Ligue1 Premier League

မာေဆးေနာက္ခံလူ ကာမာရာကို ေခၚယူသြားဖုိ႔ စီစဥ္ေနတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ အားနည္းေနတဲ့ ခံစစ္ပုိင္းမွာ မာမာထန္ထန္ ဖ်က္ထုတ္ကစားေပးမယ့္ ကစားသမားမ်ဳိးကို ရွာေဖြေနရာမွာ ျပင္သစ္လီဂူးဝမ္းကလပ္ မာေဆးလ္ေနာက္ခံလူ ဘူဘာကာ ကာမာရာကို နည္းျပ ပက္ပ္ ဂြါဒီယိုလာက ေထာက္ခံခ်က္ေပးထားတယ္လို႔ သိရပါတယ္။

ဂြါဒီယိုလာအေနနဲ႔ တုိက္စစ္က စုဖြဲ႕မွဳေကာင္းသေလာက္ စိတ္ပ်က္စရာ ခံစစ္ကို ေဖာ္ေဆာင္ေနခဲ့တဲ့ ေနာက္တန္းအင္အားစုကို စိတ္ပ်က္ေနၿပီး သူ႕ရဲ႕ စိတ္ႀကဳိက္ကစားသမား ေအးမရစ္ လာေပါ့တ္ကလြဲလို႔ က်န္တဲ့ကစားသမားေတြရဲ႕ ယုံၾကည္လို႔ မရတဲ့ ျပႆနာေၾကာင့္ ကြင္းလယ္အဖ်က္ကစားသမား ဖာနန္ဒင္ညဳိကိုပါ ေနာက္ဆင္းကစားခိုင္းခဲ့ရတာလည္းျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆင့္ ကြန္ပနီ ထြက္ခြာသြားခဲ့တဲ့ ခံစစ္ပုိင္းအတြက္ ႀကီးႀကီးမားမား ေမွ်ာ္လင့္ထားခဲ့တဲ့ ဂၽြန္စတုန္းစ္က အားလုံးကို စိတ္ပ်က္ေစခဲ့ခ်ိန္မွာ မန္စီးတီးအသင္းအေနနဲ႔ အသင္းႀကီးေတြနဲ႔ေတြ႕တုိင္း ႐ုန္းကန္ခဲ့ရၿပီး ဂိုးသမား အီဒါဆန္ကပါ အမွားလုပ္တဲ့အခါမွာေတာ့ ပရီးမီးယားလိဂ္ကို ထိန္းသိမ္းႏုိင္စြမ္းမရွိေတာ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ ဂြါဒီယိုလာအေနနဲ႔ အသင္းရဲ႕ ေနာက္တန္းမွာ အသက္ ၂၀ အရြယ္ ျပင္သစ္ေနာက္ခံလူကို အားျဖည့္ဖို႔ စဥ္းစားေနၿပီး ကစားသမားအေနနဲ႔ကေတာ့ သူ႕ရဲ႕ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို စတင္ရာ မာေဆးလ္အသင္းကေန ထြက္ခြာဖို႔ တြန္႔ဆုတ္ႏုိင္တာေၾကာင့္ ေသေသခ်ာခ်ာ စည္း႐ုံးရဖို႔လည္း ရွိေနပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ကာမာရာအတြက္ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၂၈ သန္း ေပးေခ်ရမယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး အန္ဒရီ ဗီလာဘိုအာစ္ရဲ႕ အသင္းမွာ ထြန္းေတာက္လာခဲ့တဲ့ လူငယ္အေနနဲ႔ ကြန္ပနီရဲ႕ ကြက္လပ္ကို ျဖည့္ဆည္းသူျဖစ္လာမလားဆုိတာေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်းမှာ မာမာထန်ထန် ဖျက်ထုတ်ကစားပေးမယ့် ကစားသမားမျိုးကို ရှာဖွေနေရာမှာ ပြင်သစ်လီဂူးဝမ်းကလပ် မာဆေးလ်နောက်ခံလူ ဘူဘာကာ ကာမာရာကို နည်းပြ ပက်ပ် ဂွါဒီယိုလာက ထောက်ခံချက်ပေးထားတယ်လို့ သိရပါတယ်။

ဂွါဒီယိုလာအနေနဲ့ တိုက်စစ်က စုဖွဲ့မှုကောင်းသလောက် စိတ်ပျက်စရာ ခံစစ်ကို ဖော်ဆောင်နေခဲ့တဲ့ နောက်တန်းအင်အားစုကို စိတ်ပျက်နေပြီး သူ့ရဲ့ စိတ်ကြိုက်ကစားသမား အေးမရစ် လာပေါ့တ်ကလွဲလို့ ကျန်တဲ့ကစားသမားတွေရဲ့ ယုံကြည်လို့ မရတဲ့ ပြဿနာကြောင့် ကွင်းလယ်အဖျက်ကစားသမား ဖာနန်ဒင်ညိုကိုပါ နောက်ဆင်းကစားခိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။

အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီ ထွက်ခွာသွားခဲ့တဲ့ ခံစစ်ပိုင်းအတွက် ကြီးကြီးမားမား မျှော်လင့်ထားခဲ့တဲ့ ဂျွန်စတုန်းစ်က အားလုံးကို စိတ်ပျက်စေခဲ့ချိန်မှာ မန်စီးတီးအသင်းအနေနဲ့ အသင်းကြီးတွေနဲ့တွေ့တိုင်း ရုန်းကန်ခဲ့ရပြီး ဂိုးသမား အီဒါဆန်ကပါ အမှားလုပ်တဲ့အခါမှာတော့ ပရီးမီးယားလိဂ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဂွါဒီယိုလာအနေနဲ့ အသင်းရဲ့ နောက်တန်းမှာ အသက် ၂၀ အရွယ် ပြင်သစ်နောက်ခံလူကို အားဖြည့်ဖို့ စဉ်းစားနေပြီး ကစားသမားအနေနဲ့ကတော့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ရာ မာဆေးလ်အသင်းကနေ ထွက်ခွာဖို့ တွန့်ဆုတ်နိုင်တာကြောင့် သေသေချာချာ စည်းရုံးရဖို့လည်း ရှိနေပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ကာမာရာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၈ သန်း ပေးချေရမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး အန်ဒရီ ဗီလာဘိုအာစ်ရဲ့ အသင်းမှာ ထွန်းတောက်လာခဲ့တဲ့ လူငယ်အနေနဲ့ ကွန်ပနီရဲ့ ကွက်လပ်ကို ဖြည့်ဆည်းသူဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.