းဆီ ေရာင္းခ်ခဲ့တဲ့ အန္ခ်ယ္ေလာ့တီရဲ႕ အေစာဆုံး အမွားတစ္ခုလို႔ ဆိုႏိုင္သလို အီတလီသား တိုက္စစ္မႉးကေတာ့ ပရီးမီးယားလိဂ္မွာ အထူးတလည္ ေတာက္ပႏိုင္ခဲ့ပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ၇ ရာသီအတြင္း ၃၁၁ ပြဲကစား၊ ဂိုး ၈၀ သြင္းယူခဲ့သလို အသက္ ၃၇ ႏွစ္အထိ ေျခစြမ္းျပကစားသြားႏိုင္ခဲ့ၿပီး အဲဒီေခတ္က အေအာင္ျမင္ဆုံး ခ်ဲလ္ဆီးတစ္ေခတ္လည္းျဖစ္လာခဲ့သလို ၂၀၀၉ ခုႏွစ္မွာေတာ့ အန္ခ်ယ္ေလာ့တီအေနနဲ႔ ဇိုလာကို ေရာင္းထုတ္မိခဲ့တဲ့ အမွားကို ကိုယ္တိုင္ဝန္ခံခဲ့ရပါတယ္။

သီယာရီ အြန္နရီ
၁၉၉၉ ခုႏွစ္၊ ေဖေဖာ္ဝါရီက မာဆယ္လို လစ္ပီရဲ႕ ထိုင္ခုံေနရာကို အစားဝင္ၿပီး ဂ်ဴဗင္တပ္စ္အသင္းကို တာဝန္ယူခဲ့တဲ့ အန္ခ်ယ္ေလာ့တီက ၆ လအၾကာမွာပဲ တိုက္စစ္မႉး အြန္နရီကို ေပါင္ ၁၁ သန္းနဲ႔ အာဆင္နယ္အသင္းဆီ ေရာင္းထုတ္ခဲ့ၿပီး အဲဒီအခ်ိန္တုန္းက ျပင္သစ္သားဟာ ေနာက္ခံအစြန္လူအျဖစ္ပါ ေတာင္ပံထြက္ကစားရလို႔ တူရင္မွာ ေၾကကြဲခဲ့ရတာလည္းျဖစ္ပါတယ္။

အန္ခ်ယ္ေလာ့တီ မသုံးတတ္တဲ့ အြန္နရီကို မိုနာကိုမွာ လက္တြဲခဲ့ဖူးတဲ့ ဆရာေဟာင္း အာဆင္ဝင္းဂါးက ေက်ာက္႐ိုင္းတုံးကို အေရာင္တလက္လက္ျဖစ္လာေအာင္ ေသြးေပးႏိုင္ခဲ့တဲ့ေနာက္မွာ ပရီးမီးယားလိဂ္ရဲ႕ အႀကီးျမတ္ဆုံး Hall of Fame စာရင္းဝင္ ကစားသမားအျဖစ္ သမိုင္းဝင္လွပသြားခဲ့သလို အာဆင္နယ္ ပရိသတ္ေတြကေတာ့ အီတလီသားႀကီးကို ထာဝရအဆုံးအထိ ေက်းဇူးတင္ေနၾကဦးမွာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.