Premier League

ပရီးမီးယားလိဂ္ကလပ္မ်ားစုမွ ေအာက္ဆုံးသုံးသင္းအား တန္းဆင္းေစရန္ ၿခိမ္းေျခာက္

ပရီးမီးယားလိဂ္ရဲ႕ ျပန္လည္စတင္မယ့္ အစီအစဥ္ေတြမွာ က်န္းမာေရးေထာက္ပံ့မွဳေတြနဲ႔ ကြင္းတြင္း ျပည့္စုံမွဳ မရွိတဲ့ ေဘာလုံးကြင္းေတြကို ခ်န္လွပ္ထားၿပီး အဆင့္မီတဲ့ ၾကားကြင္းေတြမွာ ကစားရမယ့္ အစီအစဥ္ေတြကို လက္မခံရင္ ဆက္မကစားေတာ့ဘဲ ေအာက္ဆုံးသုံးသင္းကို တန္းဆင္းေစဖို႔ ဝိုင္းဝန္းမဲေပးသြားမယ္လုိ႔ ၿခိမ္းေျခာက္လုိက္ပါတယ္။

တန္းဆင္းရမွာ စိုးရိမ္စိတ္ေတြနဲ႔ ကိုဗစ္-၁၉ ရဲ႕ သက္ေရာက္မွဳကို အခြင့္ေကာင္းယူၿပီး တစ္ကိုယ္ေကာင္းဆန္စြာနဲ႔ အမ်ဳိးမ်ဳိး ကဖ်က္ယဖ်က္လုပ္ေနတဲ့ ဝက္စ္ဟမ္းဒုဥကၠဌ ကာရင္ ဘရက္ဒီ၊ ေနာ့ဝစ္ခ်္စီးတီးရဲ႕ ရွယ္ယာအမ်ားစုပုိင္ရွင္ ဒီလီယာ စမစ္တုိ႔လို အမ်ဳိးသမီးေတြရဲ႕ လူႀကီးလူေကာင္းမဆန္တဲ့ အျပဳအမူေတြကို က်န္တဲ့ ပရီးမီးယားလိဂ္အသင္းႀကီးနဲ႔ အသင္းလတ္ေတြက စိတ္ပ်က္ေနတာလည္း ၾကာခဲ့ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ ကမာၻတစ္ဝွမ္းက ပရိသတ္ေတြ ေတာင့္တေနၾကတဲ့ ပရီးမီးယားလိဂ္ရဲ႕ Project Restart ကို ကန္႔ကြက္တဲ့ အသင္းေတြကို နည္းမွန္ လမ္းမွန္နဲ႔ ေဘာလုံးရာသီကို ၿပီးဆုံးေစခ်င္ၿပီး အျဖဴအမည္း သဲကြဲေစခ်င္ေနတဲ့ အသင္းေတြက ကန္႔ကြက္ေနရင္ တန္းဆင္းဖို႔ မဲေပးဆုိၿပီး ၿခိမ္းေျခာက္သံ စတင္ေပၚထြက္လာခဲ့တာပါ။

ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၁၅ ကေန ၂၀ အထိ ၆ သင္းဟာ အမွတ္ေပးဇယားရပ္တည္မွဳနဲ႔ ရမွတ္ေတြအရ တန္းဆင္းဖို႔ အႏၲရာယ္ကို ရင္ဆုိင္ဆုိင္ေနရတဲ့အတြက္ ျပန္လည္စတင္ဖို႔ အစီအစဥ္ကို စုစည္းကန္႔ကြက္ေနတယ္လို႔လည္း ယူဆေနၾကၿပီး အဆင့္အလိုက္ ေဖာ္ျပရရင္ေတာ့ ဘ႐ိုက္တန္၊ ဝက္စ္ဟမ္း၊ ဝတ္ဖို႔ဒ္၊ ဘုန္းေမာက္၊ အက္စ္တန္ဗီလာနဲ႔ ေနာ့ဝစ္ခ်္တုိ႔ပဲ ျဖစ္ၾကပါတယ္။

ဒီအေျခအေနမွာ အသင္းရဲ႕ ဘဏၰာေရးအေျခအေနနဲ႔အတူ ရပ္တည္မွဳ ခံစားခြင့္ေတြအတြက္ တုိက္ပြဲဝင္သြားၾကဦးမယ့္ က်န္ ၁၄ သင္းအေနနဲ႔ သူတုိ႔ေတြရဲ႕ လုပ္ရပ္ေတြကို စိတ္ကုန္ေနၾကၿပီျဖစ္ၿပီး တန္းဆင္းဖို႔အတြက္ ၿခိမ္းေျခာက္ထားခဲ့သလို လူမွဳမီဒီယာေတြမွာလည္း အထက္ပါ အမ်ဳိးသမီးေတြကို သူတုိ႔နဲ႔ မဆုိင္တဲ့ ေလာကမွာ ဝင္ရွဳပ္ေနတယ္ဆုိၿပီး တုိက္ခိုက္မွဳေတြလည္း ရွိလာခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ ပြန်လည်စတင်မယ့် အစီအစဉ်တွေမှာ ကျန်းမာရေးထောက်ပံ့မှုတွေနဲ့ ကွင်းတွင်း ပြည့်စုံမှု မရှိတဲ့ ဘောလုံးကွင်းတွေကို ချန်လှပ်ထားပြီး အဆင့်မီတဲ့ ကြားကွင်းတွေမှာ ကစားရမယ့် အစီအစဉ်တွေကို လက်မခံရင် ဆက်မကစားတော့ဘဲ အောက်ဆုံးသုံးသင်းကို တန်းဆင်းစေဖို့ ဝိုင်းဝန်းမဲပေးသွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

တန်းဆင်းရမှာ စိုးရိမ်စိတ်တွေနဲ့ ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုကို အခွင့်ကောင်းယူပြီး တစ်ကိုယ်ကောင်းဆန်စွာနဲ့ အမျိုးမျိုး ကဖျက်ယဖျက်လုပ်နေတဲ့ ဝက်စ်ဟမ်းဒုဥက္ကဌ ကာရင် ဘရက်ဒီ၊ နော့ဝစ်ချ်စီးတီးရဲ့ ရှယ်ယာအများစုပိုင်ရှင် ဒီလီယာ စမစ်တို့လို အမျိုးသမီးတွေရဲ့ လူကြီးလူကောင်းမဆန်တဲ့ အပြုအမူတွေကို ကျန်တဲ့ ပရီးမီးယားလိဂ်အသင်းကြီးနဲ့ အသင်းလတ်တွေက စိတ်ပျက်နေတာလည်း ကြာခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ တောင့်တနေကြတဲ့ ပရီးမီးယားလိဂ်ရဲ့ Project Restart ကို ကန့်ကွက်တဲ့ အသင်းတွေကို နည်းမှန် လမ်းမှန်နဲ့ ဘောလုံးရာသီကို ပြီးဆုံးစေချင်ပြီး အဖြူအမည်း သဲကွဲစေချင်နေတဲ့ အသင်းတွေက ကန့်ကွက်နေရင် တန်းဆင်းဖို့ မဲပေးဆိုပြီး ခြိမ်းခြောက်သံ စတင်ပေါ်ထွက်လာခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၅ ကနေ ၂၀ အထိ ၆ သင်းဟာ အမှတ်ပေးဇယားရပ်တည်မှုနဲ့ ရမှတ်တွေအရ တန်းဆင်းဖို့ အန္တရာယ်ကို ရင်ဆိုင်ဆိုင်နေရတဲ့အတွက် ပြန်လည်စတင်ဖို့ အစီအစဉ်ကို စုစည်းကန့်ကွက်နေတယ်လို့လည်း ယူဆနေကြပြီး အဆင့်အလိုက် ဖော်ပြရရင်တော့ ဘရိုက်တန်၊ ဝက်စ်ဟမ်း၊ ဝတ်ဖို့ဒ်၊ ဘုန်းမောက်၊ အက်စ်တန်ဗီလာနဲ့ နော့ဝစ်ချ်တို့ပဲ ဖြစ်ကြပါတယ်။

ဒီအခြေအနေမှာ အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေနဲ့အတူ ရပ်တည်မှု ခံစားခွင့်တွေအတွက် တိုက်ပွဲဝင်သွားကြဦးမယ့် ကျန် ၁၄ သင်းအနေနဲ့ သူတို့တွေရဲ့ လုပ်ရပ်တွေကို စိတ်ကုန်နေကြပြီဖြစ်ပြီး တန်းဆင်းဖို့အတွက် ခြိမ်းခြောက်ထားခဲ့သလို လူမှုမီဒီယာတွေမှာလည်း အထက်ပါ အမျိုးသမီးတွေကို သူတို့နဲ့ မဆိုင်တဲ့ လောကမှာ ဝင်ရှုပ်နေတယ်ဆိုပြီး တိုက်ခိုက်မှုတွေလည်း ရှိလာခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.