Premier League Transfer News

ကလပ်ရဲ့ လုပ်ခအများဆုံးကစားသမားဖြစ်လာတဲ့ ရော်နယ်လ်ဒို CR7 ဆက်ဖြစ်နိုင်မှာလား

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို မရောက်ခင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လျင်လျင်မြန်မြန်ပဲ ကြားဝင် ခေါ်ယူခဲ့ပြီး နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်၊ အသင်းဖော်ဟောင်း ရီယို ဖာဒီနန်နဲ့ လက်ရှိ ပေါ်တူဂီအသင်းဖော် ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ စည်းရုံးမှုတွေနဲ့ အပြာရောင်အစား အနီရောင်ကို ဝတ်ဆင်စေဖို့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

အိုးလ်ထရက်ဖို့ဒ်ရဲ့ ဂိုးရှေ့မှာ ဂိုးသွင်းဖို့ ပျက်ကွက်နေတဲ့ အထောင်တိုက်စစ်မှူးတွေကို ကြည့်နေရတာ စိတ်ကုန်နေကြတဲ့ ပရိသတ်တွေအဖို့တော့ ရော်နယ်လ်ဒိုဟာ သူတို့ကို ၂၀၀၉ ခုနှစ်နောက်ပိုင်း နောက်တစ်ကြိမ် ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ပေးနိုင်မယ့် အသွင်သစ်နဲ့ ပြောင်းလဲရောက်ရှိလာချိန်မှာ အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားလည်းဖြစ်လာခဲ့တာပါ။

လက်ရှိမှာ ယူနိုက်တက်တို့ တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ရရှိနေတဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားကို ပေါ်တူဂီသားကြီးအနေနဲ့ နောက်ကောက် ချပစ်လိုက်နိုင်တာလည်းဖြစ်ပြီး လစ္စဘွန်းမြို့မှာ အရာရာ ဆွေးနွေးအပြီးမှာ တစ်ပတ်ကို ပေါင် ၄၈၀၀၀၀ ရရှိမယ့် နှစ်နှစ်စာချုပ်ကို ကစားသမားနဲ့ အသင်းရဲ့ ကြားမှာ သဘောတူညီမှု ရခဲ့တာလည်းဖြစ်ပါတယ်။

တောင်ပံသမားတစ်ယောက်အဖြစ်နဲ့ လှည့်စားမှုတွေလုပ်ပြီး အကျိုးမရှိတဲ့ ပုံစံအစား ဂိုးတွေ သွင်းယူပြဖို့ ပြောင်းလဲခဲ့တဲ့ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ၂၀၀၃ ကနေ ၂၀၀၉ အထိ ကစားခဲ့တဲ့ ပထမအကြိမ် ယူနိုက်တက်ကစားသမားဘဝမှာ ပရိသတ်တွေ ဂုဏ်ယူလို့ မဆုံးတဲ့ ၂၀၀၇-၀၈ ရာသီက ပရီးမီးယားလိဂ်နဲ့ ဥရောပရွှေဖိနပ်တွေကို တစ်ပြိုင်နက် ရယူပေးခဲ့အပြီး ချစ်လို့မှ မဝသေးခင်မှာ ရီးရဲလ်မက်ဒရစ်ကို နောက်နှစ်ရာသီအကြာမှာ ရောက်ရှိသွားခဲ့တာပါ။

ဘာနေဗျူးမှာ ပွဲပေါင်း ၄၃၈ ပွဲကစား ဂိုး ၄၅၀ သွင်းယူခဲ့အပြီးမှာ သူ့ရဲ့ ကစားဟန်က တဖြည်းဖြည်းနဲ့ အသက်အရွယ်နဲ့ ပိုမိုကိုက်ညီတဲ့ နံပါတ် ၉ ကစားသမားဖြစ်လာခဲ့ပြီး ယူနိုက်တက်ကို ၁၂ နှစ်ပစ်ထားပြီးမှ ပြန်လည့်ကြည့်ချိန်မှာတော့ အသင်းရဲ့ ဂိုးသွင်းသူ နည်းပါးနေတဲ့ အထောင်တိုက်စစ်ပုစ္ဆာကို ဖြေရှင်းပေးရတော့မှာလည်းဖြစ်ပါတယ်။

ဒေးဗစ် ဘက်ခမ်းရဲ့ ကျောနံပါတ် ၇ ကို ရဲရဲဝံ့ဝံ့ ဆက်ခံခဲ့တဲ့ ရော်နယ်လ်ဒိုဟာ သူ့နောက်ပိုင်း ရောက်လာသမျှ ဆက်ခံသူတွေကို လောင်းရိပ်မိစေခဲ့ အပြီးမှာ ပြီးခဲ့တဲ့နှစ်က ရောက်လာတဲ့ ဥရုဂွေးတိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကတော့ တတ်နိုင်သမျှ အစွမ်းပြခဲ့ပေမယ့် အသက်အရွယ်အရ Impact Sub လို့ ခေါ်တဲ့ အရန်ခုံက ထကယ်တင်တဲ့ ကစားသမားမျိုးထက်တော့ မပိုခဲ့ချိန်မှာ ပိုင်ရှင်ဟောင်း တစ်ကျော့ပြန် ရောက်လာချိန်မှာတော့ စဉ်းစားစရာတွေ ဖြစ်လာခဲ့ပါတယ်။

ရောက်လေရာမှာ နံပါတ် ၇ ကို စွဲစွဲမြဲမြဲ ဝတ်ဆင်လို့ CR7 လို့ ခေါ်တွင်တဲ့ ၃၆ နှစ်သားကြီးဟာ လက်ရှိပရီးမီးယားလိဂ်မှာ မှတ်ပုံတင်ပြီးဖြစ်တဲ့ ကာဗာနီရဲ့ နံပါတ်ကို ပြန်ယူမယ်ဆိုရင် ကစားသမားရဲ့ စွန့်လွှတ်ပေးအပ်မှုအပြင် ပရီးမီးယားလိဂ်ရဲ့ အထူးခွင့်ပြုချက်ကိုပါ လိုအပ်နေပြီး သူ့ရဲ့ Trade Mark နာမည်ကို ကိုက်ညီအောင် ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတို့ရဲ့ သဘောတူညီမှုတွေနဲ့ ပြန်လုပ်နိုင်မလားတော့ စောင့်ကြည့်ရမှာပါ။

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားစဉ်က နံပါတ် ၉ ကို တစ်ရာသီ ဝတ်ဆင်ခဲ့ရဖူးတဲ့ ရော်နယ်လ်ဒိုဟာ ကာဗာနီ၊ ပရီးမီးယားလိဂ်တို့နဲ့ ညှိနှိုင်းလို့ မရခဲ့ရင်တော့ အသင်းထဲ လက်ရှိလွတ်နေတဲ့ ၁၂၊ ၁၅၊ ၂၄၊ ၂၈၊ ၃၀ စတဲ့ နံပါတ်တွေထဲက စပို့တင်းလစ္စဘွန်းမှာတုန်းက ဝတ်ဆင်ခဲ့ဖူးတဲ့ နံပါတ် ၂၈ ကို ရွေးချယ်နိုင်တယ်လို့တော့ ခန့်မှန်းနေကြပြီး CR7 လို့ ခေါ်နေကြတဲ့ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ကျောနံပါတ်ထက် ခြေစွမ်းနဲ့ သူချစ်တဲ့ အသင်းအပေါ် အကျိုးပြုနိုင်မှုက အရေးပိုကြီးပြီး ပယ်ထရိစ် အီဗရာကို “ငါတို့အသင်းမှာ ငါ ပြန်ကစားတော့မယ်ကွ”လို့ ပြောခဲ့တဲ့ လှိုက်လှဲတဲ့ ရင်ဖွင့်သံနဲ့အညီ ရော်နယ်လ်ဒိုတစ်ယောက် CR7 ဖြစ်ဖြစ် CR28 ဖြစ်ဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ သူ့ရဲ့ ကမ္ဘာတစ်လွှားက ပရိသတ်တွေ အူလှိုက်သည်းလှိုက် အားပေးနေကြမှာကတော့ မလွဲမသွေပဲဖြစ်လို့ Sports A2Z က စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးကို မေရာက္ခင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို လ်င္လ်င္ျမန္ျမန္ပဲ ၾကားဝင္ ေခၚယူခဲ့ၿပီး နည္းျပေဟာင္း ဆာအဲလက္စ္ ဖာဂူဆန္၊ အသင္းေဖာ္ေဟာင္း ရီယို ဖာဒီနန္နဲ႔ လက္ရွိ ေပၚတူဂီအသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ စည္း႐ုံးမႈေတြနဲ႔ အျပာေရာင္အစား အနီေရာင္ကို ဝတ္ဆင္ေစဖို႔ လုပ္ေဆာင္ႏိုင္ခဲ့ၾကပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ဂိုးေရွ႕မွာ ဂိုးသြင္းဖို႔ ပ်က္ကြက္ေနတဲ့ အေထာင္တိုက္စစ္မႉးေတြကို ၾကည့္ေနရတာ စိတ္ကုန္ေနၾကတဲ့ ပရိသတ္ေတြအဖို႔ေတာ့ ေရာ္နယ္လ္ဒိုဟာ သူတို႔ကို ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း ေနာက္တစ္ႀကိမ္ ရင္ခုန္စိတ္လႈပ္ရွားစရာေတြ ေပးႏိုင္မယ့္ အသြင္သစ္နဲ႔ ေျပာင္းလဲေရာက္ရွိလာခ်ိန္မွာ အသင္းရဲ႕ လုပ္ခအမ်ားဆုံး ကစားသမားလည္းျဖစ္လာခဲ့တာပါ။

လက္ရွိမွာ ယူႏိုက္တက္တို႔ တစ္ပတ္လုပ္ခ ေပါင္ ၃၇၅၀၀၀ ရရွိေနတဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယားကို ေပၚတူဂီသားႀကီးအေနနဲ႔ ေနာက္ေကာက္ ခ်ပစ္လိုက္ႏိုင္တာလည္းျဖစ္ၿပီး လစၥဘြန္းၿမိဳ႕မွာ အရာရာ ေဆြးေႏြးအၿပီးမွာ တစ္ပတ္ကို ေပါင္ ၄၈၀၀၀၀ ရရွိမယ့္ ႏွစ္ႏွစ္စာခ်ဳပ္ကို ကစားသမားနဲ႔ အသင္းရဲ႕ ၾကားမွာ သေဘာတူညီမႈ ရခဲ့တာလည္းျဖစ္ပါတယ္။

ေတာင္ပံသမားတစ္ေယာက္အျဖစ္နဲ႔ လွည့္စားမႈေတြလုပ္ၿပီး အက်ိဳးမရွိတဲ့ ပုံစံအစား ဂိုးေတြ သြင္းယူျပဖို႔ ေျပာင္းလဲခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕ ၂၀၀၃ ကေန ၂၀၀၉ အထိ ကစားခဲ့တဲ့ ပထမအႀကိမ္ ယူႏိုက္တက္ကစားသမားဘဝမွာ ပရိသတ္ေတြ ဂုဏ္ယူလို႔ မဆုံးတဲ့ ၂၀၀၇-၀၈ ရာသီက ပရီးမီးယားလိဂ္နဲ႔ ဥေရာပေ႐ႊဖိနပ္ေတြကို တစ္ၿပိဳင္နက္ ရယူေပးခဲ့အၿပီး ခ်စ္လို႔မွ မဝေသးခင္မွာ ရီးရဲလ္မက္ဒရစ္ကို ေနာက္ႏွစ္ရာသီအၾကာမွာ ေရာက္ရွိသြားခဲ့တာပါ။

ဘာေနဗ်ဴးမွာ ပြဲေပါင္း ၄၃၈ ပြဲကစား ဂိုး ၄၅၀ သြင္းယူခဲ့အၿပီးမွာ သူ႔ရဲ႕ ကစားဟန္က တျဖည္းျဖည္းနဲ႔ အသက္အ႐ြယ္နဲ႔ ပိုမိုကိုက္ညီတဲ့ နံပါတ္ ၉ ကစားသမားျဖစ္လာခဲ့ၿပီး ယူႏိုက္တက္ကို ၁၂ ႏွစ္ပစ္ထားၿပီးမွ ျပန္လည့္ၾကည့္ခ်ိန္မွာေတာ့ အသင္းရဲ႕ ဂိုးသြင္းသူ နည္းပါးေနတဲ့ အေထာင္တိုက္စစ္ပုစာၦကို ေျဖရွင္းေပးရေတာ့မွာလည္းျဖစ္ပါတယ္။

ေဒးဗစ္ ဘက္ခမ္းရဲ႕ ေက်ာနံပါတ္ ၇ ကို ရဲရဲဝံ့ဝံ့ ဆက္ခံခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ သူ႔ေနာက္ပိုင္း ေရာက္လာသမွ် ဆက္ခံသူေတြကို ေလာင္းရိပ္မိေစခဲ့ အၿပီးမွာ ၿပီးခဲ့တဲ့ႏွစ္က ေရာက္လာတဲ့ ဥ႐ုေဂြးတိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီကေတာ့ တတ္ႏိုင္သမွ် အစြမ္းျပခဲ့ေပမယ့္ အသက္အ႐ြယ္အရ Impact Sub လို႔ ေခၚတဲ့ အရန္ခုံက ထကယ္တင္တဲ့ ကစားသမားမ်ိဳးထက္ေတာ့ မပိုခဲ့ခ်ိန္မွာ ပိုင္ရွင္ေဟာင္း တစ္ေက်ာ့ျပန္ ေရာက္လာခ်ိန္မွာေတာ့ စဥ္းစားစရာေတြ ျဖစ္လာခဲ့ပါတယ္။

ေရာက္ေလရာမွာ နံပါတ္ ၇ ကို စြဲစြဲၿမဲၿမဲ ဝတ္ဆင္လို႔ CR7 လို႔ ေခၚတြင္တဲ့ ၃၆ ႏွစ္သားႀကီးဟာ လက္ရွိပရီးမီးယားလိဂ္မွာ မွတ္ပုံတင္ၿပီးျဖစ္တဲ့ ကာဗာနီရဲ႕ နံပါတ္ကို ျပန္ယူမယ္ဆိုရင္ ကစားသမားရဲ႕ စြန႔္လႊတ္ေပးအပ္မႈအျပင္ ပရီးမီးယားလိဂ္ရဲ႕ အထူးခြင့္ျပဳခ်က္ကိုပါ လိုအပ္ေနၿပီး သူ႔ရဲ႕ Trade Mark နာမည္ကို ကိုက္ညီေအာင္ ယူႏိုက္တက္တာဝန္ရွိသူေတြနဲ႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားတို႔ရဲ႕ သေဘာတူညီမႈေတြနဲ႔ ျပန္လုပ္ႏိုင္မလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕သြားစဥ္က နံပါတ္ ၉ ကို တစ္ရာသီ ဝတ္ဆင္ခဲ့ရဖူးတဲ့ ေရာ္နယ္လ္ဒိုဟာ ကာဗာနီ၊ ပရီးမီးယားလိဂ္တို႔နဲ႔ ညႇိႏႈိင္းလို႔ မရခဲ့ရင္ေတာ့ အသင္းထဲ လက္ရွိလြတ္ေနတဲ့ ၁၂၊ ၁၅၊ ၂၄၊ ၂၈၊ ၃၀ စတဲ့ နံပါတ္ေတြထဲက စပို႔တင္းလစၥဘြန္းမွာတုန္းက ဝတ္ဆင္ခဲ့ဖူးတဲ့ နံပါတ္ ၂၈ ကို ေ႐ြးခ်ယ္ႏိုင္တယ္လို႔ေတာ့ ခန႔္မွန္းေနၾကၿပီး CR7 လို႔ ေခၚေနၾကတဲ့ ပရိသတ္ေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္လာႏိုင္ပါတယ္။

ဒါေပမယ့္ ေက်ာနံပါတ္ထက္ ေျခစြမ္းနဲ႔ သူခ်စ္တဲ့ အသင္းအေပၚ အက်ိဳးျပဳႏိုင္မႈက အေရးပိုႀကီးၿပီး ပယ္ထရိစ္ အီဗရာကို “ငါတို႔အသင္းမွာ ငါ ျပန္ကစားေတာ့မယ္ကြ”လို႔ ေျပာခဲ့တဲ့ လႈိက္လွဲတဲ့ ရင္ဖြင့္သံနဲ႔အညီ ေရာ္နယ္လ္ဒိုတစ္ေယာက္ CR7 ျဖစ္ျဖစ္ CR28 ျဖစ္ျဖစ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ သူ႔ရဲ႕ ကမာၻတစ္လႊားက ပရိသတ္ေတြ အူလႈိက္သည္းလႈိက္ အားေပးေနၾကမွာကေတာ့ မလြဲမေသြပဲျဖစ္လို႔ Sports A2Z က စုစည္းတင္ဆက္ေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.