Analysis Premier League

ဆိုးလ်ရှားရဲ့ ရာပြည့်ပွဲနဲ့ ဝုလ်ဗ်စ် 0-1 မန်ယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ဆိုးလ်ရှားနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ရာပြည့် ပရီးမီးယားလိဂ်ပွဲ
ယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ဒီအသင်းနဲ့ သူ့ရဲ့ ပရီးမီးယားလိဂ်ရာပြည့်ပွဲစဉ် ကိုင်တွယ်မှုမှာ အနိုင်နဲ့ အောင်ပွဲခံနိုင်ခဲ့တာ ကတော့ ကျေနပ်စရာဖြစ်ပြီး ပထမဆုံးပွဲ ၁၀၀ မှာ အားနက်စ် မက်ဂ်နဲလ်နောက် ဒုတိယ ရလဒ်အကောင်းဆုံး နည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားနိုင်ခဲ့ပါတယ်။ ပွဲ ၁၀၀ မှာ ၅၃ ပွဲနိုင် ၂၈ ပွဲသရေနဲ့ ၁၉ ပွဲ ရှုံးရလဒ်ကို ရရှိထားခဲ့တဲ့ နော်ဝေသားဟာ အသင်းကို နိုင်ပွဲ ၅၃ ရာခိုင်နှုန်းလို့ အလွယ်တကူ တွက်ချက်နိုင်အောင် ဝုလ်ဗ်စ်နဲ့ပွဲမှာ လုပ်ဆောင်နိုင်ခဲ့ပြီး အသင်းကိုလည်း တတိယနေရာဆီ ဆွဲတင်နိုင်ခဲ့တာပါ။

မေဆန်မှ မေဆန်ဆိုတဲ့ သုံးပွဲဆက်ဂိုးသွင်းသူ ရရှိသွားတဲ့ မှတ်တမ်း
မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှာ ဘရူနို ဖာနန်ဒက်စ် ဟက်ထရစ်ရတုန်းက တစ်ဂိုးသာ သွင်းနိုင်ခဲ့ပြီး သိပ်မထင်ပေါ်ခဲ့တဲ့ လူငယ် တိုက်စစ်မှူးဟာ ဆောက်သမ်တန်နဲ့ပွဲမှာတော့ အသင်းကို သရေရဖို့ ကယ်တင်ခဲ့သလို ဒီနေ့မှာလည်း နိုင်ပွဲရှာဖွေပေးခဲ့တာဖြစ်ပါတယ်။ သုံးပွဲစလုံးမှာ သုံးဂိုးသွင်းတဲ့ ဂရင်းဝုဒ်ဟာ ပထမပွဲမှာ ဟက်ထရစ်ယူပြီး နောက်နှစ်ပွဲမှာ ပါးစပ်ဖွာမှုနဲ့ အဝါကတ်နှစ်ကတ်ဝယ်ယူတဲ့ ပေါ်တူဂီသားထက်လည်း ပိုမိုတန်ဖိုးရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ စတုတ္ထအသက်အငယ်ဆုံး ဂိုး ၂၀ ပြည့်သူအဖြစ် အိုဝင်၊ ရွန်နီ၊ ဖောင်လာတို့နောက်မှာ မှတ်တမ်းဝင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မတူညီတဲ့ ပွဲထွက်သူ ကစားသမားသစ်နှစ်ဦး
ဒီနေ့ပွဲမှာ ခံစစ်မှူး ရာဖေးလ် ဗာရွန်းဟာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့သလို တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကတော့ လူစားဝင်ကစားသမားအဖြစ်ကနေ ပွဲထွက်ကစားသမားအဖြစ်ကို ပထမဆုံး ကူးပြောင်းတဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာမှ စတင်ပူးပေါင်းခွင့်ရတဲ့ ဗာရွန်းဟာ ဂရင်းဝုဒ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို Clean Sheet ရဖို့ ကြိုးစားကာကွယ်နိုင်ခဲ့ပေမယ့် ဆန်ချိုကတော့ တိုက်စစ်ပိုင်းမှာ Nobody အဖြစ်နဲ့ ပျောက်ဆုံးနေခဲ့တာပါ။ နည်းပြ ဆိုးလ်ရှားအတွက်တော့ သူ့ကို ဘယ်လို သုံးစွဲမလဲ အုံးစားရဦးမှာဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲတွေမှာ ပေါ့ဘာဟာ ဒီနေရာမှာ ပိုကောင်းနေတာကလည်း တွေဝေစရာဖြစ်လာခဲ့ပါတယ်။

တစ်ပွဲကို တစ်ဂိုးနဲ့ သုံးပွဲဆက်တိုက် အရှုံးပေးနေတဲ့ ဝုလ်ဗ်စ်
နည်းပြ ဘရူနို လာဂျီရဲ့ အသင်းဟာ ခံစစ်ကောင်းပြီး တိုက်စစ်ပိုင်းမှာ အရည်အသွေးကောင်းမွန်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် သုံးပွဲကစားပြီးချိန်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးဘဲ အဆင့် ၁၈ ကို ရောက်သွားခဲ့ရတာပါ။ သူ့ရဲ့ ၃-၄-၃ ကစားကွက်မှာ တစ်သက်လုံး ညာတောင်ပံမှာ ကစားခဲ့ပြီး အသင်းကို လျင်မြန်မှု၊ ဖြတ်တင်ဘောတွေနဲ့ အကျိုးပြုတဲ့ အဒါမာ ထရာအိုရေးကို ဘယ်ခြမ်းပို့ခဲ့ပြီး အလုပ်မဖြစ်သလို ကစားသမားအနေနဲ့ မသန်တဲ့ ဘယ်ခြေကြောင့် ခြေချုပ်မိခဲ့ပြီး တိုက်စစ်တစ်ကြောလုံး ပျက်ပြားခဲ့ရသလို ပေါ်တူဂီသားအနေနဲ့ ဒါကို မပြင်နိုင်ရင် တူညီတဲ့ တစ်ဂိုး-ဂိုးမရှိ ရှုံးပွဲရလဒ်တွေ ထွက်ပေါ်လာဦးမှာဖြစ်ပါတယ်။

စက္ကန့်ပိုင်းအတွင်း နှစ်လုံးကာကွယ်ပြပြီး နံပါတ်တစ်နေရာကို ဆုပ်ကိုင်မယ့် ဒဟေးယား
မန်ချက်စတာယူနိုက်တက်အသင်းဂိုးသမား ဒေးဗစ် ဒဟေးယားကတော့ ယူနိုက်တက်ဂိုးပေါက်ကို ဒင်းန် ဟန်ဒါဆန်ဆီ လွှဲမပေးရရေး အကောင်းဆုံး ကြိုးစားပြနေခဲ့တာဖြစ်ပါတယ်။ သူ့ကို ထရင်ကာအိုနဲ့ အလွတ်ကြီးပေးတွေ့တဲ့ တစ်လုံးကိုသာ မကာကွယ်နိုင်ခဲ့လို့ ဝန်ဘစ်ဆာကာ ကူညီခဲ့ရပေမယ့် တစ်ပွဲလုံးမှာ တည်တည်ငြိမ်ငြိမ်နဲ့ လက်စွမ်းပြသွားခဲ့ပြီး ပွဲချိန် ၆၉ မိနစ်က ဆိုက်စ်ရဲ့ ခေါင်းတိုက်ချက်နဲ့ ကန်ချက်တွေကိုတော့ စက္ကန့်ပိုင်းအတွင်းမှာ နှစ်ကြိမ်တားဆီးသွားနိုင်ခဲ့သလို နံပါတ်တစ်ဂိုးသမားနေရာနဲ့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ်။

ခံစစ်ကို လက်ညှိုးထိုးပြီး ရောင်းစားပြတဲ့ ဖရက်ဒ်
ယူနိုက်တက်တို့ရဲ့ ကွင်းလယ်အထိုင်ကို မက်ဖရက်ဒ်လို့ ချီးပနေကြတာတွေဟာ မက်တော်မီနေး မပါချိန်မှာတော့ အလကားပဲဆိုတာ နာမည်ပေးသူတွေ သိသွားလောက်ပြီဖြစ်ပြီး ဒီနေ့ပွဲမှာ စကော့တလန်သား မပါချိန်မှာ ဘရာဇီးလ်သားက အသင်းခံစစ်ကို လက်ညှိုးထိုး ရောင်းစားသွားခဲ့တာဖြစ်ပါတယ်။ ရူဘင် နီဗက်စ်ရဲ့ အဒါမာ ထရာအိုရေးဆီ ပေးမယ့် ဘောလုံးတွေကို မဖြတ်တောက်နိုင်ခဲ့သလို ဖျက်ထုတ်မှုတွေကလည်း ဆိုးရွားခဲ့ပြီး ကစားသမားသစ် ဗာရွန်းနဲ့ ဂိုးသမား ဒဟေးယားတို့သာ အစွမ်းမပြနိုင်ခဲ့ရင် မိုလီနူးကွင်းမှာ သူ့ကြောင့် ရှုံးနိမ့်ဖို့ လုံလောက်ခဲ့တာကြောင့် နည်းပြ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေ လူသစ်ခေါ်မလား တခြားနည်းနဲ့ ဖာထေးနိုင်မလား စောင့်ကြည့်ရတော့မှာပါ။

ဆိုးရွားတဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားတဲ့ လာဂျီ
နည်းပြသစ်အဖြစ် ရောက်လာချိန်မှာ အဖွင့်ပွဲ ၃ ပွဲ ဆက်တိုက်ရှုံးပြီး တစ်ဂိုးမှလည်း မသွင်းနိုင်ခဲ့တဲ့ ပေါ်တူဂီသားဟာ ၂၀၁၇ ခုနှစ်က ခရစ္စတယ်လ် ပဲလေ့စ်နည်းပြ ဖရန့် ဒီဘိုးနဲ့ မှတ်တမ်းဆိုးချင်း ထပ်တူညီသွားခဲ့တာပါ။ အာဆင်နယ်အသင်းနဲ့လည်း ရဂိုးသုညစံချိန် တူညီသွားခဲ့တဲ့ ဝုလ်ဗ်စ်အသင်းဟာ ခံစစ်က တစ်ပွဲကို တစ်ဂိုးထက် ပိုမပေးရအောင် ကျစ်လျစ်ခဲ့တာကိုပဲ ကျေးဇူးတင်ရမှာဖြစ်ပြီး အဆင့် ၁၈ နေရာကနေ ရုန်းထွက်ဖို့ အသင်းသစ်မှာ ရှိနေတဲ့ ကစားသမားတွေအကြောင်းနဲ့ အားနည်းချက် အားသာချက်ကို မသိဘဲ လျှောက်မရမ်းမှပဲဖြစ်နိုင်ပါလိမ့်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆိုးလ္ရွားနဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာျပည့္ ပရီးမီးယားလိဂ္ပြဲ
ယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ဒီအသင္းနဲ႔ သူ႔ရဲ႕ ပရီးမီးယားလိဂ္ရာျပည့္ပြဲစဥ္ ကိုင္တြယ္မႈမွာ အႏိုင္နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့တာ ကေတာ့ ေက်နပ္စရာျဖစ္ၿပီး ပထမဆုံးပြဲ ၁၀၀ မွာ အားနက္စ္ မက္ဂ္နဲလ္ေနာက္ ဒုတိယ ရလဒ္အေကာင္းဆုံး နည္းျပအျဖစ္လည္း မွတ္တမ္းဝင္သြားႏိုင္ခဲ့ပါတယ္။ ပြဲ ၁၀၀ မွာ ၅၃ ပြဲႏိုင္ ၂၈ ပြဲသေရနဲ႔ ၁၉ ပြဲ ရႈံးရလဒ္ကို ရရွိထားခဲ့တဲ့ ေနာ္ေဝသားဟာ အသင္းကို ႏိုင္ပြဲ ၅၃ ရာခိုင္ႏႈန္းလို႔ အလြယ္တကူ တြက္ခ်က္ႏိုင္ေအာင္ ဝုလ္ဗ္စ္နဲ႔ပြဲမွာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး အသင္းကိုလည္း တတိယေနရာဆီ ဆြဲတင္ႏိုင္ခဲ့တာပါ။

ေမဆန္မွ ေမဆန္ဆိုတဲ့ သုံးပြဲဆက္ဂိုးသြင္းသူ ရရွိသြားတဲ့ မွတ္တမ္း
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တိုက္စစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ ဟက္ထရစ္ရတုန္းက တစ္ဂိုးသာ သြင္းႏိုင္ခဲ့ၿပီး သိပ္မထင္ေပၚခဲ့တဲ့ လူငယ္ တိုက္စစ္မႉးဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာေတာ့ အသင္းကို သေရရဖို႔ ကယ္တင္ခဲ့သလို ဒီေန႔မွာလည္း ႏိုင္ပြဲရွာေဖြေပးခဲ့တာျဖစ္ပါတယ္။ သုံးပြဲစလုံးမွာ သုံးဂိုးသြင္းတဲ့ ဂရင္းဝုဒ္ဟာ ပထမပြဲမွာ ဟက္ထရစ္ယူၿပီး ေနာက္ႏွစ္ပြဲမွာ ပါးစပ္ဖြာမႈနဲ႔ အဝါကတ္ႏွစ္ကတ္ဝယ္ယူတဲ့ ေပၚတူဂီသားထက္လည္း ပိုမိုတန္ဖိုးရွိခဲ့ၿပီး ပရီးမီးယားလိဂ္မွာ စတုတၳအသက္အငယ္ဆုံး ဂိုး ၂၀ ျပည့္သူအျဖစ္ အိုဝင္၊ ႐ြန္နီ၊ ေဖာင္လာတို႔ေနာက္မွာ မွတ္တမ္းဝင္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

မတူညီတဲ့ ပြဲထြက္သူ ကစားသမားသစ္ႏွစ္ဦး
ဒီေန႔ပြဲမွာ ခံစစ္မႉး ရာေဖးလ္ ဗာ႐ြန္းဟာ ပထမဆုံးအႀကိမ္ ပြဲထြက္ကစားခဲ့သလို ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳကေတာ့ လူစားဝင္ကစားသမားအျဖစ္ကေန ပြဲထြက္ကစားသမားအျဖစ္ကို ပထမဆုံး ကူးေျပာင္းတဲ့ ပြဲလည္းျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီပြဲမွာမွ စတင္ပူးေပါင္းခြင့္ရတဲ့ ဗာ႐ြန္းဟာ ဂရင္းဝုဒ္ရဲ႕ သြင္းဂိုးကို ဖန္တီးေပးႏိုင္ခဲ့သလို Clean Sheet ရဖို႔ ႀကိဳးစားကာကြယ္ႏိုင္ခဲ့ေပမယ့္ ဆန္ခ်ိဳကေတာ့ တိုက္စစ္ပိုင္းမွာ Nobody အျဖစ္နဲ႔ ေပ်ာက္ဆုံးေနခဲ့တာပါ။ နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ သူ႔ကို ဘယ္လို သုံးစြဲမလဲ အုံးစားရဦးမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ပြဲေတြမွာ ေပါ့ဘာဟာ ဒီေနရာမွာ ပိုေကာင္းေနတာကလည္း ေတြေဝစရာျဖစ္လာခဲ့ပါတယ္။

တစ္ပြဲကို တစ္ဂိုးနဲ႔ သုံးပြဲဆက္တိုက္ အရႈံးေပးေနတဲ့ ဝုလ္ဗ္စ္
နည္းျပ ဘ႐ူႏို လာဂ်ီရဲ႕ အသင္းဟာ ခံစစ္ေကာင္းၿပီး တိုက္စစ္ပိုင္းမွာ အရည္အေသြးေကာင္းမြန္တဲ့ ကစားသမားေတြကို ပိုင္ဆိုင္ထားေပမယ့္ သုံးပြဲကစားၿပီးခ်ိန္မွာ တစ္ဂိုးမွ မသြင္းႏိုင္ေသးဘဲ အဆင့္ ၁၈ ကို ေရာက္သြားခဲ့ရတာပါ။ သူ႔ရဲ႕ ၃-၄-၃ ကစားကြက္မွာ တစ္သက္လုံး ညာေတာင္ပံမွာ ကစားခဲ့ၿပီး အသင္းကို လ်င္ျမန္မႈ၊ ျဖတ္တင္ေဘာေတြနဲ႔ အက်ိဳးျပဳတဲ့ အဒါမာ ထရာအိုေရးကို ဘယ္ျခမ္းပို႔ခဲ့ၿပီး အလုပ္မျဖစ္သလို ကစားသမားအေနနဲ႔ မသန္တဲ့ ဘယ္ေျခေၾကာင့္ ေျခခ်ဳပ္မိခဲ့ၿပီး တိုက္စစ္တစ္ေၾကာလုံး ပ်က္ျပားခဲ့ရသလို ေပၚတူဂီသားအေနနဲ႔ ဒါကို မျပင္ႏိုင္ရင္ တူညီတဲ့ တစ္ဂိုး-ဂိုးမရွိ ရႈံးပြဲရလဒ္ေတြ ထြက္ေပၚလာဦးမွာျဖစ္ပါတယ္။

စကၠန႔္ပိုင္းအတြင္း ႏွစ္လုံးကာကြယ္ျပၿပီး နံပါတ္တစ္ေနရာကို ဆုပ္ကိုင္မယ့္ ဒေဟးယား
မန္ခ်က္စတာယူႏိုက္တက္အသင္းဂိုးသမား ေဒးဗစ္ ဒေဟးယားကေတာ့ ယူႏိုက္တက္ဂိုးေပါက္ကို ဒင္းန္ ဟန္ဒါဆန္ဆီ လႊဲမေပးရေရး အေကာင္းဆုံး ႀကိဳးစားျပေနခဲ့တာျဖစ္ပါတယ္။ သူ႔ကို ထရင္ကာအိုနဲ႔ အလြတ္ႀကီးေပးေတြ႕တဲ့ တစ္လုံးကိုသာ မကာကြယ္ႏိုင္ခဲ့လို႔ ဝန္ဘစ္ဆာကာ ကူညီခဲ့ရေပမယ့္ တစ္ပြဲလုံးမွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ လက္စြမ္းျပသြားခဲ့ၿပီး ပြဲခ်ိန္ ၆၉ မိနစ္က ဆိုက္စ္ရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ကန္ခ်က္ေတြကိုေတာ့ စကၠန႔္ပိုင္းအတြင္းမွာ ႏွစ္ႀကိမ္တားဆီးသြားႏိုင္ခဲ့သလို နံပါတ္တစ္ဂိုးသမားေနရာနဲ႔ ထိုက္တန္ေၾကာင္း ျပသႏိုင္ခဲ့ပါတယ္။

ခံစစ္ကို လက္ညႇိဳးထိုးၿပီး ေရာင္းစားျပတဲ့ ဖရက္ဒ္
ယူႏိုက္တက္တို႔ရဲ႕ ကြင္းလယ္အထိုင္ကို မက္ဖရက္ဒ္လို႔ ခ်ီးပေနၾကတာေတြဟာ မက္ေတာ္မီေနး မပါခ်ိန္မွာေတာ့ အလကားပဲဆိုတာ နာမည္ေပးသူေတြ သိသြားေလာက္ၿပီျဖစ္ၿပီး ဒီေန႔ပြဲမွာ စေကာ့တလန္သား မပါခ်ိန္မွာ ဘရာဇီးလ္သားက အသင္းခံစစ္ကို လက္ညႇိဳးထိုး ေရာင္းစားသြားခဲ့တာျဖစ္ပါတယ္။ ႐ူဘင္ နီဗက္စ္ရဲ႕ အဒါမာ ထရာအိုေရးဆီ ေပးမယ့္ ေဘာလုံးေတြကို မျဖတ္ေတာက္ႏိုင္ခဲ့သလို ဖ်က္ထုတ္မႈေတြကလည္း ဆိုး႐ြားခဲ့ၿပီး ကစားသမားသစ္ ဗာ႐ြန္းနဲ႔ ဂိုးသမား ဒေဟးယားတို႔သာ အစြမ္းမျပႏိုင္ခဲ့ရင္ မိုလီႏူးကြင္းမွာ သူ႔ေၾကာင့္ ရႈံးနိမ့္ဖို႔ လုံေလာက္ခဲ့တာေၾကာင့္ နည္းျပ ဆိုးလ္ရွားနဲ႔ တာဝန္ရွိသူေတြ လူသစ္ေခၚမလား တျခားနည္းနဲ႔ ဖာေထးႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာပါ။

ဆိုး႐ြားတဲ့ မွတ္တမ္းကို ပိုင္ဆိုင္သြားတဲ့ လာဂ်ီ
နည္းျပသစ္အျဖစ္ ေရာက္လာခ်ိန္မွာ အဖြင့္ပြဲ ၃ ပြဲ ဆက္တိုက္ရႈံးၿပီး တစ္ဂိုးမွလည္း မသြင္းႏိုင္ခဲ့တဲ့ ေပၚတူဂီသားဟာ ၂၀၁၇ ခုႏွစ္က ခရစၥတယ္လ္ ပဲေလ့စ္နည္းျပ ဖရန႔္ ဒီဘိုးနဲ႔ မွတ္တမ္းဆိုးခ်င္း ထပ္တူညီသြားခဲ့တာပါ။ အာဆင္နယ္အသင္းနဲ႔လည္း ရဂိုးသုညစံခ်ိန္ တူညီသြားခဲ့တဲ့ ဝုလ္ဗ္စ္အသင္းဟာ ခံစစ္က တစ္ပြဲကို တစ္ဂိုးထက္ ပိုမေပးရေအာင္ က်စ္လ်စ္ခဲ့တာကိုပဲ ေက်းဇူးတင္ရမွာျဖစ္ၿပီး အဆင့္ ၁၈ ေနရာကေန ႐ုန္းထြက္ဖို႔ အသင္းသစ္မွာ ရွိေနတဲ့ ကစားသမားေတြအေၾကာင္းနဲ႔ အားနည္းခ်က္ အားသာခ်က္ကို မသိဘဲ ေလွ်ာက္မရမ္းမွပဲျဖစ္ႏိုင္ပါလိမ့္မယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.