Analysis Article Other Premier League

အသက် ၃၅ နှစ်မှာ မအိုဆေးစားထားတဲ့ လူငယ်လေးတဦးလို နုပျိုသန်မာပြီး ကြံ့ခိုင်ဖျတ်လတ် ဂျေမီ ဗာဒီရဲ့လျှို့ဝှက်ချက်

လက်စတာတိုက်စစ်မှုး ဂျေမီ ဗာဒီဟာ လာမယ့် ဇန်နဝါရီမှာ အသက် ၃၅ နှစ်ပြည့်တော့မှာပါ။ ဒါပေမယ့် သူဟာ နည်းပြ ဘရန်ဒန် ရော့ဂျားစ်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ် အသုံးတော်ခံနေဆဲဖြစ်ပြီး မြေခွေးကြီးတွေရဲ့ အားအကိုးရဆုံး ဝါရင့်တိုက်စစ်မှူးအဖြစ် လူငယ်သွေးသစ်လေးတွေကို စံနမူနာပြသနေတာပါ။

သူဟာ ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ ဝိန်းရွန်နီထက် တနှစ်ငယ်ရွယ်သလို မန်ယူနိုက်တက်မှာ အစွမ်းပြနေဆဲဖြစ်တဲ့ ဥရုဂွေးသားကြီး အက်ဒဆန် ကာဗာနီထက်လည်း အသက်ပိုကြီးသူပါ။ နှစ်ချို့ဝိုင်လို တန်ဖိုးကြီး၊ ဆေးဖက်ဝင်ပြီး နှစ်ရှည်ခံကစားသမားအဖြစ် ခြေမကျအောင် ထိန်းထားနိုင်တဲ့ သူ့ရဲ့လျှို့ဝှက်ချက်က ရာသီသစ်စတင်တိုင်း မေးခွန်းထုတ်ခံနေရတာပါ။

ဗာဒီ ဘယ်လောက်ထိဆက်ကစားနိုင်မှာမို့လဲ? တကယ်တော့ ဒါဟာ မေးခွန်းအမှားပါ။ ဗာဒီ ဘယ်လောက်ထိ ခြေစွမ်းတက်လာဦးမှာလဲ? ဒါကမှ မှန်ကန်တဲ့မေးခွန်းလို့ ဆိုရမှာပါ။ သူက လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ EPL ရဲ့ ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးထားခဲ့သလို ဒီဆုရဲ့ အသက်အရွယ်အကြီးဆုံးပိုင်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့တာပါ။

လက်စတာအသင်းရဲ့ ရာသီကြိုမှာ အပြေးစမ်းသပ်မှုတခုပြုလုပ်ခဲ့ပြီး ဗာဒီကတော့ အသက် ၂၀ တန်းမှာရှိနေတဲ့ အသင်းဖော်တဦးနဲ့အတူ ထိပ်ဆုံးက ပန်းဝင်သွားခဲ့သလို ဒီရာသီအဖွင့်မှာလည်း မြေခွေးကြီးတွေအတွက် ဝုဗ်စ်အသင်းကို အနိုင်ဂိုးသွင်းယူပြီး လူသစ်၊ စိတ်သစ်နဲ့ ဗာဒီအသစ်ဖြစ်ကြောင်း ထပ်မံသက်သေပြသွားခဲ့သလို မအိုဆေးစားထားသလို နုပျိုဖျတ်လတ်နေပြီး လက်ခမောင်းခတ်သွားခဲ့တာပါ။

သူ့ရဲ့ ခန္ဓာကိုယ်အဆီပိုက ၈ ရာခိုင်နှုန်းအောက်မှာသာ ရှိနေသလို နည်းပြ ရော့ဂျားစ်ကလည်း “ခင်ဗျားတို့ သူ့ရဲ့ဘော်ဒီကိုသာကြည့်လိုက်တော့။ ဘယ်လောက်ကြံ့ခိုင်သန်စွမ်းနေလဲဆိုတာ မြင်လိမ့်မယ်”လို့ ကျောင်းသူလေးတယောက်က အားကစားတော်တဲ့ သူ့ Crush ကို ကြိတ်ခိုက်နေသလိုအထာမျိုးနဲ့ ချီးကျူးသွားခဲ့ဖူးတာပါ။

“သူက ရုပ်ပိုင်းဆိုင်ရာအရ သိပ်ကိုမာကျောနေပါတယ်။ ပွဲကစားတိုင်း သူ့ရဲ့ လောင်မြိုက်နေတဲ့ ပြေးအား၊ ပေါက်ကွဲအားနဲ့ တိုးအားတွေကို အဓိကအသုံးပြုခိုင်းခဲ့တာပါ။ သူဝင်ကစားပြီဆို ခံစစ်ကစားသမားတွေ ​ကြောက်ဒူးတုန်နေရပါပြီ။ ဒါက ခင်ဗျားမျက်မြင်ပါ။ ကျွန်တော်ကတော့ သူကစားတာကို သိပ်ခုံမင်ပါတယ် ”

“သူ့ကို လေးသွားပြီ၊ ကစားအားကျသွားပြီလို့ ထင်နေတဲ့သူတိုင်း လျှော့တွက်မိပြီဆိုရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်”လို့ ရော့ဂျားစ်က သူ့ကစားသမားအကြောင်း ယုံကြည်မှုအပြည့်နဲ့ ဂုဏ်မောက်သွားခဲ့တာကိုလည်း တွေ့ရသလို ဒါက ဂုဏ်မောက်မှုနဲ့ ထိုက်တန်နေသလို သူက ပရီးမီးယားလိဂ်မှာ ဂိုး ၁၂၀ ပြည့်မြောက်တော့မယ့် တိုက်စစ်မှူးလည်း ဖြစ်နေပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးမရခဲ့လို့ ဒီမှတ်တမ်းက နည်းနည်းနောက်ကျသွားခဲ့ပြီး ဒါဟာ လီဗာပူးလ်ဂန္ထဝင်ကြီး စတီဗင် ဂျရတ်နဲ့ တန်းတူရပ်တည်နိုင်မှာဖြစ်သလို ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်ကိုမီဖို့ ၃ ဂိုးအလို၊ နစ်ကလပ်စ် အနယ်လ်ကာကိုမီဖို့ ၅ ဂိုးအလိုအနေအထားအထိ ရောက်ရှိလာမှာဖြစ်ပြီး အသက် ၃၅ နှစ်သားက ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၅ နှစ်သားမှ စတင်ခဲ့တာဆိုရင်တော့ ပရိသတ်တွေကို ထပ်မံပြီး အံ့အားသင့်သွားစေနိုင်သလို ပါးစပ်အဟောင်းသားလည်း ဖြစ်စေတာပါ။

ဝက်စ်ဟမ်းနဲ့ပွဲမှာ ဗာဒီအတွက် ပရီးမီးယားလိဂ် ၂၄၇ ပွဲပြည့်မြောက်ခဲ့တာလည်းဖြစ်သလို ဒွိုက်ယော့ခ်နဲ့ အနယ်လ်ကာတို့ထက် ပွဲ ၁၀၀ လျော့ကစားထားတဲ့အနေအထားမျိုးမှာ သူ့ထက် ဂိုးသွင်းနှုန်းပိုမြန်တဲ့ ကစားသမားတွေအနေနဲ့ အင်္ဂလန်မှာ အလန် ရှီးယားရား၊ ဆာဂျီယို အဂွယ်ရို၊ သီယာရီ အွန်နရီ၊ ဟာရီကိန်းနဲ့ ရော်ဘင် ဗန်ပါစီတို့သာ စာရင်းထဲမှာ ရှိနေတော့တာလည်း ဖြစ်ပါတယ်။

ဗာဒီက ပွဲမတိုင်ခင်ညမှာ Lucozade အားဖြည့်အချိုရည် ၅၀၀ မီလီလီတာဘူးထဲကို ချိုမြမြ ဝိုင်နီတဝက် ရောစပ်သောက်လေ့ရှိပြီး သူ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မှုကို ဖြစ်စေတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် ပွဲနေ့တွေမှာ မကစားခင် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ Redbull အားဖြည့်အချိုရည်ဘူး ၃ ဘူး ၊ Double Expresso ကော်ဖီတို့ကိုအမြဲသောက်လေ့ရှိသလို ကြက်ဥနဲ့ဝက်ပေါင်ခြောက်ကြော် ၊ Baked Bean တို့ိကိုသာပုံမှန် စားလေ့ရှိတဲ့ ထူးခြားတဲ့အမူအကျင့်ရှိသူတစ်ဦးဖြစ်နေပါတယ်။

ဒီလိုလုပ်ရက်ဟာ ပုံမှန်အားဖြင့် ကလပ်အသင်းတွေအနေနဲ့ သူတို့ရဲ့ကစားသမားတွေအတွက် လက်မခံစရာ အမူအကျင့်တွေဖြစ်သော်လည်း လက်စတာအသင်းနဲ့ဆေးအဖွဲ့ကတော့ သိရှိပေမယ့် ပွဲအတွင်းမှာ ပေါက်ကွဲအားပြင်းစွာနဲ့ ဂိုးတွေသွင်းယူနေတဲ့ အပျော်တမ်းအသင်းလေးကနေ ရုန်းကန်လာခဲ့ရတဲ့ သူတို့ရဲ့ တိုက်စစ်မှူးကြီးကို ချွင်းခြက်အနေနဲ့ နားလည်ခွင့်ပြုထားပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ သာမန်လူတွေလို ဘီယာကိုလည်း အတော်ကြိုက်တတ်သူမို့ နွေရာသီအားလပ်ရက်တွေမှာ တခြားကစားသမားတွေလို့ တကိုယ်ရည်လေ့ကျင့်ခန်းမျိုး မဆင်းဘဲ အိမ်က ဆိုဖာမှာပဲ ဘီယာသောက်ရင်း၊ ဇနီးသည် ရက်ဘက်ခါ၊ ရင်သွေး ၅ ဦးတို့နဲ့ မိသားစုနဲ့အတူ အချိန်ဖြုန်းရင်း ကုန်ဆုံးခဲ့ပါသေးတယ်လို့လည်း သိရပါတယ်။

ရော့ဂျားစ်အနေနဲ့ ပြီးခဲ့တဲ့ ဒုတိယရာသီဝက်မှာ ပေါင်ခြံဒဏ်ရာကြောင့် ၄ ဂိုးသာသွင်းနိုင်ပြီး အီယန်နာချိုကို ပံ့ပိုးပေးဖို့သာ အဓိကထားသွားခဲ့တဲ့ ဗာဒီက နေ့စဥ်လေ့ကျင့်ရေးမဆင်းနိုင်ခြင်း၊ ပွဲတိုင်းဝင်မကစားနိုင်ခြင်းတွေကို ကြိုတင်ကိုင်တွယ်ထားနိုင်ဖို့လိုသလို တဖက်မှာလည်း ပတ်ဆန် ဒါကာလို လူငယ်တိုက်စစ်မှူးကို အားဖြည့်ပြီးဖြစ်ပေမယ့် အင်္ဂလန်သားရဲ့ ကွင်းထဲက စွယ်စုံရအရည်အချင်းက လက်စတာကို အဓိကဆွဲတင်ပြီး ဦးဆောင်မှုပေးနေတာမို့ သူလန်းဆန်းနေအောင် ကောင်းကောင်းစီမံသွားနိုင်ဖို့ လိုအပ်နေပါတယ်။

ဗာဒီက သူ့ရဲ့ခန္ဓာကိုယ်အ​ကြောင်းကို ကောင်းကောင်းနားလည်သူဖြစ်သလို သူ့ရဲ့ပြန်လည်ထူထောင်ကြံ့ခိုင်ရေးအတွက် နေထိုင်ရာအိမ်မှာလည်း cryotherapy chamber အခန်းကို တည်ဆောက်ထားပြီး Cryotherapy လို့ ခေါ်တဲ့ ပျက်စီးနေတဲ့တစ်ရှူးတွေကို လွန်ကဲတဲ့အအေးခဲဓာတ်နဲ့ ဖယ်ရှားပေးတဲ့ ကုစားမှုကိုခံယူနေသူလည်း ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းမှာ စာချုပ် ၂ နှစ်ကျန်ရှိနေသေးတဲ့ အင်္ဂလန်သားဟာ သူ့ကို နားလည်တန်ဖိုးထားပြီး မထင်မရှားအသင်းလေးကနေ စင်တော်ကောက်ခဲ့တဲ့ သူချစ်တဲ့ အပြာရောင်မြေခွေးတို့ရဲ့ကင်းပါဝါမှာ ကစားသမားဘ၀ ကုန်ဆုံးတဲ့အထိဆက်နေသွားမှာဖြစ်ပြီး မည်သည့်အသင်းကိုမှ ပြောင်းရွှေ့ကစားဖို့ စိတ်ကူးမရှိတော့ဘူးလို့ တရားဝင်ထုတ်ပြောခဲ့ပါတယ်။

ဗာဒီအနေနဲ့ ဒဏ်ရာကင်းစင်ပြီး ပုံမှန်ကြံ့ခိုင်မှုသာ ဆက်လက်ပိုင်ဆိုင်သွားမယ်ဆိုရင် ပရီးမီးယားလိဂ် သွင်းဂိုး ၁၅၀ ပြည့်ဖို့ အသာလေးဖြစ်လာနိင်သလို ထာဝရဂိုးသွင်းအများဆုံး ၁၀ စာရင်းထဲကို ပေါက်လာဖို့လည်း နီးစပ်နေတာလည်းဖြစ်သလို သူ့ကိုတော့ ဇလာတန် အီဘရာဟီမိုဗစ်ချ်လိုပဲ ဘောလုံးလောကရဲ့ ဖိုးသက်ရှည်ကြီးဖြစ်လာမလားလို့ စောင့်ကြည့်ခံထားရချိန်မှာ ဒီရာသီမှာ ”ဗာဒီအစွမ်း အံ့မခန်း” ဖြစ်ရပ်တွေကိုတော့ ဆက်လက်စောင့်ကြည့်သွားရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လက္စတာတိုက္စစ္မႈး ေဂ်မီ ဗာဒီဟာ လာမယ့္ ဇန္နဝါရီမွာ အသက္ ၃၅ ႏွစ္ျပည့္ေတာ့မွာပါ။ ဒါေပမယ့္ သူဟာ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ အဓိကတိုက္စစ္မႉးအျဖစ္ အသုံးေတာ္ခံေနဆဲျဖစ္ၿပီး ေျမေခြးႀကီးေတြရဲ႕ အားအကိုးရဆုံး ဝါရင့္တိုက္စစ္မႉးအျဖစ္ လူငယ္ေသြးသစ္ေလးေတြကို စံနမူနာျပသေနတာပါ။

သူဟာ ကစားသမားဘဝကေန အနားယူသြားၿပီျဖစ္တဲ့ ဝိန္း႐ြန္နီထက္ တႏွစ္ငယ္႐ြယ္သလို မန္ယူႏိုက္တက္မွာ အစြမ္းျပေနဆဲျဖစ္တဲ့ ဥ႐ုေဂြးသားႀကီး အက္ဒဆန္ ကာဗာနီထက္လည္း အသက္ပိုႀကီးသူပါ။ ႏွစ္ခ်ိဳ႕ဝိုင္လို တန္ဖိုးႀကီး၊ ေဆးဖက္ဝင္ၿပီး ႏွစ္ရွည္ခံကစားသမားအျဖစ္ ေျခမက်ေအာင္ ထိန္းထားႏိုင္တဲ့ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္က ရာသီသစ္စတင္တိုင္း ေမးခြန္းထုတ္ခံေနရတာပါ။

ဗာဒီ ဘယ္ေလာက္ထိဆက္ကစားႏိုင္မွာမို႔လဲ? တကယ္ေတာ့ ဒါဟာ ေမးခြန္းအမွားပါ။ ဗာဒီ ဘယ္ေလာက္ထိ ေျခစြမ္းတက္လာဦးမွာလဲ? ဒါကမွ မွန္ကန္တဲ့ေမးခြန္းလို႔ ဆိုရမွာပါ။ သူက လြန္ခဲ့တဲ့ ၂၀၂၀ ခုႏွစ္မွာ EPL ရဲ႕ ေ႐ႊဖိနပ္ဆုကိုလည္း ဆြတ္ခူးထားခဲ့သလို ဒီဆုရဲ႕ အသက္အ႐ြယ္အႀကီးဆုံးပိုင္ရွင္အျဖစ္လည္း မွတ္တမ္းဝင္ထားခဲ့တာပါ။

လက္စတာအသင္းရဲ႕ ရာသီႀကိဳမွာ အေျပးစမ္းသပ္မႈတခုျပဳလုပ္ခဲ့ၿပီး ဗာဒီကေတာ့ အသက္ ၂၀ တန္းမွာရွိေနတဲ့ အသင္းေဖာ္တဦးနဲ႔အတူ ထိပ္ဆုံးက ပန္းဝင္သြားခဲ့သလို ဒီရာသီအဖြင့္မွာလည္း ေျမေခြးႀကီးေတြအတြက္ ဝုဗ္စ္အသင္းကို အႏိုင္ဂိုးသြင္းယူၿပီး လူသစ္၊ စိတ္သစ္နဲ႔ ဗာဒီအသစ္ျဖစ္ေၾကာင္း ထပ္မံသက္ေသျပသြားခဲ့သလို မအိုေဆးစားထားသလို ႏုပ်ိဳဖ်တ္လတ္ေနၿပီး လက္ခေမာင္းခတ္သြားခဲ့တာပါ။

သူ႔ရဲ႕ ခႏၶာကိုယ္အဆီပိုက ၈ ရာခိုင္ႏႈန္းေအာက္မွာသာ ရွိေနသလို နည္းျပ ေရာ့ဂ်ားစ္ကလည္း “ခင္ဗ်ားတို႔ သူ႔ရဲ႕ေဘာ္ဒီကိုသာၾကည့္လိုက္ေတာ့။ ဘယ္ေလာက္ႀကံ့ခိုင္သန္စြမ္းေနလဲဆိုတာ ျမင္လိမ့္မယ္”လို႔ ေက်ာင္းသူေလးတေယာက္က အားကစားေတာ္တဲ့ သူ႔ Crush ကို ႀကိတ္ခိုက္ေနသလိုအထာမ်ိဳးနဲ႔ ခ်ီးက်ဴးသြားခဲ့ဖူးတာပါ။

“သူက ႐ုပ္ပိုင္းဆိုင္ရာအရ သိပ္ကိုမာေက်ာေနပါတယ္။ ပြဲကစားတိုင္း သူ႔ရဲ႕ ေလာင္ၿမိဳက္ေနတဲ့ ေျပးအား၊ ေပါက္ကြဲအားနဲ႔ တိုးအားေတြကို အဓိကအသုံးျပဳခိုင္းခဲ့တာပါ။ သူဝင္ကစားၿပီဆို ခံစစ္ကစားသမားေတြ ​ေၾကာက္ဒူးတုန္ေနရပါၿပီ။ ဒါက ခင္ဗ်ားမ်က္ျမင္ပါ။ ကြၽန္ေတာ္ကေတာ့ သူကစားတာကို သိပ္ခုံမင္ပါတယ္ ”

“သူ႔ကို ေလးသြားၿပီ၊ ကစားအားက်သြားၿပီလို႔ ထင္ေနတဲ့သူတိုင္း ေလွ်ာ့တြက္မိၿပီဆိုရင္ေတာ့ အမွားႀကီးမွားသြားပါလိမ့္မယ္”လို႔ ေရာ့ဂ်ားစ္က သူ႔ကစားသမားအေၾကာင္း ယုံၾကည္မႈအျပည့္နဲ႔ ဂုဏ္ေမာက္သြားခဲ့တာကိုလည္း ေတြ႕ရသလို ဒါက ဂုဏ္ေမာက္မႈနဲ႔ ထိုက္တန္ေနသလို သူက ပရီးမီးယားလိဂ္မွာ ဂိုး ၁၂၀ ျပည့္ေျမာက္ေတာ့မယ့္ တိုက္စစ္မႉးလည္း ျဖစ္ေနပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဂိုးမရခဲ့လို႔ ဒီမွတ္တမ္းက နည္းနည္းေနာက္က်သြားခဲ့ၿပီး ဒါဟာ လီဗာပူးလ္ဂႏၴဝင္ႀကီး စတီဗင္ ဂ်ရတ္နဲ႔ တန္းတူရပ္တည္ႏိုင္မွာျဖစ္သလို ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဒြိဳက္ေယာ့ခ္ကိုမီဖို႔ ၃ ဂိုးအလို၊ နစ္ကလပ္စ္ အနယ္လ္ကာကိုမီဖို႔ ၅ ဂိုးအလိုအေနအထားအထိ ေရာက္ရွိလာမွာျဖစ္ၿပီး အသက္ ၃၅ ႏွစ္သားက ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို ၂၅ ႏွစ္သားမွ စတင္ခဲ့တာဆိုရင္ေတာ့ ပရိသတ္ေတြကို ထပ္မံၿပီး အံ့အားသင့္သြားေစႏိုင္သလို ပါးစပ္အေဟာင္းသားလည္း ျဖစ္ေစတာပါ။

ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဗာဒီအတြက္ ပရီးမီးယားလိဂ္ ၂၄၇ ပြဲျပည့္ေျမာက္ခဲ့တာလည္းျဖစ္သလို ဒြိဳက္ေယာ့ခ္နဲ႔ အနယ္လ္ကာတို႔ထက္ ပြဲ ၁၀၀ ေလ်ာ့ကစားထားတဲ့အေနအထားမ်ိဳးမွာ သူ႔ထက္ ဂိုးသြင္းႏႈန္းပိုျမန္တဲ့ ကစားသမားေတြအေနနဲ႔ အဂၤလန္မွာ အလန္ ရွီးယားရား၊ ဆာဂ်ီယို အဂြယ္႐ို၊ သီယာရီ အြန္နရီ၊ ဟာရီကိန္းနဲ႔ ေရာ္ဘင္ ဗန္ပါစီတို႔သာ စာရင္းထဲမွာ ရွိေနေတာ့တာလည္း ျဖစ္ပါတယ္။

ဗာဒီက ပြဲမတိုင္ခင္ညမွာ Lucozade အားျဖည့္အခ်ိဳရည္ ၅၀၀ မီလီလီတာဘူးထဲကို ခ်ိဳျမျမ ဝိုင္နီတဝက္ ေရာစပ္ေသာက္ေလ့ရွိၿပီး သူ႔အတြက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္မႈကို ျဖစ္ေစတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ဒါ့အျပင္ ပြဲေန႔ေတြမွာ မကစားခင္ မနက္ပိုင္းနဲ႔ ေန႔လည္ပိုင္းေတြမွာ Redbull အားျဖည့္အခ်ိဳရည္ဘူး ၃ ဘူး ၊ Double Expresso ေကာ္ဖီတို႔ကိုအၿမဲေသာက္ေလ့ရွိသလို ၾကက္ဥနဲ႔ဝက္ေပါင္ေျခာက္ေၾကာ္ ၊ Baked Bean တို႔ိကိုသာပုံမွန္ စားေလ့ရွိတဲ့ ထူးျခားတဲ့အမူအက်င့္ရိွသူတစ္ဦးျဖစ္ေနပါတယ္။

ဒီလိုလုပ္ရက္ဟာ ပံုမွန္အားျဖင့္ ကလပ္အသင္းေတြအေနနဲ႔ သူတို႔ရဲ႔ကစားသမားေတြအတြက္ လက္မခံစရာ အမူအက်င့္ေတြျဖစ္ေသာ္လည္း လက္စတာအသင္းနဲ႔ေဆးအဖြဲ႕ကေတာ့ သိရွိေပမယ့္ ပြဲအတြင္းမွာ ေပါက္ကြဲအားျပင္းစြာနဲ႔ ဂိုးေတြသြင္းယူေနတဲ့ အေပ်ာ္တမ္းအသင္းေလးကေန ရုန္းကန္လာခဲ့ရတဲ့ သူတို႔ရဲ႔ တိုက္စစ္မွဴးၾကီးကို ခြၽင္းျခက္အေနနဲ႔ နားလည္ခြင့္ျပဳထားပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ရွိ တိုက္စစ္မႉးဟာ သာမန္လူေတြလို ဘီယာကိုလည္း အေတာ္ႀကိဳက္တတ္သူမို႔ ေႏြရာသီအားလပ္ရက္ေတြမွာ တျခားကစားသမားေတြလို႔ တကိုယ္ရည္ေလ့က်င့္ခန္းမ်ိဳး မဆင္းဘဲ အိမ္က ဆိုဖာမွာပဲ ဘီယာေသာက္ရင္း၊ ဇနီးသည္ ရက္ဘက္ခါ၊ ရင္ေသြး ၅ ဦးတို႔နဲ႔ မိသားစုနဲ႔အတူ အခ်ိန္ျဖဳန္းရင္း ကုန္ဆုံးခဲ့ပါေသးတယ္လို႔လည္း သိရပါတယ္။

ေရာ့ဂ်ားစ္အေနနဲ႔ ၿပီးခဲ့တဲ့ ဒုတိယရာသီဝက္မွာ ေပါင္ၿခံဒဏ္ရာေၾကာင့္ ၄ ဂိုးသာသြင္းႏိုင္ၿပီး အီယန္နာခ်ိဳကို ပံ့ပိုးေပးဖို႔သာ အဓိကထားသြားခဲ့တဲ့ ဗာဒီက ေန႔စဥ္ေလ့က်င့္ေရးမဆင္းႏိုင္ျခင္း၊ ပြဲတိုင္းဝင္မကစားႏိုင္ျခင္းေတြကို ႀကိဳတင္ကိုင္တြယ္ထားႏိုင္ဖို႔လိုသလို တဖက္မွာလည္း ပတ္ဆန္ ဒါကာလို လူငယ္တိုက္စစ္မႉးကို အားျဖည့္ၿပီးျဖစ္ေပမယ့္ အဂၤလန္သားရဲ႕ ကြင္းထဲက စြယ္စုံရအရည္အခ်င္းက လက္စတာကို အဓိကဆြဲတင္ၿပီး ဦးေဆာင္မႈေပးေနတာမို႔ သူလန္းဆန္းေနေအာင္ ေကာင္းေကာင္းစီမံသြားႏိုင္ဖို႔ လိုအပ္ေနပါတယ္။

ဗာဒီက သူ႔ရဲ႕ခႏၶာကိုယ္အ​ေၾကာင္းကို ေကာင္းေကာင္းနားလည္သူျဖစ္သလို သူ႔ရဲ႕ျပန္လည္ထူေထာင္ႀကံ့ခိုင္ေရးအတြက္ ေနထိုင္ရာအိမ္မွာလည္း cryotherapy chamber အခန္းကို တည္ေဆာက္ထားၿပီး Cryotherapy လို႔ ေခၚတဲ့ ပ်က္စီးေနတဲ့တစ္ရႉးေတြကို လြန္ကဲတဲ့အေအးခဲဓာတ္နဲ႔ ဖယ္ရွားေပးတဲ့ ကုစားမႈကိုခံယူေနသူလည္း ျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းမွာ စာခ်ဳပ္ ၂ ႏွစ္က်န္ရွိေနေသးတဲ့ အဂၤလန္သားဟာ သူ႔ကို နားလည္တန္ဖိုးထားၿပီး မထင္မရွားအသင္းေလးကေန စင္ေတာ္ေကာက္ခဲ့တဲ့ သူခ်စ္တဲ့ အျပာေရာင္ေျမေခြးတို႔ရဲ႕ကင္းပါဝါမွာ ကစားသမားဘ၀ ကုန္ဆုံးတဲ့အထိဆက္ေနသြားမွာျဖစ္ၿပီး မည္သည့္အသင္းကိုမွ ေျပာင္းေ႐ႊ႕ကစားဖို႔ စိတ္ကူးမရွိေတာ့ဘူးလို႔ တရားဝင္ထုတ္ေျပာခဲ့ပါတယ္။

ဗာဒီအေနနဲ႔ ဒဏ္ရာကင္းစင္ၿပီး ပုံမွန္ႀကံ့ခိုင္မႈသာ ဆက္လက္ပိုင္ဆိုင္သြားမယ္ဆိုရင္ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၅၀ ျပည့္ဖို႔ အသာေလးျဖစ္လာနိင္သလို ထာဝရဂိုးသြင္းအမ်ားဆုံး ၁၀ စာရင္းထဲကို ေပါက္လာဖို႔လည္း နီးစပ္ေနတာလည္းျဖစ္သလို သူ႔ကိုေတာ့ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္လိုပဲ ေဘာလုံးေလာကရဲ႕ ဖိုးသက္ရွည္ႀကီးျဖစ္လာမလားလို႔ ေစာင့္ၾကည့္ခံထားရခ်ိန္မွာ ဒီရာသီမွာ ”ဗာဒီအစြမ္း အံ့မခန္း” ျဖစ္ရပ္ေတြကိုေတာ့ ဆက္လက္ေစာင့္ၾကည့္သြားရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.