Other Premier League Transfer News

CR7 နဲ့ပတ်သက်ပြီး သရဲနီပရိသတ်တွေကို သတိပေးသွားတဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာယူနိုက်တက်ရဲ့ ဖာဂီခေတ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားခဲ့ဖူးသလို စီနီယာတဦးလည်းဖြစ်တဲ့ သရဲနီကစားသမားဟောင်း ဂယ်ရီ နဗီးလ်ဟာ CR7 ရဲ့ အပြောင်းအရွှေ့မှာ ယူနိုက်တက်ပရိသတ်တွေဘက်က စိတ်ခံစားချက်တွေ မလွန်ကျူးကြဖို့ သတိပေးသွားခဲ့ပြီး မမျှော်လင့်ထားတဲ့အရာတွေအတွက် ပြင်ဆင်ထားဖို့ ပြောသွားခဲ့ပါတယ်။

ချာတိတ်လေးမဟုတ်တော့တဲ့ ရော်နယ်လ်ဒိုရဲ့ ကစားပုံဟာ အိပ်မက် ကဇာတ်ရုံမှာ ပရိသတ်တွေ အသည်းစွဲခဲ့ရသလို အတိတ်ကပုံစံမျိူးမဟုတ်တော့သလို ခြားနားတဲ့ကစားဟန်နဲ့ ရော်နယ်လ်ဒို အသစ်ဖြစ်နေပြီလို့ သူက ဆိုခဲ့သလို အခုအပြောင်းအရွှေ့ဟာတော့ ဆုဖလားတွေကို တကျော့ပြန်ဆွတ်ခူးဖို့ လိုအပ်နေတဲ့ ယူနိုက်တက်တို့အတွက်တော့ ကြီးမားတဲ့ခွန်အားတရပ်ဖြစ်လာခဲ့ပြီလို့လည်း ထောက်ခံသွားခဲ့ပါတယ်။

” သူက နံပါတ် ၉ နေရာမှာ ပုံမှန်ပွဲထွက်ကစားပါလိမ့်မယ်။ အထောင်တိုက်စစ်မှူးနေရာမှာပေါ့ဗျာ။ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ဂိုးတွေသွင်းပါလိမ့်မယ်။ ပြီးတော့ ဆုဖလားတွေကို ဆွတ်ခူးလိမ့်မယ်။ တကိုယ်တော်အောင်မြင်မှုတွေနဲ့ ထောမနာပြုခံရလိမ့်မယ်။ ပရီးမီးယားလိဂ်တခုလုံး လောင်မြိုက်နေအောင် စွမ်းဆောင်ပါလိမ့်မယ်”

” ဒါဟာ အရင်ကနဲ့ ကွဲပြားသွားတဲ့ ရော်နယ်လ်ဒိုဖြစ်ပါတယ်။ အားလုံးမျှော်လင့်ထားကြတဲ့အတိုင်းပါပဲ။ အထောင်တိုက်စစ်နေရာကနေ ဘောလုံးကို စောင့်နေတဲ့ ဂိုးမုဆိုးအဖြစ် သူစွမ်းဆောင်ပါလိမ့်မယ်။ ဧရိယာထဲမှာ ကောင်းကောင်းပြေးပြီး ဝင်တိုးပါလိမ့်မယ်။ ဘောလုံးဘယ်နေရာကိုရောက်လာမလဲဆိုတာ သူကောင်းကောင်းသိရှိထားပြီးသားပါ ”

” ပြောရရင်တော့ ရော်နယ်လ်ဒိုရောက်လာတာ မန်ချက်စတာယူနိုက်တက်မှာ အလိုအပ်ဆုံးအရာကို ဖြည့်ဆည်းပေးဖို့ ချိန်သားကိုက်ရောက်ရှိလာတာပါ။ ယူနိုက်တက်ဟာ ဟာရီကိန်း၊ အာလင်း ဟာလန်းတို့လို တိုက်စစ်မှူးတွေကို လိုအပ်နေတယ်လို့ အရင်ကလည်း ဆွေးနွေးခဲ့ဖူးပါတယ် ”

” မန်ချက်စတာစီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးတို့ထက်ကျောချင်ရင် သူတို့ အခုလို ကြီးကြီးမားမား ဖြည့်တင်းမှုကို လိုအပ်နေတာပါ။ ဒါကြောင့် ဒီတရာသီမှာတော့ မန်ချက်စတာယူနိုက်တက်က ယာယီအနေနဲ့တော့ အောင်မြင်နိုင်ဖွယ်ရှိလာပါတယ်။ အခုအပြောင်းအရွှေ့မှာ အတိတ်ကခံစားချက်တွေ ပါဝင်နေတာကို ကျွန်တော်တွေ့နေရပါတယ်။ ”

” ပရိသတ်တွေဘက်က ဒီလိုခံစားချက်မျိုးက ဘောလုံးလောကမှာတော့ အမြဲတမ်းအလုပ်မဖြစ်တတ်ပါဘူး။ မထင်မှတ်တဲ့အချိန်မှာလည်း ပရိသတ်တွေ ရင်ကွဲစရာလည်းဖြစ်နိုင်ပါသေးတယ်။ (လူငယ်တွေအတွက် နေရာဖယ်ပေးရဖွယ်ရှိခြင်းကို ဆိုလိုဟန်)။ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးဆီ ပါသွားခဲ့ရင်လည်း ယူနိုက်တက်ပရိသတ်တွေအတွက် အရမ်းနှိပ်စက်ခံရသလို ပူလောင်ရမှာပါ။ ” လို့ ပြောကြားသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဖာဂီေခတ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ တြဲဖက္ကစားခဲ့ဖူးသလို စီနီယာတဦးလည္းျဖစ္တဲ့ သရဲနီကစားသမားေဟာင္း ဂယ္ရီ နဗီးလ္ဟာ CR7 ရဲ႕ အေျပာင္းအေ႐ႊ႕မွာ ယူႏိုက္တက္ပရိသတ္ေတြဘက္က စိတ္ခံစားခ်က္ေတြ မလြန္က်ဴးၾကဖို႔ သတိေပးသြားခဲ့ၿပီး မေမွ်ာ္လင့္ထားတဲ့အရာေတြအတြက္ ျပင္ဆင္ထားဖို႔ ေျပာသြားခဲ့ပါတယ္။

ခ်ာတိတ္ေလးမဟုတ္ေတာ့တဲ့ ေရာ္နယ္လ္ဒိုရဲ႕ ကစားပုံဟာ အိပ္မက္ ကဇာတ္႐ုံမွာ ပရိသတ္ေတြ အသည္းစြဲခဲ့ရသလို အတိတ္ကပုံစံမ်ိဴးမဟုတ္ေတာ့သလို ျခားနားတဲ့ကစားဟန္နဲ႔ ေရာ္နယ္လ္ဒို အသစ္ျဖစ္ေနၿပီလို႔ သူက ဆိုခဲ့သလို အခုအေျပာင္းအေ႐ႊ႕ဟာေတာ့ ဆုဖလားေတြကို တေက်ာ့ျပန္ဆြတ္ခူးဖို႔ လိုအပ္ေနတဲ့ ယူႏိုက္တက္တို႔အတြက္ေတာ့ ႀကီးမားတဲ့ခြန္အားတရပ္ျဖစ္လာခဲ့ၿပီလို႔လည္း ေထာက္ခံသြားခဲ့ပါတယ္။

” သူက နံပါတ္ ၉ ေနရာမွာ ပုံမွန္ပြဲထြက္ကစားပါလိမ့္မယ္။ အေထာင္တိုက္စစ္မႉးေနရာမွာေပါ့ဗ်ာ။ ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ၿပီး ဂိုးေတြသြင္းပါလိမ့္မယ္။ ၿပီးေတာ့ ဆုဖလားေတြကို ဆြတ္ခူးလိမ့္မယ္။ တကိုယ္ေတာ္ေအာင္ျမင္မႈေတြနဲ႔ ေထာမနာျပဳခံရလိမ့္မယ္။ ပရီးမီးယားလိဂ္တခုလုံး ေလာင္ၿမိဳက္ေနေအာင္ စြမ္းေဆာင္ပါလိမ့္မယ္”

” ဒါဟာ အရင္ကနဲ႔ ကြဲျပားသြားတဲ့ ေရာ္နယ္လ္ဒိုျဖစ္ပါတယ္။ အားလုံးေမွ်ာ္လင့္ထားၾကတဲ့အတိုင္းပါပဲ။ အေထာင္တိုက္စစ္ေနရာကေန ေဘာလုံးကို ေစာင့္ေနတဲ့ ဂိုးမုဆိုးအျဖစ္ သူစြမ္းေဆာင္ပါလိမ့္မယ္။ ဧရိယာထဲမွာ ေကာင္းေကာင္းေျပးၿပီး ဝင္တိုးပါလိမ့္မယ္။ ေဘာလုံးဘယ္ေနရာကိုေရာက္လာမလဲဆိုတာ သူေကာင္းေကာင္းသိရွိထားၿပီးသားပါ ”

” ေျပာရရင္ေတာ့ ေရာ္နယ္လ္ဒိုေရာက္လာတာ မန္ခ်က္စတာယူႏိုက္တက္မွာ အလိုအပ္ဆုံးအရာကို ျဖည့္ဆည္းေပးဖို႔ ခ်ိန္သားကိုက္ေရာက္ရွိလာတာပါ။ ယူႏိုက္တက္ဟာ ဟာရီကိန္း၊ အာလင္း ဟာလန္းတို႔လို တိုက္စစ္မႉးေတြကို လိုအပ္ေနတယ္လို႔ အရင္ကလည္း ေဆြးေႏြးခဲ့ဖူးပါတယ္ ”

” မန္ခ်က္စတာစီးတီး၊ လီဗာပူးလ္၊ ခ်ယ္လ္ဆီးတို႔ထက္ေက်ာခ်င္ရင္ သူတို႔ အခုလို ႀကီးႀကီးမားမား ျဖည့္တင္းမႈကို လိုအပ္ေနတာပါ။ ဒါေၾကာင့္ ဒီတရာသီမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္က ယာယီအေနနဲ႔ေတာ့ ေအာင္ျမင္ႏိုင္ဖြယ္ရွိလာပါတယ္။ အခုအေျပာင္းအေ႐ႊ႕မွာ အတိတ္ကခံစားခ်က္ေတြ ပါဝင္ေနတာကို ကြၽန္ေတာ္ေတြ႕ေနရပါတယ္။ ”

” ပရိသတ္ေတြဘက္က ဒီလိုခံစားခ်က္မ်ိဳးက ေဘာလုံးေလာကမွာေတာ့ အၿမဲတမ္းအလုပ္မျဖစ္တတ္ပါဘူး။ မထင္မွတ္တဲ့အခ်ိန္မွာလည္း ပရိသတ္ေတြ ရင္ကြဲစရာလည္းျဖစ္ႏိုင္ပါေသးတယ္။ (လူငယ္ေတြအတြက္ ေနရာဖယ္ေပးရဖြယ္ရွိျခင္းကို ဆိုလိုဟန္)။ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးဆီ ပါသြားခဲ့ရင္လည္း ယူႏိုက္တက္ပရိသတ္ေတြအတြက္ အရမ္းႏွိပ္စက္ခံရသလို ပူေလာင္ရမွာပါ။ ” လို႔ ေျပာၾကားသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.