Analysis Other Premier League

အန်သော်နီ တေလာကြောင့် ချဲလ်ဆီးနစ်နာခဲ့ရတဲ့နောက်မှာ သူ့အမှားတွေက ဘယ်လောက်ထိများပြားစုပုံနေခဲ့တာလဲ?

ပြီးခဲ့တဲ့ညက လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်မြေကို အဝေးကွင်းသွားကစားခဲ့ရတဲ့ ချဲလ်ဆီးအသင်းရဲ့ ပရိသတ်တွေအတွက်ကတော့ ကွင်းလယ်ဒိုင် အန်သော်နီ တေလာရဲ့ ပရော်ဖက်ရှင်နယ်မပီသတဲ့ ဆုံးဖြတ်ချက်ကြောင့် ဒေါသထွက်ပေါက်ကွဲစရာဖြစ်ခဲ့ရပြီး လီဗာပူးလ်တို့ကို တမှတ်ခွဲပေးရမယ့် ပင်နယ်တီပြစ်ဒဏ်ဘောကို ခွင့်ပြုပေးခဲ့ရပါတယ်။

ဒီဖြစ်ရပ်က ပထမပိုင်းပြီးဆုံးခါနီး မိနစ်ပိုင်းအလိုမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချဲလ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းအနေနဲ့ ရုန်းရင်းဆန်ခတ်အနေအထားမှာ ဂိုးစည်းထိပ်ကနေ ဘောလုံးကို လက်နဲ့ပုတ်ထုတ်ခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရပြီး တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို လီဗာပူးလ်အသင်းဘက်ကို ခွင့်ပြုပေးခဲ့တဲ့ပင်နယ်တီကနေတဆင့် တိုက်စစ်မှူး မိုဆာလားက ချေပဂိုးကို သွင်းယူသွားခဲ့တာပါ။

အသက် ၂၁ နှစ်သား ထုတ်ပယ်ခံခဲ့ရတဲ့နောက် ဒုတိယပိုင်းပွဲချိန်တခုလုံးကို လူတယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ချဲလ်ဆီးအသင်းဟာ လိုအပ်တဲ့ရလဒ်ကိုတော့ ထိန်းသိမ်းသွားနိုင်ခဲ့ပြီး ဂိုးထပ်မပေးခဲ့ရတာတော့ ဒိုင်လူကြီး တေလာကြောင့် ဓားစာခံမဖြစ်ခဲ့လို့ တော်သေးတယ်လို့ ဆိုနိုင်သလို ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၀ က အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ FA ဖလားဖိုင်နယ်မှာလည်း ကွင်းလယ်လူ မက်တီယို ကိုဗာချစ်ကို အငြှိုးတကြီးထုတ်ပယ်ခံဖူးလို့ အပြာရောင်ပရိသတ်တွေကို ရင်နာထပ်ဖြစ်စေခဲ့တာပါ။

အန်သော်နီ တေလာရဲ့ အလွဲတွေကို ပြန်ကြည့်တဲ့အခါ ၂၀၁၄ ခုနှစ်က ချဲလ်ဆီးအသင်းနဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတဲ့ အပြာရောင်ကွင်းလယ်လူ ဆက်စ်ဖာဘရီဂတ်စ်ကို ပင်နယ်တီမပေးတဲ့အပြင် ဟန်ဆောင်လှဲချတယ်လို့ သတ်မှတ်ခဲ့ပြီး အဝါကတ်ပြားပြသခဲ့သလို ပွဲအပြီးမှာတော့ တေလာက နည်းပြ မော်ရင်ညိုကို ပြန်လည်တောင်းပန်သွားခဲ့ရဖူးပါတယ်။

၂၀၁၇ ခုနှစ်က FA ဖလားဗိုလ်လုပွဲမှာလည်း အာဆင်နယ်အသင်းဘက်ကို အသာရစေတဲ့ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့ဖူးပြီး ဧရိယာထဲ ဘောလုံးကို လက်နဲ့ ဘောလုံးဆွဲယူပြီး ဂိုးသွင်းသွားခဲ့တဲ့ အလက်ဆစ် ဆန်းချက်ဇ်ကို ခွင့်ပြုပေးခဲ့ဖူးသလို ၂၀၂၀ ခုနှစ်က မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကစားတဲ့ ကာရာဘောင်းဖလားပွဲစဥ်မှာလည်း ဘတ်ရွှာယီကို ကန်ကျောက်ခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားကို ဘာကတ်မှမပြခဲ့သလို သူ့ရဲ့ဂိုးနဲ့ပဲ ယူနိုက်တက်တို့ နိုင်သွားခဲ့တာပါ။

အခု ၂၀၂၁ ပရီးမီးယားလိဂ်ရာသီမှာလည်း ကွင်းလယ်ဒိုင်လူကြီး တေလာဟာ ဖန်သားပြင်ရှေ့မှာ ၁.၂ စက္ကန့်သာ ပြန်လည်ကြည့်ရှုခဲ့ပြီး ချဲလ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်ရဲ့ ဒူးကို ဘောလုံးအရင်ထိခဲ့ခြင်းဖြစ်ကြောင်း မသိရှိခဲ့ဘဲ ဂိုးစည်းရှေ့ကနေ လက်နဲ့ဖျက်ထုတ်တယ်ဆိုပြီး အနီကတ်ပြထုတ်ပယ်ခဲ့သလို လီဗာပူးလ်အသင်း ချေပဂိုးရပြီး တမှတ်ခွဲယူသွားနိုင်စေခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို ခွင့်ပြုပေးခဲ့ပြန်လို့ မေးခွန်းထုတ်စရာတွေက များပြားလာခဲ့တာပါ။

အန်သော်နီ တေလာရဲ့ ဆုံးဖြတ်ချက်အမှားတွေကိုကြည့်မယ်ဆိုရင် ၂၁ ကြိမ်အထိ ပြုလုပ်ထားတာကို တွေ့ရှိရပြီး ဒါက ကွင်းလယ်ဒိုင်တယောက်အနေနဲ့ အတော်ကြီးရူးမိုက်တဲ့ အနေအထားဖြစ်သလို ပြီးခဲ့တဲ့ညက မှားယွင်းခဲ့တဲ့ ကမူးရှူးထိုး အနီကတ်ပြ၊ ပင်နယ်တီပေးခဲ့တဲ့ ပြင်းထန်တဲ့ သတ်မှတ်ခဲ့မှုမှာလည်း ဘယ်လိုတာဝန်ယူမှု၊ တာဝန်ခံမှုရှိလာမလဲလို့ ဆက်လက်စောင့်ကြည့်ခံရပြီး လှောင်ပြောင်ခံနေရပြီလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက လီဗာပူးလ္အသင္းရဲ႕ အန္ဖီးလ္ေျမကို အေဝးကြင္းသြားကစားခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ပရိသတ္ေတြအတြက္ကေတာ့ ကြင္းလယ္ဒိုင္ အန္ေသာ္နီ ေတလာရဲ႕ ပေရာ္ဖက္ရွင္နယ္မပီသတဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ေဒါသထြက္ေပါက္ကြဲစရာျဖစ္ခဲ့ရၿပီး လီဗာပူးလ္တို႔ကို တမွတ္ခြဲေပးရမယ့္ ပင္နယ္တီျပစ္ဒဏ္ေဘာကို ခြင့္ျပဳေပးခဲ့ရပါတယ္။

ဒီျဖစ္ရပ္က ပထမပိုင္းၿပီးဆုံးခါနီး မိနစ္ပိုင္းအလိုမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ခ်ဲလ္ဆီးေနာက္ခံလူ ရီးစ္ဂ်ိမ္းအေနနဲ႔ ႐ုန္းရင္းဆန္ခတ္အေနအထားမွာ ဂိုးစည္းထိပ္ကေန ေဘာလုံးကို လက္နဲ႔ပုတ္ထုတ္ခဲ့တယ္လို႔ သတ္မွတ္ခံခဲ့ရၿပီး တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရသလို လီဗာပူးလ္အသင္းဘက္ကို ခြင့္ျပဳေပးခဲ့တဲ့ပင္နယ္တီကေနတဆင့္ တိုက္စစ္မႉး မိုဆာလားက ေခ်ပဂိုးကို သြင္းယူသြားခဲ့တာပါ။

အသက္ ၂၁ ႏွစ္သား ထုတ္ပယ္ခံခဲ့ရတဲ့ေနာက္ ဒုတိယပိုင္းပြဲခ်ိန္တခုလုံးကို လူတေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းဟာ လိုအပ္တဲ့ရလဒ္ကိုေတာ့ ထိန္းသိမ္းသြားႏိုင္ခဲ့ၿပီး ဂိုးထပ္မေပးခဲ့ရတာေတာ့ ဒိုင္လူႀကီး ေတလာေၾကာင့္ ဓားစာခံမျဖစ္ခဲ့လို႔ ေတာ္ေသးတယ္လို႔ ဆိုႏိုင္သလို ဒါဟာ ပထမဆုံးအႀကိမ္မဟုတ္ဘဲ ၿပီးခဲ့တဲ့ ၂၀၂၀ က အာဆင္နယ္ကို အေရးနိမ့္ခဲ့တဲ့ FA ဖလားဖိုင္နယ္မွာလည္း ကြင္းလယ္လူ မက္တီယို ကိုဗာခ်စ္ကို အျငႇိဳးတႀကီးထုတ္ပယ္ခံဖူးလို႔ အျပာေရာင္ပရိသတ္ေတြကို ရင္နာထပ္ျဖစ္ေစခဲ့တာပါ။

အန္ေသာ္နီ ေတလာရဲ႕ အလြဲေတြကို ျပန္ၾကည့္တဲ့အခါ ၂၀၁၄ ခုႏွစ္က ခ်ဲလ္ဆီးအသင္းနဲ႔ ေဆာက္သမ္တန္နဲ႔ပြဲမွာ ဧရိယာထဲ ျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရတဲ့ အျပာေရာင္ကြင္းလယ္လူ ဆက္စ္ဖာဘရီဂတ္စ္ကို ပင္နယ္တီမေပးတဲ့အျပင္ ဟန္ေဆာင္လွဲခ်တယ္လို႔ သတ္မွတ္ခဲ့ၿပီး အဝါကတ္ျပားျပသခဲ့သလို ပြဲအၿပီးမွာေတာ့ ေတလာက နည္းျပ ေမာ္ရင္ညိဳကို ျပန္လည္ေတာင္းပန္သြားခဲ့ရဖူးပါတယ္။

၂၀၁၇ ခုႏွစ္က FA ဖလားဗိုလ္လုပြဲမွာလည္း အာဆင္နယ္အသင္းဘက္ကို အသာရေစတဲ့ဆုံးျဖတ္ခ်က္တခုကို ခ်မွတ္ခဲ့ဖူးၿပီး ဧရိယာထဲ ေဘာလုံးကို လက္နဲ႔ ေဘာလုံးဆြဲယူၿပီး ဂိုးသြင္းသြားခဲ့တဲ့ အလက္ဆစ္ ဆန္းခ်က္ဇ္ကို ခြင့္ျပဳေပးခဲ့ဖူးသလို ၂၀၂၀ ခုႏွစ္က မန္ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ကစားတဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာလည္း ဘတ္႐ႊာယီကို ကန္ေက်ာက္ခဲ့တဲ့ ဟာရီ မက္ဂြိဳင္းယားကို ဘာကတ္မွမျပခဲ့သလို သူ႔ရဲ႕ဂိုးနဲ႔ပဲ ယူႏိုက္တက္တို႔ ႏိုင္သြားခဲ့တာပါ။

အခု ၂၀၂၁ ပရီးမီးယားလိဂ္ရာသီမွာလည္း ကြင္းလယ္ဒိုင္လူႀကီး ေတလာဟာ ဖန္သားျပင္ေရွ႕မွာ ၁.၂ စကၠန္႔သာ ျပန္လည္ၾကည့္ရႈခဲ့ၿပီး ခ်ဲလ္ဆီးေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္ရဲ႕ ဒူးကို ေဘာလုံးအရင္ထိခဲ့ျခင္းျဖစ္ေၾကာင္း မသိရွိခဲ့ဘဲ ဂိုးစည္းေရွ႕ကေန လက္နဲ႔ဖ်က္ထုတ္တယ္ဆိုၿပီး အနီကတ္ျပထုတ္ပယ္ခဲ့သလို လီဗာပူးလ္အသင္း ေခ်ပဂိုးရၿပီး တမွတ္ခြဲယူသြားႏိုင္ေစခဲ့တဲ့ ပင္နယ္တီျပစ္ဒဏ္ေဘာကို ခြင့္ျပဳေပးခဲ့ျပန္လို႔ ေမးခြန္းထုတ္စရာေတြက မ်ားျပားလာခဲ့တာပါ။

အန္ေသာ္နီ ေတလာရဲ႕ ဆုံးျဖတ္ခ်က္အမွားေတြကိုၾကည့္မယ္ဆိုရင္ ၂၁ ႀကိမ္အထိ ျပဳလုပ္ထားတာကို ေတြ႕ရွိရၿပီး ဒါက ကြင္းလယ္ဒိုင္တေယာက္အေနနဲ႔ အေတာ္ႀကီး႐ူးမိုက္တဲ့ အေနအထားျဖစ္သလို ၿပီးခဲ့တဲ့ညက မွားယြင္းခဲ့တဲ့ ကမူးရႉးထိုး အနီကတ္ျပ၊ ပင္နယ္တီေပးခဲ့တဲ့ ျပင္းထန္တဲ့ သတ္မွတ္ခဲ့မႈမွာလည္း ဘယ္လိုတာဝန္ယူမႈ၊ တာဝန္ခံမႈရွိလာမလဲလို႔ ဆက္လက္ေစာင့္ၾကည့္ခံရၿပီး ေလွာင္ေျပာင္ခံေနရၿပီလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.