Match Report Premier League

အိမ်ကွင်းမှာ နှစ်ပွဲဆက် ငါးဂိုးသွင်းပြီး အာဆင်နယ်ကို ကတုံးရိတ်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့နဲ့ ပရီးမီးယားလိဂ်မှာ ၂၀၁၅-၁၆ ရာသီ ဒုတိယအကျော့ကနေစပြီး နောက်ဆုံး ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ နိုင်ပွဲ ၉ ပွဲနဲ့ သရေ ၂ ပွဲ ရယူထားခဲ့တဲ့ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ချေမှုန်းနိုင်ဖို့ ပြင်ဆင်လာခဲ့ပြီး လူစာရင်းကို ၄-၃-၃ ပုံစံနဲ့ သေသေချာချာ ဗျူဟာချမှတ်ခဲ့သလို ကွင်းလယ်အစုအဖွဲ့နဲ့ ကန်ဆယ်လိုကို ဘယ်ခြမ်းမှာ သုံးစွဲခဲ့တာတွေက သိသာခဲ့ပါတယ်။

အာဆင်နယ်ကတော့ ပေပေ ဖျားနေချိန်မှာ ကစားကွက်ကို အပြောင်းအလဲလုပ်ခဲ့ပြီး ၅-၄-၁ နဲ့ ပွဲထွက်ခဲ့ပေမယ့် လူများပြီး ပွဲမစည်တဲ့ ပုံစံကို ပြသနေခဲ့ပြီး တကယ်ကစားချိန်မှာ ၅-၁-၄ ဖြစ်ပြီး ခံစစ်က ကိုလာစီနက်ချ်၊ ဆီးဒရစ်၊ ဟိုးလ်ဒင်းနဲ့ ချိမ်းဘားစ်တို့ အလုပ်မဖြစ်ခဲ့တဲ့အထဲ ကြယ်ပွင့်ခံစစ်မှူး တီယာနီပါ အညံ့ကူးသွားခဲ့ချိန်မှာ ကွင်းလယ်ပိုင်းမှာ ချာကာတစ်ယောက်တည်း ယောင်ချာချာဖြစ်နေခဲ့တာပါ။

မန်ချက်စတာစီးတီးတို့ကတော့ ပွဲစတာနဲ့ ရိုဒရီကို ကွင်းလယ်မှာ ထောက်ထားပြီး တစ်သင်းလုံး ရှေ့တက်ကစားခဲ့သလို ၅-၄-၁ လို ကစားကွက်မှာ Double Pivot ကွင်းလယ်အထိုင်နှစ်ယောက်သုံးရတယ်ဆိုတာတောင် စာမကျေတဲ့ အာတီတာရဲ့ ချွတ်ချော်မှားယွင်းမှုတွေကြောင့် အာဆင်နယ်တို့ ရုန်းကန်နေခဲ့ရပြီး အိမ်ရှင်တွေကို စိတ်ကြိုက်ဘောလုံးပေးကိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာတော့ မန်စီးတီးတို့ ဂိုးစရခဲ့ပြီး ဘာနာဒို ဆေးလ်ဗား တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျေဆူးစ်က လိုက်လံထိန်းသိမ်းခဲ့ပြီး ညာခြမ်းမှာ ပေါ်တူဂီသားနဲ့ပဲ နောက်တစ်ကြိမ် အပေးအယူလုပ်ပြီးမှ ဖြတ်တင်ခဲ့တာကို ခေါင်းတိုက်ဖျက်ထုတ်ဖို့ နေရာယူပုံမှားတဲ့ အာဆင်နယ်နောက်ခံလူ ချိမ်းဘားစ်ရဲ့ နောက်ကနေ ဂွန်ဒိုးဝမ်က အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ ကစားကွက်က ဘာပုံမှ မထွက်တာကို မပြင်ဆင်နိုင်ခဲ့ဘဲဖြစ်နေပြီး ကွင်းလယ်မှာ ချာကာကလွဲလို့ ခံစစ်ကစားဖို့ အာရုံရသူ တစ်ဦးမှ မပါတော့တဲ့အချိန်မှာ မန်စီးတီးတို့အတွက်တော့ သာယာခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာ ဖရီးကစ်ကနေ အတိုပေးပြီး ဘာနာဒို ဆေးလ်ဗားက ဖြတ်တင်ပေးရာမှာ နောက်ခံလူတွေကြားထဲက ထွက်လာတဲ့ ဘောလုံးကို ဖယ်ရန် တောရက်စ်က အနီးကပ် ပိတ်သွင်းပြီး ထပ်မံဦးဆောင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးဂိုးသမား အီဒါဆန်ကတော့ တော်တော်လေး ကချော်ကချွတ်နိုင်ခဲ့ပြီး ဂိုးသမားတစ်ဦးအတွက် အရဲကိုးလွန်းတဲ့ ပုံစံတွေက အာဆင်နယ်ကို ဂိုးပြန်ပေးရလုနီးပါးဖြစ်ခဲ့သလို ဘရာဇီးလ်မှာ တကယ်တမ်း အရေးကြီးတဲ့ ပွဲစဉ်တွေမှာဆိုရင် လီဗာပူးလ်ရဲ့ အယ်လစ်ဆန် ဘက်ကာကို မကျော်နိုင်တာဟာ ဘာကြောင့်လဲဆိုတာ ပြနေသလိုဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ အာဆင်နယ်ကွင်းလယ်လူ ချာကာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး သူ့ရဲ့ ဒိုင်လူကြီးကို ရှေ့မှာထားပြီး ခြေနှစ်ချောင်းစုံပစ်ဝင်မှုက တုံးအလွန်းခဲ့သလို အစီအစဉ် တင်ဆက်သူတွေကတော့ “Jump with two feet”ဖြစ်လို့ မာတင် အက်ကင်ဆန်အတွက် ရွေးချယ်စရာ မရှိဘူးလို့ ဆိုခဲ့ကြပြီး သူ့အတွက်တော့ ဆိုးရွားတဲ့ မှတ်တမ်းကိုပဲ ထပ်မံတိုးမြှင့်သွားခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းနဲ့ ဆက်တိုက်ဖိကစားနေတဲ့ မန်စီးတီးတို့ တတိယဂိုး ရရှိခဲ့ပြီး ဘယ်ခြမ်းကနေ ဆွဲပြေးလာခဲ့တဲ့ ဂရီးလစ်ရှ်က သူ့ကို အာရုံစိုက်နေကြတဲ့ နောက်ခံလူ ၄ ယောက်နဲ့ ဂိုးသမား လီနိုကြားကနေ ချိုးပေးခဲ့တာကို တိုက်စစ်မှူး ဂျေဆူးစ်က အနီးကပ်ထိန်းသိမ်းပြီးမှ အပိုင်ကန်သွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ယောက်အသာနဲ့ ၁၀ မိနစ်လောက် ကစားခွင့်ရခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ အာဆင်နယ်ကို ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ်မှာ ၃ ကြိမ်က ဂိုးပေါက်တည့်ခဲ့ပြီး အားလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သလို ထောင့်ကန်ဘော ၅ ကြိမ်အထိ ရယူခဲ့ပြီး ဧည့်သည်တွေကို အပြတ်အသတ် ဦးဆောင်နိုင်ခဲ့အပြီးမှာ နည်းပြ ဂွါဒီယိုလာအနေနဲ့ ပွဲရပ်နားချိန်မှာတော့ စိတ်ပူစရာမလိုတော့တဲ့ ဘယ်ခြမ်းခံစစ်အတွက် တိုက်စစ်သန် ဇင်ချန်ကို,ကိုလည်း လူစားလဲသွားခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဆာကာအစား ကွင်းလယ်အဖျက်ကစားသမား အယ်လ်နန်နီကို လူစားလဲထည့်ပြီး မန်စီးတီးရှေ့မှာ ဒီထက် မပြိုလဲရဖို့ ပြင်ဆင်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ ကွင်းလယ်မှာ အသင်းလိုက် စုဖွဲ့မှု မလုပ်နိုင်ဘဲ ဖရိုဖရဲဖြစ်နေတဲ့ လူတွေကြားကနေ ဖယ်ရန် တောရက်စ် နောက်ပြန်လှိမ့်ပေးတာကို ရိုဒရီက ကန်သွင်းပြီး အိမ်ရှင်တွေအတွက် လေးဂိုး-ဂိုးမရှိဖြစ်စေခဲ့ပါတယ်။

အဝေးက အနိမ့်ဘောကန်ချက်နဲ့ တိုင်ခြေကို ဝင်သွားခဲ့တဲ့ ဒီဂိုးမှာ အာဆင်နယ်ပရိသတ်တွေကလည်း မန်စီးတီးပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြပြီး သူတို့ရဲ့ အရည်အချင်းမရှိတဲ့ နည်းပြ မီခယ်လ် အာတီတာကို လှောင်ပြောင်ကန့်ကွက်ခဲ့ကြသလို ပွဲကြည့်စင်ပေါ်မှာ ကခုန်နေခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ စီးတီးတို့ဘက်က ဘာနာဒို ဆေးလ်ဗားအစား စတာလင် ဝင်ကစားခဲ့သလို အာဆင်နယ်ဘက်ကတော့ အူဘာမီယန်းအစား လာကာဇက်ကို ထည့်သွင်းခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကတော့ ဒုတိယပိုင်းမှာ အိမ်ရှင်တို့က ၈၁ ရာခိုင်နှုန်းအထိရှိခဲ့သလို နည်းပြ ဂွါဒီယိုလာကတော့ ဂျေဆူးစ်ကိုပါ ထပ်မံအနားပေးပြီး မာရက်ဇ်နဲ့ လူစားလဲခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီနိုရဲ့ ကာကွယ်မှုတွေ ကောင်းမွန်ခဲ့တာကြောင့် စီးတီးတို့ ဂိုးထပ်မရဘဲ ကြာမြင့်နေခဲ့ပြီး မန်စီးတီးတို့ကတော့ နောက်ခံလူ လာပေါ့တ်ပါ ရှေ့တက်ကစားတဲ့အထိ ဖိကစားနေခဲ့ရာမှာ ပွဲချိန် ၈၄ မိနစ်မှာတော့ ပဉ္စမမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ညာခြမ်းကနေ မာရက်ဇ်ရဲ့ ဖြတ်တင် ပေးလိုက်တော့ ဘောလုံးကို ဖယ်ရန် တောရက်စ် ခေါင်းတိုက်ရာမှာ တိုင်ထိပြီး ဝင်သွားခဲ့လို့ အာဆင်နယ်တို့ လက်မှိုင်ချခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ စတာလင်၊ မာရက်ဇ်နဲ့ ကန်ဆယ်လိုတို့ရဲ့ အခွင့်အရေးတွေကို အာဆင်နယ်ဂိုးသမား လီနို လက်စွမ်းပြ တားဆီးနိုင်ခဲ့သလို ဘယ်ခြမ်းကစားတဲ့ ပေါင်သန်း ၁၀၀ တန် ဂရီးလစ်ရှ်ကလည်း ဈေးနှုန်းနဲ့လိုက်ဖက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့သေးခြင်း မရှိတာကြောင့် ငါးဂိုး-ဂိုးမရှိနဲ့ပဲ ကျေနပ်ခဲ့ရပြီး အစ်တီဟတ်မှာ မန်စီးတီးတို့ အောင်ပွဲခံခဲ့ကြရပါတယ်။

ဒီနေ့ပွဲ ရလဒ်ကြောင့် မန်စီးတီးတို့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့နေမှုကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး နောက်ဆုံးနှစ်ပွဲမှာ ငါးဂိုးစီ သွင်းယူနိုင်မှုနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့သလို အာဆင်နယ်တို့ကတော့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးပုံစံနဲ့ သုံးပွဲကစားအပြီးမှာ တစ်မှတ်မှ မရသေးဘဲ ပေးဂိုး ၉ ဂိုးနဲ့ တန်းဆင်းဇုန် အဆင့် ၁၉ မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔နဲ႔ ပရီးမီးယားလိဂ္မွာ ၂၀၁၅-၁၆ ရာသီ ဒုတိယအေက်ာ့ကေနစၿပီး ေနာက္ဆုံး ၁၁ ပြဲဆက္တိုက္ ရႈံးပြဲမရွိခဲ့ဘဲ ႏိုင္ပြဲ ၉ ပြဲနဲ႔ သေရ ၂ ပြဲ ရယူထားခဲ့တဲ့ အာဆင္နယ္အသင္းကို အိမ္ကြင္းမွာ ေခ်မႈန္းႏိုင္ဖို႔ ျပင္ဆင္လာခဲ့ၿပီး လူစာရင္းကို ၄-၃-၃ ပုံစံနဲ႔ ေသေသခ်ာခ်ာ ဗ်ဴဟာခ်မွတ္ခဲ့သလို ကြင္းလယ္အစုအဖြဲ႕နဲ႔ ကန္ဆယ္လိုကို ဘယ္ျခမ္းမွာ သုံးစြဲခဲ့တာေတြက သိသာခဲ့ပါတယ္။

အာဆင္နယ္ကေတာ့ ေပေပ ဖ်ားေနခ်ိန္မွာ ကစားကြက္ကို အေျပာင္းအလဲလုပ္ခဲ့ၿပီး ၅-၄-၁ နဲ႔ ပြဲထြက္ခဲ့ေပမယ့္ လူမ်ားၿပီး ပြဲမစည္တဲ့ ပုံစံကို ျပသေနခဲ့ၿပီး တကယ္ကစားခ်ိန္မွာ ၅-၁-၄ ျဖစ္ၿပီး ခံစစ္က ကိုလာစီနက္ခ်္၊ ဆီးဒရစ္၊ ဟိုးလ္ဒင္းနဲ႔ ခ်ိမ္းဘားစ္တို႔ အလုပ္မျဖစ္ခဲ့တဲ့အထဲ ၾကယ္ပြင့္ခံစစ္မႉး တီယာနီပါ အညံ့ကူးသြားခဲ့ခ်ိန္မွာ ကြင္းလယ္ပိုင္းမွာ ခ်ာကာတစ္ေယာက္တည္း ေယာင္ခ်ာခ်ာျဖစ္ေနခဲ့တာပါ။

မန္ခ်က္စတာစီးတီးတို႔ကေတာ့ ပြဲစတာနဲ႔ ႐ိုဒရီကို ကြင္းလယ္မွာ ေထာက္ထားၿပီး တစ္သင္းလုံး ေရွ႕တက္ကစားခဲ့သလို ၅-၄-၁ လို ကစားကြက္မွာ Double Pivot ကြင္းလယ္အထိုင္ႏွစ္ေယာက္သုံးရတယ္ဆိုတာေတာင္ စာမေက်တဲ့ အာတီတာရဲ႕ ခြၽတ္ေခ်ာ္မွားယြင္းမႈေတြေၾကာင့္ အာဆင္နယ္တို႔ ႐ုန္းကန္ေနခဲ့ရၿပီး အိမ္ရွင္ေတြကို စိတ္ႀကိဳက္ေဘာလုံးေပးကိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဂိုးစရခဲ့ၿပီး ဘာနာဒို ေဆးလ္ဗား တင္ေပးလိုက္တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က လိုက္လံထိန္းသိမ္းခဲ့ၿပီး ညာျခမ္းမွာ ေပၚတူဂီသားနဲ႔ပဲ ေနာက္တစ္ႀကိမ္ အေပးအယူလုပ္ၿပီးမွ ျဖတ္တင္ခဲ့တာကို ေခါင္းတိုက္ဖ်က္ထုတ္ဖို႔ ေနရာယူပုံမွားတဲ့ အာဆင္နယ္ေနာက္ခံလူ ခ်ိမ္းဘားစ္ရဲ႕ ေနာက္ကေန ဂြန္ဒိုးဝမ္က အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ ကစားကြက္က ဘာပုံမွ မထြက္တာကို မျပင္ဆင္ႏိုင္ခဲ့ဘဲျဖစ္ေနၿပီး ကြင္းလယ္မွာ ခ်ာကာကလြဲလို႔ ခံစစ္ကစားဖို႔ အာ႐ုံရသူ တစ္ဦးမွ မပါေတာ့တဲ့အခ်ိန္မွာ မန္စီးတီးတို႔အတြက္ေတာ့ သာယာခဲ့ၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာ ဖရီးကစ္ကေန အတိုေပးၿပီး ဘာနာဒို ေဆးလ္ဗားက ျဖတ္တင္ေပးရာမွာ ေနာက္ခံလူေတြၾကားထဲက ထြက္လာတဲ့ ေဘာလုံးကို ဖယ္ရန္ ေတာရက္စ္က အနီးကပ္ ပိတ္သြင္းၿပီး ထပ္မံဦးေဆာင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မန္စီးတီးဂိုးသမား အီဒါဆန္ကေတာ့ ေတာ္ေတာ္ေလး ကေခ်ာ္ကခြၽတ္ႏိုင္ခဲ့ၿပီး ဂိုးသမားတစ္ဦးအတြက္ အရဲကိုးလြန္းတဲ့ ပုံစံေတြက အာဆင္နယ္ကို ဂိုးျပန္ေပးရလုနီးပါးျဖစ္ခဲ့သလို ဘရာဇီးလ္မွာ တကယ္တမ္း အေရးႀကီးတဲ့ ပြဲစဥ္ေတြမွာဆိုရင္ လီဗာပူးလ္ရဲ႕ အယ္လစ္ဆန္ ဘက္ကာကို မေက်ာ္ႏိုင္တာဟာ ဘာေၾကာင့္လဲဆိုတာ ျပေနသလိုျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ အာဆင္နယ္ကြင္းလယ္လူ ခ်ာကာ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး သူ႔ရဲ႕ ဒိုင္လူႀကီးကို ေရွ႕မွာထားၿပီး ေျခႏွစ္ေခ်ာင္းစုံပစ္ဝင္မႈက တုံးအလြန္းခဲ့သလို အစီအစဥ္ တင္ဆက္သူေတြကေတာ့ “Jump with two feet”ျဖစ္လို႔ မာတင္ အက္ကင္ဆန္အတြက္ ေ႐ြးခ်ယ္စရာ မရွိဘူးလို႔ ဆိုခဲ့ၾကၿပီး သူ႔အတြက္ေတာ့ ဆိုး႐ြားတဲ့ မွတ္တမ္းကိုပဲ ထပ္မံတိုးျမႇင့္သြားခဲ့တာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၇၅ ရာခိုင္ႏႈန္းနဲ႔ ဆက္တိုက္ဖိကစားေနတဲ့ မန္စီးတီးတို႔ တတိယဂိုး ရရွိခဲ့ၿပီး ဘယ္ျခမ္းကေန ဆြဲေျပးလာခဲ့တဲ့ ဂရီးလစ္ရွ္က သူ႔ကို အာ႐ုံစိုက္ေနၾကတဲ့ ေနာက္ခံလူ ၄ ေယာက္နဲ႔ ဂိုးသမား လီႏိုၾကားကေန ခ်ိဳးေပးခဲ့တာကို တိုက္စစ္မႉး ေဂ်ဆူးစ္က အနီးကပ္ထိန္းသိမ္းၿပီးမွ အပိုင္ကန္သြင္းယူသြားခဲ့တာပဲျဖစ္ပါတယ္။

ပထမပိုင္းမွာ တစ္ေယာက္အသာနဲ႔ ၁၀ မိနစ္ေလာက္ ကစားခြင့္ရခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ အာဆင္နယ္ကို ဂိုးေပါက္ကန္သြင္းမႈ ၆ ႀကိမ္မွာ ၃ ႀကိမ္က ဂိုးေပါက္တည့္ခဲ့ၿပီး အားလုံးကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့သလို ေထာင့္ကန္ေဘာ ၅ ႀကိမ္အထိ ရယူခဲ့ၿပီး ဧည့္သည္ေတြကို အျပတ္အသတ္ ဦးေဆာင္ႏိုင္ခဲ့အၿပီးမွာ နည္းျပ ဂြါဒီယိုလာအေနနဲ႔ ပြဲရပ္နားခ်ိန္မွာေတာ့ စိတ္ပူစရာမလိုေတာ့တဲ့ ဘယ္ျခမ္းခံစစ္အတြက္ တိုက္စစ္သန္ ဇင္ခ်န္ကို,ကိုလည္း လူစားလဲသြားခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ဆာကာအစား ကြင္းလယ္အဖ်က္ကစားသမား အယ္လ္နန္နီကို လူစားလဲထည့္ၿပီး မန္စီးတီးေရွ႕မွာ ဒီထက္ မၿပိဳလဲရဖို႔ ျပင္ဆင္ခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ ကြင္းလယ္မွာ အသင္းလိုက္ စုဖြဲ႕မႈ မလုပ္ႏိုင္ဘဲ ဖ႐ိုဖရဲျဖစ္ေနတဲ့ လူေတြၾကားကေန ဖယ္ရန္ ေတာရက္စ္ ေနာက္ျပန္လွိမ့္ေပးတာကို ႐ိုဒရီက ကန္သြင္းၿပီး အိမ္ရွင္ေတြအတြက္ ေလးဂိုး-ဂိုးမရွိျဖစ္ေစခဲ့ပါတယ္။

အေဝးက အနိမ့္ေဘာကန္ခ်က္နဲ႔ တိုင္ေျခကို ဝင္သြားခဲ့တဲ့ ဒီဂိုးမွာ အာဆင္နယ္ပရိသတ္ေတြကလည္း မန္စီးတီးပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ၾကၿပီး သူတို႔ရဲ႕ အရည္အခ်င္းမရွိတဲ့ နည္းျပ မီခယ္လ္ အာတီတာကို ေလွာင္ေျပာင္ကန႔္ကြက္ခဲ့ၾကသလို ပြဲၾကည့္စင္ေပၚမွာ ကခုန္ေနခဲ့ၾကတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စီးတီးတို႔ဘက္က ဘာနာဒို ေဆးလ္ဗားအစား စတာလင္ ဝင္ကစားခဲ့သလို အာဆင္နယ္ဘက္ကေတာ့ အူဘာမီယန္းအစား လာကာဇက္ကို ထည့္သြင္းခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈကေတာ့ ဒုတိယပိုင္းမွာ အိမ္ရွင္တို႔က ၈၁ ရာခိုင္ႏႈန္းအထိရွိခဲ့သလို နည္းျပ ဂြါဒီယိုလာကေတာ့ ေဂ်ဆူးစ္ကိုပါ ထပ္မံအနားေပးၿပီး မာရက္ဇ္နဲ႔ လူစားလဲခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လီႏိုရဲ႕ ကာကြယ္မႈေတြ ေကာင္းမြန္ခဲ့တာေၾကာင့္ စီးတီးတို႔ ဂိုးထပ္မရဘဲ ၾကာျမင့္ေနခဲ့ၿပီး မန္စီးတီးတို႔ကေတာ့ ေနာက္ခံလူ လာေပါ့တ္ပါ ေရွ႕တက္ကစားတဲ့အထိ ဖိကစားေနခဲ့ရာမွာ ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ပၪၥမေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန မာရက္ဇ္ရဲ႕ ျဖတ္တင္ ေပးလိုက္ေတာ့ ေဘာလုံးကို ဖယ္ရန္ ေတာရက္စ္ ေခါင္းတိုက္ရာမွာ တိုင္ထိၿပီး ဝင္သြားခဲ့လို႔ အာဆင္နယ္တို႔ လက္မႈိင္ခ်ခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာ စတာလင္၊ မာရက္ဇ္နဲ႔ ကန္ဆယ္လိုတို႔ရဲ႕ အခြင့္အေရးေတြကို အာဆင္နယ္ဂိုးသမား လီႏို လက္စြမ္းျပ တားဆီးႏိုင္ခဲ့သလို ဘယ္ျခမ္းကစားတဲ့ ေပါင္သန္း ၁၀၀ တန္ ဂရီးလစ္ရွ္ကလည္း ေဈးႏႈန္းနဲ႔လိုက္ဖက္တဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ခဲ့ေသးျခင္း မရွိတာေၾကာင့္ ငါးဂိုး-ဂိုးမရွိနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး အစ္တီဟတ္မွာ မန္စီးတီးတို႔ ေအာင္ပြဲခံခဲ့ၾကရပါတယ္။

ဒီေန႔ပြဲ ရလဒ္ေၾကာင့္ မန္စီးတီးတို႔ လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ ထိပ္တိုက္ေတြ႕ေနမႈကို အခြင့္ေကာင္းယူႏိုင္ခဲ့ၿပီး ေနာက္ဆုံးႏွစ္ပြဲမွာ ငါးဂိုးစီ သြင္းယူႏိုင္မႈနဲ႔အတူ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာခဲ့သလို အာဆင္နယ္တို႔ကေတာ့ သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးပုံစံနဲ႔ သုံးပြဲကစားအၿပီးမွာ တစ္မွတ္မွ မရေသးဘဲ ေပးဂိုး ၉ ဂိုးနဲ႔ တန္းဆင္းဇုန္ အဆင့္ ၁၉ မွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.