Article Premier League

ချဲလ်ဆီးဖန်တွေရဲ့ အကြိုဆိုခံ မဟုတ်ခဲ့ရာကနေ တူဟယ်လ်မှတူဟယ်လ် ဘယ်လိုဖြစ်လာခဲ့လဲ

ချဲလ်ဆီးပရိသတ်တွေအတွက်တော့ အသင်းက ထုတ်ပယ်လိုက်တဲ့ ဖရန့် လမ်းပတ်နေရာကို သောမတ်စ် တူဟယ်လ် ရောက်လာတုန်းက အားတက်သရောနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့သူတွေက သိပ်များခဲ့တာတော့ မဟုတ်ပါဘူး။ ဂန္ထဝင် ဖရန်ကီထွက်သွားလို့ စိတ်ထိခိုက်နေတာကြကြောင့်လည်းဖြစ်နိုင်သလို ကြေကွဲလို့မှ မဝကြသေးခင် တူဟယ်လ်ကလည်း နေ့ချင်းညချင်း အလျင်စလို ရောက်လာခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ နည်းပြဘဝကို ပြန်ကြည့်ရင်လည်း အထင်ကြီးလောက်စရာဆိုလို့ ဒေါ့မွန်ကို ပိုကြမ်းလာအောင် မွမ်းမံပေးခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုက များများစားစား မရှိခဲ့တာတစ်ကြောင်း၊ ပီအက်စ်ဂျီကို ထူးမခြားနား ဥခွံထဲကနေ ခွဲမထုတ်နိုင်ဘဲ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကျဆုံးခဲ့တာကြောင့်တစ်ကြောင်း စတမ်းဖို့ဒ်ဘရစ်ချ်က နှစ်နှစ်ခံပင်အဖြစ်နဲ့ အဆုံးသတ်သွားမှာပေါ့လို့ ပရိသတ်တွေ တွေးကောင်းတွေးခဲ့ကြမှာပါ။

အဲ့ဒီအချိန်တုန်းက ချဲလ်ဆီးပရိသတ်တွေရဲ့ အသည်းအသန် လိုချင်နေသူက နောက်ထပ်လူငယ်နည်းပြတစ်ယောက်ဖြစ်ခဲ့ပြီး RB လိုက်ပ်ဇစ်အသင်းမှာ ရွှေဖြစ်လာခဲ့တဲ့ နာဂဲလ်စ်မန်းဖြစ်နေသလို တူဟယ်လ်ရောက်လာချိန်မှာတော့ ဂျာမန်နည်းပြချင်း မှားခေါ်တာလားလို့တောင် မေးယူခဲ့ကြရပြီး ပီအက်စ်ဂျီအင်အားနဲ့တောင် မအောင်မြင်ခဲ့တာ ချဲလ်ဆီးက လူစာရင်းနဲ့ ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် တူဟယ်လ် စကိုင်တွယ်တဲ့ ဝုလ်ဗ်စ်နဲ့ပွဲမှာ သိသာထင်ရှားတဲ့ အပေါင်းလက္ခဏာတွေ အများကြီးမြင်ခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပရိသတ်တွေအတွက် ကျေနပ်စရာတွေ ဖြစ်လာခဲ့တာပါ။ အဲ့ဒီပွဲက အစပြုလို့ ဝါးအစည်းပြေသလို ဖရိုဖရဲဖြစ်နေတဲ့ ချဲလ်ဆီးအသင်းကို တူဟယ်လ်က လက်မတင်ကလေး ကယ်တင်နိုင်ခဲ့ပြီး လူကြီးလူငယ် မျှတရောစပ်ထားတဲ့ အစုအဖွဲ့ကို မာကျောကျစ်လစ်ပြီး Team Work ကောင်းတဲ့ အသင်းတစ်သင်းဖြစ်အောင် အသွင်ကူးပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အသင်းကို ဘယ်သူကမှ ရင်ဆိုင်မကစားချင်အောင် တည်ဆောက်သွားမှာပါ”လို့ ဆိုခဲ့တုန်းက တချို့တွေက ဟားခဲ့ကြပေမယ့် လက်တွေ့မှာ ဒီစကားက သွေးအေးအေးနဲ့ ပြတ်ပြတ်သားသား ပြောသွားခဲ့တာဆိုတာ အချိန်က သက်သေပြခဲ့ပြီး စကားလုံးတွေထဲက ယုံကြည်မှုနဲ့ မဆုတ်မနစ် နောက်ဆုံးအချိန်အထိ ကြိုးစားအားထုတ်မှုတွေက ပေါ်လွင်လာခဲ့ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကစားသမားတွေအပေါ် ယုံကြည်ကိုးစားမှု၊ နည်းပြရဲ့ ဗျူဟာတွေအပေါ် အသင်းသားတွေကို ကျေညက်နေအောင် ရိုက်သွင်းထားနိုင်မှု၊ ကစားသမားတွေအချင်းချင်း ချစ်ခင်စည်းလုံးမှုနဲ့ မိသားစုဆန်တဲ့ အသင်းတစ်သင်းဖြစ်လာစေဖို့ ဒါတွေကို တူဟယ်လ်က ၄ လအတွင်း ပုံသွင်းပေးခဲ့တာဖြစ်ပြီး ချဲလ်ဆီးပရိသတ်တွေနဲ့ တာဝန်ရှိသူတွေရဲ့ လေးစားမှုတွေကို သိမ်းကျုံးရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်လို မာကျောတဲ့ အသင်းတစ်သင်းကို ချန်ပီယံလိဂ်မှာ ကျော်ဖြတ်ခဲ့ပြီးကတည်းက ချဲလ်ဆီးပရိသတ်တွေရဲ့ ယုံကြည်မှုကို ပိုမိုရယူနိုင်ခဲ့ပြီး သူတို့နည်းပြဟာ ဒီဖလားကို ဗိုလ်စွဲဖို့ ကိုင်တွယ်ပေးနိုင်မယ်ဆိုတဲ့ ခံစားချက်က စတင်သန္ဓေတည်ခဲ့သလို ပေါ်တို၊ ရီးရဲလ်မက်ဒရစ်တို့ကို ဆက်တိုက် ကျော်ဖြတ်နိုင်ခဲ့တော့ ဒီဖလားက သူတို့အတွက်ပဲလို့ ပိုပြီးစိတ်ချလာခဲ့ကြတာပါ။

ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ကို ကမ္ဘာ့အဆင့်ခံစစ်မှူးတွေ ဖြစ်လာအောင် မြှင့်တင်ပေးနိုင်ခဲ့သလို ရေပက်မဝင်တဲ့ ခံစစ်ကြောင်းကို ဂိုးသမား မန်ဒီရဲ့ ကာကွယ်မှုတွေနဲ့အတူ တည်ဆောက်နိုင်ခဲ့ပြီး အရင်က အနှိမ်ခံ ဂျော်ဂျင်ညိုကို နောက်တစ်ဆင့် မြင့်မားအောင်ပါ ပို့ပေးခဲ့တဲ့ တူဟယ်လ်ရဲ့ လမ်းညွှန်မှုတွေက အသင်းရဲ့ Trade Mark နဲ့ DNA ဖြစ်လာသလို ဖာဘရီဂက်စ်ကို ဘယ်သူမှ မလွမ်းတော့တဲ့အထိ ဖြစ်လာခဲ့တယ်။

ချဲလ်ဆီးပရိသတ်တွေ မမြင်ခဲ့ကြတဲ့ အထူးသဖြင့် ရှေ့က ဆာရီနဲ့ လမ်းပတ်တို့ နည်းပြနှစ်ယောက် ညှစ်မထုတ်နိုင်ခဲ့ကြတဲ့ ဂျော်ဂျင်ညိုရဲ့ အံ့မခန်း အရည်အသွေးတွေကို တူဟယ်လ်က တစ်လွှာချင်း သုံးစွဲပြနိုင်ခဲ့ပြီး အီတလီသားဟာ ကမ္ဘာ့ထိပ်တန်းကစားသမားမျိုးလို့ ကွက်ကွက်ကွင်းကွင်း မြင်လာစေအောင် ဖန်တီးပြခဲ့တာက ဂျာမန်သားကြီးရဲ့ အရာအားလုံးလို့ ဆိုနိုင်သလို ယုံကြည်မှုမြင့်မားခဲ့ချိန်မှာ အီတလီနဲ့ပါ ချန်ပီယံဖြစ်ခဲ့သေးတာပါ။

မနေ့ညက ချန်ပီယံလိဂ် မဲခွဲပွဲနဲ့ ဆုချီးမြှင့်ပွဲက ချဲလ်ဆီးပရိသတ်တွေရဲ့ ဂုဏ်ယူဝင့်ကြွားရဆုံး အဖိုးအနဂ္ဃ ထိုက်တန်လွန်းတဲ့ အချိန်တွေဆိုတာ အားလုံးသိမြင်နိုင်သလို နေရာအလိုက် အကောင်းဆုံးဆုတွေဆိုလည်း သူတို့ကစားသမားတွေချည်း သိမ်းကျုံးယူရယူမယ်ဆိုတာ ကြိုသိနေပြီး တကယ်တမ်းလည်း ထပ်တူကျခဲ့ပါတယ်။ ရူဒီဂါနဲ့ အက်ဇ်ပီလီကွေတာတို့ ဆုမရတဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြတဲ့အထိ ဒီလူတွေရဲ့ အရည်အသွေးကို မှတ်ကျောက်တင် အစမ်းသပ်ခံနိုင်အောင် တူဟယ်လ်က အကွက်ဖော်ပြီး သွေးထားပေးခဲ့တာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်အောင်မြင်မှုတွေနဲ့အတူ မန်ဒီက ဂိုးသမားဆု၊ ကွန်တေက ကွင်းလယ်ဆု၊ တူဟယ်လ်က နည်းပြဆုနဲ့ ဂျော်ဂျင်ညိုက အကောင်းဆုံးဆုကို ရရှိသွားခဲ့လို့ ချဲလ်ဆီးပရိသတ်တွေ ယုံကြည်မှုက မိုးထိတက်ခဲ့ပြီး အုပ်စု(H)မှာ ဂျူဗင်တပ်စ်နဲ့ တွေ့ဆုံခဲ့တာကိုတောင် ခက်ခဲတယ်လို့ မထင်တော့ဘဲ ဘာလာလာ ဒေါင်းပစ်လိုက်ဖို့ ဂျိုကာ တူဟယ်လ်က လက်ထဲမှာလို့ တွေးနေခဲ့ကြမှာ အမှန်ပါပဲ။

ဒီလိုမျိုး လူမှုမီဒီယာတွေပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ ချဲလ်ဆီးဖန်တွေ ပွဲခံနိုင်ဖို့ တူဟယ်လ်ဟာ ချန်ပီယံလိဂ်ကို ဗိုလ်စွဲခဲ့တဲ့အထိ ၄ လ၊ လက်ရှိအချိန်အထိဆိုရင် ၇ လသာ အချိန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် ရယူဖို့နဲ့ ချန်ပီယံလိဂ်မှာလည်း ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့ အားလုံးက ယုံကြည်ချက်ရှိနေကြပါတယ်။

၃-၄-၃၊ ၃-၅-၂ ပုံစံတွေနဲ့ ချဲလ်ဆီးကို ထိပ်တန်းတစ်သင်းဖြစ်အောင် တည်ဆောက်ပြီး လမ်းညွှန်နေခဲ့တဲ့ တူဟယ်လ်ဆီကို ဒီရာသီမှာ တိုက်စစ်မှူး ရိုမီလူ လူကာကူးကပါ လက်နက်ကြီးတစ်ခုအဖြစ် ရောက်ရှိလာချိန်မှာ သူတို့ရဲ့ အင်အားကို အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာက နောက်ထပ် ထိပ်တန်းကစားသမားနှစ်ဦးဖြစ်တဲ့ ဂျူးလ် ကွန်ဒီ၊ ဆာအူးလ် ညီးရက်ဇ်တို့နဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့ရင်တော့ စတမ်းဖို့ဒ်ဘရစ်ချ်က ခြင်္သေ့ပြာတွေဟာ အတောင်ပံတွေ ရှိရုံမကဘူး၊ ခံတွင်းကလည်း မီးထွက်ပြီး မျက်စောင်းထိုးရင် ပြာကျတဲ့ အစွမ်းပါ ပိုင်ဆိုင်ထားမယ်လို့တောင် ပရိသတ်တွေ ယုံကြည့်နေကြမလားဆိုတာကိုတော့…

REF: KO WAI PHYO (CFC FAN)
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ေတာ့ အသင္းက ထုတ္ပယ္လိုက္တဲ့ ဖရန႔္ လမ္းပတ္ေနရာကို ေသာမတ္စ္ တူဟယ္လ္ ေရာက္လာတုန္းက အားတက္သေရာနဲ႔ လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုတဲ့သူေတြက သိပ္မ်ားခဲ့တာေတာ့ မဟုတ္ပါဘူး။ ဂႏၴဝင္ ဖရန္ကီထြက္သြားလို႔ စိတ္ထိခိုက္ေနတာၾကေၾကာင့္လည္းျဖစ္ႏိုင္သလို ေၾကကြဲလို႔မွ မဝၾကေသးခင္ တူဟယ္လ္ကလည္း ေန႔ခ်င္းညခ်င္း အလ်င္စလို ေရာက္လာခဲ့တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

သူ႔ရဲ႕ နည္းျပဘဝကို ျပန္ၾကည့္ရင္လည္း အထင္ႀကီးေလာက္စရာဆိုလို႔ ေဒါ့မြန္ကို ပိုၾကမ္းလာေအာင္ မြမ္းမံေပးခဲ့ေပမယ့္ ဆုဖလားေအာင္ျမင္မႈက မ်ားမ်ားစားစား မရွိခဲ့တာတစ္ေၾကာင္း၊ ပီအက္စ္ဂ်ီကို ထူးမျခားနား ဥခြံထဲကေန ခြဲမထုတ္ႏိုင္ဘဲ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ က်ဆုံးခဲ့တာေၾကာင့္တစ္ေၾကာင္း စတမ္းဖို႔ဒ္ဘရစ္ခ်္က ႏွစ္ႏွစ္ခံပင္အျဖစ္နဲ႔ အဆုံးသတ္သြားမွာေပါ့လို႔ ပရိသတ္ေတြ ေတြးေကာင္းေတြးခဲ့ၾကမွာပါ။

အဲ့ဒီအခ်ိန္တုန္းက ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ အသည္းအသန္ လိုခ်င္ေနသူက ေနာက္ထပ္လူငယ္နည္းျပတစ္ေယာက္ျဖစ္ခဲ့ၿပီး RB လိုက္ပ္ဇစ္အသင္းမွာ ေ႐ႊျဖစ္လာခဲ့တဲ့ နာဂဲလ္စ္မန္းျဖစ္ေနသလို တူဟယ္လ္ေရာက္လာခ်ိန္မွာေတာ့ ဂ်ာမန္နည္းျပခ်င္း မွားေခၚတာလားလို႔ေတာင္ ေမးယူခဲ့ၾကရၿပီး ပီအက္စ္ဂ်ီအင္အားနဲ႔ေတာင္ မေအာင္ျမင္ခဲ့တာ ခ်ဲလ္ဆီးက လူစာရင္းနဲ႔ ျဖစ္ႏိုင္ပါ့မလားလို႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ တူဟယ္လ္ စကိုင္တြယ္တဲ့ ဝုလ္ဗ္စ္နဲ႔ပြဲမွာ သိသာထင္ရွားတဲ့ အေပါင္းလကၡဏာေတြ အမ်ားႀကီးျမင္ခဲ့ရၿပီး ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ပရိသတ္ေတြအတြက္ ေက်နပ္စရာေတြ ျဖစ္လာခဲ့တာပါ။ အဲ့ဒီပြဲက အစျပဳလို႔ ဝါးအစည္းေျပသလို ဖ႐ိုဖရဲျဖစ္ေနတဲ့ ခ်ဲလ္ဆီးအသင္းကို တူဟယ္လ္က လက္မတင္ကေလး ကယ္တင္ႏိုင္ခဲ့ၿပီး လူႀကီးလူငယ္ မွ်တေရာစပ္ထားတဲ့ အစုအဖြဲ႕ကို မာေက်ာက်စ္လစ္ၿပီး Team Work ေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ေအာင္ အသြင္ကူးေျပာင္းေပးခဲ့တာလည္းျဖစ္ပါတယ္။

“ကြၽန္ေတာ့္အသင္းကို ဘယ္သူကမွ ရင္ဆိုင္မကစားခ်င္ေအာင္ တည္ေဆာက္သြားမွာပါ”လို႔ ဆိုခဲ့တုန္းက တခ်ိဳ႕ေတြက ဟားခဲ့ၾကေပမယ့္ လက္ေတြ႕မွာ ဒီစကားက ေသြးေအးေအးနဲ႔ ျပတ္ျပတ္သားသား ေျပာသြားခဲ့တာဆိုတာ အခ်ိန္က သက္ေသျပခဲ့ၿပီး စကားလုံးေတြထဲက ယုံၾကည္မႈနဲ႔ မဆုတ္မနစ္ ေနာက္ဆုံးအခ်ိန္အထိ ႀကိဳးစားအားထုတ္မႈေတြက ေပၚလြင္လာခဲ့ပါတယ္။

ကိုယ့္ကိုယ္ကို ယုံၾကည္မႈ၊ ကစားသမားေတြအေပၚ ယုံၾကည္ကိုးစားမႈ၊ နည္းျပရဲ႕ ဗ်ဴဟာေတြအေပၚ အသင္းသားေတြကို ေက်ညက္ေနေအာင္ ႐ိုက္သြင္းထားႏိုင္မႈ၊ ကစားသမားေတြအခ်င္းခ်င္း ခ်စ္ခင္စည္းလုံးမႈနဲ႔ မိသားစုဆန္တဲ့ အသင္းတစ္သင္းျဖစ္လာေစဖို႔ ဒါေတြကို တူဟယ္လ္က ၄ လအတြင္း ပုံသြင္းေပးခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးပရိသတ္ေတြနဲ႔ တာဝန္ရွိသူေတြရဲ႕ ေလးစားမႈေတြကို သိမ္းက်ဳံးရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္လို မာေက်ာတဲ့ အသင္းတစ္သင္းကို ခ်န္ပီယံလိဂ္မွာ ေက်ာ္ျဖတ္ခဲ့ၿပီးကတည္းက ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ ယုံၾကည္မႈကို ပိုမိုရယူႏိုင္ခဲ့ၿပီး သူတို႔နည္းျပဟာ ဒီဖလားကို ဗိုလ္စြဲဖို႔ ကိုင္တြယ္ေပးႏိုင္မယ္ဆိုတဲ့ ခံစားခ်က္က စတင္သေႏၶတည္ခဲ့သလို ေပၚတို၊ ရီးရဲလ္မက္ဒရစ္တို႔ကို ဆက္တိုက္ ေက်ာ္ျဖတ္ႏိုင္ခဲ့ေတာ့ ဒီဖလားက သူတို႔အတြက္ပဲလို႔ ပိုၿပီးစိတ္ခ်လာခဲ့ၾကတာပါ။

႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ကို ကမာၻ႔အဆင့္ခံစစ္မႉးေတြ ျဖစ္လာေအာင္ ျမႇင့္တင္ေပးႏိုင္ခဲ့သလို ေရပက္မဝင္တဲ့ ခံစစ္ေၾကာင္းကို ဂိုးသမား မန္ဒီရဲ႕ ကာကြယ္မႈေတြနဲ႔အတူ တည္ေဆာက္ႏိုင္ခဲ့ၿပီး အရင္က အႏွိမ္ခံ ေဂ်ာ္ဂ်င္ညိဳကို ေနာက္တစ္ဆင့္ ျမင့္မားေအာင္ပါ ပို႔ေပးခဲ့တဲ့ တူဟယ္လ္ရဲ႕ လမ္းၫႊန္မႈေတြက အသင္းရဲ႕ Trade Mark နဲ႔ DNA ျဖစ္လာသလို ဖာဘရီဂက္စ္ကို ဘယ္သူမွ မလြမ္းေတာ့တဲ့အထိ ျဖစ္လာခဲ့တယ္။

ခ်ဲလ္ဆီးပရိသတ္ေတြ မျမင္ခဲ့ၾကတဲ့ အထူးသျဖင့္ ေရွ႕က ဆာရီနဲ႔ လမ္းပတ္တို႔ နည္းျပႏွစ္ေယာက္ ညႇစ္မထုတ္ႏိုင္ခဲ့ၾကတဲ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ အံ့မခန္း အရည္အေသြးေတြကို တူဟယ္လ္က တစ္လႊာခ်င္း သုံးစြဲျပႏိုင္ခဲ့ၿပီး အီတလီသားဟာ ကမာၻ႔ထိပ္တန္းကစားသမားမ်ိဳးလို႔ ကြက္ကြက္ကြင္းကြင္း ျမင္လာေစေအာင္ ဖန္တီးျပခဲ့တာက ဂ်ာမန္သားႀကီးရဲ႕ အရာအားလုံးလို႔ ဆိုႏိုင္သလို ယုံၾကည္မႈျမင့္မားခဲ့ခ်ိန္မွာ အီတလီနဲ႔ပါ ခ်န္ပီယံျဖစ္ခဲ့ေသးတာပါ။

မေန႔ညက ခ်န္ပီယံလိဂ္ မဲခြဲပြဲနဲ႔ ဆုခ်ီးျမႇင့္ပြဲက ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ ဂုဏ္ယူဝင့္ႂကြားရဆုံး အဖိုးအနဂၣ ထိုက္တန္လြန္းတဲ့ အခ်ိန္ေတြဆိုတာ အားလုံးသိျမင္ႏိုင္သလို ေနရာအလိုက္ အေကာင္းဆုံးဆုေတြဆိုလည္း သူတို႔ကစားသမားေတြခ်ည္း သိမ္းက်ဳံးယူရယူမယ္ဆိုတာ ႀကိဳသိေနၿပီး တကယ္တမ္းလည္း ထပ္တူက်ခဲ့ပါတယ္။ ႐ူဒီဂါနဲ႔ အက္ဇ္ပီလီေကြတာတို႔ ဆုမရတဲ့အတြက္ စိတ္မေကာင္းျဖစ္ခဲ့ၾကတဲ့အထိ ဒီလူေတြရဲ႕ အရည္အေသြးကို မွတ္ေက်ာက္တင္ အစမ္းသပ္ခံႏိုင္ေအာင္ တူဟယ္လ္က အကြက္ေဖာ္ၿပီး ေသြးထားေပးခဲ့တာလည္းျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဖိုင္နယ္ေအာင္ျမင္မႈေတြနဲ႔အတူ မန္ဒီက ဂိုးသမားဆု၊ ကြန္ေတက ကြင္းလယ္ဆု၊ တူဟယ္လ္က နည္းျပဆုနဲ႔ ေဂ်ာ္ဂ်င္ညိဳက အေကာင္းဆုံးဆုကို ရရွိသြားခဲ့လို႔ ခ်ဲလ္ဆီးပရိသတ္ေတြ ယုံၾကည္မႈက မိုးထိတက္ခဲ့ၿပီး အုပ္စု(H)မွာ ဂ်ဴဗင္တပ္စ္နဲ႔ ေတြ႕ဆုံခဲ့တာကိုေတာင္ ခက္ခဲတယ္လို႔ မထင္ေတာ့ဘဲ ဘာလာလာ ေဒါင္းပစ္လိုက္ဖို႔ ဂ်ိဳကာ တူဟယ္လ္က လက္ထဲမွာလို႔ ေတြးေနခဲ့ၾကမွာ အမွန္ပါပဲ။

ဒီလိုမ်ိဳး လူမႈမီဒီယာေတြေပၚမွာ ယုံၾကည္မႈအျပည့္နဲ႔ ခ်ဲလ္ဆီးဖန္ေတြ ပြဲခံႏိုင္ဖို႔ တူဟယ္လ္ဟာ ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲခဲ့တဲ့အထိ ၄ လ၊ လက္ရွိအခ်ိန္အထိဆိုရင္ ၇ လသာ အခ်ိန္ယူခဲ့ၿပီး ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္ ရယူဖို႔နဲ႔ ခ်န္ပီယံလိဂ္မွာလည္း ဂုဏ္သိကၡာကို ထိန္းသိမ္းႏိုင္ဖို႔ အားလုံးက ယုံၾကည္ခ်က္ရွိေနၾကပါတယ္။

၃-၄-၃၊ ၃-၅-၂ ပုံစံေတြနဲ႔ ခ်ဲလ္ဆီးကို ထိပ္တန္းတစ္သင္းျဖစ္ေအာင္ တည္ေဆာက္ၿပီး လမ္းၫႊန္ေနခဲ့တဲ့ တူဟယ္လ္ဆီကို ဒီရာသီမွာ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကပါ လက္နက္ႀကီးတစ္ခုအျဖစ္ ေရာက္ရွိလာခ်ိန္မွာ သူတို႔ရဲ႕ အင္အားကို အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာက ေနာက္ထပ္ ထိပ္တန္းကစားသမားႏွစ္ဦးျဖစ္တဲ့ ဂ်ဴးလ္ ကြန္ဒီ၊ ဆာအူးလ္ ညီးရက္ဇ္တို႔နဲ႔ ျဖည့္ဆည္းေပးႏိုင္ခဲ့ရင္ေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္က ျခေသၤ့ျပာေတြဟာ အေတာင္ပံေတြ ရွိ႐ုံမကဘူး၊ ခံတြင္းကလည္း မီးထြက္ၿပီး မ်က္ေစာင္းထိုးရင္ ျပာက်တဲ့ အစြမ္းပါ ပိုင္ဆိုင္ထားမယ္လို႔ေတာင္ ပရိသတ္ေတြ ယုံၾကည့္ေနၾကမလားဆိုတာကိုေတာ့…

REF: KO WAI PHYO (CFC FAN)
PHOTOS CREDIT TO OWNERS
SPORTS A2Z.