Premier League Serie A

ေခ်းလ္ဝဲလ္အစား အတၱလန္တာေနာက္ခံလူကို ပစ္မွတ္ထားလာတဲ့ ခ်ဲလ္ဆီး

လက္စတာစီးတီးအသင္းရဲ႕ အဂၤလန္ဘယ္ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ကို ေခၚယူလိုေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ကစားသမားရဲ႕ ေျပာင္းေရႊ႕ေၾကးက ႀကီးမားလြန္းေနတာေၾကာင့္ ဆက္လက္မႀကဳိးစားေတာ့ဘဲ စီးရီးေအကလပ္ အတၱလန္တာရဲ႕ ေနာက္ခံလူ ေရာ္ဘင္ ဂုိဆင္စ္ကို ေခၚယူဖို႔ ပစ္မွတ္ထားလာခဲ့ပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ အေျပာင္းအေရႊ႕ေဈးကြက္ရဲ႕ ေဈးႏွဳန္းသတ္မွတ္ခ်က္ေတြ အတုိင္းအတာတစ္ခုအထိ ေလ်ာ့က်ေနေပမယ့္ သူတုိ႔ရဲ႕ အေကာင္းဆုံးေနာက္ခံလူကို ေရာင္းခ်လိုျခင္းမရွိတဲ့ လက္စတာစီးတီးအသင္းကေတာ့ ေပါင္သန္း ၆၀ ဆုိတဲ့ ေဈးကို ကိုင္ထားျမဲျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးတုိ႔ လက္ေလွ်ာ့ခဲ့တာလည္းျဖစ္ပါတယ္။

သည္ဆန္းရဲ႕ ေဖာ္ျပခ်က္အရေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဂိုဆင္စ္ကို ေခၚယူမယ္ဆုိရင္ ေပါင္ ၂၆ သန္းသာ က်သင့္ႏုိင္တယ္လို႔ဆုိၿပီး အသက္ ၂၅ ႏွစ္အရြယ္ နယ္သာလန္ေနာက္ခံလူဟာ အတၱလန္တာအသင္းမွာ ေျခစြမ္းျပေနၿပီး ဒီရာသီမွာ ၈ ဂိုးသြင္း ၅ ဂိုး ဖန္တီးေပးထားသူလည္း ျဖစ္ပါတယ္။

ဘယ္ေနာက္ခံလူနဲ႔ ဘယ္ေတာင္ပံေတြမွာ ကစားႏုိင္တဲ့ ဒတ္ခ်္ေနာက္ခံလူအေနနဲ႔ အတၱလန္တာအတြက္ ဒီႏွစ္မွာမွ အလယ္တန္းကို တက္ေရာက္ကစားခဲ့တာလည္းျဖစ္ၿပီး သူ႕ရဲ႕သြင္းဂိုးအမ်ားစုကေတာ့ စီးရီးေအမွာ ရရွိခဲ့တာျဖစ္သလို အသင္းအတြက္ စုစုေပါင္း ၈၆ ပြဲမွာ ၁၃ ဂိုး ရရွိထားပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဦးစားေပးပစ္မွတ္ အဲလက္စ္ တဲလက္စ္ကို လြဲေခ်ာ္ခဲ့အၿပီးမွာ ေခ်းလ္ဝဲလ္ကိုလည္း လက္ေလွ်ာ့ခဲ့ရၿပီး ဂိုဆင္စ္ကို ေခၚယူမယ္ဆုိရင္ေတာ့ စီးရီးေအကေန ပရီးမီးယားလိဂ္ ၄ ေယာက္တန္း ခံစစ္ကစားကြက္မွာ အံမဝင္လို႔ ေရာင္းထုတ္ရေတာ့မယ့္ မားကို႔စ္ အလြန္ဆိုနဲ႔ အီမာဆန္ ပယ္လ္မီယာရီတုိ႔လို မျဖစ္ေအာင္ေတာ့ ဂ႐ုစိုက္ရမယ္လို႔လည္း ပရိသတ္ေတြက သုံးသပ္ေနၾကေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လက်စတာစီးတီးအသင်းရဲ့ အင်္ဂလန်ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ်ကို ခေါ်ယူလိုနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက ကြီးမားလွန်းနေတာကြောင့် ဆက်လက်မကြိုးစားတော့ဘဲ စီးရီးအေကလပ် အတ္တလန်တာရဲ့ နောက်ခံလူ ရော်ဘင် ဂိုဆင်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် အပြောင်းအရွှေ့ဈေးကွက်ရဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေ အတိုင်းအတာတစ်ခုအထိ လျော့ကျနေပေမယ့် သူတို့ရဲ့ အကောင်းဆုံးနောက်ခံလူကို ရောင်းချလိုခြင်းမရှိတဲ့ လက်စတာစီးတီးအသင်းကတော့ ပေါင်သန်း ၆၀ ဆိုတဲ့ ဈေးကို ကိုင်ထားမြဲဖြစ်တာကြောင့် ချဲလ်ဆီးတို့ လက်လျှော့ခဲ့တာလည်းဖြစ်ပါတယ်။

သည်ဆန်းရဲ့ ဖော်ပြချက်အရတော့ ချဲလ်ဆီးအသင်းအနေနဲ့ ဂိုဆင်စ်ကို ခေါ်ယူမယ်ဆိုရင် ပေါင် ၂၆ သန်းသာ ကျသင့်နိုင်တယ်လို့ဆိုပြီး အသက် ၂၅ နှစ်အရွယ် နယ်သာလန်နောက်ခံလူဟာ အတ္တလန်တာအသင်းမှာ ခြေစွမ်းပြနေပြီး ဒီရာသီမှာ ၈ ဂိုးသွင်း ၅ ဂိုး ဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။

ဘယ်နောက်ခံလူနဲ့ ဘယ်တောင်ပံတွေမှာ ကစားနိုင်တဲ့ ဒတ်ချ်နောက်ခံလူအနေနဲ့ အတ္တလန်တာအတွက် ဒီနှစ်မှာမှ အလယ်တန်းကို တက်ရောက်ကစားခဲ့တာလည်းဖြစ်ပြီး သူ့ရဲ့သွင်းဂိုးအများစုကတော့ စီးရီးအေမှာ ရရှိခဲ့တာဖြစ်သလို အသင်းအတွက် စုစုပေါင်း ၈၆ ပွဲမှာ ၁၃ ဂိုး ရရှိထားပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဦးစားပေးပစ်မှတ် အဲလက်စ် တဲလက်စ်ကို လွဲချော်ခဲ့အပြီးမှာ ချေးလ်ဝဲလ်ကိုလည်း လက်လျှော့ခဲ့ရပြီး ဂိုဆင်စ်ကို ခေါ်ယူမယ်ဆိုရင်တော့ စီးရီးအေကနေ ပရီးမီးယားလိဂ် ၄ ယောက်တန်း ခံစစ်ကစားကွက်မှာ အံမဝင်လို့ ရောင်းထုတ်ရတော့မယ့် မားကို့စ် အလွန်ဆိုနဲ့ အီမာဆန် ပယ်လ်မီယာရီတို့လို မဖြစ်အောင်တော့ ဂရုစိုက်ရမယ်လို့လည်း ပရိသတ်တွေက သုံးသပ်နေကြကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.