Analysis Premier League

VAR ကြောင့် ရသပျက်ခဲ့ရတဲ့ လီဗာပူးလ် 1-1 ချဲလ်ဆီး ပွဲအပြီး မှတ်မှတ်ရရပြောစရာ ၇ ချက်

ပွဲကို သတ်လိုက်တဲ့ VAR နဲ့ အန်ထော်နီ တေလာ
ဒီနေ့ပွဲက လီဗာပူးလ်အသင်းရဲ့ အမြင့်ဆုံးဖိအားနဲ့အတူ ပထမပိုင်း ပြီးခါနီးမှာ အရှိန်တက်လာခဲ့ပြီး ပရိသတ်တွေ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တာပါ။ ဇယားထိပ်နားက ပြိုင်ဆိုင်မှုမှာ ရီးစ် ဂျိမ်းစ် လက်ထိတာကို ပင်နယ်တီပေးလိုက်တာကို လက်ခံနိုင်ပေမယ့် အနီကတ်ဆိုတာမျိုးကတော့ လွန်လွန်းသွားပါပြီ။ VAR မော်နီတာကို စက္ကန့်ပိုင်းပဲ ကြည့်ပြီး သူ့ကိုယ်သူ ပိုင်နိုင်လှပြီးဆိုပြီး အနီကတ်ဆွဲထုတ်လိုက်တဲ့ ဒိုင်လူကြီးကြောင့် ချဲလ်ဆီးတို့ ခံစစ်ပဲ ကစားသွားခဲ့ပြီး အကြိတ်အနယ်ပွဲတစ်ပွဲကို ကြည့်ချင်တဲ့ ဘောလုံးပရိသတ်တွေအားလုံး ကြေကွဲခဲ့ရပါတယ်။

လူကာကူးထက် ရှေ့တစ်လှမ်းကျောတဲ့ ဟာဗတ်ဇ်
ချဲလ်ဆီးရဲ့ ရှေ့တန်းမှာလည်း အရင်ရောက်တဲ့သူနဲ့ နောက်ရောက်တဲ့သူကြား အတွင်းကြိတ် ပြိုင်ဆိုင်မှုလေးတွေ ရှိနေတာကို တွေ့ရမှာပါ။ အာဆင်နယ်နဲ့ပွဲမှာ လူကာကူး ဂိုးသွင်းပြီး ဟာဗတ်ဇ်က လူမပေးဘဲ သူ့ဘာသာသူ သွင်းချင်တဲ့ ပုံစံပြသလို ဒီနေ့မှာလည်း သူတို့ချင်း ကျစ်ထားတာနဲ့ ညစ်ထားတာတွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ရဲ့ အပြာရောင်မင်းသားက ဟာဗတ်ဇ်ဖြစ်ခဲ့ပြီး ထောင့်ကန်ဘောကနေ သူ့ရဲ့ အကွက်မြင်ပြီး ပညာသားပါတဲ့ ခေါင်းတိုက်ချက်က အသင်းကို ဦးဆောင်စေနိုင်ခဲ့တာပါ။

ပုံမှန်ခြေ ပြန်မရသေးတဲ့ လီဗာပူးလ်ဘယ်ခြမ်း
မြန်တယ် မာတယ် တိုက်စစ်ဆင်မယ် ခံစစ်မှာ ကျုံးမယ်ဆိုတဲ့ လီဗာပူးလ်ရဲ့ နာမည်ကျော် ဘယ်ခြမ်းက ချဲလ်ဆီးနဲ့ပွဲမှာ ပိုပြီး ဆိုးရွားနေတာ သိသာခဲ့ပါတယ်။ ရောဘတ်ဆန်ရဲ့ ထိုးဖောက်ပြေးလွှားမှုတွေကို မတွေ့ရသလို ဘယ်ခြမ်းတောက်လျှောက် မာနေးနဲ့ ဂျိုတာတို့နှစ်ယောက်သာ ရုန်းကန်နေရပြီး ပုံစံကောင်းမရသေးတဲ့ စကော့သားရဲ့ အပိုင်စားခြမ်းကို ချဲလ်ဆီးဝါရင့် အက်ဇ်ပီလီကွေတာက ပိတ်ဆို့ထားနိုင်ခဲ့တာပါ။ ပွဲပြီးခါနီးမှာ အရင် ပွဲတွေက ခြေစွမ်းပြထားတဲ့ ဆီမီကတ်စ်ကို ထည့်တော့လည်း ကိုသာဆိုးဖြစ်နေခဲ့ပြီး ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူစောင့်ဆိုင်းရဖွယ် ရှိနေပါသေးတယ်။

ကျောက်ဆောင်ခံစစ်နဲ့ ရေပက်မဝင် ချဲလ်ဆီး
ပထမပိုင်းမှာ ချဲလ်ဆီးတို့အနေနဲ့ တန်ပြန်တိုက်စစ်တွေကနေ လီဗာပူးလ်ညာခြမ်းကို အဓိက တူးဆွနေခဲ့ပြီး မေဆန်မောင်နဲ့ လူကာကူးတို့ရဲ့ တွဲလုံးတွေက အတိုင်းအတာတစ်ခုအထိ အိမ်ရှင်တွေကို ဒုက္ခပေးနိုင်ခဲ့သလို ဘယ်ခြမ်းက အလွန်ဆိုရဲ့ ထိုးဖောက်မှုနဲ့ရတဲ့ ထောင့်ကန်ဘောကနေ ဟာဗတ်ဇ်က ဂိုးသွင်းသွားခဲ့တာပါ။ နာကျင်အချိန်ပိုမှာ ရီးစ် ဂျိမ်းစ် အထုတ်ခံရပြီး ဒုတိယပိုင်းတစ်ပိုင်းလုံး ၁၀ ယောက်နဲ့ ကစားခဲ့ရချိန်မှာတော့ သူတို့တွေ အနေနဲ့ လီဗာပူးလ်ရဲ့ ခံစစ်ကို ပိတ်ဆို့ကစားပြသွားခဲ့ကြပြီး ရူဒီဂါ အထူးခြေပေါ်ခဲ့သလို ခရစ္စတင်ဆန်နဲ့ လူစားဝင် သီယာဂို ဆေးလ်ဗားတို့ကလည်း ဂိုးထပ်မပေးရရေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားခဲ့ကြပါတယ်။

ပင်နယ်တီ ဆာလား
ပင်နယ်တီတွေကို ဆာလောင်မွတ်သိပ်နေသူလားလို့ မြန်မာလို ရိုးရိုးရှင်းရှင်းတွေးနိုင်သလို ပင်နယ်တီတွေကိုမှ သေချာလွန်းသူကြီး မိုဟာမက် ဆာလားဆိုပြီးလည်း အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။ လီဗာပူးလ်အသင်းနဲ့ နောက်ဆုံးပင်နယ်တီ ၁၄ ကြိမ်မှာ တစ်ကြိမ်မှ မလွဲသေးဘဲ အကုန်အစင် ဂိုးအဖြစ် ကန်သွင်းရယူနိုင်ခဲ့တဲ့ အီဂျစ်သားဟာ ဒီကိစ္စအတွက်တော့ အာမခံလက်မှတ် ထုတ်ပေးနိုင်သူမျိုးလည်းဖြစ်ပြီး သူ့အနေနဲ့ သူ့ရှေ့က စံချိန်ရှင် မက် လီတစ်စီယာရဲ့ ၂၃ လုံး ဆက်တိုက် စံချိန်ကိုတော့ လိုက်မီဖို့ ကြိုးစားရမှာပါ။

စွမ်းစွမ်းတမံ လက်စွမ်းနဲ့ UEFA အကောင်းဆုံး ဂိုးသမား
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဂိုးသမား အေဒူယာ မန်ဒီကတော့ ဒီနေ့ပွဲမှာ အထင်ရှားဆုံး လက်စွမ်းပြသူဖြစ်ပြီး ချဲလ်ဆီးတို့ရဲ့ ဂိုးပေါက်ကို ဆာလားရဲ့ ပင်နယ်တီကလွဲလို့ နောက်ထပ်ဂိုးမပေးရအောင် စောင့်ရှောက်သွားနိုင်ခဲ့တာပါ။ ပင်နယ်တီမရရင် ဂိုးသွင်းနိုင်မှာလားလို့ အနောက်လန်ဒန် စတမ်းဖို့ဒ်ဘရစ်ကနေ အန်းဖီးလ်ဆီ လိုက်ပါအားပေးတဲ့ ပရိသတ်တွေ ဂုဏ်ယူဝံ့ကြွားနိုင်အောင် ဆီနီဂေါသားက ၆ ကြိမ်တိတိ ကာကွယ်ပေးသွားပြီး ဆာလားရဲ့ ပင်နယ်တီဆိုတာလည်း သူမိတော့မယ့် ဘောလုံးကို ဆေးဝင်ထိုးတဲ့ အလွန်ဆိုကြောင့်သာ ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဗာဂျီးလ်အတွက် အခိုက်အတန့် ငြိမ်သက်
လီဗာပူးလ်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ရဲ့ ဖြစ်ရပ်မှာ တစ်ချိန်တည်းမှာပဲ မြင်ထောင့်နှစ်မျိုး ကွဲခဲ့ပါတယ်။ ပထမတစ်ခုကတော့ သူ့အနေနဲ့ ကာလကြာရှည် ခံစားခဲ့ရတဲ့ ဒူးဒဏ်ရာကို လက်ရှိမှာ စိုးရိမ်စိတ်တွေ များနေဆဲဖြစ်ပြီး ကြံ့ခိုင်မှုအတွက် ခြောက်လှန့်ခံနေရတဲ့ ဒတ်ချ်နောက်ခံလူကြီးရဲ့ အရင်လို မရဲရင့်နိုင်တဲ့ တွန့်ဆုတ်မှုကိုပါ။ နောက်တစ်ခုကတော့ သူတို့ရဲ့ အချစ်တော်နောက်ခံလူအပေါ်မှာ ထားရှိခဲ့တဲ့ အန်းဖီးလ်ပရိသတ်တွေရဲ့ စိုးရိမ်စိတ် ဖြစ်ပြီး ဗန်ဒိုက် လေထဲမှာ ထိခိုက်မိလို့ လဲကျသွားခဲ့ချိန်မှာ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြတာကိုပါပဲ။ ဂယ်ရီ နဗီးလ်ကတော့ အံ့ဩတကြီးနဲ့ အန်းဖီးလ်ကို တိတ်ဆိတ်စေဖို့ဆိုတာ ဗန်ဒိုက်ကို လဲကျစေတာပါလားလို့ အာမေဋိတ်ပြုသွားခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပြဲကို သတ္လိုက္တဲ့ VAR နဲ႔ အန္ေထာ္နီ ေတလာ
ဒီေန႔ပြဲက လီဗာပူးလ္အသင္းရဲ႕ အျမင့္ဆုံးဖိအားနဲ႔အတူ ပထမပိုင္း ၿပီးခါနီးမွာ အရွိန္တက္လာခဲ့ၿပီး ပရိသတ္ေတြ ၾကည့္ေကာင္းတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့တာပါ။ ဇယားထိပ္နားက ၿပိဳင္ဆိုင္မႈမွာ ရီးစ္ ဂ်ိမ္းစ္ လက္ထိတာကို ပင္နယ္တီေပးလိုက္တာကို လက္ခံႏိုင္ေပမယ့္ အနီကတ္ဆိုတာမ်ိဳးကေတာ့ လြန္လြန္းသြားပါၿပီ။ VAR ေမာ္နီတာကို စကၠန႔္ပိုင္းပဲ ၾကည့္ၿပီး သူ႔ကိုယ္သူ ပိုင္ႏိုင္လွၿပီးဆိုၿပီး အနီကတ္ဆြဲထုတ္လိုက္တဲ့ ဒိုင္လူႀကီးေၾကာင့္ ခ်ဲလ္ဆီးတို႔ ခံစစ္ပဲ ကစားသြားခဲ့ၿပီး အႀကိတ္အနယ္ပြဲတစ္ပြဲကို ၾကည့္ခ်င္တဲ့ ေဘာလုံးပရိသတ္ေတြအားလုံး ေၾကကြဲခဲ့ရပါတယ္။

လူကာကူးထက္ ေရွ႕တစ္လွမ္းေက်ာတဲ့ ဟာဗတ္ဇ္
ခ်ဲလ္ဆီးရဲ႕ ေရွ႕တန္းမွာလည္း အရင္ေရာက္တဲ့သူနဲ႔ ေနာက္ေရာက္တဲ့သူၾကား အတြင္းႀကိတ္ ၿပိဳင္ဆိုင္မႈေလးေတြ ရွိေနတာကို ေတြ႕ရမွာပါ။ အာဆင္နယ္နဲ႔ပြဲမွာ လူကာကူး ဂိုးသြင္းၿပီး ဟာဗတ္ဇ္က လူမေပးဘဲ သူ႔ဘာသာသူ သြင္းခ်င္တဲ့ ပုံစံျပသလို ဒီေန႔မွာလည္း သူတို႔ခ်င္း က်စ္ထားတာနဲ႔ ညစ္ထားတာေတြ ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ဒီေန႔ရဲ႕ အျပာေရာင္မင္းသားက ဟာဗတ္ဇ္ျဖစ္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန သူ႔ရဲ႕ အကြက္ျမင္ၿပီး ပညာသားပါတဲ့ ေခါင္းတိုက္ခ်က္က အသင္းကို ဦးေဆာင္ေစႏိုင္ခဲ့တာပါ။

ပုံမွန္ေျခ ျပန္မရေသးတဲ့ လီဗာပူးလ္ဘယ္ျခမ္း
ျမန္တယ္ မာတယ္ တိုက္စစ္ဆင္မယ္ ခံစစ္မွာ က်ဳံးမယ္ဆိုတဲ့ လီဗာပူးလ္ရဲ႕ နာမည္ေက်ာ္ ဘယ္ျခမ္းက ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပိုၿပီး ဆိုး႐ြားေနတာ သိသာခဲ့ပါတယ္။ ေရာဘတ္ဆန္ရဲ႕ ထိုးေဖာက္ေျပးလႊားမႈေတြကို မေတြ႕ရသလို ဘယ္ျခမ္းေတာက္ေလွ်ာက္ မာေနးနဲ႔ ဂ်ိဳတာတို႔ႏွစ္ေယာက္သာ ႐ုန္းကန္ေနရၿပီး ပုံစံေကာင္းမရေသးတဲ့ စေကာ့သားရဲ႕ အပိုင္စားျခမ္းကို ခ်ဲလ္ဆီးဝါရင့္ အက္ဇ္ပီလီေကြတာက ပိတ္ဆို႔ထားႏိုင္ခဲ့တာပါ။ ပြဲၿပီးခါနီးမွာ အရင္ ပြဲေတြက ေျခစြမ္းျပထားတဲ့ ဆီမီကတ္စ္ကို ထည့္ေတာ့လည္း ကိုသာဆိုးျဖစ္ေနခဲ့ၿပီး ပုံမွန္ျပန္ျဖစ္ဖို႔ အခ်ိန္ယူေစာင့္ဆိုင္းရဖြယ္ ရွိေနပါေသးတယ္။

ေက်ာက္ေဆာင္ခံစစ္နဲ႔ ေရပက္မဝင္ ခ်ဲလ္ဆီး
ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔အေနနဲ႔ တန္ျပန္တိုက္စစ္ေတြကေန လီဗာပူးလ္ညာျခမ္းကို အဓိက တူးဆြေနခဲ့ၿပီး ေမဆန္ေမာင္နဲ႔ လူကာကူးတို႔ရဲ႕ တြဲလုံးေတြက အတိုင္းအတာတစ္ခုအထိ အိမ္ရွင္ေတြကို ဒုကၡေပးႏိုင္ခဲ့သလို ဘယ္ျခမ္းက အလြန္ဆိုရဲ႕ ထိုးေဖာက္မႈနဲ႔ရတဲ့ ေထာင့္ကန္ေဘာကေန ဟာဗတ္ဇ္က ဂိုးသြင္းသြားခဲ့တာပါ။ နာက်င္အခ်ိန္ပိုမွာ ရီးစ္ ဂ်ိမ္းစ္ အထုတ္ခံရၿပီး ဒုတိယပိုင္းတစ္ပိုင္းလုံး ၁၀ ေယာက္နဲ႔ ကစားခဲ့ရခ်ိန္မွာေတာ့ သူတို႔ေတြ အေနနဲ႔ လီဗာပူးလ္ရဲ႕ ခံစစ္ကို ပိတ္ဆို႔ကစားျပသြားခဲ့ၾကၿပီး ႐ူဒီဂါ အထူးေျခေပၚခဲ့သလို ခရစၥတင္ဆန္နဲ႔ လူစားဝင္ သီယာဂို ေဆးလ္ဗားတို႔ကလည္း ဂိုးထပ္မေပးရေရးတာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္သြားခဲ့ၾကပါတယ္။

ပင္နယ္တီ ဆာလား
ပင္နယ္တီေတြကို ဆာေလာင္မြတ္သိပ္ေနသူလားလို႔ ျမန္မာလို ႐ိုး႐ိုးရွင္းရွင္းေတြးႏိုင္သလို ပင္နယ္တီေတြကိုမွ ေသခ်ာလြန္းသူႀကီး မိုဟာမက္ ဆာလားဆိုၿပီးလည္း အဓိပၸါယ္ ေကာက္ယူႏိုင္ပါတယ္။ လီဗာပူးလ္အသင္းနဲ႔ ေနာက္ဆုံးပင္နယ္တီ ၁၄ ႀကိမ္မွာ တစ္ႀကိမ္မွ မလြဲေသးဘဲ အကုန္အစင္ ဂိုးအျဖစ္ ကန္သြင္းရယူႏိုင္ခဲ့တဲ့ အီဂ်စ္သားဟာ ဒီကိစၥအတြက္ေတာ့ အာမခံလက္မွတ္ ထုတ္ေပးႏိုင္သူမ်ိဳးလည္းျဖစ္ၿပီး သူ႔အေနနဲ႔ သူ႔ေရွ႕က စံခ်ိန္ရွင္ မက္ လီတစ္စီယာရဲ႕ ၂၃ လုံး ဆက္တိုက္ စံခ်ိန္ကိုေတာ့ လိုက္မီဖို႔ ႀကိဳးစားရမွာပါ။

စြမ္းစြမ္းတမံ လက္စြမ္းနဲ႔ UEFA အေကာင္းဆုံး ဂိုးသမား
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကမွ UEFA ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံးကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ ဂိုးသမား ေအဒူယာ မန္ဒီကေတာ့ ဒီေန႔ပြဲမွာ အထင္ရွားဆုံး လက္စြမ္းျပသူျဖစ္ၿပီး ခ်ဲလ္ဆီးတို႔ရဲ႕ ဂိုးေပါက္ကို ဆာလားရဲ႕ ပင္နယ္တီကလြဲလို႔ ေနာက္ထပ္ဂိုးမေပးရေအာင္ ေစာင့္ေရွာက္သြားႏိုင္ခဲ့တာပါ။ ပင္နယ္တီမရရင္ ဂိုးသြင္းႏိုင္မွာလားလို႔ အေနာက္လန္ဒန္ စတမ္းဖို႔ဒ္ဘရစ္ကေန အန္းဖီးလ္ဆီ လိုက္ပါအားေပးတဲ့ ပရိသတ္ေတြ ဂုဏ္ယူဝံ့ႂကြားႏိုင္ေအာင္ ဆီနီေဂါသားက ၆ ႀကိမ္တိတိ ကာကြယ္ေပးသြားၿပီး ဆာလားရဲ႕ ပင္နယ္တီဆိုတာလည္း သူမိေတာ့မယ့္ ေဘာလုံးကို ေဆးဝင္ထိုးတဲ့ အလြန္ဆိုေၾကာင့္သာ ေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ဗာဂ်ီးလ္အတြက္ အခိုက္အတန႔္ ၿငိမ္သက္
လီဗာပူးလ္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ ျဖစ္ရပ္မွာ တစ္ခ်ိန္တည္းမွာပဲ ျမင္ေထာင့္ႏွစ္မ်ိဳး ကြဲခဲ့ပါတယ္။ ပထမတစ္ခုကေတာ့ သူ႔အေနနဲ႔ ကာလၾကာရွည္ ခံစားခဲ့ရတဲ့ ဒူးဒဏ္ရာကို လက္ရွိမွာ စိုးရိမ္စိတ္ေတြ မ်ားေနဆဲျဖစ္ၿပီး ႀကံ့ခိုင္မႈအတြက္ ေျခာက္လွန႔္ခံေနရတဲ့ ဒတ္ခ်္ေနာက္ခံလူႀကီးရဲ႕ အရင္လို မရဲရင့္ႏိုင္တဲ့ တြန႔္ဆုတ္မႈကိုပါ။ ေနာက္တစ္ခုကေတာ့ သူတို႔ရဲ႕ အခ်စ္ေတာ္ေနာက္ခံလူအေပၚမွာ ထားရွိခဲ့တဲ့ အန္းဖီးလ္ပရိသတ္ေတြရဲ႕ စိုးရိမ္စိတ္ ျဖစ္ၿပီး ဗန္ဒိုက္ ေလထဲမွာ ထိခိုက္မိလို႔ လဲက်သြားခဲ့ခ်ိန္မွာ အားလုံး တိတ္ဆိတ္ၿငိမ္သက္သြားခဲ့ၾကတာကိုပါပဲ။ ဂယ္ရီ နဗီးလ္ကေတာ့ အံ့ဩတႀကီးနဲ႔ အန္းဖီးလ္ကို တိတ္ဆိတ္ေစဖို႔ဆိုတာ ဗန္ဒိုက္ကို လဲက်ေစတာပါလားလို႔ အာေမဋိတ္ျပဳသြားခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.