Ligue1 Premier League Serie A

အာဆင်နယ်အတွက် ကြီးကြီးမားမား စဉ်းစားစရာဖြစ်လာခဲ့တဲ့ အင်တာမီလန်နဲ့ အီကာဒီ






REF: DAILY MAIL
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအတွက် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချမှတ်နိုင်ခြင်း မရှိသေးဘဲ လက်ရှိအချိန်အထိ ချီတုံချတုံဖြစ်နေရာမှာ အင်တာမီလန်အသင်းရဲ့ ကမ်းလှမ်းမှုကတော့ ကြီးကြီးမားမား စဉ်းစားစရာတစ်ခုဖြစ်လာနိုင်ပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ ခြေစွမ်းကောင်းမွန်ပေမယ့် အသင်းနဲ့ အဆင်သိပ်မပြေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မော်ရို အီကာဒီကို အသုံးပြုပြီး အူဘာမီယန်းကို ကမ်းလှမ်းလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ကစားသမားချင်း တိုက်ရိုက်လဲလှယ်မယ်လို့ ပြောင်းရွှေကြေး မပါဝင်တဲ့ သဘောတူညီမှုကို မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ဒီရာသီမှာ အင်တာမီလန်အသင်းကနေ ပြင်သစ်မြေက ပီအက်စ်ဂျီအသင်းကို အငှားနဲ့ ထွက်ခွာကစားခဲ့ပြီး ၃၁ ပွဲကစား ဂိုး ၂၀ သွင်းယူနိုင်ခဲ့တဲ့ အီကာဒီဟာ ဂါဘွန်တိုက်စစ်မှူးရဲ့ အာဆင်နယ်မှတ်တမ်းထက် တစ်ပွဲလျော့ပြီး တူညီတဲ့ သွင်းဂိုးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အင်တာမီလန်အသင်းက ထွက်ခွာဖို့ လမ်းကြောင်းကို ရှာဖွေနေတာဖြစ်ပြီး သူ့ရဲ့ အမျိုးသမီးဖြစ်သူ အာဂျင်တီးနားမော်ဒယ်နဲ့ အစီအစဉ်တင်ဆက်သူ ဝန်ဒါ နာရာဟာ အီတလီမှာ မပျော်တော့တဲ့အတွက် သူ့ကို ပြောင်းရွှေ့ဖို့ တိုက်တွန်းနေတယ်လို့လည်း ဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အီကာဒီကို လဲလှယ်ဖို့ သဘောတူညီခဲ့မယ်ဆိုရင်တော့ အလောင်းအစားတစ်ခုကို ပြုလုပ်ရမှာဖြစ်ပြီး နယ်မြေသစ်မှာ ခြေစွမ်းပြနိုင်မလားဆိုတာနဲ့ မက်ဇီ လိုပက်ဇ်လက်ထဲက လုယူထားရတဲ့ မိန်းမစကားကို နားထောင်လွန်းပြီး အသင်းနဲ့ ပြဿနာဖြစ်ပွားတတ်တဲ့ အခြေအနေတွေကို ရှောင်လွှဲနိုင်မလားဆိုတာကို စွန့်စားခေါ်ယူရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.