Analysis Premier League

လီဗာပူးလ်-ချဲလ်ဆီး၊ မန်စီးတီး-အာဆင်နယ်တို့အပြင် ယူနိုက်တက်ပွဲကိုပါ ခန့်မှန်းခဲ့တဲ့ အိုဝင်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဥ် ၃ ကတော့ စနေနေ့ရဲ့ ပွဲကြီးပွဲကောင်းတွေကြောင့် အ​တော်လေးမြိုင်ဆိုင်နေတာကို တွေ့ရပြီး ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့မှာဖြစ်သလို လက်ရှိချန်ပီယံမန်စီးတီးအသင်းကလည်း အီတီဟတ်ကွင်းမှာ အာဆင်နယ်အသင်းကို လက်ခံကစားသွားရမှာပါ။

ဒီရာသီ ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ လီဗာပူးလ်တို့ဘက်မှာ ခြေစွမ်းအမြင့်ဆုံးကို ရောက်ရှိနေပြီး ရာနှုန်းပြည့်နိုင်ပွဲကိုပဲ ရှာဖွေထားတဲ့ ချယ်လ်ဆီးကို မှတ်လောက်သားလောက်အောင် ဖြိုချဖို့ အန်ဖီးလ်အိမ်ကွင်းပရိသတ်အားရှိနေသလို ဒီရာသီအစမှာ ခြေစွမ်းမတည်​​ငြိမ်သေးဘူးလို့ ယူဆခံထားရတဲ့ မန်စီးတီးက ရမှတ်မရသေးဘဲ သွင်းဂိုး လုံးဝမရှိသေးသလို အဖွင့် ၂ ပွဲဆက် ရှုံးပွဲတွေ့ထားတဲ့ အာဆင်နယ်ကို သက်သောင့်သက်သာပဲ အနိုင်ယူသွားလိ့မ်မယ်လို့ မိုက်ကယ် အိုဝင်က ခန့်မှန်းသွားခဲ့ပါတယ်။

“ချဲလ်ဆီးအသင်းကို ကြည့်ရတာ သိပ်ကောင်းနေပါတယ်။ အခုချိန်အထိ အားနည်းချက်တောင် တစုံတရာ ရှာမရတဲ့အထိပါပဲ။ ပြီးတော့ သူတို့လူစာရင်းက သိပ်ကိုတောင့်တင်းပြီး မာကျောပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ လူကာကူး ကစားသွားတာကို အတော်လေးကြိုက်မိပါတယ်။ သူ့ရဲ့ရွေ့လျားမှုတွေက အလွန်ကောင်းခဲ့တာပါ”

“သူက အာဆင်နယ်ခံစစ်ကို ဗိုလ်ကျအနိုင်ကျင့်ခဲ့သလိုမျိုး အန်ဖီးလ်ကိုရောက်လာရင်ရော ဘယ်လိုနေမလဲ စိတ်ဝင်စားနေပါတယ်။ သူ့ကို ထိန်းချုပ်နိုင်မယ့်သူဆိုရင်တော့ ကျွန်တော်က ဗာဂျီးလ် ဗန်ဒိုက်ကိုသာ မြင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက သိပ်ကြည့်ကောင်းမှာပါ။ ကျွန်တော်ကို ဘက်လိုက်တယ်လို့ပဲဆိုဆိုပါ။ လီဗာပူးလ်ဘက်က အလေးပေးချင်ပါတယ်။ အန်ဖီးလ်ပရိသတ်တွေရှေ့မှာ အိမ်ကွင်းအားနဲ့ ၂-၁ နဲ့နိုင်မယ်လို့ ပြောချင်ပါတယ်”

“အာဆင်နယ်ရဲ့ ရာသီအဖွင့်က တော်တော်ဆိုးဆိုးပါ။ ပြီးတော့ ပွဲကျပ်ကို ထပ်ကစားရမှာမို့ ပိုမလွယ်တော့ပါဘူး။ အရင်တစ်ပတ်က ချဲလ်ဆီးနဲ့ပွဲမှာ သူတို့အသင်းက လူမစုံခဲ့လို့ ချဲလ်ဆီးက သက်သောင့်သက်သာပဲ အနိုင်ယူသွားပြီး အသာတကြည် လက်မြှောက်ခဲ့ရပါတယ်။ ဂိုးပေါက်မှာ လီနိုသာမရှိခဲ့ရင် အတော်လေး အရှက်တကွဲ ရလဒ်မျိုးနဲ့ ရှုံးသွားနိုင်တဲ့အထိပါပဲ”

“မန်စီးတီးကတော့ တိုက်စစ်မှာ စစ်မျက်နှာ အစုံမဖွင့်နိုင်သေးဘူးလို့ ဆိုချင်ပါတယ်။ ဒါပေမယ့် ဒီပွဲက သူတို့ပဲ စားသွားမယ့်ပွဲပါ။ အာဆင်နယ်က ဒီရာသီမှာ တစ်ဂိုးမှ မရသေးပါဘူး။ အခုပွဲမှာလည်း ဂိုးသွင်းနိုင်ဦးမယ်လို့ မယူဆပါဘူး။ ဒါက မပြောင်းလဲနိုင်သေးသလို စီးတီး ၂-၀ နဲ့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်”လို့ အိုဝင်က Bet Victor ဝက်ဘ်ဆိုက်ကို ပြောပြသွားခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ တစ်ပတ်က ဆောက်သမ်တန်အသင်းကို တစ်မှတ်ခွဲပေးလိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ ဝုလ်ဗ်စ်နဲ့ပွဲမှာတော့ နိုင်ပွဲပြန်တွေ့မယ်လို့ အိုဝင်က သူ့ရဲ့ အသင်းဟောင်းကို သုံးသပ်သွားခဲ့သလို သရဲနီတို့ဟာ မိုလီနူးကွင်းမှာ ဂိုးအနည်း ခပ်ပါးပါးနဲ့ ကပ်အနိုင်ရသွားမယ်လို့ ဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ ကေတာ့ စေနေန႔ရဲ႕ ပြဲႀကီးပြဲေကာင္းေတြေၾကာင့္ အ​ေတာ္ေလးၿမိဳင္ဆိုင္ေနတာကို ေတြ႕ရၿပီး ထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီးတို႔ ထိပ္တိုက္ေတြ႕မွာျဖစ္သလို လက္ရွိခ်န္ပီယံမန္စီးတီးအသင္းကလည္း အီတီဟတ္ကြင္းမွာ အာဆင္နယ္အသင္းကို လက္ခံကစားသြားရမွာပါ။

ဒီရာသီ ရာႏႈန္းျပည့္ႏိုင္ပြဲရထားတဲ့ လီဗာပူးလ္တို႔ဘက္မွာ ေျခစြမ္းအျမင့္ဆုံးကို ေရာက္ရွိေနၿပီး ရာႏႈန္းျပည့္ႏိုင္ပြဲကိုပဲ ရွာေဖြထားတဲ့ ခ်ယ္လ္ဆီးကို မွတ္ေလာက္သားေလာက္ေအာင္ ၿဖိဳခ်ဖို႔ အန္ဖီးလ္အိမ္ကြင္းပရိသတ္အားရွိေနသလို ဒီရာသီအစမွာ ေျခစြမ္းမတည္​​ၿငိမ္ေသးဘူးလို႔ ယူဆခံထားရတဲ့ မန္စီးတီးက ရမွတ္မရေသးဘဲ သြင္းဂိုး လုံးဝမရွိေသးသလို အဖြင့္ ၂ ပြဲဆက္ ရႈံးပြဲေတြ႕ထားတဲ့ အာဆင္နယ္ကို သက္ေသာင့္သက္သာပဲ အႏိုင္ယူသြားလိ့မ္မယ္လို႔ မိုက္ကယ္ အိုဝင္က ခန္႔မွန္းသြားခဲ့ပါတယ္။

“ခ်ဲလ္ဆီးအသင္းကို ၾကည့္ရတာ သိပ္ေကာင္းေနပါတယ္။ အခုခ်ိန္အထိ အားနည္းခ်က္ေတာင္ တစုံတရာ ရွာမရတဲ့အထိပါပဲ။ ၿပီးေတာ့ သူတို႔လူစာရင္းက သိပ္ကိုေတာင့္တင္းၿပီး မာေက်ာပါတယ္။ အာဆင္နယ္နဲ႔ပြဲမွာ လူကာကူး ကစားသြားတာကို အေတာ္ေလးႀကိဳက္မိပါတယ္။ သူ႔ရဲ႕ေ႐ြ႕လ်ားမႈေတြက အလြန္ေကာင္းခဲ့တာပါ”

“သူက အာဆင္နယ္ခံစစ္ကို ဗိုလ္က်အႏိုင္က်င့္ခဲ့သလိုမ်ိဳး အန္ဖီးလ္ကိုေရာက္လာရင္ေရာ ဘယ္လိုေနမလဲ စိတ္ဝင္စားေနပါတယ္။ သူ႔ကို ထိန္းခ်ဳပ္ႏိုင္မယ့္သူဆိုရင္ေတာ့ ကြၽန္ေတာ္က ဗာဂ်ီးလ္ ဗန္ဒိုက္ကိုသာ ျမင္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕တိုက္ပြဲက သိပ္ၾကည့္ေကာင္းမွာပါ။ ကြၽန္ေတာ္ကို ဘက္လိုက္တယ္လို႔ပဲဆိုဆိုပါ။ လီဗာပူးလ္ဘက္က အေလးေပးခ်င္ပါတယ္။ အန္ဖီးလ္ပရိသတ္ေတြေရွ႕မွာ အိမ္ကြင္းအားနဲ႔ ၂-၁ နဲ႔ႏိုင္မယ္လို႔ ေျပာခ်င္ပါတယ္”

“အာဆင္နယ္ရဲ႕ ရာသီအဖြင့္က ေတာ္ေတာ္ဆိုးဆိုးပါ။ ၿပီးေတာ့ ပြဲက်ပ္ကို ထပ္ကစားရမွာမို႔ ပိုမလြယ္ေတာ့ပါဘူး။ အရင္တစ္ပတ္က ခ်ဲလ္ဆီးနဲ႔ပြဲမွာ သူတို႔အသင္းက လူမစုံခဲ့လို႔ ခ်ဲလ္ဆီးက သက္ေသာင့္သက္သာပဲ အႏိုင္ယူသြားၿပီး အသာတၾကည္ လက္ေျမႇာက္ခဲ့ရပါတယ္။ ဂိုးေပါက္မွာ လီႏိုသာမရွိခဲ့ရင္ အေတာ္ေလး အရွက္တကြဲ ရလဒ္မ်ိဳးနဲ႔ ရႈံးသြားႏိုင္တဲ့အထိပါပဲ”

“မန္စီးတီးကေတာ့ တိုက္စစ္မွာ စစ္မ်က္ႏွာ အစုံမဖြင့္ႏိုင္ေသးဘူးလို႔ ဆိုခ်င္ပါတယ္။ ဒါေပမယ့္ ဒီပြဲက သူတို႔ပဲ စားသြားမယ့္ပြဲပါ။ အာဆင္နယ္က ဒီရာသီမွာ တစ္ဂိုးမွ မရေသးပါဘူး။ အခုပြဲမွာလည္း ဂိုးသြင္းႏိုင္ဦးမယ္လို႔ မယူဆပါဘူး။ ဒါက မေျပာင္းလဲႏိုင္ေသးသလို စီးတီး ၂-၀ နဲ႔ႏိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္”လို႔ အိုဝင္က Bet Victor ဝက္ဘ္ဆိုက္ကို ေျပာျပသြားခဲ့တာပါ။

ဒါ့အျပင္ ၿပီးခဲ့တဲ့ တစ္ပတ္က ေဆာက္သမ္တန္အသင္းကို တစ္မွတ္ခြဲေပးလိုက္ရတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ ဝုလ္ဗ္စ္နဲ႔ပြဲမွာေတာ့ ႏိုင္ပြဲျပန္ေတြ႕မယ္လို႔ အိုဝင္က သူ႔ရဲ႕ အသင္းေဟာင္းကို သုံးသပ္သြားခဲ့သလို သရဲနီတို႔ဟာ မိုလီႏူးကြင္းမွာ ဂိုးအနည္း ခပ္ပါးပါးနဲ႔ ကပ္အႏိုင္ရသြားမယ္လို႔ ဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.