Premier League Transfer News

အီဂါလိုရဲ႕ စာခ်ဳပ္အတြက္ သက္တမ္းတုိးဖို႔ ေစာင့္ၾကည့္ရင္း ေဆြးေႏြးေနတဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အငွားေခၚယူထားတဲ့ တုိက္စစ္မွဴး အုိဒီယြန္ အီဂါလိုရဲ႕ စာခ်ဳပ္သက္တမ္းကို ထပ္မံတုိးျမႇင့္ဖို႔ ရွန္ဟိုင္းရွင္ဟြာအသင္းနဲ႔ ေဆြးေႏြးေနၿပီး စာခ်ဳပ္အတြက္ ရက္အတိအက် သတ္မွတ္ႏုိင္ဖို႔ကိုေတာ့ ပရီးမီးယားလိဂ္ရဲ႕ ျပန္လည္စတင္ခ်ိန္ကို ၾကည့္ၿပီးမွ ဆုံးျဖတ္ဖို႔ ေစာင့္ၾကည့္ေနတယ္လုိ႔ ဆုိပါတယ္။

အသင္းအတြက္ ကစားၿပီးတဲ့ ၈ ပြဲမွာ ၄ ဂိုးအထိ သြင္းယူႏုိင္ခဲ့တဲ့ အသက္ ၃၀ အရြယ္ ႏိုင္ဂ်ီးရီးယားတုိက္စစ္မွဴးကို မန္ခ်က္စတာယူႏုိက္တက္နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားနဲ႔ တာဝန္ရွိသူေတြက သေဘာက်ေနၾကၿပီး အၿပီးသတ္ေခၚယူမယ္လို႔ေတာင္ သတင္းထြက္ခဲ့ဖူးသလို ေလာေလာဆယ္မွာေတာ့ အငွားစာခ်ဳပ္ကို သက္တမ္းတုိးဖို႔ ျပင္ဆင္ေနၾကတာပါ။

ဝတ္ဖို႔ဒ္အသင္းမွာ စတင္ေတာက္ပလာခဲ့တဲ့ အီဂါလိုကို အဲ့ဒီတုန္းက ပရီးမီးယားလိဂ္အသင္းႀကီးေတြက စိတ္ဝင္စားခဲ့ေပမယ့္ ေနာက္ဆုံးမွာ ျမင့္မားတဲ့ လစာေငြျဖစ္တဲ့ တစ္ပတ္လုပ္ခ ေပါင္ေလးသိန္းနဲ႔အတူ တ႐ုတ္ျပည္ကို ေရာက္ရွိသြားခဲ့ၿပီး လက္ရွိမွာေတာ့ သူ႕ရဲ႕အိပ္မက္ထဲက အသင္းမွာ အေၾကာင္းညီညြတ္စြာ ကစားခြင့္လည္း ရေနတာျဖစ္ပါတယ္။

လက္ရွိမွာ အုိးလ္ထရက္ဖို႔ဒ္မွာ ရွိေနေစဖို႔ သူ႕ရဲ႕လစာေငြထဲက တစ္ပတ္ကို ေပါင္တစ္သိန္းသုံးေသာင္းက်ခံထားခဲ့ရတဲ့ ယူႏုိက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ရာသီကုန္တဲ့အထိ စာခ်ဳပ္သက္တမ္းတုိးဖို႔ ရည္ရြယ္ေနၿပီး အနည္းဆုံး စာခ်ဳပ္ကုန္ဆုံးခ်ိန္ကေန ႏွစ္လေလာက္ ထပ္မံခ်ဳပ္ဆုိရႏုိင္ပါတယ္။

ရွန္ဟိုင္းရွင္ဟြာအသင္းအေနနဲ႔လည္း ေျခစြမ္းျပသထားႏုိင္ခဲ့တဲ့ အီဂါလိုအတြက္ တစ္ပတ္လုပ္ခကို ရာခိုင္ႏွဳန္းပုိမုိက်ခံသြားေစဖို႔ မန္ခ်က္စတာယူႏုိက္တက္ဘက္ကို ေတာင္းခံသြားဖို႔ ရွိႏုိင္ၿပီး အဓိကတုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ေစာင့္ၾကည့္ရဦးမယ့္ အေျခအေနမွာ မျဖစ္မေန ဆက္လက္ထိန္းသိမ္းသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုရဲ့ စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်ဖို့ ရှန်ဟိုင်းရှင်ဟွာအသင်းနဲ့ ဆွေးနွေးနေပြီး စာချုပ်အတွက် ရက်အတိအကျ သတ်မှတ်နိုင်ဖို့ကိုတော့ ပရီးမီးယားလိဂ်ရဲ့ ပြန်လည်စတင်ချိန်ကို ကြည့်ပြီးမှ ဆုံးဖြတ်ဖို့ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အသင်းအတွက် ကစားပြီးတဲ့ ၈ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အသက် ၃၀ အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးကို မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေက သဘောကျနေကြပြီး အပြီးသတ်ခေါ်ယူမယ်လို့တောင် သတင်းထွက်ခဲ့ဖူးသလို လောလောဆယ်မှာတော့ အငှားစာချုပ်ကို သက်တမ်းတိုးဖို့ ပြင်ဆင်နေကြတာပါ။

ဝတ်ဖို့ဒ်အသင်းမှာ စတင်တောက်ပလာခဲ့တဲ့ အီဂါလိုကို အဲ့ဒီတုန်းက ပရီးမီးယားလိဂ်အသင်းကြီးတွေက စိတ်ဝင်စားခဲ့ပေမယ့် နောက်ဆုံးမှာ မြင့်မားတဲ့ လစာငွေဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင်လေးသိန်းနဲ့အတူ တရုတ်ပြည်ကို ရောက်ရှိသွားခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့အိပ်မက်ထဲက အသင်းမှာ အကြောင်းညီညွတ်စွာ ကစားခွင့်လည်း ရနေတာဖြစ်ပါတယ်။

လက်ရှိမှာ အိုးလ်ထရက်ဖို့ဒ်မှာ ရှိနေစေဖို့ သူ့ရဲ့လစာငွေထဲက တစ်ပတ်ကို ပေါင်တစ်သိန်းသုံးသောင်းကျခံထားခဲ့ရတဲ့ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ရာသီကုန်တဲ့အထိ စာချုပ်သက်တမ်းတိုးဖို့ ရည်ရွယ်နေပြီး အနည်းဆုံး စာချုပ်ကုန်ဆုံးချိန်ကနေ နှစ်လလောက် ထပ်မံချုပ်ဆိုရနိုင်ပါတယ်။

ရှန်ဟိုင်းရှင်ဟွာအသင်းအနေနဲ့လည်း ခြေစွမ်းပြသထားနိုင်ခဲ့တဲ့ အီဂါလိုအတွက် တစ်ပတ်လုပ်ခကို ရာခိုင်နှုန်းပိုမိုကျခံသွားစေဖို့ မန်ချက်စတာယူနိုက်တက်ဘက်ကို တောင်းခံသွားဖို့ ရှိနိုင်ပြီး အဓိကတိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို စောင့်ကြည့်ရဦးမယ့် အခြေအနေမှာ မဖြစ်မနေ ဆက်လက်ထိန်းသိမ်းသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.