Premier League Serie A Transfer News UCL&UEL

မန်စီးတီးကို ပြောင်းဖို့ ထရိန်နင်ကို မိနစ် ၄၀ လာပြီး နှုတ်ဆက်သွားတဲ့ ရော်နယ်လ်ဒို

ဂျူဗင်တပ်စ်အသင်းရဲ့ သောကြာနေ့မှာ ပြုလုပ်တဲ့ ပွဲကြိုထရိန်နင်ကို တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ နံနက် ၉ နာရီ မိနစ် ၂၀ အချိန်မှာ ရောက်လာခဲ့ပြီး အသင်းဖော်တွေကို လိုက်လံနှုတ်ဆက်နေခဲ့သလို မိနစ် ၄၀ အကြာမှာ ဒေသစံတော်ချိန် ၁၀ နာရီမှာတော့ အသင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလိုက်ပါတယ်။

အသင်းဖော်တိုင်းကို ဂွတ်ဘိုင်လို့ နှုတ်ဆက်သွားခဲ့တဲ့ ပေါ်တူဂီသားကြီးက ထရိန်နင်စင်တာ အဝတ်လဲခန်းက သူ့ရဲ့ Locker ကိုလည်း အပြောင် ရှင်းထားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေ ရရှိထားသလို အသင်းနှစ်သင်းကြားမှာ အပြီးသတ်ဖို့ပဲ ကျန်တော့တာလည်းဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ ဆက်နေတော့မယ်ဆိုတဲ့ တိုက်စစ်မှူး ဟာရီကိန်းဘက်က အတည်ပြုခဲ့ပြီးမှာ မန်ချက်စတာစီးတီးတို့ အနေနဲ့ ၂၄ နာရီအတွင်းမှာ ရော်နယ်လ်ဒိုအတွက် လှုပ်ရှားခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အသင်းနဲ့ စာချုပ် ၁၀ လသာ ကျန်တော့တဲ့ GOAT နဲ့ ဂျူဗင်တပ်စ်တို့ဘက်က သူတို့ရဲ့ တောင်းဆိုတဲ့ နှုန်းထားတွေကိုတော့ လျှော့ချခဲ့ရတာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့တော့ သူ့ရဲ့ ဘာစီလိုနာနေ့တွေမှာ El Clasico ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားနဲ့ လက်တွဲရဖို့ အကြောင်းဖန်လာခဲ့ပြီး အစ်တီဟတ်က အသင်းသားတွေကတော့ ပေါ်တူဂီအသင်းဖော် ဂျာအို ကန်ဆယ်လိုဆီမှာ ရော်နယ်လ်ဒိုရဲ့ အကြောင်းတွေကို မေးမြန်းစုံစမ်းနေကြတယ်လို့လည်း ဆိုပါတယ်။

မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်လာခဲ့တဲ့ ကစားသမားဟာ ၁၈ နှစ်အကြာမှာတော့ နောက်ထပ် မန်ချက်စတာတစ်သင်းနဲ့ ပူးပေါင်းတော့မှာဖြစ်ပြီး နှစ်သင်းကြားက ပြိုင်ဆိုင်မှုတွေက ပိုမိုပြင်းထန်လာနိုင်သလို ဘောလုံးကျွမ်းကျင်သူတွေ အနေနဲ့တော့ ရော်နယ်လ်ဒိုဟာ စီးတီးမှာဆိုရင် အသင်းဖော်တွေ ဖန်တီးပေးသမျှ ကောက်စားပြီး တစ်ဦးချင်းနဲ့ အသင်းလိုက် အောင်မြင်မှုတွေ ရယူရုံပဲလို့ သုံးသပ်ထားကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေသာၾကာေန႔မွာ ျပဳလုပ္တဲ့ ပြဲႀကိဳထရိန္နင္ကို တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ နံနက္ ၉ နာရီ မိနစ္ ၂၀ အခ်ိန္မွာ ေရာက္လာခဲ့ၿပီး အသင္းေဖာ္ေတြကို လိုက္လံႏႈတ္ဆက္ေနခဲ့သလို မိနစ္ ၄၀ အၾကာမွာ ေဒသစံေတာ္ခ်ိန္ ၁၀ နာရီမွာေတာ့ အသင္းကေန ျပန္လည္ ထြက္ခြာသြားခဲ့တယ္လို႔ ဖာဘရီဇီယို ႐ိုမာႏိုက ေဖာ္ျပလိုက္ပါတယ္။

အသင္းေဖာ္တိုင္းကို ဂြတ္ဘိုင္လို႔ ႏႈတ္ဆက္သြားခဲ့တဲ့ ေပၚတူဂီသားႀကီးက ထရိန္နင္စင္တာ အဝတ္လဲခန္းက သူ႔ရဲ႕ Locker ကိုလည္း အေျပာင္ ရွင္းထားခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈေတြ ရရွိထားသလို အသင္းႏွစ္သင္းၾကားမွာ အၿပီးသတ္ဖို႔ပဲ က်န္ေတာ့တာလည္းျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာ ဆက္ေနေတာ့မယ္ဆိုတဲ့ တိုက္စစ္မႉး ဟာရီကိန္းဘက္က အတည္ျပဳခဲ့ၿပီးမွာ မန္ခ်က္စတာစီးတီးတို႔ အေနနဲ႔ ၂၄ နာရီအတြင္းမွာ ေရာ္နယ္လ္ဒိုအတြက္ လႈပ္ရွားခဲ့တာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔ အသင္းနဲ႔ စာခ်ဳပ္ ၁၀ လသာ က်န္ေတာ့တဲ့ GOAT နဲ႔ ဂ်ဴဗင္တပ္စ္တို႔ဘက္က သူတို႔ရဲ႕ ေတာင္းဆိုတဲ့ ႏႈန္းထားေတြကိုေတာ့ ေလွ်ာ့ခ်ခဲ့ရတာပါ။

မန္စီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ေတာ့ သူ႔ရဲ႕ ဘာစီလိုနာေန႔ေတြမွာ El Clasico ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ခဲ့ရတဲ့ ကစားသမားနဲ႔ လက္တြဲရဖို႔ အေၾကာင္းဖန္လာခဲ့ၿပီး အစ္တီဟတ္က အသင္းသားေတြကေတာ့ ေပၚတူဂီအသင္းေဖာ္ ဂ်ာအို ကန္ဆယ္လိုဆီမွာ ေရာ္နယ္လ္ဒိုရဲ႕ အေၾကာင္းေတြကို ေမးျမန္းစုံစမ္းေနၾကတယ္လို႔လည္း ဆိုပါတယ္။

ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကမာၻ႔ထိပ္တန္းအဆင့္ကို ေရာက္လာခဲ့တဲ့ ကစားသမားဟာ ၁၈ ႏွစ္အၾကာမွာေတာ့ ေနာက္ထပ္ မန္ခ်က္စတာတစ္သင္းနဲ႔ ပူးေပါင္းေတာ့မွာျဖစ္ၿပီး ႏွစ္သင္းၾကားက ၿပိဳင္ဆိုင္မႈေတြက ပိုမိုျပင္းထန္လာႏိုင္သလို ေဘာလုံးကြၽမ္းက်င္သူေတြ အေနနဲ႔ေတာ့ ေရာ္နယ္လ္ဒိုဟာ စီးတီးမွာဆိုရင္ အသင္းေဖာ္ေတြ ဖန္တီးေပးသမွ် ေကာက္စားၿပီး တစ္ဦးခ်င္းနဲ႔ အသင္းလိုက္ ေအာင္ျမင္မႈေတြ ရယူ႐ုံပဲလို႔ သုံးသပ္ထားၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.