Premier League
အာတီတာကို မျှမျှတတ စောင့်ကြည့်ပြီး ခြေလှမ်းမှားတာနဲ့ ထုတ်ဖို့ အဘွန်လဟော်တိုက်တွန်း
အာဆင်နယ်အသင်းအနေနဲ့ နည်းပြ မီခယ်လ် အာတီတာကို လာမယ့် မန်စီးတီးနဲ့ပွဲကနေစပြီး ၅ ပွဲ စောင့်ကြည့်သွားမယ်ဆိုတဲ့အပေါ်မှာ Talk Sport ရဲ့ ဘောလုံးကျွမ်းကျင်သူ တိုက်စစ်မှူးဟောင်း ဂါဘရီယယ်လ် အဘွန်လဟော်ကတော့ အကဲဖြတ်မှုတွေကို ရယ်စရာမလုပ်ဖို့နဲ့ ပရိသတ်တွေအတွက် မျှမျှတတ လုပ်ဆောင်ပေးဖို့ အကြံပြုဝေဖန်လိုက်ပါတယ်။
လာမယ့် မန်ချက်စတာစီးတီးနဲ့ပွဲကို အာဆင်နယ်တာဝန်ရှိသူတွေဘက်က အရှုံးလို့ အပိုင်တွက်ထားပုံရပြီး အာတီတာကို စောင့်ကြည့်မယ့် ပွဲတွေထဲမှာ လျှော့ပေါ့ထားနိုင်သလို ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းကို နိုင်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်ကိုလည်း ထည့်မတွက်ဘဲ လာမယ့် နိုင်ငံတကာပွဲစဉ်တွေကနေ ပြန်လာမယ့် နော့ဝစ်ချ်နဲ့ ပွဲစဉ်ကိုမှ စတင်အကဲဖြတ်သွားဖို့ ရှိနေတယ်လို့ ဆိုနေကြပါတယ်။
အဘွန်လဟော်ကတော့ အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ ပရိသတ်တွေရဲ့ ဒေါသတွေကို သိမြင်ဖို့နဲ့ ဘာကြောင့် မန်စီးတီးနဲ့ပွဲကို ထည့်ပြီး မစဉ်းစားတာလဲလို့ မေးခွန်းထုတ်လိုက်သလို လာမယ့် နော့ဝစ်ချ်နဲ့ပွဲကစလို့ စာမေးပွဲလေးပွဲစစ်ရင်ရော မျှမျှတတရှိနိုင်ပါ့မလားလို့ လှောင်ပြောင်လိုက်တာပါ။
“အာဆင်နယ်ဘုတ်အဖွဲ့အနေနဲ့ သူ့ကို အကဲဖြတ်ရာမှာ အားလုံးအတွက် တရားမျှတဖို့ လိုတယ်။ ဘရန့်ဖို့ဒ်ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးတယ်။ ပြီးတော့ ချဲလ်ဆီးကို ၆ ဂိုးလောက်နဲ့ ရှုံးနိုင်တဲ့ ခြေစွမ်းနဲ့ နှစ်ဂိုးနဲ့ပဲ ရှုံးတယ်။ ဒီပွဲတွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်က ဆိုးရွားခဲ့သလို ချဲလ်ဆီးနဲ့ပွဲမှာတော့ နည်းနည်း တိုးတက်လာတာပေါ့လေ”
“သူတို့ ဒီတစ်ပတ်မှာ မန်စီးတီးနဲ့ ကစားရတော့မှာဖြစ်ပြီး နည်းပြအတွက် ကစားကြမယ်ပေါ့။ ပြီးရင်တော့ နော့ဝစ်ချ်၊ ဘန်လေ၊ စပါးစ်နဲ့ ဘရိုက်တန်တို့ကို ရင်ဆိုင်ရမှာပါ။ သူတို့ပုံစံ ကြည့်ရတာ နော့ဝစ်ချ်နဲ့ပွဲမှ စပြီး အကဲဖြတ်မယ့်ပုံပါပဲ။ ဒီပွဲကို သူတို့ အနိုင်ရဖို့ သတ်မှတ်ထားမယ်၊ ဘန်လေကိုလည်း နှိပ်ကွပ်နိုင်ရလိမ့်မယ်။ စပါးစ်နဲ့ပွဲကျတော့ သရေဆိုရင် လက်ခံလိမ့်မယ်။ ပြီးတော့ ဘရိုက်တန်ကို သရေပေါ့…”
“တကယ်က နော့ဝစ်ချ်နဲ့ပွဲက ဘာမှ ပြောမနေဘဲ နိုင်သင့်တဲ့ပွဲဖြစ်သလို သရေတောင်ကျလို့ မရပါဘူး။ အာတီတာသာ ဒီပွဲကို နိုင်အောင် နည်းမပြနိုင်ရင် ကျွန်တော်ဆိုရင်တော့ ချက်ချင်းထုတ်ပစ်မှာပါ။ အကယ်၍များ နော့ဝစ်ချ်ကသာ သူတို့ကို နိုင်သွားမယ်ဆိုရင်တော့ အာဆင်နယ်ဆိုတာ ပရီးမီးယားလိဂ်မှာ လူရယ်စရာအသင်းဖြစ်သွားနိုင်တာပေါ့ဗျာ”လို့ အဘွန်လဟော်က မန်စီးတီးပွဲ မတိုင်ခင်မှာ ပြောသွားခဲ့တာပါ။
အာဆင်နယ်အသင်းအနေနဲ့ အာတီတာကို ချက်ချင်း မထုတ်ပယ်နိုင်ဘဲ အခွင့်အရေးပေးနေရတာဟာ အသင်းအတွက် ဆုပ်လည်းစူး စားလည်းရူး အနေအထားကို ရောက်ရှိစေပြီး လာမယ့်ပွဲတွေမှာ ရလဒ်မကောင်းလို့ ထုတ်ပယ်ခဲ့ရင် ပေးလိုက်ရတဲ့ အချိန်ကပါ အသင်းကို တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရစေနိုင်ပြီး ခက်ခဲတဲ့ ရာသီတစ်ခုကို ထပ်မံကြုံတွေ့ရနိုင်ကြောင်းလည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: အာဆင်နယ်အသင်းအနေနဲ့ နည်းပြ မီခယ်လ် အာတီတာကို လာမယ့် မန်စီးတီးနဲ့ပွဲကနေစပြီး ၅ ပွဲ စောင့်ကြည့်သွားမယ်ဆိုတဲ့အပေါ်မှာ Talk Sport ရဲ့ ဘောလုံးကျွမ်းကျင်သူ တိုက်စစ်မှူးဟောင်း ဂါဘရီယယ်လ် အဘွန်လဟော်ကတော့ အကဲဖြတ်မှုတွေကို ရယ်စရာမလုပ်ဖို့နဲ့ ပရိသတ်တွေအတွက် မျှမျှတတ လုပ်ဆောင်ပေးဖို့ အကြံပြုဝေဖန်လိုက်ပါတယ်။
လာမယ့် မန်ချက်စတာစီးတီးနဲ့ပွဲကို အာဆင်နယ်တာဝန်ရှိသူတွေဘက်က အရှုံးလို့ အပိုင်တွက်ထားပုံရပြီး အာတီတာကို စောင့်ကြည့်မယ့် ပွဲတွေထဲမှာ လျှော့ပေါ့ထားနိုင်သလို ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းကို နိုင်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်ကိုလည်း ထည့်မတွက်ဘဲ လာမယ့် နိုင်ငံတကာပွဲစဉ်တွေကနေ ပြန်လာမယ့် နော့ဝစ်ခ်ျနဲ့ ပွဲစဉ်ကိုမှ စတင်အကဲဖြတ်သွားဖို့ ရှိနေတယ်လို့ ဆိုနေကြပါတယ်။
အဘွန်လဟော်ကတော့ အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ ပရိသတ်တွေရဲ့ ဒေါသတွေကို သိမြင်ဖို့နဲ့ ဘာကြောင့် မန်စီးတီးနဲ့ပွဲကို ထည့်ပြီး မစဉ်းစားတာလဲလို့ မေးခွန်းထုတ်လိုက်သလို လာမယ့် နော့ဝစ်ခ်ျနဲ့ပွဲကစလို့ စာမေးပွဲလေးပွဲစစ်ရင်ရော မျှမျှတတရှိနိုင်ပါ့မလားလို့ လှောင်ပြောင်လိုက်တာပါ။
REF: INTERNET SOURCES
SPORTS A2Z.