Premier League Serie A Transfer News

CR7 Derby မှာ ဆာအဲလက်စ်ကြောင့် မန်စီးတီးကို အနိုင်ရရှိသွားတဲ့ မန်ယူနိုက်တက်

အခုရက်ပိုင်းအတွင်းမှာ မန်စီးတီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူပြီး အီတီဟတ်ကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ သတင်းခေါင်းကြီးတွေကနေ တက်လာခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းက ကြားဖြတ်ဝင်လုဖို့ စီစဥ်နေပြီဖြစ်​ကြောင်း သတင်းထူးအနေနဲ့ တောက်လျှောက်တက်လာခဲ့ပါတယ်။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကို အသင်းကနေ ထွက်ခွာလိုကြောင်း ရုတ်တရက်တောင်းဆိုပြီး သောကြာနေ့မှာ အသင်းရဲ့ ထရိန်နင်ကို မဆင်းတော့ဘဲ အသင်းဖော်တွေကို နှုတ်ဆက်ထားပြီးဖြစ်တဲ့ ရော်နယ်လ်ဒိုကို ကြားဖြတ်ခေါ်ယူသွားဖို့ မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာတို့အုပ်စုက ဝင်ရောက်လာခဲ့ပြီး ကမ်းလှမ်းမှုတွေစတင်ပြုလုပ်နေကာ ကစားသမားရဲ့အေးဂျင့် ဂျော်ဂျီ မန်ဒက်စ်နဲ့ ထိပ်တိုက်ဆွေးနွေးနေပြီဖြစ်ပါတယ်။

အီတလီအပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အတည်ပြုချက်အရ ပေါ်တူဂီသားအနေနဲ့ မန်ချက်စတာယူနိုက်တက်ဆီ အိမ်ပြန်လာပြီး ပရီးမီးယားလိဂ်မှာ တကျော့ပြန်အခြေချဖို့ ပိုမိုနီးစပ်နေကြောင်း ဖော်ပြသွားခဲ့ပြီး အသင်းတာဝန်ရှိသူတွေဟာ လစာနဲ့ ပြောင်းရွှေ့ကြေးကိစ္စအဝဝကို စတင်ညှိနှိုင်းနေပြီလို့ ဆိုပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက “လာမယ့် ၃ ရက်၊ ၄ ရက်အတွင်းမှာ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဘယ်အသင်းကိုမဆို စိတ်ကြိုက် ခေါင်းခေါက်ရွေးချယ်နိုင်တဲ့ ကစားသမားအနည်းစုစာရင်းမှာ ရော်နယ်လ်ဒိုလည်းပါပါတယ်။ သူဆုံးဖြတ်ပါလိမ့်မယ်။ အခုတော့ အရာရာအပြီးသတ်ဖို့ အဝေးကြီးလိုသေးပြီး အလှမ်းကွာနေပါသေးတယ်” လို့ ဆိုသွားခဲ့ချိန်မှာ နှုတ်ရေးသဘောတူညီမှုသာ ရယူထားခြင်းဖြစ်လို့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ မခိုင်မာသေးဘူးလို့ သိရှိထားရပြီး နောက်ဆုံးသတင်းတွေအရတော့ အစ်တီဟတ်ဘက်က ပြိုင်ပွဲထဲကနေ နုတ်ထွက်သွားပြီလို့ သိရပါတယ်။

ကစားသမားအပြောင်းအရွှေ့ကိစ္စတွေမှာ နှုတ်ဆိတ်လေ့ရှိတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီ ဂန်းနား ဆိုးလ်ရှားကလည်း “ခရစ္စတီယာနို ရော်နယ်လ်ဒိုလား။ ကျွန်တော်တို့နှစ်ယောက်က အမြဲတမ်းကောင်းမွန်တဲ့ ဆက်သွယ်ပြောဆိုမှုတွေ ရှိထားပါတယ်။ ဘရူနိုကလည်း သူ့ကို စကားတွေပြောနေပါတယ်။ ပြီးတော့ သူက ကျွန်တော် သူ့အပေါ်မှာ ဘယ်လိုခံစားချက်ရှိတယ်ဆိုတာ ကောင်းကောင်းသိထားတဲ့သူပါ။ သူသာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာလာမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ကြိုဆိုသွားဖို့ အသင့်ပါပဲ” လို့ လူသိရှင်ကြား ထုတ်ပြောလာခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် BBC ရဲ့ နောက်ဆုံးသတင်းအရ ရော်နယ်လ်ဒိုကို မန်စီးတီးဘက်က နောက်ဆုတ်သွားခဲ့ကြောင်း ဖော်ပြသွားခဲ့လို့ ဒီနေ့မနက်မှာ ဆာအဲလက်စ် ဖာဂူဆန်နဲ့ စကားပြောဆိုထားတဲ့ အသက် ၃၆ နှစ်သားဟာ အိပ်မက်ကဇာတ်ရုံမှာ တစ်ကျော့ပြန်ခိုနားဖို့ ရာခိုင်နှုန်းပိုများလာခဲ့သလို ဂက်စတီဖုအေးဂျင့် မန်ဒက်စ်နဲ့ ဆွေးနွေးမှုတွေဟာ အတော်လေးခရီးပေါက်နေပြီလို့ သိရှိထားရပြီး တူရင်မြေကနေ လေယာဥ်နဲ့ထွက်ခွာလာခဲ့ပြီလို့လည်း အတည်ပြုခံထားရပါတယ်။

လက်ရှိအချိန်ထိ နောက်ဆုံးရသတင်းမှာ ကစားသမားဘက်ကလည်း အိုးထရက်ဖို့ဒ်ကို မီးစိမ်းပြလိုက်ပြီလို့ သိရပြီး ယူနိက်တက်တို့ရဲ့ ရော်နယ်လ်ဒိုကို ဂျူဗင်တပ်အသင်းဆီ တရားဝင်ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီး ကစားသမားဘက်နဲ့ အသေးစိတ် အချက်လက်တွေ ညှိနှိုင်းနေပြီး မကြာမီမှာ သဘောတူညီမှုစာချုပ် ချုပ်ဆိုတော့မှာဖြစ်တယ်လို့ နာမည်ကြီးသတင်းထောက် ရိုမာနိုက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အိပ်မက်ကဇာတ်ရုံနဲ့ အပြောင်းအရွှေ့ဟာ ယူနိုက်တက်က ကမ်းလှမ်းခဲ့တဲ့ ရော်နယ်လ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ ကို ဂျူဗင်တပ်စ်အသင်းက လက်ခံခဲ့ပြီးနောက် တရားဝင်ဖြစ်သွားပြီဟု သိရပြီး လစ္စဘွန်းမှာ ဆေးစစ်မှုခံယူသွားမယ့်နောက်မှာ ရော်နယ်လ်ဒိုအတွက် ၂၀၂၃ ဂျွန်လအထိချုပ်ဆိုမယ့် ၂ နှစ်စာချုပ်နဲ့အတူ တပတ်လုပ်ခ ပေါင် ၂၇၀၀၀၀ နဲ့ သဘောတူညီမှုရခဲ့ပြီလို့ ဆိုပါတယ်။ သရဲနီပရိသတ်တွေအတွက်တော့ ဒီအပြောင်းအရွှေ့ကာလရဲ့ အပျော်ရွင်ဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး သတင်းကောင်းတခုဖြစ်လာခဲ့ပြီး တကျော့ပြန်သရဲနီဖြစ်လာပြီဖြစ်တဲ့ ရော်နယ်လ်ဒိုရဲ့ အိမ်အပြန်ခရီးကို ကြိုဆိုသွားဖို့ အလားအလာအကောင်းဆုံးရှိနေပြီလို့လည်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အခုရက္ပိုင္းအတြင္းမွာ မန္စီးတီးအသင္းနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရယူၿပီး အီတီဟတ္ကို ေရာက္ရွိဖို႔ နီးစပ္ေနၿပီလို႔ သတင္းေခါင္းႀကီးေတြကေန တက္လာခဲ့တဲ့ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ၾကားျဖတ္ဝင္လုဖို႔ စီစဥ္ေနၿပီျဖစ္​ေၾကာင္း သတင္းထူးအေနနဲ႔ ေတာက္ေလွ်ာက္တက္လာခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီကို အသင္းကေန ထြက္ခြာလိုေၾကာင္း ႐ုတ္တရက္ေတာင္းဆိုၿပီး ေသာၾကာေန႔မွာ အသင္းရဲ႕ ထရိန္နင္ကို မဆင္းေတာ့ဘဲ အသင္းေဖာ္ေတြကို ႏႈတ္ဆက္ထားၿပီးျဖစ္တဲ့ ေရာ္နယ္လ္ဒိုကို ၾကားျဖတ္ေခၚယူသြားဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းပိုင္ရွင္ ဂေလဇာတို႔အုပ္စုက ဝင္ေရာက္လာခဲ့ၿပီး ကမ္းလွမ္းမႈေတြစတင္ျပဳလုပ္ေနကာ ကစားသမားရဲ႕ေအးဂ်င့္ ေဂ်ာ္ဂ်ီ မန္ဒက္စ္နဲ႔ ထိပ္တိုက္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။

အီတလီအေျပာင္းအေ႐ႊ႕သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ အတည္ျပဳခ်က္အရ ေပၚတူဂီသားအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ဆီ အိမ္ျပန္လာၿပီး ပရီးမီးယားလိဂ္မွာ တေက်ာ့ျပန္အေျခခ်ဖို႔ ပိုမိုနီးစပ္ေနေၾကာင္း ေဖာ္ျပသြားခဲ့ၿပီး အသင္းတာဝန္ရွိသူေတြဟာ လစာနဲ႔ ေျပာင္းေ႐ႊ႕ေၾကးကိစၥအဝဝကို စတင္ညႇိႏႈိင္းေနၿပီလို႔ ဆိုပါတယ္။

မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာက “လာမယ့္ ၃ ရက္၊ ၄ ရက္အတြင္းမွာ ဘာမဆို ျဖစ္လာႏိုင္ပါတယ္။ ဘယ္အသင္းကိုမဆို စိတ္ႀကိဳက္ ေခါင္းေခါက္ေ႐ြးခ်ယ္ႏိုင္တဲ့ ကစားသမားအနည္းစုစာရင္းမွာ ေရာ္နယ္လ္ဒိုလည္းပါပါတယ္။ သူဆုံးျဖတ္ပါလိမ့္မယ္။ အခုေတာ့ အရာရာအၿပီးသတ္ဖို႔ အေဝးႀကီးလိုေသးၿပီး အလွမ္းကြာေနပါေသးတယ္” လို႔ ဆိုသြားခဲ့ခ်ိန္မွာ ႏႈတ္ေရးသေဘာတူညီမႈသာ ရယူထားျခင္းျဖစ္လို႔ ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ မခိုင္မာေသးဘူးလို႔ သိရွိထားရၿပီး ေနာက္ဆုံးသတင္းေတြအရေတာ့ အစ္တီဟတ္ဘက္က ၿပိဳင္ပြဲထဲကေန ႏုတ္ထြက္သြားၿပီလို႔ သိရပါတယ္။

ကစားသမားအေျပာင္းအေ႐ႊ႕ကိစၥေတြမွာ ႏႈတ္ဆိတ္ေလ့ရွိတဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီ ဂန္းနား ဆိုးလ္ရွားကလည္း “ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလား။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္က အၿမဲတမ္းေကာင္းမြန္တဲ့ ဆက္သြယ္ေျပာဆိုမႈေတြ ရွိထားပါတယ္။ ဘ႐ူႏိုကလည္း သူ႔ကို စကားေတြေျပာေနပါတယ္။ ၿပီးေတာ့ သူက ကြၽန္ေတာ္ သူ႔အေပၚမွာ ဘယ္လိုခံစားခ်က္ရွိတယ္ဆိုတာ ေကာင္းေကာင္းသိထားတဲ့သူပါ။ သူသာ ဂ်ဴဗင္တပ္စ္ကေန ထြက္ခြာလာမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ဘက္က ႀကိဳဆိုသြားဖို႔ အသင့္ပါပဲ” လို႔ လူသိရွင္ၾကား ထုတ္ေျပာလာခဲ့ၿပီလည္းျဖစ္ပါတယ္။

ဒါ့အျပင္ BBC ရဲ႕ ေနာက္ဆုံးသတင္းအရ ေရာ္နယ္လ္ဒိုကို မန္စီးတီးဘက္က ေနာက္ဆုတ္သြားခဲ့ေၾကာင္း ေဖာ္ျပသြားခဲ့လို႔ ဒီေန႔မနက္မွာ ဆာအဲလက္စ္ ဖာဂူဆန္နဲ႔ စကားေျပာဆိုထားတဲ့ အသက္ ၃၆ ႏွစ္သားဟာ အိပ္မက္ကဇာတ္႐ုံမွာ တစ္ေက်ာ့ျပန္ခိုနားဖို႔ ရာခိုင္ႏႈန္းပိုမ်ားလာခဲ့သလို ဂက္စတီဖုေအးဂ်င့္ မန္ဒက္စ္နဲ႔ ေဆြးေႏြးမႈေတြဟာ အေတာ္ေလးခရီးေပါက္ေနၿပီလို႔ သိရွိထားရၿပီး တူရင္ေျမကေန ေလယာဥ္နဲ႔ထြက္ခြာလာခဲ့ၿပီလို႔လည္း အတည္ျပဳခံထားရပါတယ္။

လက္ရွိအခ်ိန္ထိ ေနာက္ဆုံးရသတင္းမွာ ကစားသမားဘက္ကလည္း အိုးထရက္ဖို႔ဒ္ကို မီးစိမ္းျပလိုက္ၿပီလို႔ သိရၿပီး ယူနိက္တက္တို႔ရဲ႕ ေရာ္နယ္လ္ဒိုကို ဂ်ဴဗင္တပ္အသင္းဆီ တရားဝင္ကမ္းလွမ္းမႈကို လက္ခံရရွိခဲ့ၿပီး ကစားသမားဘက္နဲ႔ အေသးစိတ္ အခ်က္လက္ေတြ ညႇိႏႈိင္းေနၿပီး မၾကာမီမွာ သေဘာတူညီမႈစာခ်ဳပ္ ခ်ဳပ္ဆိုေတာ့မွာျဖစ္တယ္လို႔ နာမည္ႀကီးသတင္းေထာက္ ႐ိုမာႏိုက အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။

အိပ္မက္ကဇာတ္႐ုံနဲ႔ အေျပာင္းအေ႐ႊ႕ဟာ ယူႏိုက္တက္က ကမ္းလွမ္းခဲ့တဲ့ ေရာ္နယ္လ္ဒိုအတြက္ ေျပာင္းေရႊ႔ေၾကး ယူရိုသန္း ၂၀ ကို ဂ်ဴဗင္တပ္စ္အသင္းက လက္ခံခဲ့ျပီးေနာက္ တရားဝင္​ျဖစ္သြားျပီဟု သိရၿပီး လစၥဘြန္းမွာ ေဆးစစ္မႈခံယူသြားမယ့္ေနာက္မွာ ေရာ္နယ္လ္ဒိုအတြက္ ၂၀၂၃ ဂြၽန္လအထိခ်ဳပ္ဆိုမယ့္ ၂ ႏွစ္စာခ်ဳပ္နဲ႔အတူ တပတ္လုပ္ခ ေပါင္ ၂၇၀၀၀၀ နဲ႔ သေဘာတူညီမႈရခဲ့ၿပီလို႔ ဆိုပါတယ္။ သရဲနီပရိသတ္ေတြအတြက္ေတာ့ ဒီအေျပာင္းအေ႐ႊ႕ကာလရဲ႕ အေပ်ာ္႐ြင္ဆုံးနဲ႔ စိတ္လႈပ္ရွားစရာအေကာင္းဆုံး သတင္းေကာင္းတခုျဖစ္လာခဲ့ၿပီး တေက်ာ့ျပန္သရဲနီျဖစ္လာျပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုရဲ႔ အိမ္အျပန္ခရီးကို ႀကိဳဆိုသြားဖို႔ အလားအလာအေကာင္းဆုံးရွိေနၿပီလို႔လည္း အတည္ျပဳႏိုင္ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.