Analysis Other Premier League

မိအေးနှစ်ခါနာစေတဲ့ ရီးစ်ဂျိမ်းစ်ရဲ့အနီကတ်ကြောင့် ပွဲရသ ပျက်ဆီးသွားခဲ့ရတယ်လို့ ဝေဖန်လိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဟာ ပြီးခဲ့တဲ့ညက တယောက်လျော့ ချယ်လ်ဆီးအသင်းကို အန်ဖီးလ်မြေမှာ တဂိုးစီသရေကျသွားခဲ့ပြီး ဒါဟာ အပြာ​ရောင်နောက်ခံလူ ရီးစ်ဂျိမ်းစ်ကို ပထမပိုင်းပြီးဆုံးခါနီး အနီကတ်နဲ့ ထုတ်ပယ်ခဲ့ခြင်းဟာ ကစားပွဲရဲ့ရသကို ထိခိုက်ဖျက်ဆီးသွားခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဧည့်သည်ချယ်လ်ဆီးအသင်းဟာ ခိုင်ဟာဗတ်ဇ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် လီဗာပူးလ်ဟာ မာနေးရဲ့ကန်သွင်းမှုကို ရုန်းရင်ဆန်ခတ်အနေအထားကနေ နောက်ခံလူ ရီးစ်ဂျိမ်းစ်က ဂိုးစည်းထိပ်ကနေ လက်နဲ့ပုတ်ထုတ်ခဲ့တယ်လို့ ဆုံးဖြတ်ခံရပြီး အခွင့်အရေးရရှိလာခဲဲ့တဲ့ ပင်နယ်တီကို တိုက်စစ်မှူး မိုဆာလားက ကန်သွင်းယူသွားခဲ့လို့ ချေပဂိုးကို ရရှိခဲ့တာပါ။

ဒုတိယပိုင်းပွဲချိန်တခုလုံးကို လူတယောက်အသာနဲ့ ပွဲကိုလွှမ်းမိုးပြီး ကစားခွင့်ရသွားခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ မရှာဖွေနိုင်ခဲ့တဲ့ ကလော့ပ်ကတော့ တယောက်လျော့ ချယ်လ်ဆီးအသင်းရဲ့ မာကျောမှုဟာ သရေတမှတ်နဲ့ ထိုက်တန်ကြောင်း ဝန်ခံသွားခဲ့ပြီး မိမိအနေနဲ့ ဒီပွဲကို အင်အားချင်းအတူတူ ၁၁ ယောက်ချင်းသာ ကစားချင်ခဲ့​ကြောင်း ပြောကြားသွားခဲ့တာပါ။

” ကျွန်တော်က မိအေးနှစ်ခါနာစေတဲ့ ပြစ်ဒဏ်ပေးမှုမျိုးကို ဘယ်တော့မှ အားမပေးသလို တစုံတယောက်က ပရီးမီးယားလိဂ်ရဲ့စည်းမျဥ်းဥပဒေသတွေ ပြောင်းလဲသွားပြီလို့ ကျွန်တော့်ကိုပြောနေပေမယ့် အခုကြည့်နေရတာတော့ အရင်အတိုင်းပဲ ရှိနေဆဲပါ။ ပြီးတော့ ရက်စက်ပြင်းထန်ပါတယ်။ ပွဲရသကို ဖျက်ဆီးသွားခဲ့ပါတယ်”

” ပထမတပိုင်းလုံး ကျွန်တော်တို့ အခြေအနေကောင်းခဲ့ပါတယ်။ ချယ်လ်ဆီးကို ထိုးနှက်နိုင်ခဲ့ပြီး ဒုက္ခပွေစေခဲ့တယ်။ ဒုတိယပိုင်းမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ချယ်လ်ဆီးအသင်းရဲ့ ပြင်းအားမြင့်ကစားပုံကတော့ အံ့သြဖို့ကောင်းပါတယ်။ ဒါကြောင့်လည်း သူတို့ ရမှတ်တမှတ်နဲ့ ထိုက်တန်သွားခဲ့တာပါ။ ကျွန်တော်ကတော့ ၁၁ ယောက်ချင်းပဲ ကန်ချင်ပါတယ်။ ဒါမှ တကယ်ပိုကောင်းတဲ့အသင်းကို ခင်ဗျားတို့ မြင်ခွင့်ရမှာပါ” လို့ သူက ပွဲအပြီးမှာ ရှင်းလင်းသွားခဲ့ပါတယ်။

သူကဆက်လက်ပြီး ” ဒုတိယပိုင်းအနေအထားမှာ ၁၀ ယောက် Vs ၁၁ ယောက် ကန်တဲ့ပွဲကတော့ အနိုင်ပဲဟေ့လို့ ပေါ့ပေါ့တန်တန်နဲ့ ခပ်လွယ်လွယ်တွေးတတ်တဲ့သူထဲမှာ ကျွန်တော်မပါပါဘူး။ ဒီလိုမတွေးတတ်ဖို့ ကျွန်တော် ဘောလုံးပွဲပေါင်း ၅ သန်းလောက် ကြည့်ရှူထားပါတယ်။ ”

” အထူးသဖြင့် ချယ်လ်ဆီးလို ခံစစ်ပိုင်းစွမ်း​ဆောင်ရည်အရ သိပ်ကိုအဆင့်မြင်တဲ့အသင်းနဲ့ဆိုရင်ပေါ့လေ။ ပွဲက နည်းနည်းဥာဏ်နီဥာဏ်နက်များပါတယ်။ အဆုံးသတ်ပိုင်းလေးတချက်ပဲ ပိုသေချာခဲ့ရင် ကျွန်တော့်အသင်းက ဂိုးပေါက်တွေ့ခဲ့ရမှာပါ။ သီသီလေးလိုသွားပါတယ်။ ကျွန်တော်တို့ပိုကောင်းခဲ့သင့်ပေမယ့် ရာသီအစပဲဖြစ်လို့ ဒီရလဒ်ကို လက်ခံပါတယ်။” လို့ ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် “၁၁ ယောက်ချင်းကန်ရတဲ့ပွဲသာဆိုရင်တော့ ရလဒ်ကဘယ်လိုဖြစ်သွားမလဲဆိုတာ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမယ့် ရာသီအစပဲရှိသေးတော့ အရာရာအဆင်ပြေပါတယ်။ ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဥရောပအကောင်းဆုံးအသင်းကို သရေရခဲ့တာပါ။ ဒါကြောင့် အဆင်​ပြေပါတယ်။”

” အခုချိန် ၃ ပွဲမှာ ၇ မှတ်ရထားပါပြီ။ ကျွန်တော်တို့ ဆက်သွားပါမယ်။ ပုံစံကောင်းကိုလည်း ရရှိနေပါတယ်။ ဒီအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားဖို့ လိုပါတယ်။ ” လို့ ၁၁ ယောက်ချင်း တရားမျှမျှတတကန်မယ်ဆိုရင်ရော လီဗာပူးလ်အသင်း အနိုင် သို့ သရေဆိုတဲ့ရလဒ်ကို ချယ်လ်ဆီးအသင်းဆီက ယူနိုင်စွမ်းပါ့မလားဆိုတဲ့ မီဒီယာတွေရဲ့ မေးခွန်းကိုလည်း ခပ်ပါးပါးလေး တုံ့ပြန်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ဟာ ၿပီးခဲ့တဲ့ညက တေယာက္ေလ်ာ့ ခ်ယ္လ္ဆီးအသင္းကို အန္ဖီးလ္ေျမမွာ တဂိုးစီသေရက်သြားခဲ့ၿပီး ဒါဟာ အျပာ​ေရာင္ေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္ကို ပထမပိုင္းၿပီးဆုံးခါနီး အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ျခင္းဟာ ကစားပြဲရဲ႕ရသကို ထိခိုက္ဖ်က္ဆီးသြားခဲ့တယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။

ဧည့္သည္ခ်ယ္လ္ဆီးအသင္းဟာ ခိုင္ဟာဗတ္ဇ္ရဲ႕ ေခါင္းတိုက္ဂိုးနဲ႔ ပြဲကို ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ လီဗာပူးလ္ဟာ မာေနးရဲ႕ကန္သြင္းမႈကို ႐ုန္းရင္ဆန္ခတ္အေနအထားကေန ေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္က ဂိုးစည္းထိပ္ကေန လက္နဲ႔ပုတ္ထုတ္ခဲ့တယ္လို႔ ဆုံးျဖတ္ခံရၿပီး အခြင့္အေရးရရွိလာခဲဲ့တဲ့ ပင္နယ္တီကို တိုက္စစ္မႉး မိုဆာလားက ကန္သြင္းယူသြားခဲ့လို႔ ေခ်ပဂိုးကို ရရွိခဲ့တာပါ။

ဒုတိယပိုင္းပြဲခ်ိန္တခုလုံးကို လူတေယာက္အသာနဲ႔ ပြဲကိုလႊမ္းမိုးၿပီး ကစားခြင့္ရသြားခဲ့ေပမယ့္ အႏိုင္ဂိုးကိုေတာ့ မရွာေဖြႏိုင္ခဲ့တဲ့ ကေလာ့ပ္ကေတာ့ တေယာက္ေလ်ာ့ ခ်ယ္လ္ဆီးအသင္းရဲ႕ မာေက်ာမႈဟာ သေရတမွတ္နဲ႔ ထိုက္တန္ေၾကာင္း ဝန္ခံသြားခဲ့ၿပီး မိမိအေနနဲ႔ ဒီပြဲကို အင္အားခ်င္းအတူတူ ၁၁ ေယာက္ခ်င္းသာ ကစားခ်င္ခဲ့​ေၾကာင္း ေျပာၾကားသြားခဲ့တာပါ။

” ကြၽန္ေတာ္က မိေအးႏွစ္ခါနာေစတဲ့ ျပစ္ဒဏ္ေပးမႈမ်ိဳးကို ဘယ္ေတာ့မွ အားမေပးသလို တစုံတေယာက္က ပရီးမီးယားလိဂ္ရဲ႕စည္းမ်ဥ္းဥပေဒသေတြ ေျပာင္းလဲသြားၿပီလို႔ ကြၽန္ေတာ့္ကိုေျပာေနေပမယ့္ အခုၾကည့္ေနရတာေတာ့ အရင္အတိုင္းပဲ ရွိေနဆဲပါ။ ၿပီးေတာ့ ရက္စက္ျပင္းထန္ပါတယ္။ ပြဲရသကို ဖ်က္ဆီးသြားခဲ့ပါတယ္”

” ပထမတပိုင္းလုံး ကြၽန္ေတာ္တို႔ အေျခအေနေကာင္းခဲ့ပါတယ္။ ခ်ယ္လ္ဆီးကို ထိုးႏွက္ႏိုင္ခဲ့ၿပီး ဒုကၡေပြေစခဲ့တယ္။ ဒုတိယပိုင္းမွာလည္း ထိုနည္းလည္းေကာင္းပါပဲ။ ခ်ယ္လ္ဆီးအသင္းရဲ႕ ျပင္းအားျမင့္ကစားပုံကေတာ့ အံ့ၾသဖို႔ေကာင္းပါတယ္။ ဒါေၾကာင့္လည္း သူတို႔ ရမွတ္တမွတ္နဲ႔ ထိုက္တန္သြားခဲ့တာပါ။ ကြၽန္ေတာ္ကေတာ့ ၁၁ ေယာက္ခ်င္းပဲ ကန္ခ်င္ပါတယ္။ ဒါမွ တကယ္ပိုေကာင္းတဲ့အသင္းကို ခင္ဗ်ားတို႔ ျမင္ခြင့္ရမွာပါ” လို႔ သူက ပြဲအၿပီးမွာ ရွင္းလင္းသြားခဲ့ပါတယ္။

သူကဆက္လက္ၿပီး ” ဒုတိယပိုင္းအေနအထားမွာ ၁၀ ေယာက္ Vs ၁၁ ေယာက္ ကန္တဲ့ပြဲကေတာ့ အႏိုင္ပဲေဟ့လို႔ ေပါ့ေပါ့တန္တန္နဲ႔ ခပ္လြယ္လြယ္ေတြးတတ္တဲ့သူထဲမွာ ကြၽန္ေတာ္မပါပါဘူး။ ဒီလိုမေတြးတတ္ဖို႔ ကြၽန္ေတာ္ ေဘာလုံးပြဲေပါင္း ၅ သန္းေလာက္ ၾကည့္ရႉထားပါတယ္။ ”

” အထူးသျဖင့္ ခ်ယ္လ္ဆီးလို ခံစစ္ပိုင္းစြမ္း​ေဆာင္ရည္အရ သိပ္ကိုအဆင့္ျမင္တဲ့အသင္းနဲ႔ဆိုရင္ေပါ့ေလ။ ပြဲက နည္းနည္းဥာဏ္နီဥာဏ္နက္မ်ားပါတယ္။ အဆုံးသတ္ပိုင္းေလးတခ်က္ပဲ ပိုေသခ်ာခဲ့ရင္ ကြၽန္ေတာ့္အသင္းက ဂိုးေပါက္ေတြ႕ခဲ့ရမွာပါ။ သီသီေလးလိုသြားပါတယ္။ ကြၽန္ေတာ္တို႔ပိုေကာင္းခဲ့သင့္ေပမယ့္ ရာသီအစပဲျဖစ္လို႔ ဒီရလဒ္ကို လက္ခံပါတယ္။” လို႔ ေျပာခဲ့ပါေသးတယ္။

ဒါ့အျပင္ “၁၁ ေယာက္ခ်င္းကန္ရတဲ့ပြဲသာဆိုရင္ေတာ့ ရလဒ္ကဘယ္လိုျဖစ္သြားမလဲဆိုတာ ကြၽန္ေတာ္မေျပာႏိုင္ပါဘူး။ ဒါေပမယ့္ ရာသီအစပဲရွိေသးေတာ့ အရာရာအဆင္ေျပပါတယ္။ ကြၽန္ေတာ္တို႔အသင္းဟာ ၿပီးခဲ့တဲ့ရာသီရဲ႕ ဥေရာပအေကာင္းဆုံးအသင္းကို သေရရခဲ့တာပါ။ ဒါေၾကာင့္ အဆင္​ေျပပါတယ္။”

” အခုခ်ိန္ ၃ ပြဲမွာ ၇ မွတ္ရထားပါၿပီ။ ကြၽန္ေတာ္တို႔ ဆက္သြားပါမယ္။ ပုံစံေကာင္းကိုလည္း ရရွိေနပါတယ္။ ဒီအတိုင္းသာ ဆက္လက္လုပ္ေဆာင္သြားဖို႔ လိုပါတယ္။ ” လို႔ ၁၁ ေယာက္ခ်င္း တရားမွ်မွ်တတကန္မယ္ဆိုရင္ေရာ လီဗာပူးလ္အသင္း အႏိုင္ သို႔ သေရဆိုတဲ့ရလဒ္ကို ခ်ယ္လ္ဆီးအသင္းဆီက ယူႏိုင္စြမ္းပါ့မလားဆိုတဲ့ မီဒီယာေတြရဲ႕ ေမးခြန္းကိုလည္း ခပ္ပါးပါးေလး တုံ႔ျပန္သြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.