Premier League

သူက ထြက္ခြာခဲ့ဖူးသူမို႔ အူဘာမီယန္းကို ဆက္ေနပါလို႔ မေျပာႏုိင္တဲ့ အြန္နရီ

အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္တုိက္စစ္မွဴးေဟာင္းႀကီး သီယာရီ အြန္နရီက သူ႕အေနနဲ႔ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို အသင္းကေန ထြက္ခြာမွာကို စိုးရိမ္မိေပမယ့္ ဒီအသင္းကို စြန္႔ခြာဖူးတဲ့ သူအေနနဲ႔ ဆက္ေနပါလို႔ ေျပာပိုင္ခြင့္မရွိဘူးလို႔ ေျပာၾကားလုိက္ပါတယ္။

အြန္နရီဟာ အာဆင္နယ္အသင္းကေန ၂၀၀၇-၀၈ ရာသီမွာ ဘာစီလိုနာအသင္းဆီ ထြက္ခြာခဲ့သူျဖစ္ၿပီး အဲ့ဒီအခ်ိန္က ပရိသတ္ေတြအတြက္ အသင္းေခါင္းေဆာင္ ပက္ထရစ္ ဗီယာရာ ထြက္ခြာသြားစဥ္ကထက္ေတာင္ ဝမ္းနည္းခဲ့ၾကရတာလည္းျဖစ္ၿပီး အသင္းရဲ႕ ထာဝရဂိုးသြင္းဘုရင္ဆုိတဲ့ ဂုဏ္ပုဒ္ကို ခ်န္ထားခဲ့အၿပီးမွာ ေက်ာခိုင္းသြားခဲ့တာလည္းျဖစ္ပါတယ္။

အသင္းမွာ ႏွစ္ရာသီခြဲေလာက္ ကစားခဲ့ၿပီးၿပီျဖစ္တဲ့ တုိက္စစ္မွဴး အူဘာမီယန္းဟာ အြန္နရီရဲ႕ ေက်ာနံပါတ္ ၁၄ ကို ဆက္ခံခဲ့ၿပီး သူ႕လိုမ်ဳိး တုိက္စစ္မွဴးအျဖစ္ ဘယ္ျခမ္းနဲ႔ အလယ္ဗဟိုမွာ ေျခစြမ္းျပခဲ့သလို ဒီနံပါတ္ေၾကာင့္လည္း ပရိသတ္ေတြရဲ႕ အြန္နရီလက္သစ္အျဖစ္ တန္ဖိုးထားခ်စ္ခင္မွဳကို အခ်ိန္တိုအတြင္း ရရွိခဲ့တာလုိ႔လည္း ဆုိႏုိင္ပါတယ္။

“လူေတြက ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး ကိုယ့္လမ္းကိုယ္ ေရြးခ်ယ္ၾကရတာပါပဲဗ်ာ။ ကၽြန္ေတာ့္လို အသင္းက ထြက္ခဲ့တဲ့သူအေနနဲ႔ တစ္ေယာက္ေယာက္ကို ဆက္ေနဖို႔ ေျပာေတာ့ေရာ ေကာင္းပါ့မလား။ ဒါေပမယ့္ ဒီလို ထြက္ခြာသြားလို႔ အသင္းမွာ ပရိသတ္နဲ႔ ထားရွိခဲ့တဲ့ ေမတၱာ မပ်က္ဘူးလို႔ေတာ့ ယူဆပါတယ္”လို႔ အြန္နရီက ဆုိပါတယ္။

“အာဆင္နယ္ပရိသတ္တစ္ေယာက္အေနနဲ႔ေတာ့ သူ႕ကို ဆက္ေနေစခ်င္တာေပါ့ဗ်ာ။ ဒါေပမယ့္ ဒီလိုကိစၥေတြက မိသားစုနဲ႔ တုိင္ပင္ဆုံးျဖတ္ဖို႔ ေကာင္းၿပီး သူ႕အေနနဲ႔ သူ႕အေဖနဲ႔ တုိင္ပင္ၿပီး ဆုံးျဖတ္မယ္လုိ႔ ထင္ပါတယ္။ သူ႕ကို မထြက္ေစခ်င္ေပမယ့္ သူ႕ေခါင္းထဲမွာ ဘာေတြးေနတယ္ဆုိတာနဲ႔ သူ႕ကစားသမားဘဝကို သူဘယ္လို ေရြးခ်ယ္မယ္ဆုိတာ ကၽြန္ေတာ္တုိ႔လည္း မသိႏုိင္ပါဘူး။ ကၽြန္ေတာ္ကေတာ့ သူ႕ကို ထြက္မသြားေစခ်င္ပါဘူး။ အသင္းမွာ ဆက္ေနဖို႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ အြန္နရီက စကိုင္းစပုိ႔စ္ကို ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး သီယာရီ အွန်နရီက သူ့အနေနဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းကို အသင်းကနေ ထွက်ခွာမှာကို စိုးရိမ်မိပေမယ့် ဒီအသင်းကို စွန့်ခွာဖူးတဲ့ သူအနေနဲ့ ဆက်နေပါလို့ ပြောပိုင်ခွင့်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

အွန်နရီဟာ အာဆင်နယ်အသင်းကနေ ၂၀၀၇-၀၈ ရာသီမှာ ဘာစီလိုနာအသင်းဆီ ထွက်ခွာခဲ့သူဖြစ်ပြီး အဲ့ဒီအချိန်က ပရိသတ်တွေအတွက် အသင်းခေါင်းဆောင် ပက်ထရစ် ဗီယာရာ ထွက်ခွာသွားစဉ်ကထက်တောင် ဝမ်းနည်းခဲ့ကြရတာလည်းဖြစ်ပြီး အသင်းရဲ့ ထာဝရဂိုးသွင်းဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ချန်ထားခဲ့အပြီးမှာ ကျောခိုင်းသွားခဲ့တာလည်းဖြစ်ပါတယ်။

အသင်းမှာ နှစ်ရာသီခွဲလောက် ကစားခဲ့ပြီးပြီဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ အွန်နရီရဲ့ ကျောနံပါတ် ၁၄ ကို ဆက်ခံခဲ့ပြီး သူ့လိုမျိုး တိုက်စစ်မှူးအဖြစ် ဘယ်ခြမ်းနဲ့ အလယ်ဗဟိုမှာ ခြေစွမ်းပြခဲ့သလို ဒီနံပါတ်ကြောင့်လည်း ပရိသတ်တွေရဲ့ အွန်နရီလက်သစ်အဖြစ် တန်ဖိုးထားချစ်ခင်မှုကို အချိန်တိုအတွင်း ရရှိခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။

“လူတွေက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်လမ်းကိုယ် ရွေးချယ်ကြရတာပါပဲဗျာ။ ကျွန်တော့်လို အသင်းက ထွက်ခဲ့တဲ့သူအနေနဲ့ တစ်ယောက်ယောက်ကို ဆက်နေဖို့ ပြောတော့ရော ကောင်းပါ့မလား။ ဒါပေမယ့် ဒီလို ထွက်ခွာသွားလို့ အသင်းမှာ ပရိသတ်နဲ့ ထားရှိခဲ့တဲ့ မေတ္တာ မပျက်ဘူးလို့တော့ ယူဆပါတယ်”လို့ အွန်နရီက ဆိုပါတယ်။

“အာဆင်နယ်ပရိသတ်တစ်ယောက်အနေနဲ့တော့ သူ့ကို ဆက်နေစေချင်တာပေါ့ဗျာ။ ဒါပေမယ့် ဒီလိုကိစ္စတွေက မိသားစုနဲ့ တိုင်ပင်ဆုံးဖြတ်ဖို့ ကောင်းပြီး သူ့အနေနဲ့ သူ့အဖေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်မယ်လို့ ထင်ပါတယ်။ သူ့ကို မထွက်စေချင်ပေမယ့် သူ့ခေါင်းထဲမှာ ဘာတွေးနေတယ်ဆိုတာနဲ့ သူ့ကစားသမားဘဝကို သူဘယ်လို ရွေးချယ်မယ်ဆိုတာ ကျွန်တော်တို့လည်း မသိနိုင်ပါဘူး။ ကျွန်တော်ကတော့ သူ့ကို ထွက်မသွားစေချင်ပါဘူး။ အသင်းမှာ ဆက်နေဖို့ မျှော်လင့်ပါတယ်”လို့ အွန်နရီက စကိုင်းစပို့စ်ကို ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.