Analysis Article Bundesliga La Liga Other Leagues Premier League Serie A UCL&UEL

Group of Death က လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်အား ခန့်မှန်းကြည့်ခြင်း

ချန်ပီယံလိဂ် အုပ်စုအဆင့်တွေကို မနေ့ညက ကျင်းပနေကျ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့အစား တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ မဲခွဲရေးဆွဲရာမှာတော့ အင်္ဂလန်ကိုယ်စားပြု လီဗာပူးလ်အသင်းအနေနဲ့ အုပ်စု(B)မှာ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ Group of Death အဖြစ် တွေ့ဆုံနေခဲ့ပြီး ကျန်တဲ့ အုပ်စုတွေကတော့ နှစ်သင်းသုံးသင်းလုရမယ့် မျှခြေဝန်းကျင်မှာ ရှိခဲ့သလို အုပ်စု ၈ ခုအတွက် ခန့်မှန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

UEFA ရဲ့ နောက်ပိုင်း ဆီဒင်သတ်မှတ်ချက်တွေမှာ ထိပ်တန်းနိုင်ငံတွေရဲ့ အမှတ်ပေးပြိုင်ပွဲချန်ပီယံတွေက အုပ်စုခွဲရာမှာ ဦးစားပေး မဲအိုး(၁)ကို ထည့်သွင်းခံလိုက်ရတာက အသင်းတွေရဲ့ တွေ့ဆုံမှုတွေကို ပိုမိုကျပ်တည်းသွားစေပြီး အဆင့် ၂ နဲ့ ၄ ကြား အသင်းကြီးတွေရဲ့ မဲအိုး(၂)မှာ ပါဝင်သွားမှုတွေက ပရိသတ်တွေကို မကျေနပ်မှုတွေဖြစ်လာစေသလို ပိုမိုစိတ်လှုပ်ရှားစေနိုင်ခဲ့တာပါ။

အုပ်စု(A)မှာတော့ အင်္ဂလန်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီး၊ စိတ်မကျေပွဲနွှဲရမယ့် ပြင်သစ်ရဲ့ ပီအက်ဂျီ၊ ဂျာမနီရဲ့ RB လိုက်ပ်ဇစ်နဲ့ ဘယ်လ်ဂျီယမ်ရဲ့ ကလပ် ဘရုဂျ်တို့ ပါဝင်ခဲ့ကြပါတယ်။ ဒီအုပ်စုမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်ဖို့ နီးစပ်နေတဲ့ မန်စီးတီးနဲ့ မက်ဆီ၊ နေမာတို့ ဦးဆောင်တဲ့ ပါရီသားတွေ အုပ်စုဗိုလ်နေရာကို လုယူရမှာဖြစ်သလို GOAT နှစ်ယောက် ပြန်တွေ့တာကို ကြည့်ရမလားဆိုတာကတော့ စီးတီးနဲ့ ဂျူဗီကြားက ဆွေးနွေးမှုတွေကို စောင့်ကြည့်ရမှာပါ။ RB လိုက်ပ်ဇစ်က ယူရိုပါလိဂ်အတွက် တတိယနေရာရနိုင်သလို ကလပ်ဘရုဂျ်က လှည့်ပြန်ရဖို့အပြင် မပိုနိုင်ပါဘူး။

အုပ်စု(B)ကတော့ နှမြောတတ်သူတွေအတွက် စိတ်အပျက်ရဆုံး Group of Death ပါပဲ။ စပိန်ချန်ပီယံ အက်သလက်တီကို မက်ဒရစ်၊ အင်္ဂလန်ရဲ့ တတိယ လီဗာပူးလ်၊ ပေါ်တူဂီက ချန်ပီယံလိဂ်ဝါရင့် ပေါ်တိုနဲ့ အီတလီက နန်းကျဘုရင် အေစီမီလန်တို့ ဆုံတွေ့ရမှာပါ။ အနိမ့်ဆုံးခန့်မှန်းမှုတွေမှာ ဘယ်အသင်းကမဆို အုပ်စု ဒုတိယနေရာကို ရယူနိုင်မယ်လို့ မျှော်လင့်နိုင်ပြီး မှားတဲ့ အသင်းက တစ်သက်မမေ့မယ့် သင်ခန်းစာကို ရပါလိမ့်မယ်။ လီဗာပူးလ်နဲ့ အက်သလက်တီကိုတို့ စိတ်မကျေပွဲနွှဲပြီး အုပ်စုဗိုလ်လုရနိုင်သလို တတိယဆိုရင်တော့ အေစီမီလန်လို့ ဆိုနိုင်ပေမယ့် ဘာမဆိုဖြစ်သွားနိုင်တဲ့ အုပ်စုလည်းဖြစ်နေပါတယ်။

အုပ်စု(C)ကတော့ အသင်းကြီးထက် တစ်ဆင့်နိမ့်တဲ့ အသင်းတွေ တွေ့ဆုံခဲ့တာဖြစ်ပြီး ပေါ်တူဂီချန်ပီယံ စပို့တင်းလစ္စဘွန်း၊ ဂျာမန် တတိယ ဒေါ့မွန်၊ နယ်သာလန်ချန်ပီယံ အိုင်းယက်စ်နဲ့ တူရကီချန်ပီယံ ဘက်ရှီးတပ်စ်တို့ ပါဝင်နေတာပါ။ ဟားလန်းရဲ့ ဒေါ့မွန်က အလယ်အလတ်တန်းနိုင်ငံတွေက ချန်ပီယံအသင်းတွေထက် ခေါင်းတစ်လုံး သာလွန်တဲ့ အသင်းဖြစ်ပြီး အုပ်စုဗိုလ်ဖြစ်ဖို့ ရေပန်းစားနေသလို ကျန်တဲ့အသင်းတွေက ဒုတိယနေရာကို ဝိုင်းလုရဖို့ ရှိနေပြီး အစဉ်အလာကြီးတဲ့ အမ်စတာဒမ်သားဒတ်ချ်တွေပဲ ဖြစ်လာဖို့ အခွင့်အရေးများနိုင်ပါတယ်။

အုပ်စု(D)မှာတော့ အသင်းကြီးနှစ်သင်းဖြစ်တဲ့ အီတလီချန်ပီယံ အင်တာမီလန်နဲ့ စပိန်ဒုတိယ ရီးရဲလ်မက်ဒရစ်တို့ ဦးဆောင်နေပြီး မထင်မှတ်တာ လုပ်ပြတတ်တဲ့ ရှက်ခ်တာဒိုးနက်စ်ခ်နဲ့ မော်လ်ဒိုဗာ ချန်ပီယံ ရှရစ်ဖ်တို့ ပါဝင်နေတာပါ။ နည်းပြသစ် ဆီမိုနီ အင်ဇာဂီရဲ့ အင်တာမီလန်ကတော့ သူ့ရဲ့ စီနီယာ အန်ချယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ဆီက အုပ်စုဗိုလ်နေရာကို လုနိုင်စွမ်း တစ်ဆင့်နိမ့်ပါးနေမလားလို့ တွေးစရာဖြစ်ပြီး ရှက်ခ်တာကတော့ မထင်မှတ်ဘဲ ကော်ကောင်အသင်း ဖြစ်လာနိုင်ပါတယ်။ မော်လ်ဒိုဗာသားတွေကတော့ ခြေစစ်ပွဲအဆင့်ဆင့် ဖြတ်သန်းအပြီး အုပ်စု ၆ ပွဲကစားပြီးရင် ယူရိုပါလိဂ်ကို သွားနိုင်ဖို့ ကြိုးစားရမှာပါ။

အုပ်စု(E)မှာ ပါဝင်နေတဲ့ အသင်းတွေကတော့ ရန်ငြှိုးရှိတယ်ပဲပြောရမယ့် ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ စပိန်ဘီလူး ဘာစီလိုနာတို့ပဲဖြစ်ပြီး သူတို့ နှစ်သင်းအပြင် အုပ်စုကို ပါဝင်အားဖြည့်ပေးတာကတော့ ပေါ်တူဂီတတိယ ဘင်ဖီကာနဲ့ ယူကရိန်းချန်ပီယံ ဒိုင်နမိုကိဗ်တို့ဖြစ်ကြပါတယ်။ အားလုံး ထင်ထားကြသလို ဘိုင်ယန်နဲ့ ဘာဆာတို့ပဲ အုပ်စုဗိုလ်လုဖို့ ဖြစ်လာနိုင်ပြီး ဒီနှစ်သင်းကို ယူရိုပါလိဂ်လောက် ရည်မှန်းနိုင်တဲ့ ဘင်ဖီကာက ဆေးဝင်ထိုးဖို့ ကြိုးစားမှာဖြစ်သလို ဒီနာမို ကိဗ်ကတော့ အုပ်စုကနေ လှည့်ပြန်ရဖို့ ဖြစ်လာနိုင်ပါတယ်။

အုပ်စု(F)မှာတော့ ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးရဲလ်၊ သူတို့ကို စိတ်မကျေပွဲနွှဲပြီး ရှုံးကြွေးဆပ်မယ့် အင်္ဂလန်ဒုတိယ မန်ချက်စတာယူနိုက်တက်၊ စီးရီးအေက လျှော့တွက်လို့မရတဲ့ အတ္တလန်တာနဲ့ အိမ်ဖြည့်အဖြစ်တော့ ဆွစ်ဇာလန်ရဲ့ လေးနှစ်ဆက်ချန်ပီယံ ယန်းဘွိုင်းစ်တို့ ပါဝင်နေကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်တို့ကတော့ အုပ်စုဗိုလ်အဖြစ် ရေပန်းစားနေပြီး မိနစ် ၉၀ အိမ်ကွင်းအဝေးကွင်းတွေမှာ ဗီလာရီးရဲလ်ကို ကျော်ဖြတ်နိုင်မှာဖြစ်သလို လာလီဂါမှာ အဆင့် ၇ သာ ရရှိခဲ့တဲ့ အသင်းကို နည်းပြ အူနိုင်း အမ်မရီတစ်ယောက် သူကျွမ်းကျင်တဲ့ ယူရိုပါလိဂ်ကို ပြန်ခေါ်သွားမလားလို့ ထင်စရာဖြစ်ပြီး အုပ်စုဒုတိယက အတ္တလန်တာဆိုရင်လည်း အံ့ဩစရာတော့ မဟုတ်နိုင်တာပါ။

အုပ်စု(G)မှာတော့ ပြင်သစ်ချန်ပီယံ လီလ်၊ စပိန်စတုတ္ထ ဆီဗီလာ၊ ဂျာမန်စတုတ္ထ ဝုလ်ဖ်စ်ဘတ်နဲ့ ဩစတြီးယားချန်ပီယံ ရက်ဒ်ဘူး ဆာ့လ်ဇ်ဘတ်အသင်းတွေ ပါဝင်နေကြပြီး ဆီဗီလာကတော့ ဝါရင့်အသင်းတစ်သင်းအဖြစ် အုပ်စုဗိုလ်နေရာကို ချိန်ရွယ်နိုင်မယ်လို့ ခန့်မှန်းနေကြတာပါ။ ချန်ပီယံလိဂ်မှာ ကလေးသာသာပဲဖြစ်တဲ့ လီလ်ကတော့ အုပ်စုကျွတ်ဖို့ ရုန်းကန်ရနိုင်သလို ကျန်တဲ့နှစ်သင်းနဲ့ သူတို့တွေကြား ရပ်တည်မှုကောင်းနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပြီး လီဗာပူးလ်တို့အုပ်စု(B)က အသင်းတွေကတော့ ဒီအုပ်စုနဲ့ မျှကစားရင် ကောင်းမှာပဲလို့ တွေးနေကြမှာဖြစ်ပါတယ်။

နောက်ဆုံးအုပ်စု(H)မှာတော့ ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ ချဲလ်ဆီး၊ စီးရီးအေမှာ နောက်ဆုံးအချိန်မှ နောက်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်၊ ရုရှားချန်ပီယံ ဇင်းနစ်နဲ့ ဆွီဒင်ချန်ပီယံ မာလ်မိုတို့ ပါဝင်နေကြပြီး အချိန်တန်ရင် ချဲလ်ဆီးနဲ့ ဂျူဗီတို့ပဲ အုပ်စု ပထမနေရာကို လုယူနိုင်ကြမှာပါ။ ချန်ပီယံလိဂ် အကောင်းဆုံးနည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ချဲလ်ဆီးကပဲ အုပ်စုဗိုလ် ပိုဖြစ်နိုင်သလို တူရင်သားတွေကို ဒုတိယပေးပြီး ရုရှားရဲ့ ဇင်းနစ်ကတော့ ယူရိုပါလိဂ်ကိုပဲ သွားရမှာဖြစ်သလို မာလ်မိုကတော့ ချန်ပီယံလိဂ် အုပ်စုပွဲ ၆ ပွဲကစားခွင့်အတွက် လာရောက်ဂုဏ်ယူတာပဲဖြစ်မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ေတြကို မေန႔ညက က်င္းပေနက် ဆြစ္ဇာလန္ႏိုင္ငံ နီယြန္ၿမိဳ႕အစား တူရကီႏိုင္ငံ အစၥတန္ဘူလ္မွာ မဲခြဲေရးဆြဲရာမွာေတာ့ အဂၤလန္ကိုယ္စားျပဳ လီဗာပူးလ္အသင္းအေနနဲ႔ အုပ္စု(B)မွာ ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြနဲ႔ Group of Death အျဖစ္ ေတြ႕ဆုံေနခဲ့ၿပီး က်န္တဲ့ အုပ္စုေတြကေတာ့ ႏွစ္သင္းသုံးသင္းလုရမယ့္ မွ်ေျခဝန္းက်င္မွာ ရွိခဲ့သလို အုပ္စု ၈ ခုအတြက္ ခန႔္မွန္းခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

UEFA ရဲ႕ ေနာက္ပိုင္း ဆီဒင္သတ္မွတ္ခ်က္ေတြမွာ ထိပ္တန္းႏိုင္ငံေတြရဲ႕ အမွတ္ေပးၿပိဳင္ပြဲခ်န္ပီယံေတြက အုပ္စုခြဲရာမွာ ဦးစားေပး မဲအိုး(၁)ကို ထည့္သြင္းခံလိုက္ရတာက အသင္းေတြရဲ႕ ေတြ႕ဆုံမႈေတြကို ပိုမိုက်ပ္တည္းသြားေစၿပီး အဆင့္ ၂ နဲ႔ ၄ ၾကား အသင္းႀကီးေတြရဲ႕ မဲအိုး(၂)မွာ ပါဝင္သြားမႈေတြက ပရိသတ္ေတြကို မေက်နပ္မႈေတြျဖစ္လာေစသလို ပိုမိုစိတ္လႈပ္ရွားေစႏိုင္ခဲ့တာပါ။

အုပ္စု(A)မွာေတာ့ အဂၤလန္ရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီး၊ စိတ္မေက်ပြဲႏႊဲရမယ့္ ျပင္သစ္ရဲ႕ ပီအက္ဂ်ီ၊ ဂ်ာမနီရဲ႕ RB လိုက္ပ္ဇစ္နဲ႔ ဘယ္လ္ဂ်ီယမ္ရဲ႕ ကလပ္ ဘ႐ုဂ်္တို႔ ပါဝင္ခဲ့ၾကပါတယ္။ ဒီအုပ္စုမွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ေရာက္ဖို႔ နီးစပ္ေနတဲ့ မန္စီးတီးနဲ႔ မက္ဆီ၊ ေနမာတို႔ ဦးေဆာင္တဲ့ ပါရီသားေတြ အုပ္စုဗိုလ္ေနရာကို လုယူရမွာျဖစ္သလို GOAT ႏွစ္ေယာက္ ျပန္ေတြ႕တာကို ၾကည့္ရမလားဆိုတာကေတာ့ စီးတီးနဲ႔ ဂ်ဴဗီၾကားက ေဆြးေႏြးမႈေတြကို ေစာင့္ၾကည့္ရမွာပါ။ RB လိုက္ပ္ဇစ္က ယူ႐ိုပါလိဂ္အတြက္ တတိယေနရာရႏိုင္သလို ကလပ္ဘ႐ုဂ်္က လွည့္ျပန္ရဖို႔အျပင္ မပိုႏိုင္ပါဘူး။

အုပ္စု(B)ကေတာ့ ႏွေျမာတတ္သူေတြအတြက္ စိတ္အပ်က္ရဆုံး Group of Death ပါပဲ။ စပိန္ခ်န္ပီယံ အက္သလက္တီကို မက္ဒရစ္၊ အဂၤလန္ရဲ႕ တတိယ လီဗာပူးလ္၊ ေပၚတူဂီက ခ်န္ပီယံလိဂ္ဝါရင့္ ေပၚတိုနဲ႔ အီတလီက နန္းက်ဘုရင္ ေအစီမီလန္တို႔ ဆုံေတြ႕ရမွာပါ။ အနိမ့္ဆုံးခန႔္မွန္းမႈေတြမွာ ဘယ္အသင္းကမဆို အုပ္စု ဒုတိယေနရာကို ရယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ႏိုင္ၿပီး မွားတဲ့ အသင္းက တစ္သက္မေမ့မယ့္ သင္ခန္းစာကို ရပါလိမ့္မယ္။ လီဗာပူးလ္နဲ႔ အက္သလက္တီကိုတို႔ စိတ္မေက်ပြဲႏႊဲၿပီး အုပ္စုဗိုလ္လုရႏိုင္သလို တတိယဆိုရင္ေတာ့ ေအစီမီလန္လို႔ ဆိုႏိုင္ေပမယ့္ ဘာမဆိုျဖစ္သြားႏိုင္တဲ့ အုပ္စုလည္းျဖစ္ေနပါတယ္။

အုပ္စု(C)ကေတာ့ အသင္းႀကီးထက္ တစ္ဆင့္နိမ့္တဲ့ အသင္းေတြ ေတြ႕ဆုံခဲ့တာျဖစ္ၿပီး ေပၚတူဂီခ်န္ပီယံ စပို႔တင္းလစၥဘြန္း၊ ဂ်ာမန္ တတိယ ေဒါ့မြန္၊ နယ္သာလန္ခ်န္ပီယံ အိုင္းယက္စ္နဲ႔ တူရကီခ်န္ပီယံ ဘက္ရွီးတပ္စ္တို႔ ပါဝင္ေနတာပါ။ ဟားလန္းရဲ႕ ေဒါ့မြန္က အလယ္အလတ္တန္းႏိုင္ငံေတြက ခ်န္ပီယံအသင္းေတြထက္ ေခါင္းတစ္လုံး သာလြန္တဲ့ အသင္းျဖစ္ၿပီး အုပ္စုဗိုလ္ျဖစ္ဖို႔ ေရပန္းစားေနသလို က်န္တဲ့အသင္းေတြက ဒုတိယေနရာကို ဝိုင္းလုရဖို႔ ရွိေနၿပီး အစဥ္အလာႀကီးတဲ့ အမ္စတာဒမ္သားဒတ္ခ်္ေတြပဲ ျဖစ္လာဖို႔ အခြင့္အေရးမ်ားႏိုင္ပါတယ္။

အုပ္စု(D)မွာေတာ့ အသင္းႀကီးႏွစ္သင္းျဖစ္တဲ့ အီတလီခ်န္ပီယံ အင္တာမီလန္နဲ႔ စပိန္ဒုတိယ ရီးရဲလ္မက္ဒရစ္တို႔ ဦးေဆာင္ေနၿပီး မထင္မွတ္တာ လုပ္ျပတတ္တဲ့ ရွက္ခ္တာဒိုးနက္စ္ခ္နဲ႔ ေမာ္လ္ဒိုဗာ ခ်န္ပီယံ ရွရစ္ဖ္တို႔ ပါဝင္ေနတာပါ။ နည္းျပသစ္ ဆီမိုနီ အင္ဇာဂီရဲ႕ အင္တာမီလန္ကေတာ့ သူ႔ရဲ႕ စီနီယာ အန္ခ်ယ္ေလာ့တီရဲ႕ ရီးရဲလ္မက္ဒရစ္ဆီက အုပ္စုဗိုလ္ေနရာကို လုႏိုင္စြမ္း တစ္ဆင့္နိမ့္ပါးေနမလားလို႔ ေတြးစရာျဖစ္ၿပီး ရွက္ခ္တာကေတာ့ မထင္မွတ္ဘဲ ေကာ္ေကာင္အသင္း ျဖစ္လာႏိုင္ပါတယ္။ ေမာ္လ္ဒိုဗာသားေတြကေတာ့ ေျခစစ္ပြဲအဆင့္ဆင့္ ျဖတ္သန္းအၿပီး အုပ္စု ၆ ပြဲကစားၿပီးရင္ ယူ႐ိုပါလိဂ္ကို သြားႏိုင္ဖို႔ ႀကိဳးစားရမွာပါ။

အုပ္စု(E)မွာ ပါဝင္ေနတဲ့ အသင္းေတြကေတာ့ ရန္ျငႇိဳးရွိတယ္ပဲေျပာရမယ့္ ဂ်ာမန္ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္နဲ႔ စပိန္ဘီလူး ဘာစီလိုနာတို႔ပဲျဖစ္ၿပီး သူတို႔ ႏွစ္သင္းအျပင္ အုပ္စုကို ပါဝင္အားျဖည့္ေပးတာကေတာ့ ေပၚတူဂီတတိယ ဘင္ဖီကာနဲ႔ ယူကရိန္းခ်န္ပီယံ ဒိုင္နမိုကိဗ္တို႔ျဖစ္ၾကပါတယ္။ အားလုံး ထင္ထားၾကသလို ဘိုင္ယန္နဲ႔ ဘာဆာတို႔ပဲ အုပ္စုဗိုလ္လုဖို႔ ျဖစ္လာႏိုင္ၿပီး ဒီႏွစ္သင္းကို ယူ႐ိုပါလိဂ္ေလာက္ ရည္မွန္းႏိုင္တဲ့ ဘင္ဖီကာက ေဆးဝင္ထိုးဖို႔ ႀကိဳးစားမွာျဖစ္သလို ဒီနာမို ကိဗ္ကေတာ့ အုပ္စုကေန လွည့္ျပန္ရဖို႔ ျဖစ္လာႏိုင္ပါတယ္။

အုပ္စု(F)မွာေတာ့ ယူ႐ိုပါလိဂ္ခ်န္ပီယံ ဗီလာရီးရဲလ္၊ သူတို႔ကို စိတ္မေက်ပြဲႏႊဲၿပီး ရႈံးေႂကြးဆပ္မယ့္ အဂၤလန္ဒုတိယ မန္ခ်က္စတာယူႏိုက္တက္၊ စီးရီးေအက ေလွ်ာ့တြက္လို႔မရတဲ့ အတၱလန္တာနဲ႔ အိမ္ျဖည့္အျဖစ္ေတာ့ ဆြစ္ဇာလန္ရဲ႕ ေလးႏွစ္ဆက္ခ်န္ပီယံ ယန္းဘြိဳင္းစ္တို႔ ပါဝင္ေနၾကပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္တို႔ကေတာ့ အုပ္စုဗိုလ္အျဖစ္ ေရပန္းစားေနၿပီး မိနစ္ ၉၀ အိမ္ကြင္းအေဝးကြင္းေတြမွာ ဗီလာရီးရဲလ္ကို ေက်ာ္ျဖတ္ႏိုင္မွာျဖစ္သလို လာလီဂါမွာ အဆင့္ ၇ သာ ရရွိခဲ့တဲ့ အသင္းကို နည္းျပ အူႏိုင္း အမ္မရီတစ္ေယာက္ သူကြၽမ္းက်င္တဲ့ ယူ႐ိုပါလိဂ္ကို ျပန္ေခၚသြားမလားလို႔ ထင္စရာျဖစ္ၿပီး အုပ္စုဒုတိယက အတၱလန္တာဆိုရင္လည္း အံ့ဩစရာေတာ့ မဟုတ္ႏိုင္တာပါ။

အုပ္စု(G)မွာေတာ့ ျပင္သစ္ခ်န္ပီယံ လီလ္၊ စပိန္စတုတၳ ဆီဗီလာ၊ ဂ်ာမန္စတုတၳ ဝုလ္ဖ္စ္ဘတ္နဲ႔ ဩစႀတီးယားခ်န္ပီယံ ရက္ဒ္ဘူး ဆာ့လ္ဇ္ဘတ္အသင္းေတြ ပါဝင္ေနၾကၿပီး ဆီဗီလာကေတာ့ ဝါရင့္အသင္းတစ္သင္းအျဖစ္ အုပ္စုဗိုလ္ေနရာကို ခ်ိန္႐ြယ္ႏိုင္မယ္လို႔ ခန႔္မွန္းေနၾကတာပါ။ ခ်န္ပီယံလိဂ္မွာ ကေလးသာသာပဲျဖစ္တဲ့ လီလ္ကေတာ့ အုပ္စုကြၽတ္ဖို႔ ႐ုန္းကန္ရႏိုင္သလို က်န္တဲ့ႏွစ္သင္းနဲ႔ သူတို႔ေတြၾကား ရပ္တည္မႈေကာင္းႏိုင္ဖို႔ ႀကိဳးပမ္းရမွာျဖစ္ၿပီး လီဗာပူးလ္တို႔အုပ္စု(B)က အသင္းေတြကေတာ့ ဒီအုပ္စုနဲ႔ မွ်ကစားရင္ ေကာင္းမွာပဲလို႔ ေတြးေနၾကမွာျဖစ္ပါတယ္။

ေနာက္ဆုံးအုပ္စု(H)မွာေတာ့ ခ်န္ပီယံလိဂ္ရဲ႕ လက္ရွိခ်န္ပီယံ ခ်ဲလ္ဆီး၊ စီးရီးေအမွာ ေနာက္ဆုံးအခ်ိန္မွ ေနာက္ဆုံးေနရာကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္၊ ႐ုရွားခ်န္ပီယံ ဇင္းနစ္နဲ႔ ဆြီဒင္ခ်န္ပီယံ မာလ္မိုတို႔ ပါဝင္ေနၾကၿပီး အခ်ိန္တန္ရင္ ခ်ဲလ္ဆီးနဲ႔ ဂ်ဴဗီတို႔ပဲ အုပ္စု ပထမေနရာကို လုယူႏိုင္ၾကမွာပါ။ ခ်န္ပီယံလိဂ္ အေကာင္းဆုံးနည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ခ်ဲလ္ဆီးကပဲ အုပ္စုဗိုလ္ ပိုျဖစ္ႏိုင္သလို တူရင္သားေတြကို ဒုတိယေပးၿပီး ႐ုရွားရဲ႕ ဇင္းနစ္ကေတာ့ ယူ႐ိုပါလိဂ္ကိုပဲ သြားရမွာျဖစ္သလို မာလ္မိုကေတာ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ၆ ပြဲကစားခြင့္အတြက္ လာေရာက္ဂုဏ္ယူတာပဲျဖစ္မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.