Match Report Premier League

သုံးပွဲလုံးနိုင်ပြီး ရာနှုန်းပြည့်စံချိန်နဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းဟာ ဒီနေ့မှာ တန်းတက် ဝတ်ဖို့ဒ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရချိန်မှာ နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် တိုက်စစ်က အခွင့်အရေးတွေကို အသုံးမချနိုင်မှုနဲ့အတူ တစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရပြီး ပရီးမီးယားလိဂ်ကို နိုင်ငံတကာပွဲတွေ ရပ်နားချိန်မှာ ဦးဆောင်နိုင်ဖို့တော့ လုံလောက်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်စစ်မှူး ဟာရီကိန်းကို ပြန်လည်ပွဲထွက်စေခဲ့ပြီး ဆွန်ဟောင်မင်နဲ့ တွဲပေးခဲ့ချိန်မှာ ကစားအားကောင်းတဲ့ လူးကပ်စ် မော်ရာကို ချန်ခဲ့တာကတော့ အသင်းရဲ့ တိုက်စစ်မှာ အချိတ်အဆက်ကို လျော့ကျစေပြီး ဖန်တီးမှုနဲ့ ဘောလုံးဖြန့်ဝေမှုအပိုင်းမှာလည်း အားနည်းခဲ့သလို တိုက်စစ်မှူး ဆန်ဆန် ကစားနေတဲ့ အယ်လီကလည်း တစ်ဖက်ဂိုးဧရိယာနားမှာ နေရာယူမှုတွေ ထပ်နေစေခဲ့တာပါ။

ပွဲအစ ဆယ်စက္ကန့်လောက်မှာပဲ ဟာရီကိန်းကို လူအရင်တွန်းပြီးမှ ဘောလုံးယူခဲ့တဲ့ အိုတီဘိုရဲ့ ဖျက်ထုတ်မှုကို ပင်နယ်တီပေးဖို့ သင့်ခဲ့ပေမယ့် ဒိုင်လူကြီး မာရင်နာက မျက်ကွယ်ပြုသွားခဲ့သလို ဒီကနေ ဝတ်ဖို့ဒ်တို့ တန်ပြန်တိုက်စစ်ဆင်လာပြီး ကန်သွင်းခဲ့တဲ့ ဘောလုံးကိုတော့ စပါးစ်နောက်ခံလူ ဒိုင်ယာက ဂိုးမပေးရအောင် ကာကွယ်ရှင်းလင်းသွားနိုင်ခဲ့ပါတယ်။

နူနို ဆန်တိုရဲ့ ကစားကွက်ကတော့ နေရာယူမှုတွေမှာ Narrow ဖြစ်လွန်းနေတာကို တွေ့ရပြီး အိမ်ကွင်းမှာ တန်းတက်အသင်းနဲ့ ကစားရချိန်မှာ မန်စီးတီးနဲ့ ကစားသလောက်တောင် မကောင်းခဲ့ဘဲ အချိတ်အဆက်မမိခဲ့သလို ကွင်းလယ်မှာ ဖန်တီးမယ့်သူလည်း ပျောက်နေခဲ့ပြီး အရင်နည်းပြ မော်ရင်ညို လက်ထက်မှာ နေရာမရတဲ့ ဒယ်လီ အယ်လီကတော့ တိုက်စစ်မှာ ဆိုးဆိုးရွားရွားဖြစ်နေခဲ့ပါတယ်။

မလိုအပ်ဘဲ ခံစစ်ကစားလွန်းတဲ့ စပါးစ်ကြောင့် ဝတ်ဖို့ဒ်တို့ မကြာခဏ ကန်ခွင့်ရနေသလို ခံစစ်ပိုင်းက ငြိမ်လွန်းနေလို့သာ တော်ခဲ့တာဖြစ်ပြီး အားရစရာ သိပ်မရှိခဲ့သလို အသင်းမပြောင်းတော့ဘူးဆိုတဲ့ ဟာရီကိန်းကလည်း နားလည်မှုတွေ လွဲနေခဲ့ပြီး သူနဲ့ ဆွန်၊ ဘာ့ဂ်ဗိန်း၊ အယ်လီတို့ရဲ့ တိုက်စစ်က မထိရောက်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ဘာ့ဂ်ဗိန်းကြောင့် ဝတ်ဖို့ဒ်ကွင်း ညာဘက်ခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဆွန်ဟောင်မင် ကန်တင်ပေးခဲ့ရာမှာ ဘယ်သူနဲ့မှ မထိဘဲ ဂိုးထဲ ဝင်သွားခဲ့လို့ တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်မှုတွေ ပြုလုပ်နေတဲ့ ဂိုးသမား ဘက်ချ်မန်း ငုတ်တုတ်မေ့ခဲ့ရပြီး Clean Sheet ကျိုးသွားခဲ့သလို စပါးစ်တို့ အိမ်ကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဝတ်ဖို့ဒ်တို့ ပိုဖိကစားခဲ့သလို စပါးစ်တို့ကတော့ ဒီတစ်ဂိုးနဲ့ပဲ ကျေနပ်နေပုံရခဲ့ပြီး တိုက်စစ်ပိုင်း ပုံဖော်မှုတွေထက် တည်ကန်ဘောတွေကိုပဲ အားပြုနေခဲ့သလို အပိုင်ကန်သွင်းခွင့်တစ်ကြိမ်ကိုလည်း ဟာရီကိန်း ဖန်တီးပေးရာမှာ အယ်လီ လွဲချော်သွားခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

လူးကပ်စ် မော်ရာကို နောက်ကျမှ ဘာ့ဂ်ဗိန်းအစား ထည့်တာနဲ့ ဆွန်အစား ကစားသမားသစ် ဘရိုင်ယန် ဟေးလ်ကို ထည့်တာတွေက အလုပ် မဖြစ်ခဲ့ဘဲ ဟွိုင်ဘယာ့ဂ်ရဲ့ လူထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တဲ့ ဖရီးကစ်ကိုလည်း ဝတ်ဖို့ဒ်ဂိုးသမား ဘက်ချ်မန်းကာကွယ်နိုင်ခဲ့တာကြောင့် ရလဒ်က အပြောင်းအလဲမရှိတော့ဘဲ မိနစ် ၉၀ အပြည့်မှာတော့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ စပါးစ်တို့ အောင်ပွဲခံခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်မှာ အဖွင့်ပွဲ ၃ ပွဲဆက်တိုက်နိုင်တဲ့ စံချိန်ကောင်းနဲ့ ကျန်တဲ့ ၁၉ သင်း မလုပ်နိုင်ခဲ့တဲ့ ရာနှုန်းပြည့်စံချိန်ကို ထိန်းသိမ်းနိုင်ခဲ့တဲ့ စပါးစ်တို့ကတော့ ဒီနေ့မှာ ရမှတ် ၉ မှတ်နဲ့ ဇယားထိပ်ကို တက်ရောက်လာနိုင်ခဲ့ပြီဖြစ်သလို လာမယ့်ပွဲစဉ်တွေမှာတော့ ဒီထက်ကောင်းတဲ့ ပုံစံနဲ့ ခံစစ်ကို အားပြုလွန်းပြီး တိုက်စစ်အတွဲအဖက် မကောင်းသေးတဲ့ ကစားဟန်ကို ပြင်ဆင်ပြီး ပိုကောင်းလာနိုင်ဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းဟာ ဒီေန႔မွာ တန္းတက္ ဝတ္ဖို႔ဒ္အသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရခ်ိန္မွာ ႏိုင္ပြဲရယူႏိုင္ခဲ့ေပမယ့္ တိုက္စစ္က အခြင့္အေရးေတြကို အသုံးမခ်ႏိုင္မႈနဲ႔အတူ တစ္ဂိုးတည္းနဲ႔ ေက်နပ္ခဲ့ရၿပီး ပရီးမီးယားလိဂ္ကို ႏိုင္ငံတကာပြဲေတြ ရပ္နားခ်ိန္မွာ ဦးေဆာင္ႏိုင္ဖို႔ေတာ့ လုံေလာက္ခဲ့တာလည္းျဖစ္ပါတယ္။

တိုက္စစ္မႉး ဟာရီကိန္းကို ျပန္လည္ပြဲထြက္ေစခဲ့ၿပီး ဆြန္ေဟာင္မင္နဲ႔ တြဲေပးခဲ့ခ်ိန္မွာ ကစားအားေကာင္းတဲ့ လူးကပ္စ္ ေမာ္ရာကို ခ်န္ခဲ့တာကေတာ့ အသင္းရဲ႕ တိုက္စစ္မွာ အခ်ိတ္အဆက္ကို ေလ်ာ့က်ေစၿပီး ဖန္တီးမႈနဲ႔ ေဘာလုံးျဖန႔္ေဝမႈအပိုင္းမွာလည္း အားနည္းခဲ့သလို တိုက္စစ္မႉး ဆန္ဆန္ ကစားေနတဲ့ အယ္လီကလည္း တစ္ဖက္ဂိုးဧရိယာနားမွာ ေနရာယူမႈေတြ ထပ္ေနေစခဲ့တာပါ။

ပြဲအစ ဆယ္စကၠန႔္ေလာက္မွာပဲ ဟာရီကိန္းကို လူအရင္တြန္းၿပီးမွ ေဘာလုံးယူခဲ့တဲ့ အိုတီဘိုရဲ႕ ဖ်က္ထုတ္မႈကို ပင္နယ္တီေပးဖို႔ သင့္ခဲ့ေပမယ့္ ဒိုင္လူႀကီး မာရင္နာက မ်က္ကြယ္ျပဳသြားခဲ့သလို ဒီကေန ဝတ္ဖို႔ဒ္တို႔ တန္ျပန္တိုက္စစ္ဆင္လာၿပီး ကန္သြင္းခဲ့တဲ့ ေဘာလုံးကိုေတာ့ စပါးစ္ေနာက္ခံလူ ဒိုင္ယာက ဂိုးမေပးရေအာင္ ကာကြယ္ရွင္းလင္းသြားႏိုင္ခဲ့ပါတယ္။

ႏူႏို ဆန္တိုရဲ႕ ကစားကြက္ကေတာ့ ေနရာယူမႈေတြမွာ Narrow ျဖစ္လြန္းေနတာကို ေတြ႕ရၿပီး အိမ္ကြင္းမွာ တန္းတက္အသင္းနဲ႔ ကစားရခ်ိန္မွာ မန္စီးတီးနဲ႔ ကစားသေလာက္ေတာင္ မေကာင္းခဲ့ဘဲ အခ်ိတ္အဆက္မမိခဲ့သလို ကြင္းလယ္မွာ ဖန္တီးမယ့္သူလည္း ေပ်ာက္ေနခဲ့ၿပီး အရင္နည္းျပ ေမာ္ရင္ညိဳ လက္ထက္မွာ ေနရာမရတဲ့ ဒယ္လီ အယ္လီကေတာ့ တိုက္စစ္မွာ ဆိုးဆိုး႐ြား႐ြားျဖစ္ေနခဲ့ပါတယ္။

မလိုအပ္ဘဲ ခံစစ္ကစားလြန္းတဲ့ စပါးစ္ေၾကာင့္ ဝတ္ဖို႔ဒ္တို႔ မၾကာခဏ ကန္ခြင့္ရေနသလို ခံစစ္ပိုင္းက ၿငိမ္လြန္းေနလို႔သာ ေတာ္ခဲ့တာျဖစ္ၿပီး အားရစရာ သိပ္မရွိခဲ့သလို အသင္းမေျပာင္းေတာ့ဘူးဆိုတဲ့ ဟာရီကိန္းကလည္း နားလည္မႈေတြ လြဲေနခဲ့ၿပီး သူနဲ႔ ဆြန္၊ ဘာ့ဂ္ဗိန္း၊ အယ္လီတို႔ရဲ႕ တိုက္စစ္က မထိေရာက္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ဘာ့ဂ္ဗိန္းေၾကာင့္ ဝတ္ဖို႔ဒ္ကြင္း ညာဘက္ျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ဆြန္ေဟာင္မင္ ကန္တင္ေပးခဲ့ရာမွာ ဘယ္သူနဲ႔မွ မထိဘဲ ဂိုးထဲ ဝင္သြားခဲ့လို႔ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကာကြယ္မႈေတြ ျပဳလုပ္ေနတဲ့ ဂိုးသမား ဘက္ခ်္မန္း ငုတ္တုတ္ေမ့ခဲ့ရၿပီး Clean Sheet က်ိဳးသြားခဲ့သလို စပါးစ္တို႔ အိမ္ကြင္းမွာ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဝတ္ဖို႔ဒ္တို႔ ပိုဖိကစားခဲ့သလို စပါးစ္တို႔ကေတာ့ ဒီတစ္ဂိုးနဲ႔ပဲ ေက်နပ္ေနပုံရခဲ့ၿပီး တိုက္စစ္ပိုင္း ပုံေဖာ္မႈေတြထက္ တည္ကန္ေဘာေတြကိုပဲ အားျပဳေနခဲ့သလို အပိုင္ကန္သြင္းခြင့္တစ္ႀကိမ္ကိုလည္း ဟာရီကိန္း ဖန္တီးေပးရာမွာ အယ္လီ လြဲေခ်ာ္သြားခဲ့လို႔ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

လူးကပ္စ္ ေမာ္ရာကို ေနာက္က်မွ ဘာ့ဂ္ဗိန္းအစား ထည့္တာနဲ႔ ဆြန္အစား ကစားသမားသစ္ ဘ႐ိုင္ယန္ ေဟးလ္ကို ထည့္တာေတြက အလုပ္ မျဖစ္ခဲ့ဘဲ ဟြိဳင္ဘယာ့ဂ္ရဲ႕ လူထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တဲ့ ဖရီးကစ္ကိုလည္း ဝတ္ဖို႔ဒ္ဂိုးသမား ဘက္ခ်္မန္းကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ရလဒ္က အေျပာင္းအလဲမရွိေတာ့ဘဲ မိနစ္ ၉၀ အျပည့္မွာေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ စပါးစ္တို႔ ေအာင္ပြဲခံခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္မွာ အဖြင့္ပြဲ ၃ ပြဲဆက္တိုက္ႏိုင္တဲ့ စံခ်ိန္ေကာင္းနဲ႔ က်န္တဲ့ ၁၉ သင္း မလုပ္ႏိုင္ခဲ့တဲ့ ရာႏႈန္းျပည့္စံခ်ိန္ကို ထိန္းသိမ္းႏိုင္ခဲ့တဲ့ စပါးစ္တို႔ကေတာ့ ဒီေန႔မွာ ရမွတ္ ၉ မွတ္နဲ႔ ဇယားထိပ္ကို တက္ေရာက္လာႏိုင္ခဲ့ၿပီျဖစ္သလို လာမယ့္ပြဲစဥ္ေတြမွာေတာ့ ဒီထက္ေကာင္းတဲ့ ပုံစံနဲ႔ ခံစစ္ကို အားျပဳလြန္းၿပီး တိုက္စစ္အတြဲအဖက္ မေကာင္းေသးတဲ့ ကစားဟန္ကို ျပင္ဆင္ၿပီး ပိုေကာင္းလာႏိုင္ဦးမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.