Match Report Premier League

ဒဟေးယားရဲ့ လက်စွမ်း၊ ဂရင်းဝုဒ်ရဲ့ ဂိုးနဲ့ အဆင့် ၃ နေရာကို တက်လှမ်းလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ တစ်လုံးတည်းသောဂိုးနဲ့ နိုင်ပွဲရယူနိုင်ခဲ့တယ်ဆိုပေမယ့် ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ စက္ကန့်ပိုင်းအတွင်း နှစ်ကြိမ်ဆက်တိုက်ကာကွယ်ခဲ့တဲ့ လက်စွမ်းကတော့ အဓိကကျခဲ့ပြီး ဝုလ်ဗ်စ်ကို မိုလီနူးမှာ ကျော်ဖြတ်ဖို့အတွက် လုံလောက်ခဲ့တာဖြစ်ပါတယ်။

ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ ဆန်ချိုနဲ့ ဗာရွန်းတို့ကို ထည့်သွင်းသွားခဲ့ပြီး ဂရင်းဝုဒ်နဲ့ ဂျိမ်းစ်တို့ကို ထည့်သွင်းခဲ့သလို ဖရက်ဒ်၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ ကွင်းလယ်အတွဲအဖက်အဖြစ် တာဝန်ယူလာခဲ့တဲ့ ပွဲမှာ အသင်းရဲ့ ကွင်းလယ်ဖျက်အားကတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ဝုလ်ဗ်စ်ရဲ့ ထရာအိုရေး၊ ထရင်ကာအိုတို့ရဲ့ တိုးအားတွေကို ကာကွယ်ရာမှာ အခက်အခဲရှိခဲ့ပါတယ်။

ဝုလ်ဗ်စ်နည်းပြသစ် ဘရူနို လာဂျီရဲ့ နည်းဗျူဟာပိုင်းကတော့ ဆန်းသစ်ခဲ့ပေမယ့် လိုအပ်ချက်တွေ များနေခဲ့ပြီး ထရာအိုရေးက ဘယ်တောင်ပံ၊ ထရင်ကာအိုက ညာတောင်ပံ၊ ဟီမီနက်ဇ်က နေရာလွတ်တွေကို ပြေးဝင်တဲ့ ပုံစံက အလုပ်မဖြစ်ခဲ့သလို ညာခြမ်းမှာ ပိုကောင်းတဲ့ Traditional Winger အဒါမာနဲ့ အထောင်မှာမှ ပိုအဆင်ပြေတဲ့ မက္ကဆီကန်တိုက်စစ်မှူးတို့ ကြိုးစားထိုးဖောက်ခဲ့ကြပေမယ့် ခြေမပေါ်ဘဲဖြစ်နေခဲ့ကြပါတယ်။

ပွဲစပြီး ၃ မိနစ်မှာ ထရာအိုရေးရဲ့ တန်ပြန်တိုက်စစ်ကနေ ခင်းပေးလိုက်တာကို ဟီမီနက်ဇ်ရဲ့ ကန်ချက်ကောင်းခဲ့ပေမယ့် ဒဟေးယား ကာကွယ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာ ဖရက်ဒ် ဖျက်ပုံညံ့တာကြောင့် ထရင်ကာအို ညာခြမ်းကနေ လွတ်လွတ်ကျွတ်ကျွတ်ရသွားပြီး ကန်သွင်းခဲ့တာကို စပိန်ဂိုးသမား လွတ်သွားခဲ့ပေမယ့် ဝန်ဘစ်ဆာကာက ဂိုးထဲမရောက်ခင် လမ်းတဝက်မှာ ပြေးဝင်ဖျက်ထုတ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ အိပ်မက်ဆိုး မမက်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာ ဝုလ်ဗ်စ်ဘက်က ဟီမီနက်ဇ်နဲ့ ဂျာအို မော်တင်ညိုတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ချိန်မှာ ပွဲချိန် ၃၇ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ နစ်နာခဲ့ရပြီး အိမ်ရှင်တွေရဲ့ ရှေ့တန်းသုံးယောက်ကတော့ အဝိုင်းထဲကို လေးထောင့်ရိုက်သွင်းခံရသလို နည်းပြသစ်ရဲ့ ကစားကွက်မှာ ပင်ကိုယ်အစွမ်းအစတွေ တိမ်မြုပ်နေခဲ့ပြီး ညာနောက်ခံက ဆီမီဒိုကလည်း ဒိုဟာတီလို မကောင်းတာကြောင့် စိတ်ပျက်စရာ ဝံပုလွေတွေကိုပဲ မြင်ခဲ့ရပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာ ဒိုင်ကို စောဒကတက်တဲ့ ဘရူနို ဖာနန်ဒက်စ် ဒီပုံစံမျိုးနဲ့ပဲ နှစ်ပွဲဆက်တိုက် အဝါထိခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာ ဂရင်းဝုဒ်ရဲ့ ထောင့်ဖြတ်ကန်ချက် လွဲခဲ့ချော်ခဲ့သလို ကွင်းထဲမှာ လူပျောက်တိုင်ရမယ့် ဆန်ချိုကြောင့် ယူနိုက်တက်တို့ တိုက်စစ်က အလုပ်မဖြစ်ခဲ့ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ နည်းနည်းပြန်တက်လာခဲ့ပြီး ဖရက်ဒ်ကတော့ ခံစစ်မှာ အလုပ်မဖြစ်ခဲ့ဘဲ ထရင်ကာအိုရဲ့ အသည်းယားစရာ ဖြတ်ကျော်ခြင်းကို ခံခဲ့ရလို့ ပွဲထွက်မှာ ခြေစွမ်းပြနေတဲ့ ဗာရွန်း လိုက်လံပိတ်ဆို့ခဲ့ရပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ ဂျိမ်းစ်အစား ကာဗာနီကို ထည့်ခဲ့ချိန်မှာ ဂရင်းဝုဒ်က အထောင်ကနေ ညာခြမ်းကို ပြောင်းကစားလာခဲ့ပါတယ်။

ဝုလ်ဗ်စ်နည်းပြရဲ့ ကစားကွက်ကို မခံစားနိုင်တဲ့ ထရာအိုရေးကတော့ သူအားသန်တဲ့ ညာခြမ်းကို တဖြည်းဖြည်း ပြောင်းရွှေ့ထိုးဖောက်နေတာကို မြင်ခဲ့ရပေမယ့် အရင်လောက် ပါဝါမမီသေးတဲ့ ဟီမီနက်ဇ်နဲ့ အတွဲအဖက်မျိုး ပြန်လည်မရှာဖွေနိုင်ခဲ့သလို ပွဲချိန် ၅၈ မိနစ်မှာတော့ ဖာနန်ဒက်စ်က အခွင့်အရေးကောင်းကို နောက်ပြန်ပေးပြီး ဖြုန်းတီးခဲ့ပါတယ်။

ဂရင်းဝုဒ်ကတော့ ညာခြမ်းမှာ ပုံစံကောင်းကို ပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက်တို့ ဂိုးပေါက်ရှာရခက်နေခဲ့ချိန်မှာ ပွဲချိန် ၆၉ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ နောက်ခံလူတွေကြားက ဝုလ်ဗ်စ်ရဲ့ ဆိုက်စ်က ခေါင်းတိုက်သွင်းမှုကို ဒဟေးယား ကာကွယ်ခဲ့ရသလို နောက်တစ်ကြိမ် ထပ်ပိတ်ခွင့်ရခဲ့တာကိုလည်း သူ့ရဲ့ဘယ်ဘက်ကို မှန်မှန်ကန်ကန်လှဲချပြီး ထပ်မံကာကွယ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာ ထရင်ကာအိုအစား ပိုဒင့်စ်ကို ဝုလ်ဗ်စ်တို့ ထည့်သွင်းပြီး ထရာအိုရေးကို ညာခြမ်းပြောင်းကစားခိုင်းခဲ့ပေမယ့် တစ်ချိန်လုံး ရုန်းနေရလို့ ကျဆင်းစပြုလာတဲ့ စပိန်သားတစ်ယောက် ထိရောက်မှု နည်းလာသလို ၆၉ မိနစ်မှာ သူ့ရဲ့ ဖြတ်တင်ဘောကနေ ရူဘင် နီဗက်စ် ကန်ခွင့်ရတာကိုလည်း ဒဟေးယားက နေရာယူမှန်မှန်နဲ့ ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ပရီးမီးယားလိဂ်မှာ သင်ယူရဦးမယ့် ဆန်ချိုအစား မာစီယယ်လ် ဝင်ကစားခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ ဂရင်းဝုဒ် ပေးတာကို ဖာနန်ဒက်စ် လွဲချော်ခဲ့ပြီးနောက်မှာ ရူဘင် နီဗက်စ်ဆီက ပေါ့ဘာ ဖျက်ထုတ်လို့ ပျက်လာခဲ့တဲ့ ဘောလုံးကို ဗာရွန်းက ညာခြမ်းကို ချပေးခဲ့ချိန်မှာ ဂရင်းဝုဒ်ရဲ့ နောက်ခံလူနှစ်ဦးကို လိမ်ခေါက်ကန်သွင်းချက်က ဝုလ်ဗ်စ်ဂိုးသမား ဂျိုဆေးဆာ ပုတ်ပေမယ့် ဂိုးထဲဝင်သွားခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီဂိုးအတွက် ဂရင်းဝုဒ်ရဲ့ ကန်ချက်က ဝင်ဖို့ခက်တဲ့ ကန်ချက်ဖြစ်ပြီး ဝင်မယ်ပြောဖို့တောင် ခက်ပေမယ့် ဂိုးသမားရဲ့ နောက်ကျတဲ့ ပုတ်ထုတ်မှုက ဂိုးပေါက်တည့်စေခဲ့သလို ဘောလုံးမြစ်ဖျားခံခဲ့တဲ့ ရူဘင် နီဗက်စ်ကို ပေါ့ဘာရဲ့ ဖျက်ထုတ်မှုအတွက် ဝုလ်ဗ်စ်တို့ စောဒကတက်ခဲ့ကြပေမယ့် VAR ကြည့်ရာမှာ ပြစ်ဒဏ်ဘောဖြစ်လောက်အောင် ထိမိသွားခြင်းမရှိတာကြောင့် ဂိုးအဖြစ် ဆက်လက်ခွင့်ပြုပေးခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ စိတ်လေသွားခဲ့ပြီး သူတို့ရဲ့ ထိုးဖောက်မှုတွေကိုလည်း ဖရက်ဒ်၊ ဒါလောနဲ့ ပေါ့ဘာတို့ အဝါယူပြီး ခပ်ကြမ်းကြမ်း ရိုက်ချိုးထားနိုင်ခဲ့လို့ အနိုင်ဂိုးကို ထိန်းသိမ်းကာကွယ်နိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့ တစ်လုံးတည်းသောဂိုးနဲ့ မိုလီနူးမှာ အောင်ပွဲခံရင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရပ်တည်မှုမှာ ဂိုးကွာခြားချက်နဲ့ ချဲလ်ဆီး၊ လီဗာပူးလ်တို့ရှေ့က တတိယနေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ တစ္လုံးတည္းေသာဂိုးနဲ႔ ႏိုင္ပြဲရယူႏိုင္ခဲ့တယ္ဆိုေပမယ့္ ဂိုးသမား ေဒးဗစ္ ဒေဟးယားရဲ႕ စကၠန႔္ပိုင္းအတြင္း ႏွစ္ႀကိမ္ဆက္တိုက္ကာကြယ္ခဲ့တဲ့ လက္စြမ္းကေတာ့ အဓိကက်ခဲ့ၿပီး ဝုလ္ဗ္စ္ကို မိုလီႏူးမွာ ေက်ာ္ျဖတ္ဖို႔အတြက္ လုံေလာက္ခဲ့တာျဖစ္ပါတယ္။

ကစားသမားသစ္ႏွစ္ဦးျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ ဗာ႐ြန္းတို႔ကို ထည့္သြင္းသြားခဲ့ၿပီး ဂရင္းဝုဒ္နဲ႔ ဂ်ိမ္းစ္တို႔ကို ထည့္သြင္းခဲ့သလို ဖရက္ဒ္၊ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ ကြင္းလယ္အတြဲအဖက္အျဖစ္ တာဝန္ယူလာခဲ့တဲ့ ပြဲမွာ အသင္းရဲ႕ ကြင္းလယ္ဖ်က္အားကေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့ၿပီး ဝုလ္ဗ္စ္ရဲ႕ ထရာအိုေရး၊ ထရင္ကာအိုတို႔ရဲ႕ တိုးအားေတြကို ကာကြယ္ရာမွာ အခက္အခဲရွိခဲ့ပါတယ္။

ဝုလ္ဗ္စ္နည္းျပသစ္ ဘ႐ူႏို လာဂ်ီရဲ႕ နည္းဗ်ဴဟာပိုင္းကေတာ့ ဆန္းသစ္ခဲ့ေပမယ့္ လိုအပ္ခ်က္ေတြ မ်ားေနခဲ့ၿပီး ထရာအိုေရးက ဘယ္ေတာင္ပံ၊ ထရင္ကာအိုက ညာေတာင္ပံ၊ ဟီမီနက္ဇ္က ေနရာလြတ္ေတြကို ေျပးဝင္တဲ့ ပုံစံက အလုပ္မျဖစ္ခဲ့သလို ညာျခမ္းမွာ ပိုေကာင္းတဲ့ Traditional Winger အဒါမာနဲ႔ အေထာင္မွာမွ ပိုအဆင္ေျပတဲ့ မကၠဆီကန္တိုက္စစ္မႉးတို႔ ႀကိဳးစားထိုးေဖာက္ခဲ့ၾကေပမယ့္ ေျခမေပၚဘဲျဖစ္ေနခဲ့ၾကပါတယ္။

ပြဲစၿပီး ၃ မိနစ္မွာ ထရာအိုေရးရဲ႕ တန္ျပန္တိုက္စစ္ကေန ခင္းေပးလိုက္တာကို ဟီမီနက္ဇ္ရဲ႕ ကန္ခ်က္ေကာင္းခဲ့ေပမယ့္ ဒေဟးယား ကာကြယ္သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅ မိနစ္မွာ ဖရက္ဒ္ ဖ်က္ပုံညံ့တာေၾကာင့္ ထရင္ကာအို ညာျခမ္းကေန လြတ္လြတ္ကြၽတ္ကြၽတ္ရသြားၿပီး ကန္သြင္းခဲ့တာကို စပိန္ဂိုးသမား လြတ္သြားခဲ့ေပမယ့္ ဝန္ဘစ္ဆာကာက ဂိုးထဲမေရာက္ခင္ လမ္းတဝက္မွာ ေျပးဝင္ဖ်က္ထုတ္ႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ အိပ္မက္ဆိုး မမက္ခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာ ဝုလ္ဗ္စ္ဘက္က ဟီမီနက္ဇ္နဲ႔ ဂ်ာအို ေမာ္တင္ညိဳတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ နစ္နာခဲ့ရၿပီး အိမ္ရွင္ေတြရဲ႕ ေရွ႕တန္းသုံးေယာက္ကေတာ့ အဝိုင္းထဲကို ေလးေထာင့္႐ိုက္သြင္းခံရသလို နည္းျပသစ္ရဲ႕ ကစားကြက္မွာ ပင္ကိုယ္အစြမ္းအစေတြ တိမ္ျမဳပ္ေနခဲ့ၿပီး ညာေနာက္ခံက ဆီမီဒိုကလည္း ဒိုဟာတီလို မေကာင္းတာေၾကာင့္ စိတ္ပ်က္စရာ ဝံပုေလြေတြကိုပဲ ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာ ဒိုင္ကို ေစာဒကတက္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ ဒီပုံစံမ်ိဳးနဲ႔ပဲ ႏွစ္ပြဲဆက္တိုက္ အဝါထိခဲ့ၿပီး ပြဲခ်ိန္ ၄၅ မိနစ္မွာ ဂရင္းဝုဒ္ရဲ႕ ေထာင့္ျဖတ္ကန္ခ်က္ လြဲခဲ့ေခ်ာ္ခဲ့သလို ကြင္းထဲမွာ လူေပ်ာက္တိုင္ရမယ့္ ဆန္ခ်ိဳေၾကာင့္ ယူႏိုက္တက္တို႔ တိုက္စစ္က အလုပ္မျဖစ္ခဲ့ဘဲ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ နည္းနည္းျပန္တက္လာခဲ့ၿပီး ဖရက္ဒ္ကေတာ့ ခံစစ္မွာ အလုပ္မျဖစ္ခဲ့ဘဲ ထရင္ကာအိုရဲ႕ အသည္းယားစရာ ျဖတ္ေက်ာ္ျခင္းကို ခံခဲ့ရလို႔ ပြဲထြက္မွာ ေျခစြမ္းျပေနတဲ့ ဗာ႐ြန္း လိုက္လံပိတ္ဆို႔ခဲ့ရၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဂ်ိမ္းစ္အစား ကာဗာနီကို ထည့္ခဲ့ခ်ိန္မွာ ဂရင္းဝုဒ္က အေထာင္ကေန ညာျခမ္းကို ေျပာင္းကစားလာခဲ့ပါတယ္။

ဝုလ္ဗ္စ္နည္းျပရဲ႕ ကစားကြက္ကို မခံစားႏိုင္တဲ့ ထရာအိုေရးကေတာ့ သူအားသန္တဲ့ ညာျခမ္းကို တျဖည္းျဖည္း ေျပာင္းေ႐ႊ႕ထိုးေဖာက္ေနတာကို ျမင္ခဲ့ရေပမယ့္ အရင္ေလာက္ ပါဝါမမီေသးတဲ့ ဟီမီနက္ဇ္နဲ႔ အတြဲအဖက္မ်ိဳး ျပန္လည္မရွာေဖြႏိုင္ခဲ့သလို ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဖာနန္ဒက္စ္က အခြင့္အေရးေကာင္းကို ေနာက္ျပန္ေပးၿပီး ျဖဳန္းတီးခဲ့ပါတယ္။

ဂရင္းဝုဒ္ကေတာ့ ညာျခမ္းမွာ ပုံစံေကာင္းကို ျပသႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္တို႔ ဂိုးေပါက္ရွာရခက္ေနခဲ့ခ်ိန္မွာ ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ေနာက္ခံလူေတြၾကားက ဝုလ္ဗ္စ္ရဲ႕ ဆိုက္စ္က ေခါင္းတိုက္သြင္းမႈကို ဒေဟးယား ကာကြယ္ခဲ့ရသလို ေနာက္တစ္ႀကိမ္ ထပ္ပိတ္ခြင့္ရခဲ့တာကိုလည္း သူ႔ရဲ႕ဘယ္ဘက္ကို မွန္မွန္ကန္ကန္လွဲခ်ၿပီး ထပ္မံကာကြယ္သြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ မယုံၾကည္ႏိုင္ေအာင္ျဖစ္ခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာ ထရင္ကာအိုအစား ပိုဒင့္စ္ကို ဝုလ္ဗ္စ္တို႔ ထည့္သြင္းၿပီး ထရာအိုေရးကို ညာျခမ္းေျပာင္းကစားခိုင္းခဲ့ေပမယ့္ တစ္ခ်ိန္လုံး ႐ုန္းေနရလို႔ က်ဆင္းစျပဳလာတဲ့ စပိန္သားတစ္ေယာက္ ထိေရာက္မႈ နည္းလာသလို ၆၉ မိနစ္မွာ သူ႔ရဲ႕ ျဖတ္တင္ေဘာကေန ႐ူဘင္ နီဗက္စ္ ကန္ခြင့္ရတာကိုလည္း ဒေဟးယားက ေနရာယူမွန္မွန္နဲ႔ ဖမ္းယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ပရီးမီးယားလိဂ္မွာ သင္ယူရဦးမယ့္ ဆန္ခ်ိဳအစား မာစီယယ္လ္ ဝင္ကစားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ဂရင္းဝုဒ္ ေပးတာကို ဖာနန္ဒက္စ္ လြဲေခ်ာ္ခဲ့ၿပီးေနာက္မွာ ႐ူဘင္ နီဗက္စ္ဆီက ေပါ့ဘာ ဖ်က္ထုတ္လို႔ ပ်က္လာခဲ့တဲ့ ေဘာလုံးကို ဗာ႐ြန္းက ညာျခမ္းကို ခ်ေပးခဲ့ခ်ိန္မွာ ဂရင္းဝုဒ္ရဲ႕ ေနာက္ခံလူႏွစ္ဦးကို လိမ္ေခါက္ကန္သြင္းခ်က္က ဝုလ္ဗ္စ္ဂိုးသမား ဂ်ိဳေဆးဆာ ပုတ္ေပမယ့္ ဂိုးထဲဝင္သြားခဲ့လို႔ ယူႏိုက္တက္တို႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီဂိုးအတြက္ ဂရင္းဝုဒ္ရဲ႕ ကန္ခ်က္က ဝင္ဖို႔ခက္တဲ့ ကန္ခ်က္ျဖစ္ၿပီး ဝင္မယ္ေျပာဖို႔ေတာင္ ခက္ေပမယ့္ ဂိုးသမားရဲ႕ ေနာက္က်တဲ့ ပုတ္ထုတ္မႈက ဂိုးေပါက္တည့္ေစခဲ့သလို ေဘာလုံးျမစ္ဖ်ားခံခဲ့တဲ့ ႐ူဘင္ နီဗက္စ္ကို ေပါ့ဘာရဲ႕ ဖ်က္ထုတ္မႈအတြက္ ဝုလ္ဗ္စ္တို႔ ေစာဒကတက္ခဲ့ၾကေပမယ့္ VAR ၾကည့္ရာမွာ ျပစ္ဒဏ္ေဘာျဖစ္ေလာက္ေအာင္ ထိမိသြားျခင္းမရွိတာေၾကာင့္ ဂိုးအျဖစ္ ဆက္လက္ခြင့္ျပဳေပးခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဝုလ္ဗ္စ္တို႔ စိတ္ေလသြားခဲ့ၿပီး သူတို႔ရဲ႕ ထိုးေဖာက္မႈေတြကိုလည္း ဖရက္ဒ္၊ ဒါေလာနဲ႔ ေပါ့ဘာတို႔ အဝါယူၿပီး ခပ္ၾကမ္းၾကမ္း ႐ိုက္ခ်ိဳးထားႏိုင္ခဲ့လို႔ အႏိုင္ဂိုးကို ထိန္းသိမ္းကာကြယ္ႏိုင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔ တစ္လုံးတည္းေသာဂိုးနဲ႔ မိုလီႏူးမွာ ေအာင္ပြဲခံရင္း ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရပ္တည္မႈမွာ ဂိုးကြာျခားခ်က္နဲ႔ ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔ေရွ႕က တတိယေနရာကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.