La Liga Premier League Serie A Transfer News

အူဘာမီယန်း၊ လာကာဇက်၊ အောဝါ၊ ထရစ်ပီယာနဲ့ အာဆင်နယ်အပြောင်းအရွှေ့သတင်းများ

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ဈေးကွက်တင်ထားပြီး ရောင်းချနိုင်ရင် ရောင်းချသွားဖို့ စီစဉ်နေသလို မန်ချက်စတာစီးတီးအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတွေဆီ ပို့ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး ယူရိုသန်း ၂၀ တန် ကမ်းလှမ်းမှု ရတယ်ဆိုတာနဲ့ ဂါဘွန်သားအသင်းခေါင်းဆောင်ရဲ့ လုပ်ခကို လျှော့ချသွားနိုင်ဖို့ ဆန္ဒရှိနေပါတယ်။

အမ်းမရိတ်မှာ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲကို ပေးအပ်ခဲ့တယ်ဆိုတာ နှစ်ရာသီဆက်တိုက် ပရီးမီးယားလိဂ်ဂိုး ၂၀ ကျော် သွင်းယူခဲ့တာကြောင့် ဖြစ်ပြီး လက်ရှိပုံစံလိုမျိုး တစ်နေ့ရွှေ တစ်နေ့ငွေ ပုံစံအတွက် ပေးထားတာ မဟုတ်တာကြောင့် ကြိုးစားအားထုတ်မှု လျော့ကျနေပြီး Comfort Zone မှာ ဟီးဟီးဟားဟားနဲ့ ပျော်ရွှင်နေတဲ့ အူဘာမီယန်းကို အသင်းတာဝန်ရှိသူတွေတင်မကဘဲ ပရိသတ်တွေကပါ စေတနာ မရှိဘဲဖြစ်နေတာပါ။

မန်စီးတီးအသင်းအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နီးစပ်ခဲ့တာကြောင့် အူဘာမီယန်းကို စိတ်မဝင်စားဘူးလို့ ပြောခဲ့ပေမယ့် လက်လွှတ်ခဲ့ရပြီး မန်ယူနိုက်တက်ဆီ ပြန်တော့မယ့် ပေါ်တူဂီသားကြောင့် မျောက်သစ်ကိုင်းလွတ်ဖြစ်ရမှုကို နောက်ဆုံးမှာ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးနဲ့ ကုစားဖို့ ဖြစ်လာနိုင်သလို ကျောနံပါတ် ၇ လက်မဲ့ဖြစ်သွားတဲ့ ဂျူဗင်တပ်စ်ကလည်း အသက်အရွယ်ထောက်လာတဲ့ ကစားသမားတွေ ကြိုက်ရာ စီးရီးအေပြိုင်ပွဲဆီ ဆွဲဆောင်လာဖို့ ရှိနေပါတယ်။

ကွင်းလယ်မှာတော့ ဝီလီယန်က ထွက်ကို ထွက်မှာ၊ နေရာမရှိဘူးလို့ နည်းပြ မီခယ်လ် အာတီတာက ဆိုခဲ့တာကြောင့် သူ့နေရာမှာ လီယွန်ကနေ ရောင်းချသွားဖို့ ဆန္ဒရှိနေတဲ့ ပြင်သစ်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ပြန်လည်ဖြည့်တင်းသွားနိုင်ပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့် ပါဝင်တဲ့ အငှားနဲ့ အာဆင်နယ်တို့ လုပ်ဆောင်နိုင်မလား စောင့်ကြည့်ရဖို့ ရှိနေခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ မာတင် အော်ဒီဂွါဒ်တစ်ယောက် နံပါတ် ၁၀ နေရာမှာ လွတ်လွတ်လပ်လပ် ကစားနိုင်စေဖို့ ဖန်တီးမှု မြင့်မားတဲ့ နံပါတ် ၈ ကွင်းလယ်လူတစ်ယောက်ကို အလိုရှိနေတာဖြစ်ပြီး အောဝါနဲ့ သူ့ကို တွဲပေးဖို့ ဆန္ဒရှိနေသလို တစ်ချိန်က အမ်းမရိတ်မှာ အောင်မြင်ခဲ့ဖူးတဲ့ ကာဇိုလာနဲ့ အိုဇေးလ်တို့ရဲ့ ဂိုးဖန်တီးမှုအင်အားကို တစ်ဖန်ပြန်လည်မွေးဖွားလိုနေကြတာပါ။

ဒီအချိန်မှာ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကိုရော စိတ်ဝင်စားတဲ့ အသင်းရှိမလားဆိုပြီး သူ့ရဲ့ အေးဂျင့်တွေကို ရှာဖွေခိုင်းထားတဲ့ ကိစ္စကတော့ နိဋ္ဌိတံသွားခဲ့ပြီဖြစ်ပြီး လီယွန်တိုက်စစ်မှူးဟောင်းအနေနဲ့ အမ်းမရိတ်မှာ နောက်ထပ်တစ်ရာသီ ဖြတ်သန်းရဖို့ ရှိနေသလို သူ့ကို စိတ်ဝင်စားတဲ့အသင်း မရှိဘူးလို့ အာဆင်နယ် အပြောင်းအရွှေ့ဌာနဆီ အကြောင်းပြန်လာခဲ့ပါတယ်။

ဒီကြားထဲမှာ အက်သလက်တီကို မက်ဒရစ်ရဲ့ လုပ်ဆောင်မှုကတော့ အာဆင်နယ်အတွက် သတင်းကောင်းဖြစ်နေခဲ့ပြီး လီလ်နောက်ခံလူ တူရကီလက်ရွေးစင် ဇီကီ ချယ်လိခ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေလို့ ဒါဟာ နောက်ခံလူ ကီရန် ထရစ်ပီယာကို ရောင်းချဖို့အတွက် ကြိုတင်ပြင်ဆင်မှုပဲလို့ ယူဆနေကြသလို တစ်ချိန်တည်းမှာတော့ အသင်းပရိသတ်တွေက နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ဈေးပိုပေးမိပြီး Panic Buying လုပ်မှာကို စိုးရိမ်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ေဈးကြက္တင္ထားၿပီး ေရာင္းခ်ႏိုင္ရင္ ေရာင္းခ်သြားဖို႔ စီစဥ္ေနသလို မန္ခ်က္စတာစီးတီးအသင္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြဆီ ပို႔ေဆာင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး ယူ႐ိုသန္း ၂၀ တန္ ကမ္းလွမ္းမႈ ရတယ္ဆိုတာနဲ႔ ဂါဘြန္သားအသင္းေခါင္းေဆာင္ရဲ႕ လုပ္ခကို ေလွ်ာ့ခ်သြားႏိုင္ဖို႔ ဆႏၵရွိေနပါတယ္။

အမ္းမရိတ္မွာ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲကို ေပးအပ္ခဲ့တယ္ဆိုတာ ႏွစ္ရာသီဆက္တိုက္ ပရီးမီးယားလိဂ္ဂိုး ၂၀ ေက်ာ္ သြင္းယူခဲ့တာေၾကာင့္ ျဖစ္ၿပီး လက္ရွိပုံစံလိုမ်ိဳး တစ္ေန႔ေ႐ႊ တစ္ေန႔ေငြ ပုံစံအတြက္ ေပးထားတာ မဟုတ္တာေၾကာင့္ ႀကိဳးစားအားထုတ္မႈ ေလ်ာ့က်ေနၿပီး Comfort Zone မွာ ဟီးဟီးဟားဟားနဲ႔ ေပ်ာ္႐ႊင္ေနတဲ့ အူဘာမီယန္းကို အသင္းတာဝန္ရွိသူေတြတင္မကဘဲ ပရိသတ္ေတြကပါ ေစတနာ မရွိဘဲျဖစ္ေနတာပါ။

မန္စီးတီးအသင္းအေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ နီးစပ္ခဲ့တာေၾကာင့္ အူဘာမီယန္းကို စိတ္မဝင္စားဘူးလို႔ ေျပာခဲ့ေပမယ့္ လက္လႊတ္ခဲ့ရၿပီး မန္ယူႏိုက္တက္ဆီ ျပန္ေတာ့မယ့္ ေပၚတူဂီသားေၾကာင့္ ေမ်ာက္သစ္ကိုင္းလြတ္ျဖစ္ရမႈကို ေနာက္ဆုံးမွာ အသက္ ၃၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးနဲ႔ ကုစားဖို႔ ျဖစ္လာႏိုင္သလို ေက်ာနံပါတ္ ၇ လက္မဲ့ျဖစ္သြားတဲ့ ဂ်ဴဗင္တပ္စ္ကလည္း အသက္အ႐ြယ္ေထာက္လာတဲ့ ကစားသမားေတြ ႀကိဳက္ရာ စီးရီးေအၿပိဳင္ပြဲဆီ ဆြဲေဆာင္လာဖို႔ ရွိေနပါတယ္။

ကြင္းလယ္မွာေတာ့ ဝီလီယန္က ထြက္ကို ထြက္မွာ၊ ေနရာမရွိဘူးလို႔ နည္းျပ မီခယ္လ္ အာတီတာက ဆိုခဲ့တာေၾကာင့္ သူ႔ေနရာမွာ လီယြန္ကေန ေရာင္းခ်သြားဖို႔ ဆႏၵရွိေနတဲ့ ျပင္သစ္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ျပန္လည္ျဖည့္တင္းသြားႏိုင္ၿပီး ရာသီကုန္မွာ အၿပီးသတ္ေခၚယူခြင့္ ပါဝင္တဲ့ အငွားနဲ႔ အာဆင္နယ္တို႔ လုပ္ေဆာင္ႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ရွိေနခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ မာတင္ ေအာ္ဒီဂြါဒ္တစ္ေယာက္ နံပါတ္ ၁၀ ေနရာမွာ လြတ္လြတ္လပ္လပ္ ကစားႏိုင္ေစဖို႔ ဖန္တီးမႈ ျမင့္မားတဲ့ နံပါတ္ ၈ ကြင္းလယ္လူတစ္ေယာက္ကို အလိုရွိေနတာျဖစ္ၿပီး ေအာဝါနဲ႔ သူ႔ကို တြဲေပးဖို႔ ဆႏၵရွိေနသလို တစ္ခ်ိန္က အမ္းမရိတ္မွာ ေအာင္ျမင္ခဲ့ဖူးတဲ့ ကာဇိုလာနဲ႔ အိုေဇးလ္တို႔ရဲ႕ ဂိုးဖန္တီးမႈအင္အားကို တစ္ဖန္ျပန္လည္ေမြးဖြားလိုေနၾကတာပါ။

ဒီအခ်ိန္မွာ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကိုေရာ စိတ္ဝင္စားတဲ့ အသင္းရွိမလားဆိုၿပီး သူ႔ရဲ႕ ေအးဂ်င့္ေတြကို ရွာေဖြခိုင္းထားတဲ့ ကိစၥကေတာ့ နိ႒ိတံသြားခဲ့ၿပီျဖစ္ၿပီး လီယြန္တိုက္စစ္မႉးေဟာင္းအေနနဲ႔ အမ္းမရိတ္မွာ ေနာက္ထပ္တစ္ရာသီ ျဖတ္သန္းရဖို႔ ရွိေနသလို သူ႔ကို စိတ္ဝင္စားတဲ့အသင္း မရွိဘူးလို႔ အာဆင္နယ္ အေျပာင္းအေ႐ႊ႕ဌာနဆီ အေၾကာင္းျပန္လာခဲ့ပါတယ္။

ဒီၾကားထဲမွာ အက္သလက္တီကို မက္ဒရစ္ရဲ႕ လုပ္ေဆာင္မႈကေတာ့ အာဆင္နယ္အတြက္ သတင္းေကာင္းျဖစ္ေနခဲ့ၿပီး လီလ္ေနာက္ခံလူ တူရကီလက္ေ႐ြးစင္ ဇီကီ ခ်ယ္လိခ္ကို ေခၚယူသြားဖို႔ ျပင္ဆင္ေနလို႔ ဒါဟာ ေနာက္ခံလူ ကီရန္ ထရစ္ပီယာကို ေရာင္းခ်ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈပဲလို႔ ယူဆေနၾကသလို တစ္ခ်ိန္တည္းမွာေတာ့ အသင္းပရိသတ္ေတြက နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ေဈးပိုေပးမိၿပီး Panic Buying လုပ္မွာကို စိုးရိမ္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.