Premier League

CR7ကို ခေါ်ပြီး မန်ယူနိုက်တက်ရှယ်ယာတန်ဖိုးထိုးတက်၊ Instagram Follow ၁ သန်းကျော်တိုး

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တကျော့ပြန်ခေါ်ယူလိုက်ပြီးဖြစ်​ကြောင်း ပြီးခဲ့တဲ့ညက တရားဝင်ကြေငြာသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့ကို အတည်ပြုပြီး ၂ နာရီအတွင်းမှာပဲ ကလပ်အသင်းရဲ့ အင်စတာဂရမ်အကောင့်ဟာ ဖော်လိုဝါပေါင်း ၁ သန်းကျော်အထိ ထပ်တိုးသွားခဲ့တယ်လို့ သိရှိရပါတယ်။

မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းဆီ ရောက်ရှိတော့မလို သတင်းကြီးခဲ့ပြီးမှ ၁၂ နှစ်ကြာခွဲခွာခဲ့တဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်လည်နားခိုလာခဲ့တဲ့ CR7 ရဲ့ အကြောင်းကတော့ ဘောလုံးလောကရဲ့ သတင်းခေါင်းကြီးပိုင်းမှာ အကြီးအကျယ် အောင်ပွဲခံနေကြသလို ရူးလောက်စရာ အပြောင်းအရွှေ့အဖြစ်လည်း တခဲနက်ထောက်ခံနေကြချိန်မှာ ယူနိုက်တက်တို့ရဲ့ လူမှုကွန်ရက်မှာ အင်စတာဂရမ်ပရိသတ်ကလည်း နာရီပိုင်းအတွင်း ၄၃.၁ သန်းကနေ ၄၄.၃ သန်းအထိ မြင့်တက်သွားခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ ပေါ်တူဂီ GOAT ကြီးကို ​ပြန်လည်စည်းရုံးဆွဲဆောင်နိုင်ခဲ့ခြင်းမှာ စီးပွားရေးအကျိုးအမြတ်ကြီးတခုအဖြစ်လည်း ရှုမြင်ခံထားရသလို ကွင်းပြင်ပပုံရိပ်နဲ့ ကြော်ငြာအားကလည်း နောက်တဆင့် အရှိန်ထပ်တက်သွားခဲ့ပြီး ကလပ်အသင်းရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ သရဲနီအသင်းသားသစ်အဖြစ် တရားဝင်​ကြေငြာပြီးပြီးချင်း နာရီပိုင်းအတွင်း သောကြာနေ့မှာတင် ပေါင် ၂၁၂ သန်းတန်ဖိုး ထိုးတက်သွားခဲ့ကြောင်း သိရပါတယ်။

သောကြာနေ့ညရဲ့ လျှပ်တပြတ်အတွင်းအပြောင်းအလဲတွေဟာ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ရင်သပ်ရှုမောဖွယ်ရာဖြစ်ခဲ့ရပြီး အသက် ၃၆ နှစ်သားကို ၂ နှစ်စာချုပ်၊ ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ နဲ့ ဂျူဗင်တပ်စ်ကနေ ခေါ်ယူနိုင်ခဲ့တဲ့နောက်မှာ တဟုန်ထိုးတက်လာတဲ့ ကလပ်အသင်းရှယ်ယာတန်ဖိုးဟာ ၉.၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့တာပါ။

အချက်အလက်အရဆိုရင် မနေ့ကမနက်မှာ ရှယ်ယာတန်ဖိုး အဖွင့်စျေးဟာ ၁၂.၆၂ ပေါင်(၁၇.၃၇ ဒေါ်လာ)သာရှိခဲ့ပေမယ့် အခုအခါမှာတော့ ၁၃.၈၇ ပေါင်(၁၉.၀၉ ဒေါ်လာ)ဖြစ်လာခဲ့ပြီး ဒါဟာ ကလပ်အသင်းရဲ့ စျေးကွက်တန်ဖိုးဟာ စုစုပေါင်း ပေါင် ၂၁၂ သန်းအထိ တန်ဖိုးတက်သွားခဲ့တာဖြစ်သလို အ​ခြေအနေ​ငြိမ်သွားလို့ ရှယ်ယာစျေးတွေ ပြန်ကျသွားမယ်ဆိုရင်တောင်မှ ၆ ရာခိုင်နှုန်းနဲ့အထက်မှာတော့ ဆက်တက်နေဦးမယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အထိ ၆ နှစ်ကြာကစားခဲ့တဲ့ အိပ်မက်ကဇာတ်ရုံကြီးကို တကျော့ပြန် ပူးပေါင်းလာခဲ့တာဖြစ်ပြီး အဲဒီအချိန်က စပို့တင်း လစ္စဘွန်းအသင်းကနေ ပေါင် ၁၂.၂ သန်းနဲ့ ခေါ်ယူခဲ့ရခြင်းဟာလည်း ပြောင်းရွှေ့ကြေးအမြင့်ဆုံး ဆယ်ကျော်သက်တဦးအဖြစ်လည်း ကမ္ဘာ့ဘောလုံးလောကမှာ စံချိန်ရေးထိုးနိုင်ခဲ့တာပါ။

၂၀၀၉ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာလည်း ကမ္ဘာ့စျေးအမြင့်ဆုံးဘောလုံးသမားအဖြစ် စံချိန်ချိုးခဲ့တဲ့ ဘလွန်ဒေါ ၅ ဆုရှင်ဟာ သူလေးစားရတဲ့ စီနီယာကြီးဖြစ်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့လက်အောက်မှာ တိုက်စစ်ကို ဦးဆောင်သွားဖို့ ရှိနေပြီး လက်ရှိအချိန်မှာတော့ နိုင်ငံတကာပွဲစဥ်ကစားဖို့အတွက် ပေါ်တူဂီမှာပဲ ဆက်ရှိနေဦးမှာဖြစ်သလို စက်တင်ဘာ ၁၁ ရက်နေ့၊ နယူးကာဆယ်လ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ တကျော့ပြန် EPL ပွဲဦးထွက်ကို မြင်တွေ့ရဖွယ်ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို တေက်ာ့ျပန္ေခၚယူလိုက္ၿပီးျဖစ္​ေၾကာင္း ၿပီးခဲ့တဲ့ညက တရားဝင္ေၾကျငာသြားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အခုအေျပာင္းအေ႐ႊ႕ကို အတည္ျပဳၿပီး ၂ နာရီအတြင္းမွာပဲ ကလပ္အသင္းရဲ႕ အင္စတာဂရမ္အေကာင့္ဟာ ေဖာ္လိုဝါေပါင္း ၁ သန္းေက်ာ္အထိ ထပ္တိုးသြားခဲ့တယ္လို႔ သိရွိရပါတယ္။

ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းဆီ ေရာက္ရွိေတာ့မလို သတင္းႀကီးခဲ့ၿပီးမွ ၁၂ ႏွစ္ၾကာခြဲခြာခဲ့တဲ့ အိုးထရက္ဖို႔ဒ္မွာ ျပန္လည္နားခိုလာခဲ့တဲ့ CR7 ရဲ႕ အေၾကာင္းကေတာ့ ေဘာလုံးေလာကရဲ႕ သတင္းေခါင္းႀကီးပိုင္းမွာ အႀကီးအက်ယ္ ေအာင္ပြဲခံေနၾကသလို ႐ူးေလာက္စရာ အေျပာင္းအေ႐ႊ႕အျဖစ္လည္း တခဲနက္ေထာက္ခံေနၾကခ်ိန္မွာ ယူႏိုက္တက္တို႔ရဲ႕ လူမႈကြန္ရက္မွာ အင္စတာဂရမ္ပရိသတ္ကလည္း နာရီပိုင္းအတြင္း ၄၃.၁ သန္းကေန ၄၄.၃ သန္းအထိ ျမင့္တက္သြားခဲ့တာပါ။

ယူႏိုက္တက္အေနနဲ႔ ေပၚတူဂီ GOAT ႀကီးကို ​ျပန္လည္စည္း႐ုံးဆြဲေဆာင္ႏိုင္ခဲ့ျခင္းမွာ စီးပြားေရးအက်ိဳးအျမတ္ႀကီးတခုအျဖစ္လည္း ရႈျမင္ခံထားရသလို ကြင္းျပင္ပပုံရိပ္နဲ႔ ေၾကာ္ျငာအားကလည္း ေနာက္တဆင့္ အရွိန္ထပ္တက္သြားခဲ့ၿပီး ကလပ္အသင္းရဲ႕ စေတာ့ရွယ္ယာတန္ဖိုးဟာ သရဲနီအသင္းသားသစ္အျဖစ္ တရားဝင္​ေၾကျငာၿပီးၿပီးခ်င္း နာရီပိုင္းအတြင္း ေသာၾကာေန႔မွာတင္ ေပါင္ ၂၁၂ သန္းတန္ဖိုး ထိုးတက္သြားခဲ့ေၾကာင္း သိရပါတယ္။

ေသာၾကာေန႔ညရဲ႕ လွ်ပ္တျပတ္အတြင္းအေျပာင္းအလဲေတြဟာ ယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ ရင္သပ္ရႈေမာဖြယ္ရာျဖစ္ခဲ့ရၿပီး အသက္ ၃၆ ႏွစ္သားကို ၂ ႏွစ္စာခ်ဳပ္၊ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၂၀ နဲ႔ ဂ်ဴဗင္တပ္စ္ကေန ေခၚယူႏိုင္ခဲ့တဲ့ေနာက္မွာ တဟုန္ထိုးတက္လာတဲ့ ကလပ္အသင္းရွယ္ယာတန္ဖိုးဟာ ၉.၈ ရာခိုင္ႏႈန္းအထိ ျမင့္တက္သြားခဲ့တာပါ။

အခ်က္အလက္အရဆိုရင္ မေန႔ကမနက္မွာ ရွယ္ယာတန္ဖိုး အဖြင့္ေစ်းဟာ ၁၂.၆၂ ေပါင္(၁၇.၃၇ ေဒၚလာ)သာရွိခဲ့ေပမယ့္ အခုအခါမွာေတာ့ ၁၃.၈၇ ေပါင္(၁၉.၀၉ ေဒၚလာ)ျဖစ္လာခဲ့ၿပီး ဒါဟာ ကလပ္အသင္းရဲ႕ ေစ်းကြက္တန္ဖိုးဟာ စုစုေပါင္း ေပါင္ ၂၁၂ သန္းအထိ တန္ဖိုးတက္သြားခဲ့တာျဖစ္သလို အ​ေျခအေန​ၿငိမ္သြားလို႔ ရွယ္ယာေစ်းေတြ ျပန္က်သြားမယ္ဆိုရင္ေတာင္မွ ၆ ရာခိုင္ႏႈန္းနဲ႔အထက္မွာေတာ့ ဆက္တက္ေနဦးမယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ ၂၀၀၃ ကေန ၂၀၀၉ ခုႏွစ္အထိ ၆ ႏွစ္ၾကာကစားခဲ့တဲ့ အိပ္မက္ကဇာတ္႐ုံႀကီးကို တေက်ာ့ျပန္ ပူးေပါင္းလာခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္က စပို႔တင္း လစၥဘြန္းအသင္းကေန ေပါင္ ၁၂.၂ သန္းနဲ႔ ေခၚယူခဲ့ရျခင္းဟာလည္း ေျပာင္းေ႐ႊ႕ေၾကးအျမင့္ဆုံး ဆယ္ေက်ာ္သက္တဦးအျဖစ္လည္း ကမာၻ႔ေဘာလုံးေလာကမွာ စံခ်ိန္ေရးထိုးႏိုင္ခဲ့တာပါ။

၂၀၀၉ ခုႏွစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းကို ေပါင္သန္း ၈၀ နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာလည္း ကမာၻ႔ေစ်းအျမင့္ဆုံးေဘာလုံးသမားအျဖစ္ စံခ်ိန္ခ်ိဳးခဲ့တဲ့ ဘလြန္ေဒါ ၅ ဆုရွင္ဟာ သူေလးစားရတဲ့ စီနီယာႀကီးျဖစ္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕လက္ေအာက္မွာ တိုက္စစ္ကို ဦးေဆာင္သြားဖို႔ ရွိေနၿပီး လက္ရွိအခ်ိန္မွာေတာ့ ႏိုင္ငံတကာပြဲစဥ္ကစားဖို႔အတြက္ ေပၚတူဂီမွာပဲ ဆက္ရွိေနဦးမွာျဖစ္သလို စက္တင္ဘာ ၁၁ ရက္ေန႔၊ နယူးကာဆယ္လ္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ တေက်ာ့ျပန္ EPL ပြဲဦးထြက္ကို ျမင္ေတြ႕ရဖြယ္ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.