Premier League Transfer News

CR7 ရောက်လာပေမယ့် သရဲနီတို့ ရပ်တည်မှုမကောင်းနိုင်ဘူးလို့ ခန့်မှန်းလိုက်တဲ့ ဒါရင်းဘန့်

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အခြေမလှနိုင်ဘူးလို့ ပြောကြားသွားခဲ့ပြီး ချန်ပီယံအဖြစ် စိန်ခေါ်နိုင်စွမ်းမှာတော့ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့ထက် ခေါင်းတလုံးနိမ့်ပြီး အဆင့် ၄ ကနေ မတက်လာနိုင်ဘူးလို့ သတိပေးသွားခဲ့ပါတယ်။

ယူနိက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံမန်စီးတီးအသင်းနဲ့ ၁၂ မှတ်အကွာ၊ အမှတ်ပေးဇယားဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရသလို လက်ရှိရာသီမှာတော့ ဂျေဒန် ဆန်ချို၊ ရာဖေးလ် ဗာရွန်းတို့လို ကမ္ဘာ့အဆင့်ကစားသမားတွေအပြင် CR7 ကိုပါ လူစာရင်းမှာ ထပ်ပေါင်းထည့်နိုင်ခဲ့လို့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အလေးပေးမှုတွေ ရှိလာခဲ့ပေမယ့် စပါးစ်တိုက်စစ်မှူးဟောင်းကတော့ ဒါကို ငြင်းဆန်သွားခဲ့တာပါ။

ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်သီးလိဂ်တွေဖြစ်တဲ့ အင်္ဂလန်၊ စပိန်နဲ့ အီတလီနိုင်ငံအသီးသီးမှာ ၇ ကြိမ် အမှတ်ပေးဖလားချန်ပီယံဖြစ်ခဲ့သလို ဘလွန်ဒေါ ၅ ဆုနဲ့ ဥရောပချန်ပီယံလိဂ်ဖလား ၅ လုံးကိုပါ သိမ်းပိုက်ရယူထားတဲ့ ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ တကျော့ပြန်ခြေစွမ်းပြနိုင်မယ်ဆိုတာ သေချာပေမယ့် ဒါဟာ ယူနိုက်တက်ရဲ့ ချန်ပီယံလမ်းကြောင်းအတွက်တော့ မျှော်လင့်လောက်စရာ ကြီးမားတဲ့သက်ရာက်မှုရှိလာစေမှာမဟုတ်ကြောင်း သူက သုံးသပ်သွားခဲ့ပါသေးတယ်။

“ရော်နယ်လ်ဒိုက သူ့ကိုယ်သူအရမ်းသိတတ်ပြီး သူ့အတွက်ပဲသူကြည့်တတ်သလို ခြေစွမ်းပိုင်းကိုတော့ ပရော်ဖက်ရှင်နယ်ပီသစွာ ထိန်းထားနိုင်သူပါ။ ဒါကြောင့် သူကတော့ အိုးထရက်ဖို့ဒ်မှာတော့ ခြေစွမ်းပြလိမ့်မယ်။ ဂိုးတွေလည်း သွင်းပြဦးမှာပါ။ ဒါပေမယ့် ဒါက ယူနိုက်တက်ကိုတော့ အဆင့်တက်စေဦးမှာ မဟုတ်ပါဘူး”

“လီဗာပူးလ်အသင်းကပဲ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်သွားလိမ့်မယ်။ ချယ်လ်ဆီး၊ မန်စီးတီးတို့ထက်တောင် သူတို့က ပိုသာပါလိမ့်မယ်။ ဒါကြောင့် ယူနိုက်တက်က အဆင့် ၄ နဲ့ပဲ ရာသီကုန်မှာ ဇာတ်သိမ်းလိမ့်မယ်။ ဒီ ၃ သင်းကိုတော့ သရဲနီတို့ မကျော်နိုင်ပါဘူး”လို့ ဘန့်က ပြောပြသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကနေ အိပ်မက်ကဇာတ်ရုံကို ဗြုန်းစားကြီးဆိုသလို ရောက်ရှိလာခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့အပြောင်းအရွှေ့ဟာ အိပ်မက်ဆန်ဆန်ပဲ ဖြစ်လာခဲ့သလို ပထမအကြိမ် ယူနိုက်တက်ကစားသမားဘဝမှာတော့ ၂၉၂ ပွဲကစားပြီး ၁၁၈ ဂိုးသွင်းယူထားခဲ့အပြီး အခုတကြိမ် အသက် ၃၆ နှစ်မှာတော့ ဇရာပိုင်းအရ အကျပိုင်းရောက်လာချိန်မှာ ပရီးမီးယားလိဂ်မှာ အရင်လိုအံဝင်နိုင်ပါ့မလားဆိုတာကိုတော့ သံသယပွားစရာ အနေအထားတွေကိုလည်း မြင်တွေ့နေရပါတယ်။

ယူနိုက်တက်အတွက်တော့ ဘယ်လိုပဲဖြစ်ဖြစ် ရော်နယ်လ်ဒိုကို တကျော့ပြန်ကြိုဆိုနိုင်ခဲ့ခြင်းဟာ ပုံရိပ်ပိုင်းအရ ပြန်လည်မြင့်တက်သွားခဲ့သလို ဘဏ္ဍာရေးအရလည်း စီးပွားရေးအကျိုးအမြတ်တွေအတွက် အတွက်အချက်ကောင်းတခုလို့ ဆိုနိုင်သလို အသင်းပိုင်ရှင် ဂလေဇာအုပ်စုအတွက်တော့ ကျေနပ်စရာလှုပ်ရှားမှုတခုဖြစ်ခဲ့သလို ၁၂ နှစ်ကြာ ဝေးကွာသွားတဲ့သူ့ကို ပြန်လိုချင်နေတဲ့ သရဲနီပရိသတ်တွေအတွက်ပါ ဆန္ဒတွေပြည့်ဝစေခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္း ဒါရင္းဘန္႔က မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ အေျခမလွႏိုင္ဘူးလို႔ ေျပာၾကားသြားခဲ့ၿပီး ခ်န္ပီယံအျဖစ္ စိန္ေခၚႏိုင္စြမ္းမွာေတာ့ လီဗာပူးလ္၊ ခ်ယ္လ္ဆီး၊ မန္စီးတီးတို႔ထက္ ေခါင္းတလုံးနိမ့္ၿပီး အဆင့္ ၄ ကေန မတက္လာႏိုင္ဘူးလို႔ သတိေပးသြားခဲ့ပါတယ္။

ယူနိက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံမန္စီးတီးအသင္းနဲ႔ ၁၂ မွတ္အကြာ၊ အမွတ္ေပးဇယားဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရသလို လက္ရွိရာသီမွာေတာ့ ေဂ်ဒန္ ဆန္ခ်ိဳ၊ ရာေဖးလ္ ဗာ႐ြန္းတို႔လို ကမာၻ႔အဆင့္ကစားသမားေတြအျပင္ CR7 ကိုပါ လူစာရင္းမွာ ထပ္ေပါင္းထည့္ႏိုင္ခဲ့လို႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အေလးေပးမႈေတြ ရွိလာခဲ့ေပမယ့္ စပါးစ္တိုက္စစ္မႉးေဟာင္းကေတာ့ ဒါကို ျငင္းဆန္သြားခဲ့တာပါ။

ကမာၻ႔ေဘာလုံးေလာကရဲ႕ ထိပ္သီးလိဂ္ေတြျဖစ္တဲ့ အဂၤလန္၊ စပိန္နဲ႔ အီတလီႏိုင္ငံအသီးသီးမွာ ၇ ႀကိမ္ အမွတ္ေပးဖလားခ်န္ပီယံျဖစ္ခဲ့သလို ဘလြန္ေဒါ ၅ ဆုနဲ႔ ဥေရာပခ်န္ပီယံလိဂ္ဖလား ၅ လုံးကိုပါ သိမ္းပိုက္ရယူထားတဲ့ ေရာ္နယ္လ္ဒိုဟာ အိုးထရက္ဖို႔ဒ္မွာ တေက်ာ့ျပန္ေျခစြမ္းျပႏိုင္မယ္ဆိုတာ ေသခ်ာေပမယ့္ ဒါဟာ ယူႏိုက္တက္ရဲ႕ ခ်န္ပီယံလမ္းေၾကာင္းအတြက္ေတာ့ ေမွ်ာ္လင့္ေလာက္စရာ ႀကီးမားတဲ့သက္ရာက္မႈရွိလာေစမွာမဟုတ္ေၾကာင္း သူက သုံးသပ္သြားခဲ့ပါေသးတယ္။

“ေရာ္နယ္လ္ဒိုက သူ႔ကိုယ္သူအရမ္းသိတတ္ၿပီး သူ႔အတြက္ပဲသူၾကည့္တတ္သလို ေျခစြမ္းပိုင္းကိုေတာ့ ပေရာ္ဖက္ရွင္နယ္ပီသစြာ ထိန္းထားႏိုင္သူပါ။ ဒါေၾကာင့္ သူကေတာ့ အိုးထရက္ဖို႔ဒ္မွာေတာ့ ေျခစြမ္းျပလိမ့္မယ္။ ဂိုးေတြလည္း သြင္းျပဦးမွာပါ။ ဒါေပမယ့္ ဒါက ယူႏိုက္တက္ကိုေတာ့ အဆင့္တက္ေစဦးမွာ မဟုတ္ပါဘူး”

“လီဗာပူးလ္အသင္းကပဲ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚသြားလိမ့္မယ္။ ခ်ယ္လ္ဆီး၊ မန္စီးတီးတို႔ထက္ေတာင္ သူတို႔က ပိုသာပါလိမ့္မယ္။ ဒါေၾကာင့္ ယူႏိုက္တက္က အဆင့္ ၄ နဲ႔ပဲ ရာသီကုန္မွာ ဇာတ္သိမ္းလိမ့္မယ္။ ဒီ ၃ သင္းကိုေတာ့ သရဲနီတို႔ မေက်ာ္ႏိုင္ပါဘူး”လို႔ ဘန္႔က ေျပာျပသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကေန အိပ္မက္ကဇာတ္႐ုံကို ျဗဳန္းစားႀကီးဆိုသလို ေရာက္ရွိလာခဲ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕ဟာ အိပ္မက္ဆန္ဆန္ပဲ ျဖစ္လာခဲ့သလို ပထမအႀကိမ္ ယူႏိုက္တက္ကစားသမားဘဝမွာေတာ့ ၂၉၂ ပြဲကစားၿပီး ၁၁၈ ဂိုးသြင္းယူထားခဲ့အၿပီး အခုတႀကိမ္ အသက္ ၃၆ ႏွစ္မွာေတာ့ ဇရာပိုင္းအရ အက်ပိုင္းေရာက္လာခ်ိန္မွာ ပရီးမီးယားလိဂ္မွာ အရင္လိုအံဝင္ႏိုင္ပါ့မလားဆိုတာကိုေတာ့ သံသယပြားစရာ အေနအထားေတြကိုလည္း ျမင္ေတြ႕ေနရပါတယ္။

ယူႏိုက္တက္အတြက္ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ေရာ္နယ္လ္ဒိုကို တေက်ာ့ျပန္ႀကိဳဆိုႏိုင္ခဲ့ျခင္းဟာ ပုံရိပ္ပိုင္းအရ ျပန္လည္ျမင့္တက္သြားခဲ့သလို ဘ႑ာေရးအရလည္း စီးပြားေရးအက်ိဳးအျမတ္ေတြအတြက္ အတြက္အခ်က္ေကာင္းတခုလို႔ ဆိုႏိုင္သလို အသင္းပိုင္ရွင္ ဂေလဇာအုပ္စုအတြက္ေတာ့ ေက်နပ္စရာလႈပ္ရွားမႈတခုျဖစ္ခဲ့သလို ၁၂ ႏွစ္ၾကာ ေဝးကြာသြားတဲ့သူ႔ကို ျပန္လိုခ်င္ေနတဲ့ သရဲနီပရိသတ္ေတြအတြက္ပါ ဆႏၵေတြျပည့္ဝေစခဲ့ၿပီလို႔လည္း ဆိုႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.