Bundesliga Premier League UCL&UEL

အကောင်းဆုံး ဂျော်ဂျင်ညိုနဲ့အတူ UEFA ရဲ့ ဆုတွေကို သိမ်းကျုံးရယူသွားခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒီနေ့မှာတော့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ချန်ပီယံလိဂ် မဲခွဲပွဲနဲ့အတူ ပြုလုပ်တဲ့ ၂၀၂၀-၂၁ ရာသီအတွက် တစ်ဦးချင်း အကောင်းဆုံးဆုတွေ ပေးအပ်ခဲ့တဲ့ ပွဲမှာ ဂိုးသမား၊ ကွင်းလယ်၊ နည်းပြနဲ့ အကောင်းဆုံးကစားသမားဆုတွေကို သိမ်းကြုံးအောင်ပွဲခံနိုင်ခဲ့ပြီး ရာသီသစ်အတွက် အဖွင့်လှသွားခဲ့ပြီပဲဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုကို ချဲလ်ဆီးရဲ့ အေဒူယာ မန်ဒီက သိမ်းပိုက်သွားခဲ့ပြီး အသင်းရဲ့ ချန်ပီယံအောင်မြင်မှုမှာ ၁၂ ပွဲ ကစားခွင့် ရရှိခဲ့ရာမှာ Clean Sheet ၉ ပွဲအထိ ရယူနိုင်စွမ်းနဲ့ ပြီးခဲ့တဲ့ ရာသီက ပီတာချက်ရဲ့ အသင်းဟောင်း ရင်းနေးဆီကနေ အကောင်းဆုံး ခေါ်ယူမှုဖြစ်တဲ့ ဆီနီဂေါ ဂိုးသမားက ထိပ်တန်းလက်စွမ်းတွေကို ပြသခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံး နောက်တန်းကစားသမားဆုကိုတော့ မန်ချက်စတာစီးတီးအသင်းရဲ့ ပြီးခဲ့တဲ့ ရာသီက ဘင်ဖီကာကနေ ခေါ်ယူမှုဖြစ်တဲ့ ရူဘင် ဒီယက်စ်က ရယူသွားခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ခဲ့တဲ့ မိုးပြာရောင်တွေရဲ့ ခံစစ်မှာ ကျောက်ဆောင်သဖွယ် မာကျောခဲ့မှုက သူ့ကို ချန်ပီယံ ချဲလ်ဆီးအသင်းက ကစားသမားတွေထက် ပိုမိုထိုက်တန်စေခဲ့တာပါ။

အကောင်းဆုံး ကွင်းလယ်ကစားသမားဆုကိုတော့ ချန်ပီယံ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ မမောမပမ်း ခြေစွမ်းပြခဲ့တဲ့ ကစားသမား အန်ဂိုလို ကွန်တေက ရရှိသွားခဲ့ပြီး အသင်းရဲ့ ချန်ပီယံလိဂ် ၁၃ ပွဲစလုံးကို ပါဝင်ကစားထားခဲ့တဲ့ ပြင်သစ်ကွင်းလယ်လူဟာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပွဲတော်တော်များများ ပြသနိုင်သူဖြစ်သလို ဖိုင်နယ်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။

အကောင်းဆုံး ရှေ့တန်းကစားသမားဆုကိုတော့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက် ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းက ရရှိသွားခဲ့ပြီး မန်စီးတီးနဲ့အတွေ့မှာ ရပ်တန့်ခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါ ကိုယ်စားပြုအသင်းအတွက် ၈ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဒီ ၁၀ ဂိုးကို သူဟာ အုပ်စုတွင်းမှာ ၆ ဂိုးနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်မှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဗိုလ်စွဲတဲ့အထိ ချဲလ်ဆီးအသင်းနဲ့ ၄ လသာ လက်တွဲပြီး အသင်းကို ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တဲ့ ဂျာမန်နည်းပြ သောမတ်စ် တူဟယ်လ်က ရရှိသွားခဲ့ပြီး ၂၀၁၉-၂၀ ရာသီမှာမှ စတင်ချီးမြှင့်တဲ့ ဆုကို ဟန်ဆီ ဖလစ်ခ်က စတင်ရယူပြီး ဂျာမန်နည်းပြတွေ နှစ်နှစ်ဆက်တိုက် ရယူနိုင်မှုလည်းဖြစ်ခဲ့ပါတယ်။

အားလုံး မျှော်လင့်နေကြတဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီအသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုက ပထမဆုံး ချဲလ်ဆီးကစားသမားအဖြစ် ဆွတ်ခူးရရှိသွားနိုင်ခဲ့ပြီး UEFA ကတော့ သူ့ကို ဥရောပအဆင့်မှာ နှစ်ကြိမ်တိုင်တိုင် စိုးမိုးနိုင်ခဲ့တဲ့ ကစားသမားလို့ ဂုဏ်ပြုသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ ဒီေန႔မွာေတာ့ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕က ခ်န္ပီယံလိဂ္ မဲခြဲပြဲနဲ႔အတူ ျပဳလုပ္တဲ့ ၂၀၂၀-၂၁ ရာသီအတြက္ တစ္ဦးခ်င္း အေကာင္းဆုံးဆုေတြ ေပးအပ္ခဲ့တဲ့ ပြဲမွာ ဂိုးသမား၊ ကြင္းလယ္၊ နည္းျပနဲ႔ အေကာင္းဆုံးကစားသမားဆုေတြကို သိမ္းႀကဳံးေအာင္ပြဲခံႏိုင္ခဲ့ၿပီး ရာသီသစ္အတြက္ အဖြင့္လွသြားခဲ့ၿပီပဲျဖစ္ပါတယ္။

တစ္ႏွစ္တာအေကာင္းဆုံး ဂိုးသမားဆုကို ခ်ဲလ္ဆီးရဲ႕ ေအဒူယာ မန္ဒီက သိမ္းပိုက္သြားခဲ့ၿပီး အသင္းရဲ႕ ခ်န္ပီယံေအာင္ျမင္မႈမွာ ၁၂ ပြဲ ကစားခြင့္ ရရွိခဲ့ရာမွာ Clean Sheet ၉ ပြဲအထိ ရယူႏိုင္စြမ္းနဲ႔ ၿပီးခဲ့တဲ့ ရာသီက ပီတာခ်က္ရဲ႕ အသင္းေဟာင္း ရင္းေနးဆီကေန အေကာင္းဆုံး ေခၚယူမႈျဖစ္တဲ့ ဆီနီေဂါ ဂိုးသမားက ထိပ္တန္းလက္စြမ္းေတြကို ျပသခဲ့တာျဖစ္ပါတယ္။

အေကာင္းဆုံး ေနာက္တန္းကစားသမားဆုကိုေတာ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၿပီးခဲ့တဲ့ ရာသီက ဘင္ဖီကာကေန ေခၚယူမႈျဖစ္တဲ့ ႐ူဘင္ ဒီယက္စ္က ရယူသြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္ေရာက္ခဲ့တဲ့ မိုးျပာေရာင္ေတြရဲ႕ ခံစစ္မွာ ေက်ာက္ေဆာင္သဖြယ္ မာေက်ာခဲ့မႈက သူ႔ကို ခ်န္ပီယံ ခ်ဲလ္ဆီးအသင္းက ကစားသမားေတြထက္ ပိုမိုထိုက္တန္ေစခဲ့တာပါ။

အေကာင္းဆုံး ကြင္းလယ္ကစားသမားဆုကိုေတာ့ ခ်န္ပီယံ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္မွာ မေမာမပမ္း ေျခစြမ္းျပခဲ့တဲ့ ကစားသမား အန္ဂိုလို ကြန္ေတက ရရွိသြားခဲ့ၿပီး အသင္းရဲ႕ ခ်န္ပီယံလိဂ္ ၁၃ ပြဲစလုံးကို ပါဝင္ကစားထားခဲ့တဲ့ ျပင္သစ္ကြင္းလယ္လူဟာ သူ႔ရဲ႕ အေကာင္းဆုံးေျခစြမ္းေတြကို ပြဲေတာ္ေတာ္မ်ားမ်ား ျပသႏိုင္သူျဖစ္သလို ဖိုင္နယ္ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုလည္း သိမ္းပိုက္ထားႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။

အေကာင္းဆုံး ေရွ႕တန္းကစားသမားဆုကိုေတာ့ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ေရာက္ ေဒါ့မြန္အသင္းရဲ႕ တိုက္စစ္မႉး အာလင္း ဟားလန္းက ရရွိသြားခဲ့ၿပီး မန္စီးတီးနဲ႔အေတြ႕မွာ ရပ္တန႔္ခဲ့ရတဲ့ ဘြန္ဒက္စ္လီဂါ ကိုယ္စားျပဳအသင္းအတြက္ ၈ ပြဲမွာ ၁၀ ဂိုး သြင္းယူေပးႏိုင္ခဲ့သလို ဒီ ၁၀ ဂိုးကို သူဟာ အုပ္စုတြင္းမွာ ၆ ဂိုးနဲ႔ ရႈံးထြက္ ၁၆ သင္းအဆင့္မွာ ၂ ဂိုး သြင္းယူေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

UEFA ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး နည္းျပဆုကိုေတာ့ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ဗိုလ္စြဲတဲ့အထိ ခ်ဲလ္ဆီးအသင္းနဲ႔ ၄ လသာ လက္တြဲၿပီး အသင္းကို ျပဳျပင္ေျပာင္းလဲေပးႏိုင္ခဲ့တဲ့ ဂ်ာမန္နည္းျပ ေသာမတ္စ္ တူဟယ္လ္က ရရွိသြားခဲ့ၿပီး ၂၀၁၉-၂၀ ရာသီမွာမွ စတင္ခ်ီးျမႇင့္တဲ့ ဆုကို ဟန္ဆီ ဖလစ္ခ္က စတင္ရယူၿပီး ဂ်ာမန္နည္းျပေတြ ႏွစ္ႏွစ္ဆက္တိုက္ ရယူႏိုင္မႈလည္းျဖစ္ခဲ့ပါတယ္။

အားလုံး ေမွ်ာ္လင့္ေနၾကတဲ့ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုေတာ့ ယူ႐ို ၂၀၂၀ ခ်န္ပီယံ အီတလီအသင္းရဲ႕ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳက ပထမဆုံး ခ်ဲလ္ဆီးကစားသမားအျဖစ္ ဆြတ္ခူးရရွိသြားႏိုင္ခဲ့ၿပီး UEFA ကေတာ့ သူ႔ကို ဥေရာပအဆင့္မွာ ႏွစ္ႀကိမ္တိုင္တိုင္ စိုးမိုးႏိုင္ခဲ့တဲ့ ကစားသမားလို႔ ဂုဏ္ျပဳသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.