Analysis Premier League

ခြေစွမ်းပြတဲ့ ဂျေဆူးစ်၊ တောရက်စ်နဲ့ မန်စီးတီး 5-0 အာဆင်နယ်ပွဲအပြီး ပြောစရာ 7 ချက်

လမ်းကြောင်းမှန်ပေါ် နှစ်ပွဲ ဆယ်ဂိုးနဲ့ ပြန်တက်တဲ့ စီးတီး
မန်ချက်စတာစီးတီးတို့အနေနဲ့ သူတို့ရဲ့ ရှေ့တန်းမှာ တိုက်စစ်မှူးသစ် အားဖြည့်ထားရခြင်း မရှိသေးပေမယ့် မှန်ကန်တဲ့ လူထုတ်ပုံ၊ ကွင်းလယ် အဖျက်ကစားသမားတစ်ယောက်ကို ပုံသေထားကစားတဲ့ ပုံစံနဲ့ ဟန်ချက်ညီတဲ့ ကစားကွက်ကို ရရှိခဲ့ပြီး နော့ဝစ်ချ်ကို အိမ်ကွင်းမှာ ၅ ဂိုးသွင်းခဲ့သလို ဒီနေ့မှာလည်း အာဆင်နယ်ကို ၅ ဂိုးပြတ် ထပ်မံသွင်းယူပြီး တကယ်လို့ အပြောင်းအရွှေ့ ပိတ်ချိန်အထိ လူမခေါ်နိုင်ခဲ့ဘူးဆိုရင်လည်း နည်းပြ ဂွါဒီယိုလာမှာ အဖြေရှိကြောင်း ပြသလိုက်သလို စာဝါတွေနဲ့ အမြောက်တွေကတော့ အစ်တီဟတ်မှာ ဓားစာခံတွေဖြစ်သွားခဲ့ကြတာပါ။

နေရာသစ်မှာ ခြေစွမ်းပြနေတဲ့ ဂျေဆူးစ်
မန်ချက်စတာစီးတီးအသင်းရဲ့ ပြီးခဲ့တဲ့ရာသီက အထောင်တိုက်စစ်နေရာကို စတာလင်၊ အဂွေရို၊ ဘာနာဒိုတို့နဲ့ လုနေခဲ့ရတဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ဟာ ဒီရာသီမှာတော့ အရင်လို အထောင်မရရင် ဘယ်ခြမ်းမဟုတ်ဘဲ ညာခြမ်းကို ထွက်ကစားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နော့ဝစ်ချ်နဲ့ပွဲမှာ သူ့ကြောင့် သုံးဂိုးရရှိခဲ့ပြီး တရားဝင် ဖန်တီးမှု နှစ်ကြိမ်နဲ့ အကောင်းဆုံးဖြစ်ခဲ့တဲ့ ဘရာဇီးလ်သားဟာ ဒီနေ့မှာလည်း အသင်းခေါင်းဆောင်လက်ပတ်နဲ့ ကွင်းလယ်လူ ဂွန်ဒိုးဝမ် ခေါင်းတိုက်သွင်းနိုင်ဖို့ ဖြတ်တင်ပေးခဲ့ပြီး ကိုယ်တိုင်လည်း အနီးကပ်ပိတ်သွင်းပြီး တစ်ဂိုးယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အဂွေရိုနဲ့ ဆေးလ်ဗား ထွက်သွားပေမယ့် ဖယ်ရန်ရှိနေပြီ
တိုက်စစ်မှာ ဆာဂျီယို အဂွေရို မရှိတော့လို့ သွင်းဂိုးတွေအတွက် ပူပန်ခဲ့ကြပေမယ့် ဖယ်ရန် တောရက်စ်က ဒီပွဲမှာ တော်တော်လေး အသားကျ လာတဲ့ ပုံစံနဲ့ ပညာသားပါတဲ့ ပိတ်သွင်းချက်နဲ့တစ်ဂိုး၊ ခေါင်းတိုက်ဂိုးတစ်ဂိုး ရယူပေးခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီက အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဒေးဗစ် ဆေးလ်ဗားရဲ့ နံပါတ် ၂၁ ကို ခရီးရောက်မဆိုက် ဆက်ခံခဲ့တဲ့ စပိန်သားဟာ တောင်ပံတိုက်စစ်မှူးအဖြစ်သာမက အထောင်မှာပါ ကစားနိုင်ကြောင်းလည်း သက်သေပြနေပြီး ဒီရာသီမှာလည်း အသင်းရဲ့ ထာဝရဂိုးသွင်းဘုရင်ရဲ့ နေရာကို စိန်ခေါ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ရိုဒရီရဲ့ ဂိုးအတွက် ပရိသတ်တွေ များလွန်းနေတယ်
မန်ချက်စတာစီးတီးကွင်းလယ်လူ ရိုဒရီဂို ဟာနန်ဒက်ဇ်ရဲ့ ဂိုးဧရိယာအပြင်က လှပတဲ့ အနိမ့်ဘောကန်ချက်နဲ့ သွင်းဂိုးအတွက် မန်ချက်စတာစီးတီးပရိသတ်တွေက ဂုဏ်ပြုပျော်ရွှင်ခဲ့ကြသလို ဒီတစ်ကြိမ်မှာ ရှေ့က သွင်းဂိုး ၃ ဂိုးထက် ပိုမိုတဲ့ အားပေးမှုတွေကို ရရှိခဲ့ပါတယ်။ ဒါကတော့ အာဆင်နယ်ပရိသတ်တွေက သူတို့အသင်းကို ပြန်လည်လှောင်ပြောင်တဲ့ အောင်ပွဲခံမှုပဲဖြစ်ပြီး အသင်းရဲ့ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ တိုက်စစ်က တစ်ဂိုးမှ မသွင်းနိုင်ဘဲ ခံစစ်ကနေ ဂိုးတွေ အလှူပေးနေတာအတွက် နည်းပြ မီခယ်လ် အာတီတာကို ဆန့်ကျင်ပြီး တစ်ဖက်အသင်းကို အားပေးပြသွားခဲ့ကြတာပါ။

မန်စီးတီးဘက်က ဂိုးသွင်းသူကို မြင်လိုက်သလား လီနို?
မန်ချက်စတာစီးတီးအသင်းရဲ့ ဒီနေ့သွင်းဂိုး ၅ ဂိုးထဲက ၃ ဂိုးဟာ ချိန်သားကိုက် ပြေးဝင်အဆုံးသတ်မှုတွေဖြစ်ပြီး တိုက်စစ်သမားတွေကို လူကပ်ဖို့ ၅ ယောက်တန်း ခံစစ်ကို ပြင်ဆင်လာတဲ့ အာဆင်နယ်တို့ အကွဲကြီးကွဲခဲ့ရတဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပထမဂိုး၊ ဒုတိယဂိုးနဲ့ ပွဲသိမ်းဂိုးတွေမှာ ဂွန်ဒိုးဝမ်နဲ့ ဖယ်ရန် တောရက်စ်တို့က နေရာလွတ်တွေထဲ ချိန်သားကိုက် ပြေးပိတ်ခဲ့ကြတာဖြစ်ပြီး စတုတ္ထဂိုးကတော့ လူကြားထဲကနေ ရိုဒရီက ကန်သွင်းသွားခဲ့တာပါ။ ဒီနေ့မှာ အာဆင်နယ်ဂိုးသမား လီနိုအနေနဲ့ ဂရီးလစ်ရှ်+ဂျေဆူးစ် အချိတ်အဆက်နဲ့ သွင်းဂိုးကိုသာ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ရပြီး ကျန်တဲ့ ၄ ဂိုးမှာတော့ ကျောချမှ ဓားပြမှန်း သိသွားခဲ့ရတာလည်းဖြစ်ပါတယ်။

၁၈ နှစ်နဲ့ ၄၇ နှစ်အတွင်း အဆိုးရွားဆုံးစံချိန်နဲ့ အာဆင်နယ်
အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာဟာ ဒီနေ့မှာတော့ မန်စီးတီးကို ရှုံးနိမ့်ခဲ့မှုနဲ့အတူ ၁၈ နှစ်တာအတွက် ပရီးမီးယားလိဂ်ရဲ့ အဆိုးဆုံး မှတ်တမ်းတစ်ခုကို သိမ်းပိုက်သွားနိုင်ခဲ့ပြီး ၂၀၀၃-၀၄ ရာသီမှာ ဝုလ်ဗာဟမ့်ပ်တန်အသင်းက တင်ရှိထားတဲ့ အဖွင့်သုံးပွဲစလုံး ရှုံးနိမ့်ပြီး ဂိုးကွာခြားချက် (-၉)ဖြစ်တဲ့ ဖြစ်ရပ်နဲ့ တူညီနိုင်ခဲ့တာပါ။ သူတို့နောက်က ကစားခဲ့တဲ့ ပွဲမှာ နော့ဝစ်ချ်စီးတီးအသင်းကလည်း ဒီစံချိန်ကို အားကျမခံ ရယူခဲ့ပေမယ့် ဂန်းနားတွေရဲ့ စံချိန်က ပိုဆိုးပြီး တစ်ဂိုးမှလည်း မသွင်းနိုင်ခဲ့တာကြောင့် သွင်းဂိုးတစ်ဂိုးရှိတဲ့ ကနေရီတွေနောက် အဆင့် ၂၀ ကိုလည်း ကျရောက်သွားခဲ့ရသလို သူတို့တွေအတွက်တော့ ဒီရပ်တည်မှုက ၁၉၇၄ အောက်တိုဘာ ၂၅ ရက်နေ့က အဖြစ်ဆိုးကို ၄၇ နှစ်အကြာမှာ ပြန်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၆ ကစပြီး အာဆင်နယ်ကို ငယ်နိုင်လိုဖြစ်လာတဲ့ မန်စီးတီး
မန်ချက်စတာစီးတီးအသင်းဟာ ၂၀၁၅ ဒီဇင်ဘာက အာဆင်နယ်ကို ရှုံးနိမ့်အပြီးမှာ ဒီနေ့ပွဲပါ အပါအဝင် ပရီးမီးယားလိဂ်မှာ ၁၀ ပွဲနိုင် ၂ ပွဲ သရေကျတဲ့ ရလဒ်ကို ရယူထားနိုင်တာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာလက်ထက်မှာတော့ ၁၀ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ရယူထားသလို ဖြစ်နိုင်ဖွယ် ၃၃ မှတ်ထဲက ၃၁ မှတ်ကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါ့အပြင် နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးစသွင်းနိုင်တဲ့ စံချိန်ကိုလည်း ရယူနိုင်ခဲ့ပြီး ဟိုတစ်ချိန် ပရီးမီးယားလိဂ်ခေတ်ဦးကတည်းက မော့မကြည့်နိုင်ခဲ့တဲ့ ပြိုင်ဘက်ကို နောက်ဆုံး ၅ နှစ်မှာ ငယ်နိုင်စာရင်းဆီ ထည့်သွင်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လမ္းေၾကာင္းမွန္ေပၚ ႏွစ္ပြဲ ဆယ္ဂိုးနဲ႔ ျပန္တက္တဲ့ စီးတီး
မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ သူတို႔ရဲ႕ ေရွ႕တန္းမွာ တိုက္စစ္မႉးသစ္ အားျဖည့္ထားရျခင္း မရွိေသးေပမယ့္ မွန္ကန္တဲ့ လူထုတ္ပုံ၊ ကြင္းလယ္ အဖ်က္ကစားသမားတစ္ေယာက္ကို ပုံေသထားကစားတဲ့ ပုံစံနဲ႔ ဟန္ခ်က္ညီတဲ့ ကစားကြက္ကို ရရွိခဲ့ၿပီး ေနာ့ဝစ္ခ်္ကို အိမ္ကြင္းမွာ ၅ ဂိုးသြင္းခဲ့သလို ဒီေန႔မွာလည္း အာဆင္နယ္ကို ၅ ဂိုးျပတ္ ထပ္မံသြင္းယူၿပီး တကယ္လို႔ အေျပာင္းအေ႐ႊ႕ ပိတ္ခ်ိန္အထိ လူမေခၚႏိုင္ခဲ့ဘူးဆိုရင္လည္း နည္းျပ ဂြါဒီယိုလာမွာ အေျဖရွိေၾကာင္း ျပသလိုက္သလို စာဝါေတြနဲ႔ အေျမာက္ေတြကေတာ့ အစ္တီဟတ္မွာ ဓားစာခံေတြျဖစ္သြားခဲ့ၾကတာပါ။

ေနရာသစ္မွာ ေျခစြမ္းျပေနတဲ့ ေဂ်ဆူးစ္
မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၿပီးခဲ့တဲ့ရာသီက အေထာင္တိုက္စစ္ေနရာကို စတာလင္၊ အေဂြ႐ို၊ ဘာနာဒိုတို႔နဲ႔ လုေနခဲ့ရတဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ဟာ ဒီရာသီမွာေတာ့ အရင္လို အေထာင္မရရင္ ဘယ္ျခမ္းမဟုတ္ဘဲ ညာျခမ္းကို ထြက္ကစားခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ သူ႔ေၾကာင့္ သုံးဂိုးရရွိခဲ့ၿပီး တရားဝင္ ဖန္တီးမႈ ႏွစ္ႀကိမ္နဲ႔ အေကာင္းဆုံးျဖစ္ခဲ့တဲ့ ဘရာဇီးလ္သားဟာ ဒီေန႔မွာလည္း အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ ကြင္းလယ္လူ ဂြန္ဒိုးဝမ္ ေခါင္းတိုက္သြင္းႏိုင္ဖို႔ ျဖတ္တင္ေပးခဲ့ၿပီး ကိုယ္တိုင္လည္း အနီးကပ္ပိတ္သြင္းၿပီး တစ္ဂိုးယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အေဂြ႐ိုနဲ႔ ေဆးလ္ဗား ထြက္သြားေပမယ့္ ဖယ္ရန္ရွိေနၿပီ
တိုက္စစ္မွာ ဆာဂ်ီယို အေဂြ႐ို မရွိေတာ့လို႔ သြင္းဂိုးေတြအတြက္ ပူပန္ခဲ့ၾကေပမယ့္ ဖယ္ရန္ ေတာရက္စ္က ဒီပြဲမွာ ေတာ္ေတာ္ေလး အသားက် လာတဲ့ ပုံစံနဲ႔ ပညာသားပါတဲ့ ပိတ္သြင္းခ်က္နဲ႔တစ္ဂိုး၊ ေခါင္းတိုက္ဂိုးတစ္ဂိုး ရယူေပးခဲ့တာပါ။ ၿပီးခဲ့တဲ့ ရာသီက အသင္းကေန ထြက္ခြာသြားခဲ့တဲ့ ေဒးဗစ္ ေဆးလ္ဗားရဲ႕ နံပါတ္ ၂၁ ကို ခရီးေရာက္မဆိုက္ ဆက္ခံခဲ့တဲ့ စပိန္သားဟာ ေတာင္ပံတိုက္စစ္မႉးအျဖစ္သာမက အေထာင္မွာပါ ကစားႏိုင္ေၾကာင္းလည္း သက္ေသျပေနၿပီး ဒီရာသီမွာလည္း အသင္းရဲ႕ ထာဝရဂိုးသြင္းဘုရင္ရဲ႕ ေနရာကို စိန္ေခၚဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။

႐ိုဒရီရဲ႕ ဂိုးအတြက္ ပရိသတ္ေတြ မ်ားလြန္းေနတယ္
မန္ခ်က္စတာစီးတီးကြင္းလယ္လူ ႐ိုဒရီဂို ဟာနန္ဒက္ဇ္ရဲ႕ ဂိုးဧရိယာအျပင္က လွပတဲ့ အနိမ့္ေဘာကန္ခ်က္နဲ႔ သြင္းဂိုးအတြက္ မန္ခ်က္စတာစီးတီးပရိသတ္ေတြက ဂုဏ္ျပဳေပ်ာ္႐ႊင္ခဲ့ၾကသလို ဒီတစ္ႀကိမ္မွာ ေရွ႕က သြင္းဂိုး ၃ ဂိုးထက္ ပိုမိုတဲ့ အားေပးမႈေတြကို ရရွိခဲ့ပါတယ္။ ဒါကေတာ့ အာဆင္နယ္ပရိသတ္ေတြက သူတို႔အသင္းကို ျပန္လည္ေလွာင္ေျပာင္တဲ့ ေအာင္ပြဲခံမႈပဲျဖစ္ၿပီး အသင္းရဲ႕ ဆိုး႐ြားတဲ့ ရလဒ္ေတြနဲ႔ တိုက္စစ္က တစ္ဂိုးမွ မသြင္းႏိုင္ဘဲ ခံစစ္ကေန ဂိုးေတြ အလႉေပးေနတာအတြက္ နည္းျပ မီခယ္လ္ အာတီတာကို ဆန႔္က်င္ၿပီး တစ္ဖက္အသင္းကို အားေပးျပသြားခဲ့ၾကတာပါ။

မန္စီးတီးဘက္က ဂိုးသြင္းသူကို ျမင္လိုက္သလား လီႏို?
မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဒီေန႔သြင္းဂိုး ၅ ဂိုးထဲက ၃ ဂိုးဟာ ခ်ိန္သားကိုက္ ေျပးဝင္အဆုံးသတ္မႈေတြျဖစ္ၿပီး တိုက္စစ္သမားေတြကို လူကပ္ဖို႔ ၅ ေယာက္တန္း ခံစစ္ကို ျပင္ဆင္လာတဲ့ အာဆင္နယ္တို႔ အကြဲႀကီးကြဲခဲ့ရတဲ့ ပြဲလည္းျဖစ္ခဲ့ပါတယ္။ ပထမဂိုး၊ ဒုတိယဂိုးနဲ႔ ပြဲသိမ္းဂိုးေတြမွာ ဂြန္ဒိုးဝမ္နဲ႔ ဖယ္ရန္ ေတာရက္စ္တို႔က ေနရာလြတ္ေတြထဲ ခ်ိန္သားကိုက္ ေျပးပိတ္ခဲ့ၾကတာျဖစ္ၿပီး စတုတၳဂိုးကေတာ့ လူၾကားထဲကေန ႐ိုဒရီက ကန္သြင္းသြားခဲ့တာပါ။ ဒီေန႔မွာ အာဆင္နယ္ဂိုးသမား လီႏိုအေနနဲ႔ ဂရီးလစ္ရွ္+ေဂ်ဆူးစ္ အခ်ိတ္အဆက္နဲ႔ သြင္းဂိုးကိုသာ နဖူးေတြ႕ ဒူးေတြ႕ ရင္ဆိုင္ခဲ့ရၿပီး က်န္တဲ့ ၄ ဂိုးမွာေတာ့ ေက်ာခ်မွ ဓားျပမွန္း သိသြားခဲ့ရတာလည္းျဖစ္ပါတယ္။

၁၈ ႏွစ္နဲ႔ ၄၇ ႏွစ္အတြင္း အဆိုး႐ြားဆုံးစံခ်ိန္နဲ႔ အာဆင္နယ္
အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာဟာ ဒီေန႔မွာေတာ့ မန္စီးတီးကို ရႈံးနိမ့္ခဲ့မႈနဲ႔အတူ ၁၈ ႏွစ္တာအတြက္ ပရီးမီးယားလိဂ္ရဲ႕ အဆိုးဆုံး မွတ္တမ္းတစ္ခုကို သိမ္းပိုက္သြားႏိုင္ခဲ့ၿပီး ၂၀၀၃-၀၄ ရာသီမွာ ဝုလ္ဗာဟမ့္ပ္တန္အသင္းက တင္ရွိထားတဲ့ အဖြင့္သုံးပြဲစလုံး ရႈံးနိမ့္ၿပီး ဂိုးကြာျခားခ်က္ (-၉)ျဖစ္တဲ့ ျဖစ္ရပ္နဲ႔ တူညီႏိုင္ခဲ့တာပါ။ သူတို႔ေနာက္က ကစားခဲ့တဲ့ ပြဲမွာ ေနာ့ဝစ္ခ်္စီးတီးအသင္းကလည္း ဒီစံခ်ိန္ကို အားက်မခံ ရယူခဲ့ေပမယ့္ ဂန္းနားေတြရဲ႕ စံခ်ိန္က ပိုဆိုးၿပီး တစ္ဂိုးမွလည္း မသြင္းႏိုင္ခဲ့တာေၾကာင့္ သြင္းဂိုးတစ္ဂိုးရွိတဲ့ ကေနရီေတြေနာက္ အဆင့္ ၂၀ ကိုလည္း က်ေရာက္သြားခဲ့ရသလို သူတို႔ေတြအတြက္ေတာ့ ဒီရပ္တည္မႈက ၁၉၇၄ ေအာက္တိုဘာ ၂၅ ရက္ေန႔က အျဖစ္ဆိုးကို ၄၇ ႏွစ္အၾကာမွာ ျပန္ႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။

၂၀၁၆ ကစၿပီး အာဆင္နယ္ကို ငယ္ႏိုင္လိုျဖစ္လာတဲ့ မန္စီးတီး
မန္ခ်က္စတာစီးတီးအသင္းဟာ ၂၀၁၅ ဒီဇင္ဘာက အာဆင္နယ္ကို ရႈံးနိမ့္အၿပီးမွာ ဒီေန႔ပြဲပါ အပါအဝင္ ပရီးမီးယားလိဂ္မွာ ၁၀ ပြဲႏိုင္ ၂ ပြဲ သေရက်တဲ့ ရလဒ္ကို ရယူထားႏိုင္တာျဖစ္ၿပီး နည္းျပ ဂြါဒီယိုလာလက္ထက္မွာေတာ့ ၁၀ ပြဲႏိုင္ ၁ ပြဲသေရ ရလဒ္ကို ရယူထားသလို ျဖစ္ႏိုင္ဖြယ္ ၃၃ မွတ္ထဲက ၃၁ မွတ္ကို သိမ္းပိုက္ႏိုင္ခဲ့တာပါ။ ဒါ့အျပင္ ေနာက္ဆုံး ၁၀ ပြဲဆက္တိုက္ ဂိုးစသြင္းႏိုင္တဲ့ စံခ်ိန္ကိုလည္း ရယူႏိုင္ခဲ့ၿပီး ဟိုတစ္ခ်ိန္ ပရီးမီးယားလိဂ္ေခတ္ဦးကတည္းက ေမာ့မၾကည့္ႏိုင္ခဲ့တဲ့ ၿပိဳင္ဘက္ကို ေနာက္ဆုံး ၅ ႏွစ္မွာ ငယ္ႏိုင္စာရင္းဆီ ထည့္သြင္းထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.