Other Premier League Transfer News

ယူနိုက်တက်နဲ့ CR7 တို့ရဲ့ ပြန်ပေါင်းထုတ်မှုဟာ သားရွှေအိုးထမ်းလာတဲ့ကိန်းဆိုက်စေခဲ့တဲ့ အဓိကအချက် ၅ ချက်

” ဂျူဗင်တပ်စ်ကနေ သူထွက်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်က သူ့ကို ရဲရဲဝံ့ဝံ့နဲ့ အဆင်သင့်စောင့်ကြိုဖို့ ဒီနေရာမှာရှိနေပါတယ်” လို့ တော်ကီပစ်လာခဲ့တဲ့ မန်ယူနိုက်တက်နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားရဲ့ပြောဆိုမှုအပြီးမှာပဲ မန်စီးတီးကိုရောက်တော့မယ်လို့ တစ်ပြေးနေတဲ့ CR7 နဲ့ အိပ်မက်ကဇာတ်ရုံတို့ရဲ့ ပြန်ပေါင်းထုပ်မှုဟာ နာရီပိုင်းအတွင်းမှာ အမှန်တကယ်တရားဝင်ဖြစ်ပေါ်လာခဲ့ခြင်းမှာ ၁၂ နှစ်ကြာဝေးကွာခဲ့ရတဲ့ ပြန်ပေါင်းထုပ်မှုဟာ ဖာဂီခေတ်လွန် ယူနိုက်တက်အတွက်တော့ သားရွှေအိုးထမ်းလာတဲ့ကိန်းဆိုက်စေခဲ့တဲ့ အဓိကအချက် ၅ ချက်ကို တင်ဆက်ပေးပါရစေ။

ယူနိုက်တက်ရဲ့ ဂျစ်ဆောကို ပြီးပြည့်စုံစေမယ့် နောက်ဆုံးအစိတ်အပိုင်းဖြစ်တယ်
ဘောလုံးသမိုင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်း ဘာလဲဆိုတာကို အစမ်းသပ်ခံစရာမလိုတော့ပေမယ့် ဖာဂီအနားယူသွားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ အင်္ဂလန်အမှတ်ပေးဖလားနဲ့ ဝေးကွာနေခဲ့တာဟာ နည်းပြ ဆိုးလ်ရှားလက်ထဲမှာလည်း အလှမ်းကွာနေဆဲပါ။

ရော်နယ်လ်ဒိုလို ဂိုးသွင်းမုဆိုးစစ်စစ်ကို အသင်းက အဓိကလိုအပ်နေတာဖြစ်ပြီး ဒါဟာ ဗီလာရီးရဲလ်ကို ပင်နယ်တီနဲ့ ဒူးထောက်ခဲ့ရတဲ့ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲကိုကြည့်ရင် တိုက်စစ်အားနည်းချက်ကို သိသာထင်ရှားလွန်းပါတယ်။ တရာသီကို ဂိုး ၂၀ နဲ့အထက် သွင်းယူမယ့် တိုက်စစ်မှူးကောင်းဟာ သရဲနီတို့ဆီမှာ ကြာမြင့်စွာပျောက်ဆုံးနေခဲ့သလို ကျစ်လစ်မာကျောပြီး ခုခံပိတ်ဆော့တဲ့အသင်းတွေကို ပေါလ်ပေါ့ဘာ၊ ဘရူနို ဖာနန်ဒက်စ်၊ ဂျေဒန် ဆန်ချိုတို့ရဲ့ ဖန်တီးမှုအားတွေနဲ့ ဂိုးပေါက်ရှာပေးမယ့် ရော်နယ်လ်ဒိုရောက်ရှိလာခဲ့ပြီလို့ ဆိုရမှာပါ။

မန်စီးတီးကိုသာ ရွေးချယ်ခဲ့တဲ့ အဖတ်ဆယ်မရတဲ့ အမည်းစက်ကြီးတခုဖြစ်လာလိမ့်မယ်
တကယ်လို့သာ သတင်းတွေကြီးခဲ့တဲ့အတိုင်း မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကိုသာ ရော်နယ်လ်ဒိုတယောက် ရွေးချယ်သွားခဲ့မယ်ဆိုရင် သူ့ရဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကြီးဆိုတဲ့ ဂုဏ်သိက္ခာက အဖတ်ဆယ်မရအောင် အမည်းစက်စွန်းစရာရှိသလို ဆရာတဆူလို ဖခင်လို ချစ်ခင်ရသူ ဖာဂီကိုလည်း မျက်နှာအိုးမည်းသုတ်သလိုဖြစ်ခဲ့မယ့် လမ်းကြောင်းတခုပါ။

ဒါဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဝိန်းရွန်နီတို့အတွဲကို အားကျအတုယူပြီး ကြီးပြင်းလာတဲ့ လူငယ်တွေရဲ့အမြင်မှာလည်း ယူနိုက်တက်သမိုင်းရိုင်းသွားနိုင်သလို သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချို၊ ဂျက်စီ လင်ဂတ်၊ မေဆန် ဂရင်းဝုဒ်တို့အပြင် CR7 ရဲ့လွှမ်းမိုးမှုကြောင့် ယူနိုက်တက်မှာ လာကစားတာလို့ ဖွင့်ဟထားတဲ့ ပေါ်တူဂီသား ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်နိုင်မယ့် အခွင့်အရေးကိုသာ CR7 က ပါးပါးနပ်နပ်ရွေးချယ်သွားခဲ့ခြင်းပါ။

ပရီးမီးယားလိဂ်အထာကောင်းကောင်းနပ်တဲ့ကစားသမားဖြစ်တယ်
ပရီးမီးယားလိဂ်ခေတ်ရဲ့ လျှမ်းလျှမ်းတောက်ကစားသမားဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုက မန်ချက်စတာယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် ဖလားသုံးလုံး၊ ချန်ပီယံလိဂ်ဖလားတလုံး၊ လိဂ်ဖလား ၂ လုံး၊ FA ဖလားတလုံး၊ ဖီဖာကလပ်ကမ္ဘာ့ဖလားတလုံးအပြင် ဘလွန်ဒေါဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သူဖြစ်လို့ အင်္ဂလန်လိဂ်မှာတော့ ဖိအားဆိုတာ ထည့်တွက်စရာမလိုတော့တဲ့ အနေအထားပါ။

ဖာဂီခေတ်လွန်မှာ ပရီးမီးယားလိဂ်ကို တကျော့ပြန်အခြေချလာခဲ့ချိန်မှာတော့ သူ့သမိုင်းသူအသစ်ထပ်ရေးဖို့ အဆင်သင့်ရှိနေကြောင်း သက်သေပြပြီးသားဖြစ်သလို အသက် ၃၆ နှစ်သားဟာ ယူနိုက်တက်နဲ့အတူ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ထပ်မံသိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင်တော့ လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဥ်ခံနေရတဲ့ ဘယ်သူက တကယ့် GOAT စစ်စစ်လဲဆိုတဲ့ အငြင်းပွားမှုတွေလည်း အဖြေထွက်သွားဖို့ ရှိနေပါတယ်။

ဆိုးလ်ရှားနဲ့ ဆက်ဆံရေးကောင်းမွန်လှတဲ့အပြင် အသင်းသားအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်တယ်
ဒီအချက်က မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကရည်ရွယ်ချက်လည်းဖြစ်ခဲ့ပုံရသလို အသင်းရဲ့အနာဂတ်ကိုလည်း လူငယ်တွေလက်ထဲထိုးအပ်ဖို့ ရော်နယ်လ်ဒိုက ရှေ့ဆောင်လမ်းပြအနေနဲ့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားနဲ့လည်း ၂၀၀၃ ကနေ ၂၀၀၇ ခုနှစ်အထိ လေးနှစ်ကြာတွဲကစားခဲ့ကြတဲ့ သရဲနီအသင်းဖော်ဟောင်းတွေလည်းဖြစ်နေလို့ နားလည်မှုအပိုင်းက မြင့်မြင့်မားမား တည်ဆောက်ပြီးသားလို့ ဆိုရမှာပါ။

” ရော်နယ်လ်ဒိုက အသင်းရဲ့ဂန္ထဝင်ကစားသမားပါ။ ထာဝရအကောင်းဆုံးကစားသမားလည်းဖြစ်ပါတယ်။ ကျွန်တော် သူနဲ့အတူတွဲကစားခဲ့ဖူးသလို ချာတိတ်ဘဝမှာ သင်ကြားနည်းပြခွင့်ရခဲ့တာလည်း အလွန်ကံကောင်းတယ်လို့ ဆိုရပါမယ်။ သိပ်ကိုကြီးမြတ်တဲ့လူသားပါ” လို့ ဆိုခဲ့တဲ့ ဆိုးလ်ရှားရဲ့စကားက ပေါ်တူဂီသားကို ဘယ်လောက်လေးစားသလဲဆိုတာ ထင်ရှားနေသလို ဘရူနို ဖာနန်ဒက်စ်၊ ရာဖေးလ် ဗာရွန်းတို့လို အသင်းဖော်ဟောင်းတွေနဲ့လည်း လက်တွဲရဦးမှာပါ။

အိမ်ထက် နွေးထွေးလုံခြုံတဲ့နေရာမရှိ
ဒါဟာ ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာအိမ်ပြန်ခရီးအတွက် အထူးတလည်ရည်ညွှန်းထားတဲ့ စကားဖြစ်ပါတယ်။ CR7 ဟာ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပြီး သူ့ရဲ့အိမ်ကို တည့်တည့်မတ်မတ်ပြန်လာခဲ့တယ်လို့ ယူဆနိုင်သလို အိပ်မက်ကဇာတ်ရုံက အောင်မြင်မှုဘဝစတင်ခဲ့တဲ့ အသက် ၁၈ နှစ်သားဟာ အသက် ၃၆ နှစ်အရွယ်မှာ ပြန်လည်ရောက်ရှိလာခဲ့တာပါ။

သရဲနီကစားသမားဘဝ ၂၀၀၇-၀၈ ရာသီက ၄၉ ပွဲကစား၊ ၄၂ ဂိုးသွင်းပြီး အမြင့်ပျံခဲ့ချိန်ကစလို့ ဆုဖလားပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ပြီး နွေးထွေးတဲ့အိမ်ကို ပြန်ရောက်လာခဲ့သလို သူ့ရဲ့ နေဝင်ချိန်မှာ ဆရာဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်ဆီက အကောင်းဆုံးအကြံဥာဏ်နဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ခံယူနိုင်ဦးမှာဖြစ်သလို ဦးမမော့နိုင်တော့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို တကျော့ပြန်ဦးဆောင်သွားဖို့ သရဲနီပရိသတ်တွေရင်ခွင်ထဲ ခိုနားလာခဲ့ခြင်းလို့လည်း ဆိုနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
” ဂ်ဴဗင္တပ္စ္ကေန သူထြက္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ဘက္က သူ႔ကို ရဲရဲဝံ့ဝံ့နဲ႔ အဆင္သင့္ေစာင့္ႀကိဳဖို႔ ဒီေနရာမွာရွိေနပါတယ္” လို႔ ေတာ္ကီပစ္လာခဲ့တဲ့ မန္ယူႏိုက္တက္နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားရဲ႕ေျပာဆိုမႈအၿပီးမွာပဲ မန္စီးတီးကိုေရာက္ေတာ့မယ္လို႔ တစ္ေျပးေနတဲ့ CR7 နဲ႔ အိပ္မက္ကဇာတ္႐ုံတို႔ရဲ႕ ျပန္ေပါင္းထုပ္မႈဟာ နာရီပိုင္းအတြင္းမွာ အမွန္တကယ္တရားဝင္ျဖစ္ေပၚလာခဲ့ျခင္းမွာ ၁၂ ႏွစ္ၾကာေဝးကြာခဲ့ရတဲ့ ျပန္ေပါင္းထုပ္မႈဟာ ဖာဂီေခတ္လြန္ ယူႏိုက္တက္အတြက္ေတာ့ သားေ႐ႊအိုးထမ္းလာတဲ့ကိန္းဆိုက္ေစခဲ့တဲ့ အဓိကအခ်က္ ၅ ခ်က္ကို တင္ဆက္ေပးပါရေစ။

ယူႏိုက္တက္ရဲ႕ ဂ်စ္ေဆာကို ၿပီးျပည့္စုံေစမယ့္ ေနာက္ဆုံးအစိတ္အပိုင္းျဖစ္တယ္
ေဘာလုံးသမိုင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္း ဘာလဲဆိုတာကို အစမ္းသပ္ခံစရာမလိုေတာ့ေပမယ့္ ဖာဂီအနားယူသြားခဲ့ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္ကစလို႔ အဂၤလန္အမွတ္ေပးဖလားနဲ႔ ေဝးကြာေနခဲ့တာဟာ နည္းျပ ဆိုးလ္ရွားလက္ထဲမွာလည္း အလွမ္းကြာေနဆဲပါ။

ေရာ္နယ္လ္ဒိုလို ဂိုးသြင္းမုဆိုးစစ္စစ္ကို အသင္းက အဓိကလိုအပ္ေနတာျဖစ္ၿပီး ဒါဟာ ဗီလာရီးရဲလ္ကို ပင္နယ္တီနဲ႔ ဒူးေထာက္ခဲ့ရတဲ့ ယူ႐ိုပါလိဂ္ဖလားဗိုလ္လုပြဲကိုၾကည့္ရင္ တိုက္စစ္အားနည္းခ်က္ကို သိသာထင္ရွားလြန္းပါတယ္။ တရာသီကို ဂိုး ၂၀ နဲ႔အထက္ သြင္းယူမယ့္ တိုက္စစ္မႉးေကာင္းဟာ သရဲနီတို႔ဆီမွာ ၾကာျမင့္စြာေပ်ာက္ဆုံးေနခဲ့သလို က်စ္လစ္မာေက်ာၿပီး ခုခံပိတ္ေဆာ့တဲ့အသင္းေတြကို ေပါလ္ေပါ့ဘာ၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ ေဂ်ဒန္ ဆန္ခ်ိဳတို႔ရဲ႕ ဖန္တီးမႈအားေတြနဲ႔ ဂိုးေပါက္ရွာေပးမယ့္ ေရာ္နယ္လ္ဒိုေရာက္ရွိလာခဲ့ၿပီလို႔ ဆိုရမွာပါ။

မန္စီးတီးကိုသာ ေ႐ြးခ်ယ္ခဲ့တဲ့ အဖတ္ဆယ္မရတဲ့ အမည္းစက္ႀကီးတခုျဖစ္လာလိမ့္မယ္
တကယ္လို႔သာ သတင္းေတြႀကီးခဲ့တဲ့အတိုင္း ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကိုသာ ေရာ္နယ္လ္ဒိုတေယာက္ ေ႐ြးခ်ယ္သြားခဲ့မယ္ဆိုရင္ သူ႔ရဲ႕ မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ႀကီးဆိုတဲ့ ဂုဏ္သိကၡာက အဖတ္ဆယ္မရေအာင္ အမည္းစက္စြန္းစရာရွိသလို ဆရာတဆူလို ဖခင္လို ခ်စ္ခင္ရသူ ဖာဂီကိုလည္း မ်က္ႏွာအိုးမည္းသုတ္သလိုျဖစ္ခဲ့မယ့္ လမ္းေၾကာင္းတခုပါ။

ဒါဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ဝိန္း႐ြန္နီတို႔အတြဲကို အားက်အတုယူၿပီး ႀကီးျပင္းလာတဲ့ လူငယ္ေတြရဲ႕အျမင္မွာလည္း ယူႏိုက္တက္သမိုင္း႐ိုင္းသြားႏိုင္သလို သူ႔ကို စံျပပုဂၢိဳလ္အျဖစ္ သတ္မွတ္ထားတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ ေဂ်ဒန္ ဆန္ခ်ိဳ၊ ဂ်က္စီ လင္ဂတ္၊ ေမဆန္ ဂရင္းဝုဒ္တို႔အျပင္ CR7 ရဲ႕လႊမ္းမိုးမႈေၾကာင့္ ယူႏိုက္တက္မွာ လာကစားတာလို႔ ဖြင့္ဟထားတဲ့ ေပၚတူဂီသား ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ေရွ႕မွာ မားမားမတ္မတ္ရပ္တည္ႏိုင္မယ့္ အခြင့္အေရးကိုသာ CR7 က ပါးပါးနပ္နပ္ေ႐ြးခ်ယ္သြားခဲ့ျခင္းပါ။

ပရီးမီးယားလိဂ္အထာေကာင္းေကာင္းနပ္တဲ့ကစားသမားျဖစ္တယ္
ပရီးမီးယားလိဂ္ေခတ္ရဲ႕ လွ်မ္းလွ်မ္းေတာက္ကစားသမားျဖစ္ခဲ့တဲ့ ေရာ္နယ္လ္ဒိုက မန္ခ်က္စတာယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ ဖလားသုံးလုံး၊ ခ်န္ပီယံလိဂ္ဖလားတလုံး၊ လိဂ္ဖလား ၂ လုံး၊ FA ဖလားတလုံး၊ ဖီဖာကလပ္ကမာၻ႔ဖလားတလုံးအျပင္ ဘလြန္ေဒါဆုကိုပါ ဆြတ္ခူးႏိုင္ခဲ့သူျဖစ္လို႔ အဂၤလန္လိဂ္မွာေတာ့ ဖိအားဆိုတာ ထည့္တြက္စရာမလိုေတာ့တဲ့ အေနအထားပါ။

ဖာဂီေခတ္လြန္မွာ ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္အေျခခ်လာခဲ့ခ်ိန္မွာေတာ့ သူ႔သမိုင္းသူအသစ္ထပ္ေရးဖို႔ အဆင္သင့္ရွိေနေၾကာင္း သက္ေသျပၿပီးသားျဖစ္သလို အသက္ ၃၆ ႏွစ္သားဟာ ယူႏိုက္တက္နဲ႔အတူ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ထပ္မံသိမ္းပိုက္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ လီယြန္နယ္ မက္ဆီနဲ႔ ႏႈိင္းယွဥ္ခံေနရတဲ့ ဘယ္သူက တကယ့္ GOAT စစ္စစ္လဲဆိုတဲ့ အျငင္းပြားမႈေတြလည္း အေျဖထြက္သြားဖို႔ ရွိေနပါတယ္။

ဆိုးလ္ရွားနဲ႔ ဆက္ဆံေရးေကာင္းမြန္လွတဲ့အျပင္ အသင္းသားအားလုံးကို လႊမ္းမိုးႏိုင္စြမ္းရွိသူျဖစ္တယ္
ဒီအခ်က္က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အဓိကရည္႐ြယ္ခ်က္လည္းျဖစ္ခဲ့ပုံရသလို အသင္းရဲ႕အနာဂတ္ကိုလည္း လူငယ္ေတြလက္ထဲထိုးအပ္ဖို႔ ေရာ္နယ္လ္ဒိုက ေရွ႕ေဆာင္လမ္းျပအေနနဲ႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္ပါတယ္။ နည္းျပဆိုးလ္ရွားနဲ႔လည္း ၂၀၀၃ ကေန ၂၀၀၇ ခုႏွစ္အထိ ေလးႏွစ္ၾကာတြဲကစားခဲ့ၾကတဲ့ သရဲနီအသင္းေဖာ္ေဟာင္းေတြလည္းျဖစ္ေနလို႔ နားလည္မႈအပိုင္းက ျမင့္ျမင့္မားမား တည္ေဆာက္ၿပီးသားလို႔ ဆိုရမွာပါ။

” ေရာ္နယ္လ္ဒိုက အသင္းရဲ႕ဂႏၴဝင္ကစားသမားပါ။ ထာဝရအေကာင္းဆုံးကစားသမားလည္းျဖစ္ပါတယ္။ ကြၽန္ေတာ္ သူနဲ႔အတူတြဲကစားခဲ့ဖူးသလို ခ်ာတိတ္ဘဝမွာ သင္ၾကားနည္းျပခြင့္ရခဲ့တာလည္း အလြန္ကံေကာင္းတယ္လို႔ ဆိုရပါမယ္။ သိပ္ကိုႀကီးျမတ္တဲ့လူသားပါ” လို႔ ဆိုခဲ့တဲ့ ဆိုးလ္ရွားရဲ႕စကားက ေပၚတူဂီသားကို ဘယ္ေလာက္ေလးစားသလဲဆိုတာ ထင္ရွားေနသလို ဘ႐ူႏို ဖာနန္ဒက္စ္၊ ရာေဖးလ္ ဗာ႐ြန္းတို႔လို အသင္းေဖာ္ေဟာင္းေတြနဲ႔လည္း လက္တြဲရဦးမွာပါ။

အိမ္ထက္ ေႏြးေထြးလုံၿခဳံတဲ့ေနရာမရွိ
ဒါဟာ ေရာ္နယ္လ္ဒိုရဲ႕ မန္ခ်က္စတာအိမ္ျပန္ခရီးအတြက္ အထူးတလည္ရည္ၫႊန္းထားတဲ့ စကားျဖစ္ပါတယ္။ CR7 ဟာ သူ႔ရဲ႕အိပ္မက္ကို အေကာင္အထည္ေဖာ္ၿပီး သူ႔ရဲ႕အိမ္ကို တည့္တည့္မတ္မတ္ျပန္လာခဲ့တယ္လို႔ ယူဆႏိုင္သလို အိပ္မက္ကဇာတ္႐ုံက ေအာင္ျမင္မႈဘဝစတင္ခဲ့တဲ့ အသက္ ၁၈ ႏွစ္သားဟာ အသက္ ၃၆ ႏွစ္အ႐ြယ္မွာ ျပန္လည္ေရာက္ရွိလာခဲ့တာပါ။

သရဲနီကစားသမားဘဝ ၂၀၀၇-၀၈ ရာသီက ၄၉ ပြဲကစား၊ ၄၂ ဂိုးသြင္းၿပီး အျမင့္ပ်ံခဲ့ခ်ိန္ကစလို႔ ဆုဖလားေပါင္း ၃၀ ေက်ာ္ကို သိမ္းပိုက္ၿပီး ေႏြးေထြးတဲ့အိမ္ကို ျပန္ေရာက္လာခဲ့သလို သူ႔ရဲ႕ ေနဝင္ခ်ိန္မွာ ဆရာျဖစ္သူ ဆာအဲလက္စ္ ဖာဂူဆန္ဆီက အေကာင္းဆုံးအႀကံဥာဏ္နဲ႔ ဆုံးျဖတ္ခ်က္ေတြကိုလည္း ခံယူႏိုင္ဦးမွာျဖစ္သလို ဦးမေမာ့ႏိုင္ေတာ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကို တေက်ာ့ျပန္ဦးေဆာင္သြားဖို႔ သရဲနီပရိသတ္ေတြရင္ခြင္ထဲ ခိုနားလာခဲ့ျခင္းလို႔လည္း ဆိုႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.