Premier League

သုံးပတ္တာ စစ္မွဳထမ္းကာလမွာ တာဝန္ရွိသူအႀကီးအကဲေတြကို အံ့ၾသေစခဲ့တဲ့ ဆြန္ေဟာင္မင္

စပါးစ္အသင္းကေန ေတာင္ကိုရီးယားႏုိင္ငံကို ျပန္ၿပီး အေျခခံစစ္သင္တန္း သုံးပတ္တာ ေလ့က်င့္ေရးကာလကို ျဖတ္သန္းခဲ့တဲ့ တုိက္စစ္မွဴး ဆြန္ေဟာင္မင္အေနနဲ႔ စစ္ဘက္ဆုိင္ရာအႀကီးအကဲေတြကို တအံ့တၾသျဖစ္ေစခဲ့ၿပီး သင္တန္းမွာလည္း ပစ္ခတ္မွဳသင္ခန္းစာေတြကို ဂုဏ္ထူးေတြနဲ႔ ေအာင္ျမင္ခဲ့ပါတယ္။

သတင္းေတြကေတာ့ ဆြန္ေဟာင္မင္ဟာ ေဘာလုံးကို ေျခေထာက္မွာ သက္ေတာင့္သက္သာနဲ႔ ကစားႏုိင္သလိုမ်ဳိးပဲ ေသနတ္ကိုလည္း က်င္က်င္လည္လည္ ကိုင္တြယ္ပစ္ခတ္ႏိုင္ေၾကာင္း ေရးသားခဲ့ၾကၿပီး ပရီးမီးယားလိဂ္တုိက္စစ္မွဴးဟာ စစ္သင္တန္းရဲ႕ ထိပ္ဆုံး ၅ ဦးစာရင္းမွာလည္း ပါဝင္ခဲ့တယ္လို႔ ဆုိပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ေတာင္ကိုရီးယားလက္ေရြးစင္ဟာ စစ္မွဳထမ္းကာလႏွစ္ႏွစ္ကိုေတာ့ တျခားႏုိင္ငံသားေတြလို လုပ္ေဆာင္စရာမလိုဘဲ သူ႕ရဲ႕ ၂၀၁၈ အာရွဖလားမွာ ႏုိင္ငံအသင္းကို ဗိုလ္စြဲေအာင္ ကူညီခဲ့မွဳေၾကာင့္ လြတ္ၿငိမ္းခြင့္ရရွိထားၿပီး အေျခခံေလ့က်င့္ေရးသင္ခန္းစာကိုပဲ ၿပီးခဲ့တဲ့ ဧၿပီလ ၂၀ ရက္ေန႔က သတင္းပို႔ တက္ေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

သင္တန္းမွာေတာ့ ပစ္ခတ္မွဳ၊ လွံစြပ္ထိုး၊ ဓာတု၊ ဇီဝ၊ ဓာတ္မွန္၊ တစ္ဦးခ်င္းတုိက္ခိုက္မွဳနဲ႔ ေရွးဦးသူနာျပဳ သင္ခန္းစာေတြ ပါဝင္ၿပီး ဆြန္အေနနဲ႔ ဒါေတြအားလုံးကို ကၽြမ္းကၽြမ္းက်င္က်င္နဲ႔ ဂုဏ္ထူးမွတ္ ရယူႏုိင္ခဲ့သလို သင္တန္းသား ၁၅၇ ဦးထဲမွာလည္း ထိပ္ဆုံး ၅ ဦးေနရာက ရပ္တည္ခဲ့ၿပီး စစ္တပ္ အႀကီးအကဲေတြကုိ အံ့အားသင့္ေစခဲ့ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံ ဂ်ယ္ဂ်ဴးကၽြန္းက ဒီသင္တန္းမွာ ဆြန္ေဟာင္မင္ဟာ တပ္မေတာ္ရဲ႕ ဆုတံဆိပ္တစ္ခုျဖစ္တဲ့ ဖီးေဆာင္းဆု (တိက်စြာ ေအာင္ျမင္မွဳဟု အဓိပၸါယ္ရ) ကိုလည္း ရယူႏုိင္ခဲ့ၿပီး သူ႕ရဲ႕ အေကာင္းဆုံးဘာသာရပ္ျဖစ္တဲ့ ပစ္ခတ္မွဳသင္ခန္းစာမွာ ပစ္မွတ္ကို ၁၀ ခ်က္ပစ္ ၁၀ ခ်က္ထိခဲ့လို႔ ရရွိခဲ့တာလုိ႔လည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စပါးစ်အသင်းကနေ တောင်ကိုရီးယားနိုင်ငံကို ပြန်ပြီး အခြေခံစစ်သင်တန်း သုံးပတ်တာ လေ့ကျင့်ရေးကာလကို ဖြတ်သန်းခဲ့တဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်အနေနဲ့ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေကို တအံ့တသြဖြစ်စေခဲ့ပြီး သင်တန်းမှာလည်း ပစ်ခတ်မှုသင်ခန်းစာတွေကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ပါတယ်။

သတင်းတွေကတော့ ဆွန်ဟောင်မင်ဟာ ဘောလုံးကို ခြေထောက်မှာ သက်တောင့်သက်သာနဲ့ ကစားနိုင်သလိုမျိုးပဲ သေနတ်ကိုလည်း ကျင်ကျင်လည်လည် ကိုင်တွယ်ပစ်ခတ်နိုင်ကြောင်း ရေးသားခဲ့ကြပြီး ပရီးမီးယားလိဂ်တိုက်စစ်မှူးဟာ စစ်သင်တန်းရဲ့ ထိပ်ဆုံး ၅ ဦးစာရင်းမှာလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၇ နှစ်အရွယ် တောင်ကိုရီးယားလက်ရွေးစင်ဟာ စစ်မှုထမ်းကာလနှစ်နှစ်ကိုတော့ တခြားနိုင်ငံသားတွေလို လုပ်ဆောင်စရာမလိုဘဲ သူ့ရဲ့ ၂၀၁၈ အာရှဖလားမှာ နိုင်ငံအသင်းကို ဗိုလ်စွဲအောင် ကူညီခဲ့မှုကြောင့် လွတ်ငြိမ်းခွင့်ရရှိထားပြီး အခြေခံလေ့ကျင့်ရေးသင်ခန်းစာကိုပဲ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က သတင်းပို့ တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

သင်တန်းမှာတော့ ပစ်ခတ်မှု၊ လှံစွပ်ထိုး၊ ဓာတု၊ ဇီဝ၊ ဓာတ်မှန်၊ တစ်ဦးချင်းတိုက်ခိုက်မှုနဲ့ ရှေးဦးသူနာပြု သင်ခန်းစာတွေ ပါဝင်ပြီး ဆွန်အနေနဲ့ ဒါတွေအားလုံးကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဂုဏ်ထူးမှတ် ရယူနိုင်ခဲ့သလို သင်တန်းသား ၁၅၇ ဦးထဲမှာလည်း ထိပ်ဆုံး ၅ ဦးနေရာက ရပ်တည်ခဲ့ပြီး စစ်တပ် အကြီးအကဲတွေကို အံ့အားသင့်စေခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းက ဒီသင်တန်းမှာ ဆွန်ဟောင်မင်ဟာ တပ်မတော်ရဲ့ ဆုတံဆိပ်တစ်ခုဖြစ်တဲ့ ဖီးဆောင်းဆု (တိကျစွာ အောင်မြင်မှုဟု အဓိပ္ပါယ်ရ) ကိုလည်း ရယူနိုင်ခဲ့ပြီး သူ့ရဲ့ အကောင်းဆုံးဘာသာရပ်ဖြစ်တဲ့ ပစ်ခတ်မှုသင်ခန်းစာမှာ ပစ်မှတ်ကို ၁၀ ချက်ပစ် ၁၀ ချက်ထိခဲ့လို့ ရရှိခဲ့တာလို့လည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.