Match Report Premier League

နောက်ဆုံးအချိန်ထိ ရင်ခုန်စရာတွေ ပေးခဲ့ပြီး တစ်မှတ်စီခွဲယူတဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီး

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ဒီရာသီပုံစံကောင်းကို ဆက်ထိန်းဖို့ ပြင်ဆင်လာခဲ့ပြီး ကွင်းလယ်မှာ ကစားအားကောင်းနေတဲ့ အဲလီးယော့ကို ဆက်သုံးခဲ့သလို ဟန်ဒါဆန်၊ ဖာဘင်ညိုတို့နဲ့ စုဖွဲ့ပြင်ဆင်လာခဲ့ပြီး တိုက်စစ်မှာတော့ မာနေး၊ ဆာလား၊ ဖာမီနိုတို့ပဲ ကစားချိန်ခဲ့ကြမှာ ဘယ်နောက်ခံလူ ရောဘတ်ဆန်ကတော့ ကြံ့ခိုင်မှုပြည့်ဝပြီး ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ချဲလ်ဆီးကတော့ တောင်ပံကစားသမားတွေထက် ဗဟိုတိုက်စစ်ကစားသမားတွေနဲ့ ကွင်းလယ်လူတွေကိုသာ အသုံးပြုသွားခဲ့ပြီး တိုက်စစ်မှာ လူကာကူးကို ဟာဗတ်ဇ်၊ မေဆန်မောင့်တို့နဲ့ တွဲပေးခဲ့သလို ကွန်တေ+ဂျော်ဂျင်ညိုအတွဲနဲ့ အသုံးပြုနေကျ ခံစစ်ရှေ့က ခင်းကျင်းလာခဲ့ပြီး အဆုံးသတ်သာ သေချာခဲ့ရင် ဗာဂျီးလ် ဗန်ဒိုက်တစ်ယောက် အန်းဖီးလ်စံချိန်ပျက်သွားနိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ပွဲက ကစားခဲ့တဲ့ မေဆန်မောင့်နဲ့ ဟာဗတ်ဇ်တို့ကို ဘယ်ညာပြောင်းပြီး Inverted ပုံစံသုံးသွားခဲ့လို့ တိုက်စစ်မှာ Passing Lane တွေ ပိုပွင့်ခဲ့ပေမယ့် အနိမ့်ဘော ဖြတ်ပို့ဖို့အတွက်တော့ ချဲလ်ဆီးတို့ အားနည်းခဲ့တာကို တွေ့ရပြီး တူဟယ်လ်ကတော့ အဝေးကွင်းမှာ လီဗာပူးလ်ကို ဘောလုံး ပေးကိုင်ပြီး တန်ပြန်တိုက်စစ်နဲ့ပဲ ထိုးနှက်ဖို့ လုပ်ဆောင်ခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ကြီးမားတဲ့ အခွင့်အရေးကို ဟန်ဒါဆန် ဘယ်ခြေနဲ့ ပိတ်သွင်းမှုက လွဲချော်ခဲ့ပြီး ချဲလ်ဆီးကတော့ တိုက်စစ်သုံးယောက်ကြားက အတွဲအဖက်နဲ့ တိုင်မင်ကိုက်မှုတွေ လိုအပ်နေသလို လူကာကူး၊ မောင့်နဲ့ ဟာဗတ်ဇ်တို့ မစည်းလုံးသေးသလို နားလည်မှုလည်း နည်းနေခဲ့ပြီး အခွင့်အရေးကောင်းတွေက လီဗာပူးလ်ဂိုးရှေ့မှာ ပျက်ပြယ်သွားခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ အလွန်ဆိုကြောင့်ရတဲ့ ထောင့်ကန်ဘောကို မေဆန်မောင့် ကန်တင်ပေးခဲ့ရာမှာ လူကပ်ခံမထားရဘဲ လွတ်နေတဲ့ ဟာဗတ်ဇ်က ‌ရှေ့ကို ပြေးထွက်ပြီး နောက်ပြန်လှန်ခေါင်းတိုက်ခဲ့ရာမှာ ဂိုးသမား အယ်လစ်ဆန်နဲ့ လီဗာပူးလ်နောက်တန်းတွေကို အငိုက်မိစေခဲ့ပြီး လက်လှမ်းမမီတဲ့ အဝေးတိုင်အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ ချဲလ်ဆီးတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်က ကွန်တေရဲ့ လုပ်အားနှုန်းကတော့ တော်တော်လေးကောင်းခဲ့ပြီး လီဗာပူးလ်ရဲ့ ကွင်းလယ်ကို ဖြတ်တောက်နိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေကို စတင်ခွင့်ပေးနိုင်ခဲ့ပြီး မေဆန်မောင့်သာ Creative Attacking Midfielder ပုံစံကျ ဘောလုံးပေးနိုင်ခဲ့ရင် အန်းဖီးလ်ပရိသတ်တွေ ကြေကွဲရဖို့ ရှိခဲ့ပေမယ့် အင်္ဂလန်သားရဲ့ Find Third က ပေးပို့မှုတွေက မတိကျခဲ့တာကြောင့် တစ်ဂိုးထက် ပိုမမြင်ခဲ့ရတာပါ။

ပွဲချိန် ၃၅ မိနစ်က အခွင့်အရေးကို ဂိုးသွင်းဖို့ ပြိုင်ဘက်လိုဖြစ်နေခဲ့တဲ့ ဟာဗတ်ဇ်ကို မပေးတဲ့ လူကာကူးနဲ့ လက်ခံရရှိသွားခဲ့တဲ့ မေဆန်မောင်တို့ရဲ့ ဖြုန်းတီးမှုတွေကတော့ ဒီပွဲမှာ ချဲလ်ဆီးတို့ အနိုင်မရခဲ့တဲ့ အလှည့်အပြောင်းလည်းဖြစ်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ မာနေးကို ဖျက်ရင်း ကွန်တေ နာသွားခဲ့တာက ခံစစ်မှာ ဧရိယာထိပ်အထိ ပေးဝင်ရသလိုဖြစ်ခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဂိုးသမား မန်ဒီ ဖမ်းနိုင်ဖို့ နီးစပ်နေချိန်မှာ အတင်းဝင်ပြီး ခေါင်းတိုက်ခဲ့တဲ့ အလွန်ဆိုကြောင့် အခြေအနေက ရှုပ်ထွေးသွားခဲ့ရပြီး ဒီကနေ မာနေးကန်သွင်းတဲ့ ဘောလုံးကို ရီးစ် ဂျိမ်းစ် လက်နဲ့ ထိခဲ့မိလို့ ပင်နယ်တီ ပေးခဲ့ရတာမှာ အိမ်ရှင်တိုက်စစ်မှူး မိုဟာမက် ဆာလားက ကန်သွင်းနိုင်ခဲ့တာကြောင့် လီဗာပူးလ်တို့ ချေပဂိုးပြန်လည်ရယူနိုင်ခဲ့ပါတယ်။

VAR နဲ့ ဆုံးဖြတ်ခဲ့ရတဲ့ ဒီပင်နယ်တီမှာ ဒိုင်လူကြီး အန်ထော်နီ တေလာရဲ့ ဆုံးဖြတ်ချက်တွေက စဉ်းစားနေပုံတောင်မရဘဲ မြန်ဆန်လွန်းပြီး ပင်နယ်တီသက်သက်၊ ဒါမှမဟုတ် အဝါကတ်နဲ့ တွဲပေးလို့ရခဲ့ပေမယ့် တိုက်ရိုက်အနီပြခဲ့တာက အိမ်ရှင်တွေဘက် လိုက်တယ်လို့ စွပ်စွဲစရာဖြစ်နေခဲ့သလို ပရိသတ်ဖိအားကို မခံနိုင်ဘဲ ကျောရိုးမရှိတဲ့ ကိုင်တွယ်မှုမျိုးကို တွေ့ခဲ့ရတာပါ။

ဂိုးဝင်သွားအပြီးမှာ ဘောလုံးကို ကန်ထုတ်တဲ့ မန်ဒီရဲ့ ကန်ချက်ကို ဟန်ဒါဆန်ဦးဆောင်တဲ့ ကစားသမားတွေရဲ့ ဝိုင်းဝန်းပြဿနာရှာခြင်းကို ခံခဲ့ရပေမယ့် တိုက်ရည်ခိုက်ရည်အပြည့်ရှိတဲ့ ချဲလ်ဆီးကစားသမားတွေက ရဲရဲရင့်ရင့် တုံ့ပြန်သွားခဲ့ပြီး ရူဒီဂါနဲ့ အက်ဇ်ပီလီကွေတာတို့ကတော့ ဘယ်အသင်းနဲ့တွေ့တွေ့ မျက်နှာမငယ်ရနိုင်တဲ့ မားမားမတ်မတ် ရပ်တည်မှုနဲ့ ဦးဆောင်မှုမျိုးကို ပြသသွားခဲ့ချိန်မှာ ပထမပိုင်းက တစ်ဂိုးစီနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဒဏ်ရာရသွားတဲ့ ကွန်တေအစား ကိုဗာချစ်နဲ့ ခံစစ်မှာ ဂျိမ်းစ်နေရာ အားဖြည့်ဖို့ ဟာဗတ်ဇ်အစား သီယာဂို ဆေးလ်ဗားတို့ကို ချဲလ်ဆီးနည်းပြ တူဟယ်လ်က ထည့်သွင်းခဲ့ပြီး တန်ပြန်တိုက်စစ်ကနေပဲ အခွင့်အရေးရဖို့ ပြင်ဆင်ခဲ့သလို ဒီလိုအချိန်မျိုးမှာ ဗာနာ၊ ဟဒ်ဆန်-အိုဒွိုင်းနဲ့ ချေးလ်ဝဲလ်တို့လို လျင်မြန်တဲ့ ကစားသမားတွေကို ထည့်မသုံးခဲ့တာက သူ့ရဲ့ ဗျူဟာအတွက် မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ လီဗာပူးလ်တို့ကတော့ အနိုင်ရဖို့ ဖိကစားခဲ့ပေမယ့် ချဲလ်ဆီးခံစစ်ကို ကျော်ဖြတ်နိုင်စွမ်းမရှိခဲ့သလို ၁၄ ကြိမ်အထိ ကန်ခွင့်ရခဲ့ပေမယ့် ဂိုးပေါက်တည့်တဲ့ ၆ ကြိမ်စလုံးကို ဂိုးသမား မန်ဒီက ကာကွယ်သွားနိုင်ခဲ့ပြီး ပင်နယ်တီမှ မရရင် အန်းဖီးလ်မှာတောင် ဂိုးမသွင်းတတ်ဘူးလားလို့ လှောင်ပြောင်မှုတွေနဲ့လည်း ကြုံခဲ့ရပါတယ်။

ချဲလ်ဆီးဘက်ကတော့ လူကာကူးနဲ့ ကိုဗာချစ်တို့ ကန်ခွင့်ရခဲ့ပေမယ့် အပိုင်လုံးမျိုးတွေတော့ မဟုတ်ခဲ့လို့ ဂိုးရနိုင်ခွင့်နဲ့ သိပ်မနီးစပ်ခဲ့ဘဲ သူတို့ရဲ့ စပိန်နောက်ခံလူ အလွန်ဆိုကတော့ ဦးနှောက်သုံးကစားဖို့ လိုတဲ့ အချိန်တွေမှာ ဆုံးဖြတ်ချက် မမှန်ခဲ့သလို သူ့ရဲ့ ဘယ်ခြမ်းကလည်း သိပ်ပြီး အဆင်မပြေဘဲ ချေးလ်ဝဲလ်ကို နေရာပြန်လွှဲရဖို့ နီးစပ်လာခဲ့ပြီလည်းဖြစ်ပါတယ်။

မိနစ် ၉၀ အပြည့်မှာတော့ ချဲလ်ဆီးတို့ အန်းဖီးလ်မှာ လီဗာပူးလ်တိုက်စစ်ကို ကြံ့ကြံ့ခံ ကာကွယ်ရင်း သူတို့ရဲ့ မာကျောမှုနဲ့ ချန်ပီယံဖြစ်နိုင်စွမ်းရှိတဲ့ ကွာလတီအတွက် ဂုဏ်ယူနိုင်ခဲ့သလို လီဗာပူးလ်တို့ကတော့ ဖန်တီးမှုနဲ့ အဆုံးသတ်ပိုင်းတွေမှာ လိုအပ်ချက်တွေ တစ်လှေကြီးနဲ့ တစ်မှတ်သာ ရယူနိုင်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးစ် မကန်ခင် စနေနေ့ပွဲစဉ်တွေအပြီးမှာတော့ ရမှတ် ၇ မှတ်စီနဲ့ အဆင့် ၂ နဲ့ ၃ တွေမှာ နေမြဲပဲဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးတို့ကတော့ တောင်ပံသမားတွေကို ပိုပြီးနေရာပေးနိုင်ရင်နဲ့ တိုက်စစ်က အချိတ်အဆက်မိပြီး လျင်မြန်လာခဲ့ရင် အသင်းကြီးချင်း ရလဒ်ကောင်းတွေကို ဒီထက်ပို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး လီဗာပူးလ်တို့ကတော့ ဒီရာသီမှာလည်း အချိန်မီ အားဖြည့်မှုတွေ မလုပ်ခဲ့ရင် လိုအပ်ချက်တွေကြောင့် လှေပြေးတုန်း တက်ကျိုးတာမျိုးနဲ့ ရင်ဆိုင်သွားရနိုင်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ဒီရာသီပုံစံေကာင္းကို ဆက္ထိန္းဖို႔ ျပင္ဆင္လာခဲ့ၿပီး ကြင္းလယ္မွာ ကစားအားေကာင္းေနတဲ့ အဲလီးေယာ့ကို ဆက္သုံးခဲ့သလို ဟန္ဒါဆန္၊ ဖာဘင္ညိဳတို႔နဲ႔ စုဖြဲ႕ျပင္ဆင္လာခဲ့ၿပီး တိုက္စစ္မွာေတာ့ မာေနး၊ ဆာလား၊ ဖာမီႏိုတို႔ပဲ ကစားခ်ိန္ခဲ့ၾကမွာ ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္ကေတာ့ ႀကံ့ခိုင္မႈျပည့္ဝၿပီး ျပန္လည္ပါဝင္လာခဲ့ပါတယ္။

ခ်ဲလ္ဆီးကေတာ့ ေတာင္ပံကစားသမားေတြထက္ ဗဟိုတိုက္စစ္ကစားသမားေတြနဲ႔ ကြင္းလယ္လူေတြကိုသာ အသုံးျပဳသြားခဲ့ၿပီး တိုက္စစ္မွာ လူကာကူးကို ဟာဗတ္ဇ္၊ ေမဆန္ေမာင့္တို႔နဲ႔ တြဲေပးခဲ့သလို ကြန္ေတ+ေဂ်ာ္ဂ်င္ညိဳအတြဲနဲ႔ အသုံးျပဳေနက် ခံစစ္ေရွ႕က ခင္းက်င္းလာခဲ့ၿပီး အဆုံးသတ္သာ ေသခ်ာခဲ့ရင္ ဗာဂ်ီးလ္ ဗန္ဒိုက္တစ္ေယာက္ အန္းဖီးလ္စံခ်ိန္ပ်က္သြားႏိုင္တဲ့အထိျဖစ္ခဲ့ပါတယ္။

အာဆင္နယ္ပြဲက ကစားခဲ့တဲ့ ေမဆန္ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ကို ဘယ္ညာေျပာင္းၿပီး Inverted ပုံစံသုံးသြားခဲ့လို႔ တိုက္စစ္မွာ Passing Lane ေတြ ပိုပြင့္ခဲ့ေပမယ့္ အနိမ့္ေဘာ ျဖတ္ပို႔ဖို႔အတြက္ေတာ့ ခ်ဲလ္ဆီးတို႔ အားနည္းခဲ့တာကို ေတြ႕ရၿပီး တူဟယ္လ္ကေတာ့ အေဝးကြင္းမွာ လီဗာပူးလ္ကို ေဘာလုံး ေပးကိုင္ၿပီး တန္ျပန္တိုက္စစ္နဲ႔ပဲ ထိုးႏွက္ဖို႔ လုပ္ေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ႀကီးမားတဲ့ အခြင့္အေရးကို ဟန္ဒါဆန္ ဘယ္ေျခနဲ႔ ပိတ္သြင္းမႈက လြဲေခ်ာ္ခဲ့ၿပီး ခ်ဲလ္ဆီးကေတာ့ တိုက္စစ္သုံးေယာက္ၾကားက အတြဲအဖက္နဲ႔ တိုင္မင္ကိုက္မႈေတြ လိုအပ္ေနသလို လူကာကူး၊ ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ မစည္းလုံးေသးသလို နားလည္မႈလည္း နည္းေနခဲ့ၿပီး အခြင့္အေရးေကာင္းေတြက လီဗာပူးလ္ဂိုးေရွ႕မွာ ပ်က္ျပယ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ အလြန္ဆိုေၾကာင့္ရတဲ့ ေထာင့္ကန္ေဘာကို ေမဆန္ေမာင့္ ကန္တင္ေပးခဲ့ရာမွာ လူကပ္ခံမထားရဘဲ လြတ္ေနတဲ့ ဟာဗတ္ဇ္က ‌ေရွ႕ကို ေျပးထြက္ၿပီး ေနာက္ျပန္လွန္ေခါင္းတိုက္ခဲ့ရာမွာ ဂိုးသမား အယ္လစ္ဆန္နဲ႔ လီဗာပူးလ္ေနာက္တန္းေတြကို အငိုက္မိေစခဲ့ၿပီး လက္လွမ္းမမီတဲ့ အေဝးတိုင္အေပၚေထာင့္ကို ဝင္သြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးကြင္းလယ္က ကြန္ေတရဲ႕ လုပ္အားႏႈန္းကေတာ့ ေတာ္ေတာ္ေလးေကာင္းခဲ့ၿပီး လီဗာပူးလ္ရဲ႕ ကြင္းလယ္ကို ျဖတ္ေတာက္ႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ေတြကို စတင္ခြင့္ေပးႏိုင္ခဲ့ၿပီး ေမဆန္ေမာင့္သာ Creative Attacking Midfielder ပုံစံက် ေဘာလုံးေပးႏိုင္ခဲ့ရင္ အန္းဖီးလ္ပရိသတ္ေတြ ေၾကကြဲရဖို႔ ရွိခဲ့ေပမယ့္ အဂၤလန္သားရဲ႕ Find Third က ေပးပို႔မႈေတြက မတိက်ခဲ့တာေၾကာင့္ တစ္ဂိုးထက္ ပိုမျမင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၃၅ မိနစ္က အခြင့္အေရးကို ဂိုးသြင္းဖို႔ ၿပိဳင္ဘက္လိုျဖစ္ေနခဲ့တဲ့ ဟာဗတ္ဇ္ကို မေပးတဲ့ လူကာကူးနဲ႔ လက္ခံရရွိသြားခဲ့တဲ့ ေမဆန္ေမာင္တို႔ရဲ႕ ျဖဳန္းတီးမႈေတြကေတာ့ ဒီပြဲမွာ ခ်ဲလ္ဆီးတို႔ အႏိုင္မရခဲ့တဲ့ အလွည့္အေျပာင္းလည္းျဖစ္ခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ မာေနးကို ဖ်က္ရင္း ကြန္ေတ နာသြားခဲ့တာက ခံစစ္မွာ ဧရိယာထိပ္အထိ ေပးဝင္ရသလိုျဖစ္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို ဂိုးသမား မန္ဒီ ဖမ္းႏိုင္ဖို႔ နီးစပ္ေနခ်ိန္မွာ အတင္းဝင္ၿပီး ေခါင္းတိုက္ခဲ့တဲ့ အလြန္ဆိုေၾကာင့္ အေျခအေနက ရႈပ္ေထြးသြားခဲ့ရၿပီး ဒီကေန မာေနးကန္သြင္းတဲ့ ေဘာလုံးကို ရီးစ္ ဂ်ိမ္းစ္ လက္နဲ႔ ထိခဲ့မိလို႔ ပင္နယ္တီ ေပးခဲ့ရတာမွာ အိမ္ရွင္တိုက္စစ္မႉး မိုဟာမက္ ဆာလားက ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ေခ်ပဂိုးျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

VAR နဲ႔ ဆုံးျဖတ္ခဲ့ရတဲ့ ဒီပင္နယ္တီမွာ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာရဲ႕ ဆုံးျဖတ္ခ်က္ေတြက စဥ္းစားေနပုံေတာင္မရဘဲ ျမန္ဆန္လြန္းၿပီး ပင္နယ္တီသက္သက္၊ ဒါမွမဟုတ္ အဝါကတ္နဲ႔ တြဲေပးလို႔ရခဲ့ေပမယ့္ တိုက္႐ိုက္အနီျပခဲ့တာက အိမ္ရွင္ေတြဘက္ လိုက္တယ္လို႔ စြပ္စြဲစရာျဖစ္ေနခဲ့သလို ပရိသတ္ဖိအားကို မခံႏိုင္ဘဲ ေက်ာ႐ိုးမရွိတဲ့ ကိုင္တြယ္မႈမ်ိဳးကို ေတြ႕ခဲ့ရတာပါ။

ဂိုးဝင္သြားအၿပီးမွာ ေဘာလုံးကို ကန္ထုတ္တဲ့ မန္ဒီရဲ႕ ကန္ခ်က္ကို ဟန္ဒါဆန္ဦးေဆာင္တဲ့ ကစားသမားေတြရဲ႕ ဝိုင္းဝန္းျပႆနာရွာျခင္းကို ခံခဲ့ရေပမယ့္ တိုက္ရည္ခိုက္ရည္အျပည့္ရွိတဲ့ ခ်ဲလ္ဆီးကစားသမားေတြက ရဲရဲရင့္ရင့္ တုံ႔ျပန္သြားခဲ့ၿပီး ႐ူဒီဂါနဲ႔ အက္ဇ္ပီလီေကြတာတို႔ကေတာ့ ဘယ္အသင္းနဲ႔ေတြ႕ေတြ႕ မ်က္ႏွာမငယ္ရႏိုင္တဲ့ မားမားမတ္မတ္ ရပ္တည္မႈနဲ႔ ဦးေဆာင္မႈမ်ိဳးကို ျပသသြားခဲ့ခ်ိန္မွာ ပထမပိုင္းက တစ္ဂိုးစီနဲ႔ပဲ ၿပီးဆုံးသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဒဏ္ရာရသြားတဲ့ ကြန္ေတအစား ကိုဗာခ်စ္နဲ႔ ခံစစ္မွာ ဂ်ိမ္းစ္ေနရာ အားျဖည့္ဖို႔ ဟာဗတ္ဇ္အစား သီယာဂို ေဆးလ္ဗားတို႔ကို ခ်ဲလ္ဆီးနည္းျပ တူဟယ္လ္က ထည့္သြင္းခဲ့ၿပီး တန္ျပန္တိုက္စစ္ကေနပဲ အခြင့္အေရးရဖို႔ ျပင္ဆင္ခဲ့သလို ဒီလိုအခ်ိန္မ်ိဳးမွာ ဗာနာ၊ ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ ေခ်းလ္ဝဲလ္တို႔လို လ်င္ျမန္တဲ့ ကစားသမားေတြကို ထည့္မသုံးခဲ့တာက သူ႔ရဲ႕ ဗ်ဴဟာအတြက္ ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ လီဗာပူးလ္တို႔ကေတာ့ အႏိုင္ရဖို႔ ဖိကစားခဲ့ေပမယ့္ ခ်ဲလ္ဆီးခံစစ္ကို ေက်ာ္ျဖတ္ႏိုင္စြမ္းမရွိခဲ့သလို ၁၄ ႀကိမ္အထိ ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးေပါက္တည့္တဲ့ ၆ ႀကိမ္စလုံးကို ဂိုးသမား မန္ဒီက ကာကြယ္သြားႏိုင္ခဲ့ၿပီး ပင္နယ္တီမွ မရရင္ အန္းဖီးလ္မွာေတာင္ ဂိုးမသြင္းတတ္ဘူးလားလို႔ ေလွာင္ေျပာင္မႈေတြနဲ႔လည္း ႀကဳံခဲ့ရပါတယ္။

ခ်ဲလ္ဆီးဘက္ကေတာ့ လူကာကူးနဲ႔ ကိုဗာခ်စ္တို႔ ကန္ခြင့္ရခဲ့ေပမယ့္ အပိုင္လုံးမ်ိဳးေတြေတာ့ မဟုတ္ခဲ့လို႔ ဂိုးရႏိုင္ခြင့္နဲ႔ သိပ္မနီးစပ္ခဲ့ဘဲ သူတို႔ရဲ႕ စပိန္ေနာက္ခံလူ အလြန္ဆိုကေတာ့ ဦးေႏွာက္သုံးကစားဖို႔ လိုတဲ့ အခ်ိန္ေတြမွာ ဆုံးျဖတ္ခ်က္ မမွန္ခဲ့သလို သူ႔ရဲ႕ ဘယ္ျခမ္းကလည္း သိပ္ၿပီး အဆင္မေျပဘဲ ေခ်းလ္ဝဲလ္ကို ေနရာျပန္လႊဲရဖို႔ နီးစပ္လာခဲ့ၿပီလည္းျဖစ္ပါတယ္။

မိနစ္ ၉၀ အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ အန္းဖီးလ္မွာ လီဗာပူးလ္တိုက္စစ္ကို ႀကံ့ႀကံ့ခံ ကာကြယ္ရင္း သူတို႔ရဲ႕ မာေက်ာမႈနဲ႔ ခ်န္ပီယံျဖစ္ႏိုင္စြမ္းရွိတဲ့ ကြာလတီအတြက္ ဂုဏ္ယူႏိုင္ခဲ့သလို လီဗာပူးလ္တို႔ကေတာ့ ဖန္တီးမႈနဲ႔ အဆုံးသတ္ပိုင္းေတြမွာ လိုအပ္ခ်က္ေတြ တစ္ေလွႀကီးနဲ႔ တစ္မွတ္သာ ရယူႏိုင္ခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးစ္ မကန္ခင္ စေနေန႔ပြဲစဥ္ေတြအၿပီးမွာေတာ့ ရမွတ္ ၇ မွတ္စီနဲ႔ အဆင့္ ၂ နဲ႔ ၃ ေတြမွာ ေနၿမဲပဲျဖစ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ကေတာ့ ေတာင္ပံသမားေတြကို ပိုၿပီးေနရာေပးႏိုင္ရင္နဲ႔ တိုက္စစ္က အခ်ိတ္အဆက္မိၿပီး လ်င္ျမန္လာခဲ့ရင္ အသင္းႀကီးခ်င္း ရလဒ္ေကာင္းေတြကို ဒီထက္ပို ပိုင္ဆိုင္ႏိုင္မွာျဖစ္ၿပီး လီဗာပူးလ္တို႔ကေတာ့ ဒီရာသီမွာလည္း အခ်ိန္မီ အားျဖည့္မႈေတြ မလုပ္ခဲ့ရင္ လိုအပ္ခ်က္ေတြေၾကာင့္ ေလွေျပးတုန္း တက္က်ိဳးတာမ်ိဳးနဲ႔ ရင္ဆိုင္သြားရႏိုင္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.